အာဖရိက ဦးချိုထက်က အင်အားကြီးနိုင်ငံတို့ရဲ့ပထဝီအားပြိုင်ရာ ဂျီဘူတီ

149

တင်ဇာ (NP News) - ဇူလိုင် ၁ဝ
နိုင်ငံငယ်လေးဖြစ်တဲ့ ဂျီဘူတီဟာ ကမ္ဘာပေါ်မှာ ပထဝီဝင် အနေအထားအရ အတော်လေးကို ကောင်းမွန် တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စစ်အခြေ စိုက်စခန်းတစ်ခုအတွက် မဟာဗျူဟာအရ အကောင်းဆုံးနေရာတစ်ခု လည်း ဖြစ်ပါတယ်။ တခြားနိုင်ငံ အများစုနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီနိုင်ငံက အရွယ်အစားအရ အတော်လေးကို သေး ငယ်ပါတယ်။ ဧရိယာအားဖြင့် ဒိန်းမတ်နိုင်ငံရဲ့ ထက်ဝက်လောက်ပဲ ကျယ်ဝန်းပါတယ်။ ဒီနိုင်ငံဧရိယာရဲ့ (၉၀) ရာခိုင်နှုန်းလောက်က ခြောက်သွေ့တဲ့ဒေသဖြစ်လို့ လူနေထိုင်လို့ မရပါဘူး။ ဒါကြောင့် လူဦးရေရဲ့ (၇၇) ရာခိုင် နှုန်း လောက်က မြို့ပြဒေသတွေမှာပဲ နေထိုင်ကြပါတယ်။ ဒါဆို ဒီနေရာက ဘာကြောင့်အရေးပါတာလဲ။
နိုင်ငံတွေက ဒီနေရာမှာ သူတို့ရဲ့ စစ်အခြေစိုက်စခန်း တွေထားဖို့ အရမ်းကို စိတ်အားထက်သန်ကြပါ တယ်။ အမေရိကန်နဲ့အတူ ပြင်သစ်၊ ဆော်ဒီအာရေဗျနဲ့ ဂျပန် နိုင်ငံတို့ရဲ့စစ်တပ်တွေဟာ ဒီမှာတပ်စွဲထားကြပါ တယ်။ ပိုပြီး အံ့ဩစရာကောင်းတာက တရုတ်နိုင်ငံ လည်း ရှိနေတာပါ။ အိန္ဒိယနဲ့ ရုရှားတို့ကလည်း ပူး ပေါင်းပါဝင်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ပတ်ဝန်း ကျင်နိုင်ငံတွေက နိုင်ငံရေးအရှုပ်အထွေးတွေ ရှိနေ ပေမဲ့ ဂျီဘူတီဟာ နိုင်ငံခြားစစ်တပ်တွေအတွက် သူ တို့ရဲ့ စစ်အင်အားကိုပြသဖို့ အကောင်းဆုံးအနေ အထားကို ပေးစွမ်းနိုင်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါခဲ့တဲ့ ဂျီဘူတီရဲ့သမိုင်း
ဥရောပကနေ အာရှကိုစီးဆင်းတဲ့ ကုန်သွယ်မှုမှန်သမျှဟာ များသောအားဖြင့် ဆူးအက် တူးမြောင်းကို ဖြတ်သန်းရပါတယ်။ ဒါကြောင့် ဂျီဘူတီဘေးနားမှာရှိတဲ့ (၂၅) ကီလိုမီတာရှည်တဲ့ Bab el-Mandeb ရေလက် ကြားကို ဖြတ်ကျော်ရပါတယ်။ ဆိုမာလီပင်လယ်ဓားပြတွေဟာ သင်္ဘောတွေ အတွက် တကယ့်ကို အန္တရာယ်ရှိ နေတဲ့အချိန်မှာ ဂျီဘူတီက နိုင်ငံခြားစစ်တပ်တွေအတွက် သူတို့ရဲ့ သင်္ဘောတွေကိုထားပြီး ဒေသတွင်းကင်းလှည့်ဖို့ ပြီး ပြည့်စုံတဲ့နေရာတစ်ခုကို ပေးစွမ်းပါတယ်။ ဒါကြောင့် လည်း ပင်လယ်နီကနေ အေဒင်ပင်လယ်ကွေ့ကို ဖြတ် သန်းသွားလာနေတဲ့ ကုန်သွယ်မှုလမ်းကြောင်းကို ကာကွယ်ပေးထားသလို ဖြစ်သွားပါတယ်။ ဒီလို အရေးသာ ချက်တွေကြောင့်လည်း ဒီနေရာဟာ ယခင်ကတည်းက မဟာဗျူဟာမြောက်ခဲ့တာ ဖြစ်ပါတယ်။
ဂျီဘူတီဟာ (၁၈၈၃) ခုနှစ်မှာ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဥရောပအင်အားကြီးနိုင်ငံ တွေဟာ အာဖရိကတိုက်ရဲ့ နေရာအတော်များများကို တတ်နိုင်သမျှ ကိုလိုနီနယ်ချဲ့နေခဲ့ကြတာပါ။ ဂျီဘူတီဟာ ဗြိတိသျှနဲ့ အီတလီကိုလိုနီတွေကြား၊ ပြီးတော့ ကိုလိုနီမဖြစ်သေးတဲ့ အီသီယိုးပီးယားကြားမှာ ညပ်နေတဲ့ ပြင်သစ် အတွက် အရေးပါတဲ့ကိုလိုနီနယ် မြေတစ်ခုဖြစ်ခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာရဲ့လွှမ်းမိုး မှုကြီးမားတဲ့ ဒေသမှာ ဂျီဘူတီဟာ ပင်လယ်နီ တစ်လျှောက်နဲ့ အသစ်တည်ဆောက်ထားတဲ့ ဆူးအက်တူးမြောင်းမှာ အင်္ဂလန် တစ်နိုင်ငံ တည်းက အာဏာ ချုပ်ကိုင်ထားတာမျိုးမဖြစ်အောင်တားဆီးဖို့ အရေးပါခဲ့ပါတယ်။ ဗြိတိသျှ တွေက ဆူးအက် တူမြောင်းကို ထိန်း ချုပ်ထားပေမယ့် ပြင်သစ်တွေကတော့ ဂျီဘူတီကနေ Bab el-Mandeb ရေလက်ကြားကို ထိန်းချုပ်ထားခဲ့ပြီး အဲဒီဒေသက ကုန်သွယ်ရေးကို ဗြိတိသျှတွေ ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်အောင် တားဆီးခဲ့ပါတယ်။
ပြင်သစ်ဟာ ဂျီဘူတီမှာ သူ့ရဲ့ စစ်အခြေ စိုက်စခန်းကို (၁၉) ရာစုကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး (၁၉၆၀)နဲ့ (၁၉၇၀) ပြည့်လွန်နှစ်တွေမှာ ကိုလိုနီစနစ်ရပ်စဲရေး အရှိန်အဟုန်မြင့်နေတဲ့ကြား ကတောင် ဒီစခန်းကို ဆက်လက်ထိန်းသိမ်းထားဖို့ အသည်းအသန်ကြိုးစားခဲ့ပါတယ်။ ပြင်သစ်သမ္မတ ချားလ်စ် ဒီဂေါလ်ကအမေရိကန် နဲ့ ဆိုဗီယက်ပြည် ထောင်စုတို့နောက် ပြင်သစ်ကို ဒေသတွင်း တတိယ မြောက် အင်အားကြီးနိုင်ငံအဖြစ် မြဲမြံခိုင် မာစေဖို့ အတွက် ဂျီဘူတီကို အားကိုးအားထားပြုရလောက်တဲ့ စစ်အခြေစိုက်စခန်းတစ်ခုအဖြစ်ပြောင်းလဲဖို့ စိတ်ကူးခဲ့ပါတယ်။ ပြင်သစ်ဟာ အာဖရိကတစ်လွှားမှာ စစ် အခြေစိုက်စခန်းတွေချထားခဲ့ပြီး တိုက်ကြီးတစ်ခု လုံးမှာ တပ်သား (၈၀ယဝဝဝ) ဖြန့်ကြက်ချထားသလို ဘယ်လိုအကျပ်အတည်းမျိုးမဆို (၂၄) နာရီအတွင်း ဝင် ရောက်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။
(၁၉၇၇) ခုနှစ်မှာ ဂျီဘူတီ လွတ်လပ်ရေးရ တဲ့အခါမှာတော့ နိုင်ငံအနေနဲ့ သူ့ရဲ့ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရခဲ့ပါတယ်။ စစ်အခြေစိုက် စခန်းတွေ ချထားချင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ ကိုလိုနီနယ် ချဲ့လို စိတ်နဲ့ဒေသကို လွှမ်းမိုးဖို့ထက် ပထဝီနိုင်ငံရေး အရ အားသာချက်ရဖို့ ကြိုးပမ်းလာကြပါတယ်။ ဂျီဘူတီ လွတ် လပ်ရေးရခဲ့ပေမယ့် ပြင်သစ်တပ်တွေကတော့ ထွက်မသွားခဲ့ပါဘူး။ လွတ်လပ်တဲ့ ဂျီဘူတီနိုင်ငံမှာ အစိုးရ တစ် ရပ်ဖွဲ့စည်းဖို့ ကူညီပေးခဲ့တဲ့အတွက် ပြင်သစ်ကို သူ့ရဲ့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ် အတွက် အမြဲတမ်း စစ် အခြေစိုက် စခန်းတစ်ခု တည် ဆောက်ခွင့်ပြုခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တခြားနိုင်ငံတွေလည်း အလား တူ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဦးတည်ခဲ့ကြပါတယ်။
စစ်အခြေစိုက်စခန်းတို့ရဲ့ အချက်အချာဖြစ်လာတဲ့ ဂျီဘူတီ
(၉/၁၁) အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲစတင်တဲ့အခါမှာ အမေရိ ကန်ရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု တွေဟာ ဂျီဘူတီနဲ့နီးစပ်တဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကကို ဦးတည်နေပါတယ်။ ဂျူနီယာ ဂျော့ချ်ဘုရှ်က နေတိုးတပ်ဖွဲ့အားလုံးကို သူရဲ့ “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ဖျက်ရေးစစ်ပွဲ” မှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ပြီးနောက် ဂျီဘူတီဟာ တစ်သက်မှာတစ်ကြိမ်သာ ရနိုင်တဲ့ အခွင့်အရေးကို မြင်ခဲ့ပြီး အမေရိကန်ကို သူတို့ရဲ့ နယ်မြေမှာ စစ်အခြေစိုက်စခန်း တည်ဆောက်ဖို့ ဖိတ်ခေါခဲ့ပါ တယ်။ အဲဒီကတည်းက အမေရိကန်ဟာ ဂျီဘူတီမှာ စစ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ခဲ့ပါတယ်။
အဲဒီဒေသမှာလှုပ်ရှားနေတာ အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဂျီဘူတီမှာ နိုင်ငံခြား စစ်အခြေ စိုက်စခန်း (၈) ခုကနေ (၁၁) ခုအထိ ရှိပါ တယ်။ ဂျာမနီ၊ စပိန်၊ အီတလီနဲ့ ဂျပန်လို အမေရိ ကန်ရဲ့ မဟာမိတ်နိုင်ငံ တွေဟာ သူတို့ရဲ့ စစ်အခြေစိုက် စခန်းတွေကို အမေရိကန်နဲ့အတူ မျှဝေသုံးစွဲကြပါ တယ်။ အမေရိကန်နဲ့ ပြင်သစ် တို့ဟာ လေယာဉ်ပြေး လမ်းကို မျှဝေသုံးစွဲပေမယ့် အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်တို့မှာတော့ သီးခြားစစ်အခြေ စိုက်စခန်းတွေ ရှိကြပါတယ်။ အဲဒီမှာ စစ်အခြေစိုက်စခန်းချထားတဲ့ နိုင်ငံတွေအနေနဲ့ မတူညီတဲ့ ပထဝီဝင်နိုင်ငံ ရေး ရည်မှန်းချက်တွေ ရှိကြပါတယ်။ ဒီလိုအခြေအနေရဲ့ ရလဒ်ကတော့ ပထဝီဝင်နိုင်ငံရေးပြိုင်ဘက်တွေ အချင်း ချင်း အလွန်နီးကပ်တဲ့နေရာမှာ အတူယှဉ်တွဲ တည်ရှိနေတဲ့ မကြုံစဖူးနေရာတစ်ခုဖြစ်လာစေတာ ပါပဲ။ ဒါကြောင့် လည်း ဒီအင်အားကြီးနိုင်ငံတွေ အားလုံးဟာ လွန်ခဲ့တဲ့ (၁၅) နှစ်အတွင်း ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ဒီဒေသရဲ့ အစိတ်အပိုင်းလေးတစ်ခုစီကို မရမက ခြေကုပ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ဂျီဘူတီနိုင်ငံဟာ အာဖရိကတိုက်နဲ့ အရှေ့ အလယ်ပိုင်းဆိုတဲ့ အရေးပါတဲ့ဒေသနှစ်ခုကြားမှာ တည်ရှိနေ တာကြောင့် အမေရိကန်အနေနဲ့ ဒီဒေသမှာ ဖြစ်ပျက်သမျှ ဘယ်လိုအခြေအနေမျိုးကိုမဆို လျင်မြန်စွာ တုံ့ပြန်နိုင် ပါတယ်။ ဒါ့ပြင် ဂျီဘူတီရဲ့ ရိုးရာအစ္စလာမ်ဘာသာကိုကိုးကွယ်မှုဟာ ဆော်ဒီ အာရေဗျ၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စ တန်လို ဘာသာ ရေးအစွန်းရောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စခန်းတွေ ချထားတဲ့အခါ နိုင်ငံရေးနဲ့ စစ်ရေး အန္တရာယ် ကို လျှော့ချပေးပါတယ်။ အမေရိကန်နဲ့ မိတ်ဖက်ဖြစ်ခြင်း က ဂျီဘူတီအတွက်လည်း အကျိုးကျေးဇူးတွေ ရရှိစေ ပါတယ်။ ဒီစစ်အခြေစိုက်စခန်းဟာ အီရတ်၊ ဆီးရီး ယားနဲ့ မြောက်အာဖရိကဒေသတွေအပါအဝင် ဒေသတွင်း အစွန်းရောက်ဝါဒကို အမေရိကန်က တုံ့ပြန်ရာမှာ အရေးပါခဲ့ပါတယ်။
ဂျီဘူတီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းဟာ အမေရိကန်စစ်တပ်အနေနဲ့ သူ့နိုင်ငံ ပြင်ပမှာ တည် ဆောက်ခဲ့ဖူးသမျှ စစ်အခြေစိုက်စခန်း တွေထဲက အရေးအပါဆုံး မဟာဗျူဟာမြောက် စခန်းတစ်ခု ဖြစ်လာခဲ့ပါ တယ်။ Camp Lemonnier လို့ လူသိများတဲ့ ဒီစခန်းဟာ အမေရိကန်- အာဖရိက ကွပ်ကဲမှု ဌာနချုပ် (AFRICOM) ရဲ့ ရုံးချုပ်ဖြစ်ပြီး ဂျီဘူတီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တည်ရှိပါတယ်။ မတည်ငြိမ်တဲ့ ဒေသ တစ်ခုမှာ အတည်ငြိမ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဂျီဘူတီဟာ စစ် အခြေစိုက်စခန်းတွေအတွက် အကောင်းဆုံးနေရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
Camp Lemonnier ဟာ (၂၀ဝ၂) ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့တုန်းက (၃၇) ဟက်တာ ကျယ်ဝန်းတဲ့ စခန်း တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ ဟက် တာ (၂၀ဝ) ကျော်အထိ ကျယ်ပြန့်လာခဲ့ပါပြီ။ များ မကြာမီ မှာပဲ တခြား နိုင်ငံအများအပြားက အမေရိကန်ရဲ့ ခြေရာကို လိုက်ခဲ့ကြပြီး အင်အားကြီးနိုင်ငံအများစု ဟာ ဂျီဘူတီမှာ တစ် နည်း မဟုတ်တစ်နည်း ခြေကုပ် ယူကြပါတယ်။ ဥရောပသမဂ္ဂရဲ့ ပင်လယ်ဓားပြနှိမ် နင်းခြင်း စစ်ဆင်ရေးကို ကိုယ်စားပြုတဲ့စပိန်နဲ့ အီတလီတို့ဟာ ဒီရည်ရွယ်ချက်အတွက်ပဲ ဂျီဘူတီမှာ အခြေချနေကြပါပြီ။ သူတို့ရဲ့ စစ်အခြေ စိုက်စခန်း တွေက ရောက်လာမယ့် သင်္ဘောတွေနဲ့ လေယာဉ်တွေအတွက် ဆီဖြည့်ဖို့နဲ့ ပစ္စည်းပြန် ဖြည့်တင်းဖို့ ဝန်ဆောင်မှုတွေ ပေးစွမ်းပါတယ်။
ပထဝီအနေအထားကောင်းမွန်တဲ့ ဂျီဘူတီအတွက် အကျိုးကျေးဇူးများ
ပထဝီအနေအထားကောင်းမွန်တဲ့ ဂျီဘူတီလို နိုင်ငံဟာ David Styan ရဲ့ “တည်ဆောက်မှုဆိုင်ရာ သံတမန် ဆက်ဆံရေး” (constructive diplomacy) လို့ ခေါ်တဲ့ ချဉ်းကပ်မှုနဲ့ ကိုက်ညီပါတယ်။ ဒါကတော့ နိုင်ငံ တစ်နိုင်ငံတည်းအပေါ် မှီခိုနေရတာမျိုးကို ရှောင်ရှားဖို့အတွက် နိုင်ငံအများအပြားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်တာကို ဆိုလိုပါတယ်။ ဒီမဟာဗျူဟာက ဂျီဘူတီလို သေးငယ်ပြီး အားနည်းတဲ့၊ ထိခိုက်လွယ်တဲ့ နိုင်ငံငယ် လေးတစ်နိုင်ငံကို ကြီးမားတဲ့နိုင်ငံတွေနဲ့ လွတ်လပ်စွာညှိနှိုင်းမှုပြုလုပ် နိုင်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ် စေပါတယ်။
ဂျီဘူတီအစိုးရရဲ့ မူဝါဒကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြားကို ဆွဲဆောင်ဖို့အတွက် ဒီလို ဆက်ဆံရေးတွေကို တမင်တကာ တိုးမြှင့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့လို့ပဲ ဒိုရာလီမှာ Horizon ရေနံ စက်ရုံကို တည်ဆောက်နိုင်ခဲ့တာပါ။ ဒါက (၂၀ဝ၆) ခုနှစ်မှာ ဒူဘိုင်းအခြေစိုက် သင်္ဘော ကုမ္ပဏီ တစ်ခုက ခေတ်မီ တဲ့ ကွန်တိန်နာဆိပ်ကမ်းသစ် တစ်ခုတည်ဆောက်ဖို့အတွက် နှစ် (၃၀) စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အကောင် အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆိပ်ကမ်းကို ကုန်စည်တွေ၊ ကွန်တိန် နာတွေ၊ တိရစ္ဆာန်တွေနဲ့ ရေနံတွေ အထိ ကိုင်တွယ်နိုင် ဖို့ တည်ဆောက်ခဲ့တာပါ။ ဆိပ်ကမ်းအသစ်က နိုင်ငံ အတွက်ရော၊ ပိုမိုကျယ်ပြန့်တဲ့ အရှေ့ အာဖရိက ဒေသအတွက်ပါ စီးပွားရေးသာယာဝပြောမှုကို ဆောင်ကြဉ်းပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဒေသမှာ ဂျီဘူ တီ ဘယ်လောက် ထူးခြားတယ်ဆိုတာကိုတော့ လျှော့တွက်ထားလို့ မရတော့ပါဘူး။
နိုင်ငံခြား စစ်အခြေစိုက်စခန်းတွေ လက်ခံ ထားတာက ဂျီဘူတီကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀ဝ) ကျော် ရရှိစေပြီး အမေရိကန်တစ်နိုင်ငံ တည်းကပဲ ဒေါ်လာ (၃၀) သန်းလောက် ပံ့ပိုးပေးထား ပါတယ်။ ဒီပမာဏဟာ ရေရှည်မှာလည်း တိုးလာတော့ မယ့်အလားအလာမှာ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ တည်ရှိမှု တိုးလာ တာနဲ့အမျှ ရုရှားစစ်အခြေစိုက်စခန်း တွေလည်း ဒီဒေသကို ရောက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက် ပေါ်နေတဲ့အတွက် အမေရိ ကန်က မကြာသေးခင်ကမှ နှစ် (၂၀) သက်တမ်းရှိ စာချုပ်အသစ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပြီး ဂျီဘူတီကို ဒေါ်လာ သန်း (၆၀) အထိ နှစ်ဆတိုးမြှင့် ထောက်ပံ့ခဲ့ပါတယ်။ ပြင်သစ်နဲ့ တရုတ်တို့ဆီက နေလည်း နှစ်စဉ် ဒေါ်လာသန်း (၃၀) လောက်ရရှိ မယ်လို့ ခန့်မှန်းရပါတယ်။
ဂျီဘူတီအစိုးရရဲ့ဖော်ပြချက်အရ ဒီလို မိတ်ဖက်နိုင်ငံတွေ ရှိနေခြင်းဟာ ပြည်သူလူထုအတွက် ကောင်း မွန်တဲ့ စီးပွားရေးအလားအလာတွေ ဖန်တီးပေးနိုင်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ အီသီယိုးပီးယားကနေ ရေပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခြင်းဖြင့် ဂျီဘူတီရဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဒါ့ပြင် အာဖရိကမှာ အကြီးဆုံး လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ကို တည်ဆောက်ရာမှာလည်း ပံ့ပိုးပေးခဲ့ပြီး ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် (၁၅,ဝဝဝ) လောက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ ဂျီဘူတီကို အောက်ခြေကနေ ပြန်လည်တည်ဆောက်ပေးနေတာပဲ ဖြစ်ပါတယ်။ တရုတ် နိုင်ငံ နဲ့ တရုတ် ဆောက်လုပ်ရေးကုမ္ပဏီတွေကို ပြန်ဆပ်ရမယ့် ကြွေးမြီတွေနဲ့အတူ ဒီလိုနိုင်ငံတစ်နိုင်ငံတည်း အပေါ် အလွန် အမင်း မှီခိုမှုက ဂျီဘူတီကို ဒုက္ခပေးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ သံသယဖြစ်ဖွယ် မရှိတာ ကတော့ ဂျီဘူတီဟာ နိုင်ငံတကာစင်မြင့်မှာ သူ့ရဲ့အခန်းကဏ္ဍကို ကောင်းကောင်း ကစားခဲ့တယ်ဆိုတာ ပါပဲ။

Zawgyi Version:
အာဖရိက ဦးခ်ိဳထက္က အင္အားႀကီးႏိုင္ငံတို႔ရဲ႕ပထဝီအားၿပိဳင္ရာ ဂ်ီဘူတီ
တင္ဇာ (NP News) - ဇူလိုင္ ၁ဝ
ႏိုင္ငံငယ္ေလးျဖစ္တဲ့ ဂ်ီဘူတီဟာ ကမာၻေပၚမွာ ပထဝီဝင္ အေနအထားအရ အေတာ္ေလးကို ေကာင္းမြန္ တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ စစ္အေျခ စိုက္စခန္းတစ္ခုအတြက္ မဟာဗ်ဴဟာအရ အေကာင္းဆုံးေနရာတစ္ခု လည္း ျဖစ္ပါတယ္။ တျခားႏိုင္ငံ အမ်ားစုနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ဒီႏိုင္ငံက အ႐ြယ္အစားအရ အေတာ္ေလးကို ေသး ငယ္ပါတယ္။ ဧရိယာအားျဖင့္ ဒိန္းမတ္ႏိုင္ငံရဲ႕ ထက္ဝက္ေလာက္ပဲ က်ယ္ဝန္းပါတယ္။ ဒီႏိုင္ငံဧရိယာရဲ႕ (၉၀) ရာခိုင္ႏႈန္းေလာက္က ေျခာက္ေသြ႕တဲ့ေဒသျဖစ္လို႔ လူေနထိုင္လို႔ မရပါဘူး။ ဒါေၾကာင့္ လူဦးေရရဲ႕ (၇၇) ရာခိုင္ ႏႈန္း ေလာက္က ၿမိဳ႕ျပေဒသေတြမွာပဲ ေနထိုင္ၾကပါတယ္။ ဒါဆို ဒီေနရာက ဘာေၾကာင့္အေရးပါတာလဲ။
ႏိုင္ငံေတြက ဒီေနရာမွာ သူတို႔ရဲ႕ စစ္အေျခစိုက္စခန္း ေတြထားဖို႔ အရမ္းကို စိတ္အားထက္သန္ၾကပါ တယ္။ အေမရိကန္နဲ႔အတူ ျပင္သစ္၊ ေဆာ္ဒီအာေရဗ်နဲ႔ ဂ်ပန္ ႏိုင္ငံတို႔ရဲ႕စစ္တပ္ေတြဟာ ဒီမွာတပ္စြဲထားၾကပါ တယ္။ ပိုၿပီး အံ့ဩစရာေကာင္းတာက တ႐ုတ္ႏိုင္ငံ လည္း ရွိေနတာပါ။ အိႏၵိယနဲ႔ ႐ုရွားတို႔ကလည္း ပူး ေပါင္းပါဝင္ဖို႔ စိတ္ဝင္စားေနၾကပါတယ္။ ပတ္ဝန္း က်င္ႏိုင္ငံေတြက ႏိုင္ငံေရးအရႈပ္အေထြးေတြ ရွိေန ေပမဲ့ ဂ်ီဘူတီဟာ ႏိုင္ငံျခားစစ္တပ္ေတြအတြက္ သူ တို႔ရဲ႕ စစ္အင္အားကိုျပသဖို႔ အေကာင္းဆုံးအေန အထားကို ေပးစြမ္းႏိုင္ပါတယ္။
ကမာၻ႔ကုန္သြယ္ေရးအတြက္ အေရးပါခဲ့တဲ့ ဂ်ီဘူတီရဲ႕သမိုင္း
ဥေရာပကေန အာရွကိုစီးဆင္းတဲ့ ကုန္သြယ္မႈမွန္သမွ်ဟာ မ်ားေသာအားျဖင့္ ဆူးအက္ တူးေျမာင္းကို ျဖတ္သန္းရပါတယ္။ ဒါေၾကာင့္ ဂ်ီဘူတီေဘးနားမွာရွိတဲ့ (၂၅) ကီလိုမီတာရွည္တဲ့ Bab el-Mandeb ေရလက္ ၾကားကို ျဖတ္ေက်ာ္ရပါတယ္။ ဆိုမာလီပင္လယ္ဓားျပေတြဟာ သေဘၤာေတြ အတြက္ တကယ့္ကို အႏၲရာယ္ရွိ ေနတဲ့အခ်ိန္မွာ ဂ်ီဘူတီက ႏိုင္ငံျခားစစ္တပ္ေတြအတြက္ သူတို႔ရဲ႕ သေဘၤာေတြကိုထားၿပီး ေဒသတြင္းကင္းလွည့္ဖို႔ ၿပီး ျပည့္စုံတဲ့ေနရာတစ္ခုကို ေပးစြမ္းပါတယ္။ ဒါေၾကာင့္ လည္း ပင္လယ္နီကေန ေအဒင္ပင္လယ္ေကြ႕ကို ျဖတ္ သန္းသြားလာေနတဲ့ ကုန္သြယ္မႈလမ္းေၾကာင္းကို ကာကြယ္ေပးထားသလို ျဖစ္သြားပါတယ္။ ဒီလို အေရးသာ ခ်က္ေတြေၾကာင့္လည္း ဒီေနရာဟာ ယခင္ကတည္းက မဟာဗ်ဴဟာေျမာက္ခဲ့တာ ျဖစ္ပါတယ္။
ဂ်ီဘူတီဟာ (၁၈၈၃) ခုႏွစ္မွာ ျပင္သစ္ကိုလိုနီ ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ဥေရာပအင္အားႀကီးႏိုင္ငံ ေတြဟာ အာဖရိကတိုက္ရဲ႕ ေနရာအေတာ္မ်ားမ်ားကို တတ္ႏိုင္သမွ် ကိုလိုနီနယ္ခ်ဲ႕ေနခဲ့ၾကတာပါ။ ဂ်ီဘူတီဟာ ၿဗိတိသွ်နဲ႔ အီတလီကိုလိုနီေတြၾကား၊ ၿပီးေတာ့ ကိုလိုနီမျဖစ္ေသးတဲ့ အီသီယိုးပီးယားၾကားမွာ ညပ္ေနတဲ့ ျပင္သစ္ အတြက္ အေရးပါတဲ့ကိုလိုနီနယ္ ေျမတစ္ခုျဖစ္ခဲ့ပါတယ္။ ၿဗိတိသွ်အင္ပါယာရဲ႕လႊမ္းမိုး မႈႀကီးမားတဲ့ ေဒသမွာ ဂ်ီဘူတီဟာ ပင္လယ္နီ တစ္ေလွ်ာက္နဲ႔ အသစ္တည္ေဆာက္ထားတဲ့ ဆူးအက္တူးေျမာင္းမွာ အဂၤလန္ တစ္ႏိုင္ငံ တည္းက အာဏာ ခ်ဳပ္ကိုင္ထားတာမ်ိဳးမျဖစ္ေအာင္တားဆီးဖို႔ အေရးပါခဲ့ပါတယ္။ ၿဗိတိသွ် ေတြက ဆူးအက္ တူေျမာင္းကို ထိန္း ခ်ဳပ္ထားေပမယ့္ ျပင္သစ္ေတြကေတာ့ ဂ်ီဘူတီကေန Bab el-Mandeb ေရလက္ၾကားကို ထိန္းခ်ဳပ္ထားခဲ့ၿပီး အဲဒီေဒသက ကုန္သြယ္ေရးကို ၿဗိတိသွ်ေတြ ဝင္ေရာက္စြက္ဖက္တာမ်ိဳး မျဖစ္ေအာင္ တားဆီးခဲ့ပါတယ္။
ျပင္သစ္ဟာ ဂ်ီဘူတီမွာ သူ႔ရဲ႕ စစ္အေျခ စိုက္စခန္းကို (၁၉) ရာစုကတည္းက တည္ေထာင္ခဲ့တာျဖစ္ၿပီး (၁၉၆၀)နဲ႔ (၁၉၇၀) ျပည့္လြန္ႏွစ္ေတြမွာ ကိုလိုနီစနစ္ရပ္စဲေရး အရွိန္အဟုန္ျမင့္ေနတဲ့ၾကား ကေတာင္ ဒီစခန္းကို ဆက္လက္ထိန္းသိမ္းထားဖို႔ အသည္းအသန္ႀကိဳးစားခဲ့ပါတယ္။ ျပင္သစ္သမၼတ ခ်ားလ္စ္ ဒီေဂါလ္ကအေမရိကန္ နဲ႔ ဆိုဗီယက္ျပည္ ေထာင္စုတို႔ေနာက္ ျပင္သစ္ကို ေဒသတြင္း တတိယ ေျမာက္ အင္အားႀကီးႏိုင္ငံအျဖစ္ ၿမဲၿမံခိုင္ မာေစဖို႔ အတြက္ ဂ်ီဘူတီကို အားကိုးအားထားျပဳရေလာက္တဲ့ စစ္အေျခစိုက္စခန္းတစ္ခုအျဖစ္ေျပာင္းလဲဖို႔ စိတ္ကူးခဲ့ပါတယ္။ ျပင္သစ္ဟာ အာဖရိကတစ္လႊားမွာ စစ္ အေျခစိုက္စခန္းေတြခ်ထားခဲ့ၿပီး တိုက္ႀကီးတစ္ခု လုံးမွာ တပ္သား (၈၀ယဝဝဝ) ျဖန႔္ၾကက္ခ်ထားသလို ဘယ္လိုအက်ပ္အတည္းမ်ိဳးမဆို (၂၄) နာရီအတြင္း ဝင္ ေရာက္ေျဖရွင္းႏိုင္ဖို႔ ျပင္ဆင္ထားခဲ့ပါတယ္။
(၁၉၇၇) ခုႏွစ္မွာ ဂ်ီဘူတီ လြတ္လပ္ေရးရ တဲ့အခါမွာေတာ့ ႏိုင္ငံအေနနဲ႔ သူ႔ရဲ႕ကံၾကမၼာကို ကိုယ္တိုင္ ဆုံးျဖတ္ခြင့္ရခဲ့ပါတယ္။ စစ္အေျခစိုက္ စခန္းေတြ ခ်ထားခ်င္တဲ့ အင္အားႀကီးႏိုင္ငံေတြဟာ ကိုလိုနီနယ္ ခ်ဲ႕လို စိတ္နဲ႔ေဒသကို လႊမ္းမိုးဖို႔ထက္ ပထဝီႏိုင္ငံေရး အရ အားသာခ်က္ရဖို႔ ႀကိဳးပမ္းလာၾကပါတယ္။ ဂ်ီဘူတီ လြတ္ လပ္ေရးရခဲ့ေပမယ့္ ျပင္သစ္တပ္ေတြကေတာ့ ထြက္မသြားခဲ့ပါဘူး။ လြတ္လပ္တဲ့ ဂ်ီဘူတီႏိုင္ငံမွာ အစိုးရ တစ္ ရပ္ဖြဲ႕စည္းဖို႔ ကူညီေပးခဲ့တဲ့အတြက္ ျပင္သစ္ကို သူ႔ရဲ႕ ၾကည္းတပ္၊ ေရတပ္နဲ႔ ေလတပ္ အတြက္ အၿမဲတမ္း စစ္ အေျခစိုက္ စခန္းတစ္ခု တည္ ေဆာက္ခြင့္ျပဳခဲ့ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် တျခားႏိုင္ငံေတြလည္း အလား တူ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းဖို႔ ဦးတည္ခဲ့ၾကပါတယ္။
စစ္အေျခစိုက္စခန္းတို႔ရဲ႕ အခ်က္အခ်ာျဖစ္လာတဲ့ ဂ်ီဘူတီ
(၉/၁၁) အၾကမ္းဖက္မႈ ျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္တိုက္ဖ်က္ေရးစစ္ပြဲစတင္တဲ့အခါမွာ အေမရိ ကန္ရဲ႕ ပထဝီႏိုင္ငံေရးဆိုင္ရာ စိုးရိမ္ပူပန္မႈ ေတြဟာ ဂ်ီဘူတီနဲ႔နီးစပ္တဲ့ အေရွ႕အလယ္ပိုင္းနဲ႔ ေျမာက္အာဖရိကကို ဦးတည္ေနပါတယ္။ ဂ်ဴနီယာ ေဂ်ာ့ခ်္ဘုရွ္က ေနတိုးတပ္ဖြဲ႕အားလုံးကို သူရဲ႕ “ကမာၻလုံးဆိုင္ရာ အၾကမ္းဖက္ တိုက္ဖ်က္ေရးစစ္ပြဲ” မွာ ပူးေပါင္းပါဝင္ဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ဂ်ီဘူတီဟာ တစ္သက္မွာတစ္ႀကိမ္သာ ရႏိုင္တဲ့ အခြင့္အေရးကို ျမင္ခဲ့ၿပီး အေမရိကန္ကို သူတို႔ရဲ႕ နယ္ေျမမွာ စစ္အေျခစိုက္စခန္း တည္ေဆာက္ဖို႔ ဖိတ္ေခါခဲ့ပါ တယ္။ အဲဒီကတည္းက အေမရိကန္ဟာ ဂ်ီဘူတီမွာ စစ္အေျခစိုက္စခန္းတစ္ခု တည္ေထာင္ခဲ့ပါတယ္။
အဲဒီေဒသမွာလႈပ္ရွားေနတာ အေမရိကန္ တစ္ႏိုင္ငံတည္း မဟုတ္ပါဘူး။ ဂ်ီဘူတီမွာ ႏိုင္ငံျခား စစ္အေျခ စိုက္စခန္း (၈) ခုကေန (၁၁) ခုအထိ ရွိပါ တယ္။ ဂ်ာမနီ၊ စပိန္၊ အီတလီနဲ႔ ဂ်ပန္လို အေမရိ ကန္ရဲ႕ မဟာမိတ္ႏိုင္ငံ ေတြဟာ သူတို႔ရဲ႕ စစ္အေျခစိုက္ စခန္းေတြကို အေမရိကန္နဲ႔အတူ မွ်ေဝသုံးစြဲၾကပါ တယ္။ အေမရိကန္နဲ႔ ျပင္သစ္ တို႔ဟာ ေလယာဥ္ေျပး လမ္းကို မွ်ေဝသုံးစြဲေပမယ့္ အေမရိကန္၊ ျပင္သစ္နဲ႔ တ႐ုတ္တို႔မွာေတာ့ သီးျခားစစ္အေျခ စိုက္စခန္းေတြ ရွိၾကပါတယ္။ အဲဒီမွာ စစ္အေျခစိုက္စခန္းခ်ထားတဲ့ ႏိုင္ငံေတြအေနနဲ႔ မတူညီတဲ့ ပထဝီဝင္ႏိုင္ငံ ေရး ရည္မွန္းခ်က္ေတြ ရွိၾကပါတယ္။ ဒီလိုအေျခအေနရဲ႕ ရလဒ္ကေတာ့ ပထဝီဝင္ႏိုင္ငံေရးၿပိဳင္ဘက္ေတြ အခ်င္း ခ်င္း အလြန္နီးကပ္တဲ့ေနရာမွာ အတူယွဥ္တြဲ တည္ရွိေနတဲ့ မႀကဳံစဖူးေနရာတစ္ခုျဖစ္လာေစတာ ပါပဲ။ ဒါေၾကာင့္ လည္း ဒီအင္အားႀကီးႏိုင္ငံေတြ အားလုံးဟာ လြန္ခဲ့တဲ့ (၁၅) ႏွစ္အတြင္း ဒီအခြင့္အေရးကို အမိအရဆုပ္ကိုင္ၿပီး ဒီေဒသရဲ႕ အစိတ္အပိုင္းေလးတစ္ခုစီကို မရမက ေျခကုပ္ယူခဲ့ၾကတာ ျဖစ္ပါတယ္။
ဂ်ီဘူတီႏိုင္ငံဟာ အာဖရိကတိုက္နဲ႔ အေရွ႕ အလယ္ပိုင္းဆိုတဲ့ အေရးပါတဲ့ေဒသႏွစ္ခုၾကားမွာ တည္ရွိေန တာေၾကာင့္ အေမရိကန္အေနနဲ႔ ဒီေဒသမွာ ျဖစ္ပ်က္သမွ် ဘယ္လိုအေျခအေနမ်ိဳးကိုမဆို လ်င္ျမန္စြာ တုံ႔ျပန္ႏိုင္ ပါတယ္။ ဒါ့ျပင္ ဂ်ီဘူတီရဲ႕ ႐ိုးရာအစၥလာမ္ဘာသာကိုကိုးကြယ္မႈဟာ ေဆာ္ဒီ အာေရဗ်၊ အာဖဂန္နစၥတန္နဲ႔ ပါကစၥ တန္လို ဘာသာ ေရးအစြန္းေရာက္ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ စခန္းေတြ ခ်ထားတဲ့အခါ ႏိုင္ငံေရးနဲ႔ စစ္ေရး အႏၲရာယ္ ကို ေလွ်ာ့ခ်ေပးပါတယ္။ အေမရိကန္နဲ႔ မိတ္ဖက္ျဖစ္ျခင္း က ဂ်ီဘူတီအတြက္လည္း အက်ိဳးေက်းဇူးေတြ ရရွိေစ ပါတယ္။ ဒီစစ္အေျခစိုက္စခန္းဟာ အီရတ္၊ ဆီးရီး ယားနဲ႔ ေျမာက္အာဖရိကေဒသေတြအပါအဝင္ ေဒသတြင္း အစြန္းေရာက္ဝါဒကို အေမရိကန္က တုံ႔ျပန္ရာမွာ အေရးပါခဲ့ပါတယ္။
ဂ်ီဘူတီမွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္ စခန္းဟာ အေမရိကန္စစ္တပ္အေနနဲ႔ သူ႔ႏိုင္ငံ ျပင္ပမွာ တည္ ေဆာက္ခဲ့ဖူးသမွ် စစ္အေျခစိုက္စခန္း ေတြထဲက အေရးအပါဆုံး မဟာဗ်ဴဟာေျမာက္ စခန္းတစ္ခု ျဖစ္လာခဲ့ပါ တယ္။ Camp Lemonnier လို႔ လူသိမ်ားတဲ့ ဒီစခန္းဟာ အေမရိကန္- အာဖရိက ကြပ္ကဲမႈ ဌာနခ်ဳပ္ (AFRICOM) ရဲ႕ ႐ုံးခ်ဳပ္ျဖစ္ၿပီး ဂ်ီဘူတီ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ တည္ရွိပါတယ္။ မတည္ၿငိမ္တဲ့ ေဒသ တစ္ခုမွာ အတည္ၿငိမ္ဆုံး ႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္တဲ့ ဂ်ီဘူတီဟာ စစ္ အေျခစိုက္စခန္းေတြအတြက္ အေကာင္းဆုံးေနရာ တစ္ခု ျဖစ္ခဲ့ပါတယ္။
Camp Lemonnier ဟာ (၂၀ဝ၂) ခုႏွစ္ မွာ စတင္ဖြင့္လွစ္ခဲ့တုန္းက (၃၇) ဟက္တာ က်ယ္ဝန္းတဲ့ စခန္း တစ္ခု ျဖစ္ခဲ့ေပမယ့္ အခုေတာ့ ဟက္ တာ (၂၀ဝ) ေက်ာ္အထိ က်ယ္ျပန႔္လာခဲ့ပါၿပီ။ မ်ား မၾကာမီ မွာပဲ တျခား ႏိုင္ငံအမ်ားအျပားက အေမရိကန္ရဲ႕ ေျခရာကို လိုက္ခဲ့ၾကၿပီး အင္အားႀကီးႏိုင္ငံအမ်ားစု ဟာ ဂ်ီဘူတီမွာ တစ္ နည္း မဟုတ္တစ္နည္း ေျခကုပ္ ယူၾကပါတယ္။ ဥေရာပသမဂၢရဲ႕ ပင္လယ္ဓားျပႏွိမ္ နင္းျခင္း စစ္ဆင္ေရးကို ကိုယ္စားျပဳတဲ့စပိန္နဲ႔ အီတလီတို႔ဟာ ဒီရည္႐ြယ္ခ်က္အတြက္ပဲ ဂ်ီဘူတီမွာ အေျခခ်ေနၾကပါၿပီ။ သူတို႔ရဲ႕ စစ္အေျခ စိုက္စခန္း ေတြက ေရာက္လာမယ့္ သေဘၤာေတြနဲ႔ ေလယာဥ္ေတြအတြက္ ဆီျဖည့္ဖို႔နဲ႔ ပစၥည္းျပန္ ျဖည့္တင္းဖို႔ ဝန္ေဆာင္မႈေတြ ေပးစြမ္းပါတယ္။
ပထဝီအေနအထားေကာင္းမြန္တဲ့ ဂ်ီဘူတီအတြက္ အက်ိဳးေက်းဇူးမ်ား
ပထဝီအေနအထားေကာင္းမြန္တဲ့ ဂ်ီဘူတီလို ႏိုင္ငံဟာ David Styan ရဲ႕ “တည္ေဆာက္မႈဆိုင္ရာ သံတမန္ ဆက္ဆံေရး” (constructive diplomacy) လို႔ ေခၚတဲ့ ခ်ဥ္းကပ္မႈနဲ႔ ကိုက္ညီပါတယ္။ ဒါကေတာ့ ႏိုင္ငံ တစ္ႏိုင္ငံတည္းအေပၚ မွီခိုေနရတာမ်ိဳးကို ေရွာင္ရွားဖို႔အတြက္ ႏိုင္ငံအမ်ားအျပားနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးေတြ တည္ေဆာက္တာကို ဆိုလိုပါတယ္။ ဒီမဟာဗ်ဴဟာက ဂ်ီဘူတီလို ေသးငယ္ၿပီး အားနည္းတဲ့၊ ထိခိုက္လြယ္တဲ့ ႏိုင္ငံငယ္ ေလးတစ္ႏိုင္ငံကို ႀကီးမားတဲ့ႏိုင္ငံေတြနဲ႔ လြတ္လပ္စြာညႇိႏႈိင္းမႈျပဳလုပ္ ႏိုင္တဲ့ အခြင့္အလမ္းတစ္ခု ျဖစ္ ေစပါတယ္။
ဂ်ီဘူတီအစိုးရရဲ႕ မူဝါဒကေတာ့ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားအျပားကို ဆြဲေဆာင္ဖို႔အတြက္ ဒီလို ဆက္ဆံေရးေတြကို တမင္တကာ တိုးျမႇင့္ဖို႔ပဲ ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ခဲ့လို႔ပဲ ဒိုရာလီမွာ Horizon ေရနံ စက္႐ုံကို တည္ေဆာက္ႏိုင္ခဲ့တာပါ။ ဒါက (၂၀ဝ၆) ခုႏွစ္မွာ ဒူဘိုင္းအေျခစိုက္ သေဘၤာ ကုမၸဏီ တစ္ခုက ေခတ္မီ တဲ့ ကြန္တိန္နာဆိပ္ကမ္းသစ္ တစ္ခုတည္ေဆာက္ဖို႔အတြက္ ႏွစ္ (၃၀) စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ အေကာင္ အထည္ေဖာ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဆိပ္ကမ္းကို ကုန္စည္ေတြ၊ ကြန္တိန္ နာေတြ၊ တိရစာၦန္ေတြနဲ႔ ေရနံေတြ အထိ ကိုင္တြယ္ႏိုင္ ဖို႔ တည္ေဆာက္ခဲ့တာပါ။ ဆိပ္ကမ္းအသစ္က ႏိုင္ငံ အတြက္ေရာ၊ ပိုမိုက်ယ္ျပန႔္တဲ့ အေရွ႕ အာဖရိက ေဒသအတြက္ပါ စီးပြားေရးသာယာဝေျပာမႈကို ေဆာင္ၾကဥ္းေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေဒသမွာ ဂ်ီဘူ တီ ဘယ္ေလာက္ ထူးျခားတယ္ဆိုတာကိုေတာ့ ေလွ်ာ့တြက္ထားလို႔ မရေတာ့ပါဘူး။
ႏိုင္ငံျခား စစ္အေျခစိုက္စခန္းေတြ လက္ခံ ထားတာက ဂ်ီဘူတီကို ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း (၂၀ဝ) ေက်ာ္ ရရွိေစၿပီး အေမရိကန္တစ္ႏိုင္ငံ တည္းကပဲ ေဒၚလာ (၃၀) သန္းေလာက္ ပံ့ပိုးေပးထား ပါတယ္။ ဒီပမာဏဟာ ေရရွည္မွာလည္း တိုးလာေတာ့ မယ့္အလားအလာမွာ ရွိပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ တည္ရွိမႈ တိုးလာ တာနဲ႔အမွ် ႐ုရွားစစ္အေျခစိုက္စခန္း ေတြလည္း ဒီေဒသကို ေရာက္လာႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ ေပၚေနတဲ့အတြက္ အေမရိ ကန္က မၾကာေသးခင္ကမွ ႏွစ္ (၂၀) သက္တမ္းရွိ စာခ်ဳပ္အသစ္တစ္ခုကို လက္မွတ္ ေရးထိုးခဲ့ၿပီး ဂ်ီဘူတီကို ေဒၚလာ သန္း (၆၀) အထိ ႏွစ္ဆတိုးျမႇင့္ ေထာက္ပံ့ခဲ့ပါတယ္။ ျပင္သစ္နဲ႔ တ႐ုတ္တို႔ဆီက ေနလည္း ႏွစ္စဥ္ ေဒၚလာသန္း (၃၀) ေလာက္ရရွိ မယ္လို႔ ခန႔္မွန္းရပါတယ္။
ဂ်ီဘူတီအစိုးရရဲ႕ေဖာ္ျပခ်က္အရ ဒီလို မိတ္ဖက္ႏိုင္ငံေတြ ရွိေနျခင္းဟာ ျပည္သူလူထုအတြက္ ေကာင္း မြန္တဲ့ စီးပြားေရးအလားအလာေတြ ဖန္တီးေပးႏိုင္တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အီသီယိုးပီးယားကေန ေရပိုက္လိုင္းတစ္ခု တည္ေဆာက္ေပးျခင္းျဖင့္ ဂ်ီဘူတီရဲ႕ ေရရွားပါးမႈ ျပႆနာကို ေျဖရွင္းရာမွာ တက္ႂကြစြာ ပါဝင္ခဲ့ပါတယ္။ ဒါ့ျပင္ အာဖရိကမွာ အႀကီးဆုံး လြတ္လပ္တဲ့ကုန္သြယ္ေရးဇုန္ကို တည္ေဆာက္ရာမွာလည္း ပံ့ပိုးေပးခဲ့ၿပီး ေဒသခံျပည္သူေတြအတြက္ အလုပ္အကိုင္ (၁၅,ဝဝဝ) ေလာက္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ တ႐ုတ္ ႏိုင္ငံဟာ ဂ်ီဘူတီကို ေအာက္ေျခကေန ျပန္လည္တည္ေဆာက္ေပးေနတာပဲ ျဖစ္ပါတယ္။ တ႐ုတ္ ႏိုင္ငံ နဲ႔ တ႐ုတ္ ေဆာက္လုပ္ေရးကုမၸဏီေတြကို ျပန္ဆပ္ရမယ့္ ေႂကြးၿမီေတြနဲ႔အတူ ဒီလိုႏိုင္ငံတစ္ႏိုင္ငံတည္း အေပၚ အလြန္ အမင္း မွီခိုမႈက ဂ်ီဘူတီကို ဒုကၡေပးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါေပမဲ့ သံသယျဖစ္ဖြယ္ မရွိတာ ကေတာ့ ဂ်ီဘူတီဟာ ႏိုင္ငံတကာစင္ျမင့္မွာ သူ႔ရဲ႕အခန္းက႑ကို ေကာင္းေကာင္း ကစားခဲ့တယ္ဆိုတာ ပါပဲ။