ဘီးလင်းဆေးရုံတွင် အိအိငြိမ်းနှင့် အေးအေးငြိမ်းအပြီး ရင်ချင်းဆက်အမြွှာ ထပ်မံမွေးဖွား

810
စော (NP News) - ဇူလိုင် ၁ဝ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည့်သူ့ဆေးရုံကြီးတွင် အိအိငြိမ်း နှင့် အေးအေးငြိမ်းအပြီး နှစ်များစွာအကြာတွင် ရင်ချင်းဆက်မိန်းကလေးအမြွှာကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း အဆိုပါဆေးရုံကြီးမှ ထုတ်ပြန်ထားသည်။
အဆိုပါအမြွှာကို ယမန်နေ့ (ဇူလိုင် ၉ ရက်)၊ ည (၉)နာရီ (၄၂)မိနစ်အချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမျိုးမင်းနှင့်သူနာပြုဆရာမများက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမြွှာကို ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာမှာနေထိုင်သော မိခင်ဖြစ်သူ နော်ချောဂေ၏ (၅)ယောက်မြောက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မိခင်နှင့် ကလေးနှစ်ဦးစလုံး ကျန်းမာစွာရှိနေကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (၁၉၉၂) ခုနှစ်ခန့်က ရင်ချင်းဆက်အမြွှာဖြစ်သော အေးအေးငြိမ်း နှင့် အိအိငြိမ်းတို့ကိုလည်း မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ဘီးလင္းေဆး႐ုံတြင္ အိအိၿငိမ္းႏွင့္ ေအးေအးၿငိမ္းအၿပီး ရင္ခ်င္းဆက္အႁမႊာ ထပ္မံေမြးဖြား
ေစာ (NP News) - ဇူလိုင္ ၁ဝ
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ျပည့္သူ႔ေဆး႐ုံႀကီးတြင္ အိအိၿငိမ္း ႏွင့္ ေအးေအးၿငိမ္းအၿပီး ႏွစ္မ်ားစြာအၾကာတြင္ ရင္ခ်င္းဆက္မိန္းကေလးအႁမႊာကို ေအာင္ျမင္စြာေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း အဆိုပါေဆး႐ုံႀကီးမွ ထုတ္ျပန္ထားသည္။
အဆိုပါအႁမႊာကို ယမန္ေန႔ (ဇူလိုင္ ၉ ရက္)၊ ည (၉)နာရီ (၄၂)မိနစ္အခ်ိန္ခန႔္က ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမႉး၊ ေဒါက္တာမ်ိဳးမင္းႏွင့္သူနာျပဳဆရာမမ်ားက ေအာင္ျမင္စြာ ခြဲစိတ္ေမြးဖြားေပးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအႁမႊာကို ဘီးလင္းၿမိဳ႕နယ္၊ ပိုင္ဒဝယ္ေက်း႐ြာမွာေနထိုင္ေသာ မိခင္ျဖစ္သူ ေနာ္ေခ်ာေဂ၏ (၅)ေယာက္ေျမာက္တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ မိခင္ႏွင့္ ကေလးႏွစ္ဦးစလုံး က်န္းမာစြာရွိေနေၾကာင္း ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (၁၉၉၂) ခုႏွစ္ခန႔္က ရင္ခ်င္းဆက္အႁမႊာျဖစ္ေသာ ေအးေအးၿငိမ္း ႏွင့္ အိအိၿငိမ္းတို႔ကိုလည္း ေမြးဖြားေပးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။