A,B,C သုံးနိုင်ငံ ၊ ရခိုင် AA နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ (၂)

 4303

စစ်မုန်း (NP News)
တရုတ်နိုင်ငံသညရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်အလှမ်းဝေးသောနေရာတွင်တည်ရှိနေသော် လည်း ပထဝီနိုင်ငံရေးအရ အရေးပါသောရခိုင်ကမ်းရိုးတန်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို စိတ်ဝင်စားသည့်နိုင်ငံတစ်ခု ဖြစ်နေသည်။ ရခိုင်ပြည် နယ်မြောက်ပိုင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုမှာလည်း အရေးကြီးသည့်အခန်းမှ ပါဝင်လျက်ရှိသည်။ အထူးသဖြင့် ရခိုင် AA အဖွဲ့၏ ဗဟိုဌာနချုပ်သည် လိုင်ဇာတွင်အခြေတည်နေသည်ဖြစ်ကာ ရှမ်းမြောက်သုံးဖွဲ့နှင့်လည်း နီးစပ်သည့် ဆက်ဆံရေးရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ ရခိုင် AA အပေါ် ဩဇာသက်ရောက်မှုကိုလည်း ထည့်သွင်း သုံးသပ်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံ
တရုတ်နိုင်ငံအနေဖြင့် ရခိုင်ကမ်းရိုးတန်း (ကျောက်ဖြူဆိပ်ကမ်း)သည် ၎င်း၏အိန္ဒိယသမုဒ္ဒရာသို့ အတိုဆုံးသောထွက်ပေါက်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် တောင်အာရှနိုင်ငံများ၊ အရှေ့ အလယ် ပိုင်းနိုင်ငံများနှင့် အဓိကကူးလူးသွားလာနေသည့် အိန္ဒိယသမုဒ္ဒရာနှင့်တောင်တရုတ်ပင်လယ်တို့ကို ဆက် သွယ်ထားသည့် မလက္ကာရေလက်ကြားမှာ အရေးအကြောင်းဆိုပါက တရုတ်နိုင်ငံအတွက်အကြီးမားဆုံး ဖြတ်သန်းသွားလာမှုဆိုင်ရာ စိန်ခေါ်မှုနှင့်အန္တရာယ်အရှိဆုံးနေရာလည်းဖြစ်သည်။ ထို့ကြောင့်လည်း ရခိုင် ကမ်းရိုးတန်းရှိ ကျောက်ဖြူဆိပ်ကမ်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့်ဆက်သွယ်မည့် ရထားလမ်း၊ ကားလမ်း စီမံကိန်းများကို လုပ်ဆောင်လျက်ရှိသည်။ ဤစီမံကိန်းမှာ တရုတ်နိုင်ငံ၏(Belt and Road Initiative) စီမံကိန်းအတွက် အရေးပါသောလမ်းကြောင်းဖြစ်သည်။ ထို့ပြင် လက်ရှိအားဖြင့် ရခိုင်ကမ်းရိုး တန်း ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့သွယ်တန်းထားသည့် ရေနံနှင့် သဘာဝ ဓာက်ငွေ့ ပိုက်လိုင်းများမှာလည်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(China- Myanmar Eco­nomic Corridor) ၏ အစိတ်အပိုင်းလည်းဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းဒေသမှာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အရေးပါသောဒေသတစ်ခုဖြစ်ကာ နိုင်ငံအတွက် အဆီနှင့်တဝင်းဝင်းပြည့်နေ သောဒေသတစ်ခုလည်း ဖြစ်နေသည်။

အမေရိကန်နိုင်ငံ
A,B ,C သုံးနိုင်ငံအနက် အမေရိကန်(A) နိုင်ငံသည် မြန်မာနိုင်ငံနှင့်မိုင်ထောင်ချီအလှမ်းဝေးသော် လည်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လျှင် ပါဝင်ပတ်သက်မှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အကောင်း သဘော ပါဝင်ပတ်သက်မှုထက် အဆိုးဘက်တွင်သာ ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ ပါဝင်ပတ် သက်ရာတွင်လည်း တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုး မဟုတ်ဘဲ နောက်ကွယ်မှ လက်မည်းကြီးဖြင့် ပါဝင်ပတ် သက်နေခြင်းဖြစ်သည်။ ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏နောက်ကွယ်မှနေကာ မြန်မာနိုင်ငံအရေး ဝင်ရောက်စွက်ဖက်နိုင်မည့်အခွင့်အလမ်းကို ချောင်း မြောင်းနေသည်။
အမေရိကန်နိုင်ငံကား မြန်မာနိုင်ငံအပေါ်အစဉ်တစိုက်အားဖြင့် အကောင်းမြင်သဘောထားခဲ့ သည့် နိုင်ငံတစ်ခုမဟုတ်ခဲ့သလို မြန်မာနိုင်ငံကို ကောင်းကျိုးပြုပေးခဲ့သည့်နိုင်ငံလည်းမဟုတ်ပေ။ မြန်မာနိုင်ငံကိုအသုံးချ၍ ၎င်း၏ နိုင်ငံရေး၊ စီးပွားရေးပြိုင်ဘက်ဖြစ်ပြီး စီးပွားရေးတွင် အားကောင်းလာ သော တရုတ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများကို ဟန့်တားဆောင်ရွက်နိုင်ရေးအသုံးချနေခြင်းဖြစ်သည်။ တရုတ်ဖြူကျူး ကျော်ရေးစစ်ပွဲများမှသည် ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်လက်နက်ကိုင် သောင်း ကျန်းသူများကို ခေါင်းစဉ်အမျိုးမျိုးပြ ကူညီထောက်ပေးခဲ့သည်များမှာ မပြေးသော်ကန်ရာရှိ အနေအထား များပင်ဖြစ်သည်။ (၁၉၆၂) ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ခဲ့ရသည့်ဖြစ်စဉ် တွင်လည်း အမေရိကန်နိုင် ငံက နောက်ကွယ်မှပါဝင်လျက်ရှိခဲ့သည်။ ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံမှ ခွဲ ထွက်စေပြီး အမေရိကန်ဦး ဆောင်သည့်စစ်အုပ်စု(ဆီတိုး)သို့ဝင်ရောက်စေရန် လှုံ့ဆော်မှုပြုခဲ့သည်မှာ အမေရိကန်နိုင်ငံပင်ဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံကို ပုန်ကန်ထကြွသူ သူပုန်ခေါင်းဆောင် များကို အမေရိကန်နိုင်ငံတွင် ခိုလှုံနေထိုင်ခွင့်ပြုပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့် လုပ်ရပ်များကိုလည်းလုပ်ကိုင်ခဲ့သေးသည်။ ဦးနု၏ ပြည်ပြေးအစိုးရ၊ ဦးစိန်ဝင်း၏ ပြည်ပြေးအစိုးရများကို လက်သင့်ခံအကူအညီပေးခဲ့သလို နောက်ဆုံးပေါ် NUG လေလှိုင်းအစိုးရကိုလည်း နောက်ကွယ်မှ တိတ် တဆိတ်အကူအညီပေးနေသည်။ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူ ပြုနိုင်သည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုလည်းကောင်း၊ ကြေးနီစီမံကိန်းကိုလည်းကောင်း လုပ်ကိုင် မရစေရန် ဖျက်လိုဖျက်ဆီးလုပ်ခဲ့သကဲ့သို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း ကိုလည်း ကန့်ကွက်မှုများဖြင့် ပွဲဆူအောင် လုပ်ကာ အနှောင့်အယှက်အဟန့်အတားပြုခဲ့သည်။
မြန်မာနိုင်ငံအနောက်ဘက်ဒေသအရေးတွင်လည်း အမေရိကန်နိုင်ငံသည် နောက်ကွယ်မှ မသိမသာ ပါဝင်လာနေကြောင်း သတင်းများရရှိနေ သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကာ အကွယ်ယူကာ ရခိုင်ပြည်နယ်တွင် နယ်မြေများစွာ သိမ်းယူထားနိုင်သည့် ရခိုင်- AA ကို အကူအညီပေး နိုင်ရေးလုပ်ဆောင်လာနေသည်ကို တွေ့နေရသည်။ တရုတ်ယိမ်း ရှိတ်ဟာစီနာအစိုးရကိုဖြုတ်ချခဲ့ရာ တွင် နောက်ကွယ်မှပါဝင်ခဲ့ပြီးနောက် ၎င်းတို့အလိုကျ စီးပွားရေးနိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ် တက် လာပြီးနောက် အမေရိကန်နိုင်ငံ၏ ပါဝင်ပတ်သက်လာမှုမှာ ပိုမိုသိသာလာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် ရခိုင်- AA နှင့် တိုက်ရိုက်ဆက်ဆံရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တပ်မဟာတပ်ရင်း(၃)ရင်းမှ ရခိုင်- AA သို့ အကူအညီပေးရေးကို နောက်ကွယ်မှဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံ၏ အဆင့်မြင့်စစ်ဘက် ဆိုင်ရာ အကြီးအကဲများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့စေလွှတ်ခဲ့ခြင်း၊ နယ်စပ်ဒေသများတွင် အမေရိကန် စစ်ဘက်အဆင့် မြင့်အရာရှိများကို စေလွှတ်လေ့လာစေခဲ့ခြင်းများပြုလုပ်ခဲ့သည်။ အမေရိကန်၏လုပ် ဆောင်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း(ရခိုင်အခေါ်အုန်းကျွန်း)တွင် ရေတပ်အခြေစိုက်စစ် စခန်းထားရှိပြီး ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုအသုံးပြု၍ အိန္ဒိယသမုဒ္ဒရာသို့ ထွက် ပေါက်ရယူရန်စီစဉ်နေသည့်တရုတ်နိုင်ငံကို ပိတ်ဆို့နိုင်ရန်ကြိုးစားနေခြင်းပင် ဖြစ်သည်။ စိန့်မာတင်ကျွန်း သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ဖြစ်သော်လည်း အမှန်တကယ်တွင် ရခိုင်ကမ်းရိုးတန်းတွင်တည်ရှိသည့် ကျွန်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်နေ စေရန်နှင့် တရုတ်၏ လုပ် ငန်းများ အဟန့်အတားဖြစ်စေရန် တစ်ချက်ခုတ်နှစ်ချက် ပြတ်လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
ရခိုင်-AA
ရခိုင်- AA အဖွဲ့သည် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနက် နောက်ဆုံးမှပေါ် ပေါက်လာသည့်အဖွဲ့ဖြစ်သော်လည်း ရခိုင်နယ်မြေ အများစုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ (၂၀၁၅)ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ခဲ့သော ရခိုင်ပြည်နယ်တွင်ဖြစ်ပွား ခဲ့သည့် AA နှင့်တပ်မတော်တို့အကြား နှစ်ဖက် တိုက်ပွဲများသည် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာလတွင် ယာယီ ရပ်စဲခဲ့သည်။ (၂၀၂၀)ပြည့်နှစ် နှစ်ဖက် အပစ် အခတ် ရပ်စဲရေးသဘောတူညီချက်သည် စာချုပ်စာတမ်းမရှိဘဲ အလွတ်သဘော ညှိနှိုင်းသဘောတူညီ ချက် (Gen­tleman Agreement) သာဖြစ်ခဲ့ရာ (၂၀၂၂) ခုနှစ် ဩဂုတ်လတွင် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ သို့ရာတွင် ကြားဝင်ညှိနှိုင်းပေးသူများကြောင့် (၂၀၂၂)ခုနှစ် နိုဝင်ဘာလတွင်ပင် အပစ်အ ခတ်ရပ်စဲနိုင်ခဲ့သည်။(၂၀၂၃)ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်စတင်ခဲ့သည့် (၁၀၂၇) စစ်ရေးပဋိ ပက္ခတွင် AA ပါဝင်ခဲ့ပြီးနောက် နိုဝင်ဘာလ (၁၃) ရက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ရပြန်သည်။ (၂၀၂၃)ခုနှစ် တစ်ကျော့ပြန် စစ်ပွဲများစတင်ပြီး နှစ်နှစ်ကျော်ကာလအတွင်း AA သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၄)မြို့နယ်ကို သိမ်းပိုက်သွားသည်။ ရခိုင် AA သည် (၂၀၂၄)ခုနှစ် ဇန်နဝါရီလ(၁၄)ရက်တွင် ပလက်ဝမြို့နယ်ကိုလည်း ကောင်း၊ ဇန်နဝါရီလ(၁၉) ရက်တွင် ပေါက်တောမြို့၊ ဖေဖော်ဝါရီလ(၈)ရက်တွင် မြောက်ဦးမြို့၊ ဖေဖော်ဝါ ရီ လ(၁၃)ရက်တွင် ကျောက်တော်မြို့၊ ဖေဖော်ဝါရီ လ (၁၅)ရက်တွင် မြေပုံမြို့၊ ဖေဖော်ဝါရီလ (၂၆)ရက် တွင် မင်းပြားမြို့၊ မတ်လ(၄)ရက်တွင် ပုဏ္ဏားကျွန်း မြို့၊ မတ်လ(၁၁) ရက်တွင် ရမ်းဗြဲမြို့၊ မေလ(၁၈)ရက် တွင် ဘူးသီးတောင်မြို့၊ စက်တင်ဘာလ (၅)ရက် တွင် သံတွဲမြို့၊ နိုဝင်ဘာလ (၉)ရက်တွင် တောင်ကုတ်မြို့၊ ဒီဇင်ဘာလ(၅)ရက်တွင် မောင်တောမြို့တို့ကို လည်းကောင်း သိမ်းပိုက်နိုင်ခဲ့သည်။ (၂၀၂၅)ခုနှစ် ဇန်န ဝါရီလတွင် အမ်းမြို့နှင့်ဂွမြို့တို့ကိုပါ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း နယ်စပ်ဒေသများကိုပါ ခြိမ်းခြောက်စိုးမိုးထား နိုင်ခဲ့ကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံအနောက်ပိုင်းဒေသကို အချိန်တိုအတွင်း တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ သော ရခိုင် AA ၏ စစ်ရေးစွမ်းရည်ကို အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အသိ အမှတ်ပြုခြင်းဖြစ်သလို၊ မြန်မာနိုင်ငံအရေးတွင် ခွေးတိုးပေါက်မှဝင်၍ နှောင့်ယှက်လိုသောနိုင်ငံများအဖို့ လည်း အကြိုက်တွေ့စရာ ဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး
မြန်မာနိုင်ငံ၏အနောက်ဘက်နယ်စပ်ဒေ သတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရှမ်းမြောက် ဒေသရှိ “ဝ” တိုင်းရင်းသားများကဲ့သို့သော ဒေသတစ်ခုထူထောင်နိုင်ရန်ကြိုးပမ်းလုပ်ဆောင်လာနေ သည်ကို တွေ့မြင်နေရသည်။ ဤသို့လုပ်ဆောင်ရာတွင် (၁)မြန်မာနိုင်ငံရှိဘင်္ဂါလီများကို လူမျိုးလိမ်အ မည်တပ်၍ သီးခြားနယ်မြေထူထောင်ပေးရန်စီမံခြင်း နှင့် (၂)ရခိုင် AA လက်နက်ကိုင်အဖွဲ့ကို ကူညီ ထောက်ပံ့ပေးကာ ရခိုင်ပြည်နယ်သစ်ဖော်ထုတ်ပြီး ၎င်းတို့၏ဩဇာခံအစိုးရ(အဖွဲ့အစည်းတစ်ရပ်) ထူ ထောင်ရန်ပင် ဖြစ်သည်။ ဤလုပ်ရပ်များကို ရှိတ်ဟာစီနာအစိုးရပြုတ်ကျသွားပြီးနောက် မိုဟာမက် ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက အမေရိကန်အစိုးရ CIA နှင့်ပေါင်းပြီး အကွက် ချစီမံလုပ်ဆောင်လာခြင်းဖြစ်သည်။
ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းစိုးမိုးရေးကို အစဉ်တစိုက် ကြံစည်လုပ်ဆောင်နေ ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များကိုသာမက ကုလားတန် မြစ်အနောက်ဘက်ခြမ်းမှ နတ်မြစ်အရှေ့ဘက်ခြမ်းရှိ နယ်မြေအားလုံးကို မြန်မာနိုင်ငံရှိ မွတ်စလင်တို့၏ အမျိုးသား နယ်မြေအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြဖူးသည်။ ထိုသို့သာမက ရခိုင်ပြည်နယ်ရှိ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံတိုင်းရင်းသားများအဖြစ်သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်းဆိုခဲ့ကြ သည်။ ဤ တောင်းဆိုချက်များရရှိစေရန်မှာ ရခိုင်ပြည်နယ်ကို သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခု ဖြစ်ပေါ်လာမှသာ ၎င်းတို့ဆန္ဒအတိုင်း ဖြစ်လာနိုင်မည်ဖြစ်သည်။ ၎င်းတို့၏ရည်မှန်းချက်အတွက် မြန်မာ နိုင်ငံလွတ်လပ်ရေး မရမီကာလကပင် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်များရှိခဲ့သည်။ အထူး သဖြင့် ရခိုင်ပြည် နယ်မြောက်ပိုင်းကို မွတ်စလင်ပြည်နယ်ဖွဲ့စည်းရန်သာ မက ဗဟိုအစိုးရအဖွဲ့တွင် မွတ်စလင်ဝန်ကြီးခန့်အပ် ပေးရန်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၏ကိစ္စအဝ၀ တွင် ရခိုင်နှင့်မွတ်စလင် (၅၀)ရာခိုင်နှုန်းဝေစုခွဲဝေသည့်စနစ်ကိုကျင့်သုံးရန်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့တွင် မွတ်စလင်လူ မျိုး(၅၀)ရာခိုင်နှုန်းပါဝင်ခွင့်ပြုရန်ကိုလည်းကောင်း အဓိကထားတောင်းဆိုခဲ့ကြ သည်ကိုတွေ့ရသည်။ ယင်းပြင် မွတ်စလင် မူလတန်း၊ အလယ်တန်းကျောင်း များဖွင့်လှစ်ပေးပြီး ဘာသာ အားလုံးတွင် အူရဒူဘာသာဖြင့်သာ သင်ကြားခွင့်ပြုရန်နှင့် မွတ်စလင်များကို ၎င်းတို့ဆန္ဒမပါဘဲ အခြား ဘာသာသင်ကြားခြင်းမပြုရန်အချက်များကိုပါတောင်းဆိုခဲ့သည်။ ဤတောင်းဆိုချက်များမှာ လွတ်လပ် ရေးရပြီးနောက် ရေးဆွဲခဲ့ကြ သောဖွဲ့စည်းပုံအခြေခံဥပဒေများကို ကျော်လွန် တောင်းဆိုခဲ့ခြင်းပင်ဖြစ် သည်။ ဤတောင်းဆိုချက်များကိုကြည့်ခြင်းအားဖြင့် ဘင်္ဂါလီများ၏ မရိုးသားသောအကြံကိုပါ တွေ့မြင် နိုင်ကြသည်။ ဤအကြံအစည်များ အောင်မြင်ရန်အတွက် ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဩဇာခံအစိုးရတစ်ရပ် ထူထောင်နိုင်ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အန္တိမရည်မှန်းချက်လည်း ဖြစ်နေ သည်။

Zawgyi Version:
A,B,C သုံးႏိုင္ငံ ၊ ရခိုင္ AA ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းျပႆနာ (၂)
စစ္မုန္း (NP News)
တ႐ုတ္ႏိုင္ငံသညရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္အလွမ္းေဝးေသာေနရာတြင္တည္ရွိေနေသာ္ လည္း ပထဝီႏိုင္ငံေရးအရ အေရးပါေသာရခိုင္ကမ္း႐ိုးတန္းေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေရးကို စိတ္ဝင္စားသည့္ႏိုင္ငံတစ္ခု ျဖစ္ေနသည္။ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ၏ ပါဝင္ပတ္သက္မႈမွာလည္း အေရးႀကီးသည့္အခန္းမွ ပါဝင္လ်က္ရွိသည္။ အထူးသျဖင့္ ရခိုင္ AA အဖြဲ႕၏ ဗဟိုဌာနခ်ဳပ္သည္ လိုင္ဇာတြင္အေျခတည္ေနသည္ျဖစ္ကာ ရွမ္းေျမာက္သုံးဖြဲ႕ႏွင့္လည္း နီးစပ္သည့္ ဆက္ဆံေရးရွိေနျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ ရခိုင္ AA အေပၚ ဩဇာသက္ေရာက္မႈကိုလည္း ထည့္သြင္း သုံးသပ္ရမည္ျဖစ္သည္။

တ႐ုတ္ႏိုင္ငံ
တ႐ုတ္ႏိုင္ငံအေနျဖင့္ ရခိုင္ကမ္း႐ိုးတန္း (ေက်ာက္ျဖဴဆိပ္ကမ္း)သည္ ၎၏အိႏၵိယသမုဒၵရာသို႔ အတိုဆုံးေသာထြက္ေပါက္တစ္ခုျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ေတာင္အာရွႏိုင္ငံမ်ား၊ အေရွ႕ အလယ္ ပိုင္းႏိုင္ငံမ်ားႏွင့္ အဓိကကူးလူးသြားလာေနသည့္ အိႏၵိယသမုဒၵရာႏွင့္ေတာင္တ႐ုတ္ပင္လယ္တို႔ကို ဆက္ သြယ္ထားသည့္ မလကၠာေရလက္ၾကားမွာ အေရးအေၾကာင္းဆိုပါက တ႐ုတ္ႏိုင္ငံအတြက္အႀကီးမားဆုံး ျဖတ္သန္းသြားလာမႈဆိုင္ရာ စိန္ေခၚမႈႏွင့္အႏၲရာယ္အရွိဆုံးေနရာလည္းျဖစ္သည္။ ထို႔ေၾကာင့္လည္း ရခိုင္ ကမ္း႐ိုးတန္းရွိ ေက်ာက္ျဖဴဆိပ္ကမ္းကို တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ႏွင့္ဆက္သြယ္မည့္ ရထားလမ္း၊ ကားလမ္း စီမံကိန္းမ်ားကို လုပ္ေဆာင္လ်က္ရွိသည္။ ဤစီမံကိန္းမွာ တ႐ုတ္ႏိုင္ငံ၏(Belt and Road Initiative) စီမံကိန္းအတြက္ အေရးပါေသာလမ္းေၾကာင္းျဖစ္သည္။ ထို႔ျပင္ လက္ရွိအားျဖင့္ ရခိုင္ကမ္း႐ိုး တန္း ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွ တ႐ုတ္ႏိုင္ငံသို႔သြယ္တန္းထားသည့္ ေရနံႏွင့္ သဘာဝ ဓာက္ေငြ႕ ပိုက္လိုင္းမ်ားမွာလည္း တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ(China- Myanmar Eco­nomic Corridor) ၏ အစိတ္အပိုင္းလည္းျဖစ္သည္။ ရခိုင္ကမ္း႐ိုးတန္းေဒသမွာ တ႐ုတ္ႏိုင္ငံအတြက္ ပထဝီႏိုင္ငံေရးအရ အေရးပါေသာေဒသတစ္ခုျဖစ္ကာ ႏိုင္ငံအတြက္ အဆီႏွင့္တဝင္းဝင္းျပည့္ေန ေသာေဒသတစ္ခုလည္း ျဖစ္ေနသည္။

အေမရိကန္ႏိုင္ငံ
A,B ,C သုံးႏိုင္ငံအနက္ အေမရိကန္(A) ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္မိုင္ေထာင္ခ်ီအလွမ္းေဝးေသာ္ လည္း ျမန္မာႏိုင္ငံအေရးႏွင့္ပတ္သက္လွ်င္ ပါဝင္ပတ္သက္မႈအမ်ားဆုံးႏိုင္ငံလည္းျဖစ္သည္။ အေကာင္း သေဘာ ပါဝင္ပတ္သက္မႈထက္ အဆိုးဘက္တြင္သာ ပါဝင္ပတ္သက္ေနျခင္းျဖစ္သည္။ ပါဝင္ပတ္ သက္ရာတြင္လည္း တိုက္႐ိုက္ပါဝင္ပတ္သက္ျခင္းမ်ိဳး မဟုတ္ဘဲ ေနာက္ကြယ္မွ လက္မည္းႀကီးျဖင့္ ပါဝင္ပတ္ သက္ေနျခင္းျဖစ္သည္။ ယခု ရခိုင္ျပည္နယ္ေျမာက္ပိုင္းျပႆနာတြင္လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၏ေနာက္ကြယ္မွေနကာ ျမန္မာႏိုင္ငံအေရး ဝင္ေရာက္စြက္ဖက္ႏိုင္မည့္အခြင့္အလမ္းကို ေခ်ာင္း ေျမာင္းေနသည္။
အေမရိကန္ႏိုင္ငံကား ျမန္မာႏိုင္ငံအေပၚအစဥ္တစိုက္အားျဖင့္ အေကာင္းျမင္သေဘာထားခဲ့ သည့္ ႏိုင္ငံတစ္ခုမဟုတ္ခဲ့သလို ျမန္မာႏိုင္ငံကို ေကာင္းက်ိဳးျပဳေပးခဲ့သည့္ႏိုင္ငံလည္းမဟုတ္ေပ။ ျမန္မာႏိုင္ငံကိုအသုံးခ်၍ ၎၏ ႏိုင္ငံေရး၊ စီးပြားေရးၿပိဳင္ဘက္ျဖစ္ၿပီး စီးပြားေရးတြင္ အားေကာင္းလာ ေသာ တ႐ုတ္ႏိုင္ငံ၏စီးပြားေရးလုပ္ငန္းမ်ားကို ဟန႔္တားေဆာင္႐ြက္ႏိုင္ေရးအသုံးခ်ေနျခင္းျဖစ္သည္။ တ႐ုတ္ျဖဴက်ဴး ေက်ာ္ေရးစစ္ပြဲမ်ားမွသည္ ကရင္ျပည္နယ္တြင္ျဖစ္ပြားေနသည့္လက္နက္ကိုင္ ေသာင္း က်န္းသူမ်ားကို ေခါင္းစဥ္အမ်ိဳးမ်ိဳးျပ ကူညီေထာက္ေပးခဲ့သည္မ်ားမွာ မေျပးေသာ္ကန္ရာရွိ အေနအထား မ်ားပင္ျဖစ္သည္။ (၁၉၆၂) ခုႏွစ္တြင္ တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာကို ရယူသိမ္းပိုက္ခဲ့ရသည့္ျဖစ္စဥ္ တြင္လည္း အေမရိကန္ႏိုင္ ငံက ေနာက္ကြယ္မွပါဝင္လ်က္ရွိခဲ့သည္။ ရွမ္းျပည္နယ္ကို ျမန္မာႏိုင္ငံမွ ခြဲ ထြက္ေစၿပီး အေမရိကန္ဦး ေဆာင္သည့္စစ္အုပ္စု(ဆီတိုး)သို႔ဝင္ေရာက္ေစရန္ လႈံ႕ေဆာ္မႈျပဳခဲ့သည္မွာ အေမရိကန္ႏိုင္ငံပင္ျဖစ္သည္။ အျခားတစ္ဖက္တြင္ ျမန္မာႏိုင္ငံကို ပုန္ကန္ထႂကြသူ သူပုန္ေခါင္းေဆာင္ မ်ားကို အေမရိကန္ႏိုင္ငံတြင္ ခိုလႈံေနထိုင္ခြင့္ျပဳၿပီး ျမန္မာ့ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္သည့္ လုပ္ရပ္မ်ားကိုလည္းလုပ္ကိုင္ခဲ့ေသးသည္။ ဦးႏု၏ ျပည္ေျပးအစိုးရ၊ ဦးစိန္ဝင္း၏ ျပည္ေျပးအစိုးရမ်ားကို လက္သင့္ခံအကူအညီေပးခဲ့သလို ေနာက္ဆုံးေပၚ NUG ေလလႈိင္းအစိုးရကိုလည္း ေနာက္ကြယ္မွ တိတ္ တဆိတ္အကူအညီေပးေနသည္။ ျမန္မာႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္ေရးကိုအေထာက္အကူ ျပဳႏိုင္သည့္ ဧရာဝတီျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကိုလည္းေကာင္း၊ ေၾကးနီစီမံကိန္းကိုလည္းေကာင္း လုပ္ကိုင္ မရေစရန္ ဖ်က္လိုဖ်က္ဆီးလုပ္ခဲ့သကဲ့သို႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ႏွင့္ ေရနက္ဆိပ္ကမ္း စီမံကိန္း ကိုလည္း ကန႔္ကြက္မႈမ်ားျဖင့္ ပြဲဆူေအာင္ လုပ္ကာ အေႏွာင့္အယွက္အဟန႔္အတားျပဳခဲ့သည္။
ျမန္မာႏိုင္ငံအေနာက္ဘက္ေဒသအေရးတြင္လည္း အေမရိကန္ႏိုင္ငံသည္ ေနာက္ကြယ္မွ မသိမသာ ပါဝင္လာေနေၾကာင္း သတင္းမ်ားရရွိေန သည္။ အထူးသျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အကာ အကြယ္ယူကာ ရခိုင္ျပည္နယ္တြင္ နယ္ေျမမ်ားစြာ သိမ္းယူထားႏိုင္သည့္ ရခိုင္- AA ကို အကူအညီေပး ႏိုင္ေရးလုပ္ေဆာင္လာေနသည္ကို ေတြ႕ေနရသည္။ တ႐ုတ္ယိမ္း ရွိတ္ဟာစီနာအစိုးရကိုျဖဳတ္ခ်ခဲ့ရာ တြင္ ေနာက္ကြယ္မွပါဝင္ခဲ့ၿပီးေနာက္ ၎တို႔အလိုက် စီးပြားေရးႏိုဘယ္လ္ဆုရွင္ မိုဟာမက္ယူႏြတ္ တက္ လာၿပီးေနာက္ အေမရိကန္ႏိုင္ငံ၏ ပါဝင္ပတ္သက္လာမႈမွာ ပိုမိုသိသာလာသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေနျဖင့္ ရခိုင္- AA ႏွင့္ တိုက္႐ိုက္ဆက္ဆံေရး၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ တပ္မဟာတပ္ရင္း(၃)ရင္းမွ ရခိုင္- AA သို႔ အကူအညီေပးေရးကို ေနာက္ကြယ္မွေဆာင္႐ြက္ခဲ့ရာ အေမရိကန္ႏိုင္ငံ၏ အဆင့္ျမင့္စစ္ဘက္ ဆိုင္ရာ အႀကီးအကဲမ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ေစလႊတ္ခဲ့ျခင္း၊ နယ္စပ္ေဒသမ်ားတြင္ အေမရိကန္ စစ္ဘက္အဆင့္ ျမင့္အရာရွိမ်ားကို ေစလႊတ္ေလ့လာေစခဲ့ျခင္းမ်ားျပဳလုပ္ခဲ့သည္။ အေမရိကန္၏လုပ္ ေဆာင္ခ်က္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စိန႔္မာတင္ကြၽန္း(ရခိုင္အေခၚအုန္းကြၽန္း)တြင္ ေရတပ္အေျခစိုက္စစ္ စခန္းထားရွိၿပီး ရခိုင္ကမ္း႐ိုးတန္း ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကိုအသုံးျပဳ၍ အိႏၵိယသမုဒၵရာသို႔ ထြက္ ေပါက္ရယူရန္စီစဥ္ေနသည့္တ႐ုတ္ႏိုင္ငံကို ပိတ္ဆို႔ႏိုင္ရန္ႀကိဳးစားေနျခင္းပင္ ျဖစ္သည္။ စိန႔္မာတင္ကြၽန္း သည္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံပိုင္ျဖစ္ေသာ္လည္း အမွန္တကယ္တြင္ ရခိုင္ကမ္း႐ိုးတန္းတြင္တည္ရွိသည့္ ကြၽန္းလည္းျဖစ္သည္။ ထို႔ေၾကာင့္လည္း ရခိုင္ျပည္နယ္ မတည္မၿငိမ္ျဖစ္ေန ေစရန္ႏွင့္ တ႐ုတ္၏ လုပ္ ငန္းမ်ား အဟန႔္အတားျဖစ္ေစရန္ တစ္ခ်က္ခုတ္ႏွစ္ခ်က္ ျပတ္လုပ္ေဆာင္ေနျခင္းပင္ ျဖစ္သည္။
ရခိုင္-AA
ရခိုင္- AA အဖြဲ႕သည္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းမ်ားအနက္ ေနာက္ဆုံးမွေပၚ ေပါက္လာသည့္အဖြဲ႕ျဖစ္ေသာ္လည္း ရခိုင္နယ္ေျမ အမ်ားစုကို သိမ္းပိုက္ထားႏိုင္ခဲ့သည္။ (၂၀၁၅)ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ခဲ့ေသာ ရခိုင္ျပည္နယ္တြင္ျဖစ္ပြား ခဲ့သည့္ AA ႏွင့္တပ္မေတာ္တို႔အၾကား ႏွစ္ဖက္ တိုက္ပြဲမ်ားသည္ (၂၀၂၀)ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ ယာယီ ရပ္စဲခဲ့သည္။ (၂၀၂၀)ျပည့္ႏွစ္ ႏွစ္ဖက္ အပစ္ အခတ္ ရပ္စဲေရးသေဘာတူညီခ်က္သည္ စာခ်ဳပ္စာတမ္းမရွိဘဲ အလြတ္သေဘာ ညႇိႏႈိင္းသေဘာတူညီ ခ်က္ (Gen­tleman Agreement) သာျဖစ္ခဲ့ရာ (၂၀၂၂) ခုႏွစ္ ဩဂုတ္လတြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရသည္။ သို႔ရာတြင္ ၾကားဝင္ညႇိႏႈိင္းေပးသူမ်ားေၾကာင့္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလတြင္ပင္ အပစ္အ ခတ္ရပ္စဲႏိုင္ခဲ့သည္။(၂၀၂၃)ခုႏွစ္တြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္စတင္ခဲ့သည့္ (၁၀၂၇) စစ္ေရးပဋိ ပကၡတြင္ AA ပါဝင္ခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ (၁၃) ရက္တြင္ ရခိုင္ျပည္နယ္၌ တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္ ျဖစ္ပြားခဲ့ရျပန္သည္။ (၂၀၂၃)ခုႏွစ္ တစ္ေက်ာ့ျပန္ စစ္ပြဲမ်ားစတင္ၿပီး ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း AA သည္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ (၁၄)ၿမိဳ႕နယ္ကို သိမ္းပိုက္သြားသည္။ ရခိုင္ AA သည္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ(၁၄)ရက္တြင္ ပလက္ဝၿမိဳ႕နယ္ကိုလည္း ေကာင္း၊ ဇန္နဝါရီလ(၁၉) ရက္တြင္ ေပါက္ေတာၿမိဳ႕၊ ေဖေဖာ္ဝါရီလ(၈)ရက္တြင္ ေျမာက္ဦးၿမိဳ႕၊ ေဖေဖာ္ဝါ ရီ လ(၁၃)ရက္တြင္ ေက်ာက္ေတာ္ၿမိဳ႕၊ ေဖေဖာ္ဝါရီ လ (၁၅)ရက္တြင္ ေျမပုံၿမိဳ႕၊ ေဖေဖာ္ဝါရီလ (၂၆)ရက္ တြင္ မင္းျပားၿမိဳ႕၊ မတ္လ(၄)ရက္တြင္ ပုဏၰားကြၽန္း ၿမိဳ႕၊ မတ္လ(၁၁) ရက္တြင္ ရမ္းၿဗဲၿမိဳ႕၊ ေမလ(၁၈)ရက္ တြင္ ဘူးသီးေတာင္ၿမိဳ႕၊ စက္တင္ဘာလ (၅)ရက္ တြင္ သံတြဲၿမိဳ႕၊ ႏိုဝင္ဘာလ (၉)ရက္တြင္ ေတာင္ကုတ္ၿမိဳ႕၊ ဒီဇင္ဘာလ(၅)ရက္တြင္ ေမာင္ေတာၿမိဳ႕တို႔ကို လည္းေကာင္း သိမ္းပိုက္ႏိုင္ခဲ့သည္။ (၂၀၂၅)ခုႏွစ္ ဇန္န ဝါရီလတြင္ အမ္းၿမိဳ႕ႏွင့္ဂြၿမိဳ႕တို႔ကိုပါ သိမ္းပိုက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္း နယ္စပ္ေဒသမ်ားကိုပါ ၿခိမ္းေျခာက္စိုးမိုးထား ႏိုင္ခဲ့ေၾကာင္းေတြ႕ရသည္။ ျမန္မာႏိုင္ငံအေနာက္ပိုင္းေဒသကို အခ်ိန္တိုအတြင္း တိုက္ခိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ ေသာ ရခိုင္ AA ၏ စစ္ေရးစြမ္းရည္ကို အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္ေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္ အသိ အမွတ္ျပဳျခင္းျဖစ္သလို၊ ျမန္မာႏိုင္ငံအေရးတြင္ ေခြးတိုးေပါက္မွဝင္၍ ေႏွာင့္ယွက္လိုေသာႏိုင္ငံမ်ားအဖို႔ လည္း အႀကိဳက္ေတြ႕စရာ ျဖစ္လာခဲ့သည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေရး
ျမန္မာႏိုင္ငံ၏အေနာက္ဘက္နယ္စပ္ေဒ သတြင္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္ ရွမ္းေျမာက္ ေဒသရွိ “ဝ” တိုင္းရင္းသားမ်ားကဲ့သို႔ေသာ ေဒသတစ္ခုထူေထာင္ႏိုင္ရန္ႀကိဳးပမ္းလုပ္ေဆာင္လာေန သည္ကို ေတြ႕ျမင္ေနရသည္။ ဤသို႔လုပ္ေဆာင္ရာတြင္ (၁)ျမန္မာႏိုင္ငံရွိဘဂၤါလီမ်ားကို လူမ်ိဳးလိမ္အ မည္တပ္၍ သီးျခားနယ္ေျမထူေထာင္ေပးရန္စီမံျခင္း ႏွင့္ (၂)ရခိုင္ AA လက္နက္ကိုင္အဖြဲ႕ကို ကူညီ ေထာက္ပံ့ေပးကာ ရခိုင္ျပည္နယ္သစ္ေဖာ္ထုတ္ၿပီး ၎တို႔၏ဩဇာခံအစိုးရ(အဖြဲ႕အစည္းတစ္ရပ္) ထူ ေထာင္ရန္ပင္ ျဖစ္သည္။ ဤလုပ္ရပ္မ်ားကို ရွိတ္ဟာစီနာအစိုးရျပဳတ္က်သြားၿပီးေနာက္ မိုဟာမက္ ယူႏြတ္ ဦးေဆာင္သည့္ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရက အေမရိကန္အစိုးရ CIA ႏွင့္ေပါင္းၿပီး အကြက္ ခ်စီမံလုပ္ေဆာင္လာျခင္းျဖစ္သည္။
ဘဂၤါလီမ်ားသည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းစိုးမိုးေရးကို အစဥ္တစိုက္ ႀကံစည္လုပ္ေဆာင္ေန ၾကသူမ်ားျဖစ္ၾကသည္။ ၎တို႔သည္ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕နယ္မ်ားကိုသာမက ကုလားတန္ ျမစ္အေနာက္ဘက္ျခမ္းမွ နတ္ျမစ္အေရွ႕ဘက္ျခမ္းရွိ နယ္ေျမအားလုံးကို ျမန္မာႏိုင္ငံရွိ မြတ္စလင္တို႔၏ အမ်ိဳးသား နယ္ေျမအျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆိုခဲ့ၾကဖူးသည္။ ထိုသို႔သာမက ရခိုင္ျပည္နယ္ရွိ ခိုးဝင္ဘဂၤါလီမ်ားကို ျမန္မာႏိုင္ငံတိုင္းရင္းသားမ်ားအျဖစ္သတ္မွတ္ေပးရန္ အစဥ္တစိုက္ေတာင္းဆိုခဲ့ၾက သည္။ ဤ ေတာင္းဆိုခ်က္မ်ားရရွိေစရန္မွာ ရခိုင္ျပည္နယ္ကို သီးျခားလြတ္လပ္ေသာ ျပည္နယ္တစ္ခု ျဖစ္ေပၚလာမွသာ ၎တို႔ဆႏၵအတိုင္း ျဖစ္လာႏိုင္မည္ျဖစ္သည္။ ၎တို႔၏ရည္မွန္းခ်က္အတြက္ ျမန္မာ ႏိုင္ငံလြတ္လပ္ေရး မရမီကာလကပင္ အစဥ္တစိုက္ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့သည္မ်ားရွိခဲ့သည္။ အထူး သျဖင့္ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းကို မြတ္စလင္ျပည္နယ္ဖြဲ႕စည္းရန္သာ မက ဗဟိုအစိုးရအဖြဲ႕တြင္ မြတ္စလင္ဝန္ႀကီးခန႔္အပ္ ေပးရန္ကိုလည္းေကာင္း၊ ရခိုင္ျပည္နယ္၏ကိစၥအဝ၀ တြင္ ရခိုင္ႏွင့္မြတ္စလင္ (၅၀)ရာခိုင္ႏႈန္းေဝစုခြဲေဝသည့္စနစ္ကိုက်င့္သုံးရန္လည္းေကာင္း၊ ရခိုင္ျပည္နယ္အတြင္း လက္နက္ကိုင္ အဖြဲ႕တြင္ မြတ္စလင္လူ မ်ိဳး(၅၀)ရာခိုင္ႏႈန္းပါဝင္ခြင့္ျပဳရန္ကိုလည္းေကာင္း အဓိကထားေတာင္းဆိုခဲ့ၾက သည္ကိုေတြ႕ရသည္။ ယင္းျပင္ မြတ္စလင္ မူလတန္း၊ အလယ္တန္းေက်ာင္း မ်ားဖြင့္လွစ္ေပးၿပီး ဘာသာ အားလုံးတြင္ အူရဒူဘာသာျဖင့္သာ သင္ၾကားခြင့္ျပဳရန္ႏွင့္ မြတ္စလင္မ်ားကို ၎တို႔ဆႏၵမပါဘဲ အျခား ဘာသာသင္ၾကားျခင္းမျပဳရန္အခ်က္မ်ားကိုပါေတာင္းဆိုခဲ့သည္။ ဤေတာင္းဆိုခ်က္မ်ားမွာ လြတ္လပ္ ေရးရၿပီးေနာက္ ေရးဆြဲခဲ့ၾက ေသာဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားကို ေက်ာ္လြန္ ေတာင္းဆိုခဲ့ျခင္းပင္ျဖစ္ သည္။ ဤေတာင္းဆိုခ်က္မ်ားကိုၾကည့္ျခင္းအားျဖင့္ ဘဂၤါလီမ်ား၏ မ႐ိုးသားေသာအႀကံကိုပါ ေတြ႕ျမင္ ႏိုင္ၾကသည္။ ဤအႀကံအစည္မ်ား ေအာင္ျမင္ရန္အတြက္ ရခိုင္ျပည္နယ္တြင္ ဘဂၤလားေဒ့ရွ္အစိုးရ၏ ဩဇာခံအစိုးရတစ္ရပ္ ထူေထာင္ႏိုင္ေရးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အႏၲိမရည္မွန္းခ်က္လည္း ျဖစ္ေန သည္။

Picture

Tha Lwin

12/07/2025 08:59

အေအေကိုစစ်ရေးအရ. ထိရောက်စွာမတုန့်ပြန်မချေမှုန်းနိုင်တာကို အံ့သြရှက်ရွံ့မိပါတယ်

Related news

© 2021. All rights reserved.