ရန်ကုန်တွင် အထပ်မြင့်ကွန်ဒိုများ သဘာဝဘေး အာမခံထားရှိလာ

 1161

NP News - ဇူလိုင် ၁၀
ရန်ကုန်မြို့ရှိ အထပ်မြင့်ကွန်ဒိုများတွင် နေထိုင်သူများအနေဖြင့် သဘာဝဘေးအာမခံထားရှိမှုများလာကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
ငလျင်ကဲ့သို့ သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အာမခံထားရှိခြင်းသည် မိသားစု အနာဂတ် ဘဝလုံခြုံမှုကို အထောက်အပံ့ကောင်းများ ရရှိနိုင်သည့်အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့်ကွန်ဒိုများတွင် နေထိုင်သူများအနေဖြင့် အာမခံထားရှိမှုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းနှင့်အတူ ပုဂ္ဂလိကအာမခံလုပ်ငန်းများအနေဖြင့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများတွင် အာမခံထားရှိသည့် အဆောက်အအုံများ၊ ယာဉ်များ နှင့် အသက်အာမခံတို့အတွက် လျော်ကြေးများပေးအပ်လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အာမခံအနေနဲ့ မီးအာမခံယူထားတယ်ဆိုရင် သဘာဝဘေး (၁၁) မျိုးအတွက်ပါထည့်ပြီး အာမခံယူလို့ ရပါတယ်။ ဒီ (၁၁) မျိုးထဲမှာ ငလျင်လည်းပါပါတယ်။ အာမခံယူထားခြင်းအားဖြင့် သဘာဝဘေးဆုံးရှုံးမှုတွေကြုံလာရင် အာမခံ လျော်ကြေးပြန်လည်ရရှိမှာဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးအာမခံထားရှိရမယ်ဆိုတာ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ နားလည်လာကြတယ်။ အဲ့ဒါကြောင့် အာမခံထားရှိမှုတွေ ပိုပြီးတော့ များလာပါ တယ်” လို့ ၎င်းက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့်လည်း အာမခံထားရှိလိုသူများအတွက် အာမခံလုပ်ငန်းဝန်ဆောင်မှုများအား တစ်ပတ်လျှင်တစ်ကြိမ်ဖြစ်စေ၊ နှစ်ပတ်လျှင်တစ်ကြိမ်ဖြစ်စေ မြန်မာ့အာမခံလုပ်ငန်း၏ လူမှုကွန်ရက်စာမျက်နှာ များတွင် အသိပေးကြေညာကြောင်းနှင့် အာမခံထားရှိခြင်းဖြင့် ဆုံးရှုံးမှုများအပေါ် မည်သို့ ပြန်လည်ရရှိနိုင်သည် ကိုပါ ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ အထပ္ျမင့္ကြန္ဒိုမ်ား သဘာဝေဘး အာမခံထားရွိလာ
NP News - ဇူလိုင္ ၁၀
ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္ကြန္ဒိုမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ သဘာဝေဘးအာမခံထားရွိမႈမ်ားလာေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။
ငလ်င္ကဲ့သို႔ သဘာဝေဘးျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားအတြက္ အာမခံထားရွိျခင္းသည္ မိသားစု အနာဂတ္ ဘဝလုံၿခဳံမႈကို အေထာက္အပံ့ေကာင္းမ်ား ရရွိႏိုင္သည့္အတြက္ ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္ကြန္ဒိုမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ အာမခံထားရွိမႈမ်ားျပားလာျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာ့အာမခံလုပ္ငန္းႏွင့္အတူ ပုဂၢလိကအာမခံလုပ္ငန္းမ်ားအေနျဖင့္ မႏၲေလးေျမငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားတြင္ အာမခံထားရွိသည့္ အေဆာက္အအုံမ်ား၊ ယာဥ္မ်ား ႏွင့္ အသက္အာမခံတို႔အတြက္ ေလ်ာ္ေၾကးမ်ားေပးအပ္လ်က္ရွိေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“အာမခံအေနနဲ႔ မီးအာမခံယူထားတယ္ဆိုရင္ သဘာဝေဘး (၁၁) မ်ိဳးအတြက္ပါထည့္ၿပီး အာမခံယူလို႔ ရပါတယ္။ ဒီ (၁၁) မ်ိဳးထဲမွာ ငလ်င္လည္းပါပါတယ္။ အာမခံယူထားျခင္းအားျဖင့္ သဘာဝေဘးဆုံးရႈံးမႈေတြႀကဳံလာရင္ အာမခံ ေလ်ာ္ေၾကးျပန္လည္ရရွိမွာျဖစ္ပါတယ္။ မႏၲေလးငလ်င္ႀကီးေၾကာင့္ သဘာဝေဘးအာမခံထားရွိရမယ္ဆိုတာ ျပည္သူေတြအေနနဲ႔ ပိုၿပီးေတာ့ နားလည္လာၾကတယ္။ အဲ့ဒါေၾကာင့္ အာမခံထားရွိမႈေတြ ပိုၿပီးေတာ့ မ်ားလာပါ တယ္” လို႔ ၎က ေျပာသည္။
ျမန္မာ့အာမခံလုပ္ငန္းအေနျဖင့္လည္း အာမခံထားရွိလိုသူမ်ားအတြက္ အာမခံလုပ္ငန္းဝန္ေဆာင္မႈမ်ားအား တစ္ပတ္လွ်င္တစ္ႀကိမ္ျဖစ္ေစ၊ ႏွစ္ပတ္လွ်င္တစ္ႀကိမ္ျဖစ္ေစ ျမန္မာ့အာမခံလုပ္ငန္း၏ လူမႈကြန္ရက္စာမ်က္ႏွာ မ်ားတြင္ အသိေပးေၾကညာေၾကာင္းႏွင့္ အာမခံထားရွိျခင္းျဖင့္ ဆုံးရႈံးမႈမ်ားအေပၚ မည္သို႔ ျပန္လည္ရရွိႏိုင္သည္ ကိုပါ ၾကည့္ရႈေလ့လာႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.