ဘူတာအသစ်တည်ဆောက်ခြင်းအပါအဝင် ရထားလမ်းပိုင်းလုပ်ငန်း (၁၂) ခုအတွက် တင်ဒါခေါ်ယူမည်

 2506

ချယ်ရီ (NP News) - ဇူလိုင် ၁၁
ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ဝန်ကြီးဌာနမှ မြန်မာ့မီးရထားလုပ်ငန်းမှ ဘူတာအသစ်တည်ဆောက်ခြင်းအပါအဝင် ရထားလမ်းပိုင်းလုပ်ငန်း (၁၂) ခုအတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း တင်ဒါကော်မတီမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါစနစ် (မြန်မာကျပ်ငွေ)ဖြင့် တင်ဒါတင်သွင်းနိုင် ကြောင်း အဆိုပါကော်မတီက ဆိုသည်။
ပြုပြင်ဆောက်လုပ်မည့်လုပ်ငန်းများမှာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်ရေးစီမံကိန်းမှ ကံဘဲ့ဘူတာ အသစ်တည်ဆောက်ခြင်း လုပ်ငန်း၊ ကြို့ကုန်းဘူတာ အသစ်တည်ဆောက်ခြင်းလုပ်ငန်းအပါဝင် ရွှေညောင် - ရပ်စောက်လမ်းပိုင်းမှ တောင်နီ- ပင်ဖြစ်ကြား မိုင် (၄၂၀/၁၈-၁၉) ရှိ တံတားအမှတ် (၂၉)အား 10” span တံတားမှ 20” span တံတား အဖြစ် ပြုပြင်တည်ဆောက်ခြင်းနှင့် 2V- 250 Ah wet cell battery 720- Nos ဝယ်ယူခြင်း၊ အချက်ပြနှင့်ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်း (၂)မျိုးဝယ်ယူခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်းအမှတ်(၁၁)ပုဂံမှ တောင်တွင်းကြီး- မကွေးလမ်းပိုင်း၊ သရက်လေးပင်-လျှောင်းတော်ဦးကြား မိုင်(၃၃၂/၁၈-၁၉) တွင် တံတားအမှတ် (၁၃၉-အေ) 2/20’-0" Span Slat တံတားအဖြစ်တည်ဆောက်ခြင်း၊ တိုင်းအမှတ်(၈)မော်လမြိုင်မှ မော်လမြိုင်ဘူတာ သစ်ကြီးတွင် (ရေ၊မီး၊မိလ္လာအပါ၊ (17,376) Sfit ၊ (50) Person Septic Tank (၂)လုံး၊ ဂါလံ (၅,၀၀၀) Ground Tank အပါ (နှစ်ဆက်လုပ်ငန်း) ဝန်ထမ်းအိမ်ရာ(၆)ခန်းတွဲ (၄)ထပ် (RC) (၁)လုံး တည်ဆောက်ခြင်းနှင့် ရန်ကုန်- သီလဝါလမ်းပိုင်း အချက်ပြနှင့် ဆက်သွယ်ရေးစနစ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတို့ ပါဝင်သည်။
ထို့နောက် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်း အချက်ပြနှင့် ဆက်သွယ်ရေးအဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းမှ ကျေးတောဘူတာမှ ရွာတော်ဘူတာအထိ ဘူတာ(၁၂)ဘူတာ၊ ကျည်တောင်ကန်ဘူတာမှ ရှမ်းရွာဘူတာအထိ ဘူတာ (၁၂)ဘူတာနှင့် ညောင်ရမ်းဘူတာမှ စဉ့်ကိုင်ဘူတာအထိ ဘူတာ(၁၁) ဘူတာတို့၏ အချက်ပြစနစ်ပြုပြင် မွမ်းမံခြင်းလုပ်ငန်နှင့် တောင်ငူ-နေပြည်တော် လမ်းပိုင်းရှိ ဆက်သွယ်ရေးစနစ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ဒါအမှတ်စဉ်(၁၂)ခု ရှိသည့်အနက် (၆)ခုကို လာမည့် ဇူလိုင်လ (၂၄) ရက်၊ နေ့လည် (၂)နာရီခွဲ၌ တင်ဒါပိတ်မည်ဖြစ်ပြီး ကျန်ရှိ (၆)ခုကို ဩဂုတ်လ(၈)ရက်၊ နေ့လည် (၂) နာရီခွဲတွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် တင်ဒါပုံစံများကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်ရှိ မြန်မာ့မီးရထာ၊ ထောက်ပံ့ဌာနတွင် ဇူလိုင်လ(၁၀) ရက်မှစတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုလျှင်ဖုန်းနံပါတ် ၀၁ ၂၉၄၃၅၂၊၀၁၂၉၁၉၉၄ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း တင်ဒါကော်မတီမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ဘူတာအသစ္တည္ေဆာက္ျခင္းအပါအဝင္ ရထားလမ္းပိုင္းလုပ္ငန္း (၁၂) ခုအတြက္ တင္ဒါေခၚယူမည္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၁
ပို႔ေဆာင္ဆက္သြယ္ေရးႏွင့္ ဆက္သြယ္ဝန္ႀကီးဌာနမွ ျမန္မာ့မီးရထားလုပ္ငန္းမွ ဘူတာအသစ္တည္ေဆာက္ျခင္းအပါအဝင္ ရထားလမ္းပိုင္းလုပ္ငန္း (၁၂) ခုအတြက္ တင္ဒါေခၚယူသြားမည္ျဖစ္ေၾကာင္း တင္ဒါေကာ္မတီမွ ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ စိတ္ပါဝင္စားသည့္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္ ကုမၸဏီမ်ားကို အိတ္ဖြင့္တင္ဒါစနစ္ (ျမန္မာက်ပ္ေငြ)ျဖင့္ တင္ဒါတင္သြင္းႏိုင္ ေၾကာင္း အဆိုပါေကာ္မတီက ဆိုသည္။
ျပဳျပင္ေဆာက္လုပ္မည့္လုပ္ငန္းမ်ားမွာ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမင့္တင္ေရးစီမံကိန္းမွ ကံဘဲ့ဘူတာ အသစ္တည္ေဆာက္ျခင္း လုပ္ငန္း၊ ႀကိဳ႕ကုန္းဘူတာ အသစ္တည္ေဆာက္ျခင္းလုပ္ငန္းအပါဝင္ ေ႐ႊေညာင္ - ရပ္ေစာက္လမ္းပိုင္းမွ ေတာင္နီ- ပင္ျဖစ္ၾကား မိုင္ (၄၂၀/၁၈-၁၉) ရွိ တံတားအမွတ္ (၂၉)အား 10” span တံတားမွ 20” span တံတား အျဖစ္ ျပဳျပင္တည္ေဆာက္ျခင္းႏွင့္ 2V- 250 Ah wet cell battery 720- Nos ဝယ္ယူျခင္း၊ အခ်က္ျပႏွင့္ဆက္သြယ္ေရးလုပ္ငန္းသုံး ပစၥည္း (၂)မ်ိဳးဝယ္ယူျခင္းလုပ္ငန္းတို႔ကို ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းအမွတ္(၁၁)ပုဂံမွ ေတာင္တြင္းႀကီး- မေကြးလမ္းပိုင္း၊ သရက္ေလးပင္-ေလွ်ာင္းေတာ္ဦးၾကား မိုင္(၃၃၂/၁၈-၁၉) တြင္ တံတားအမွတ္ (၁၃၉-ေအ) 2/20’-0" Span Slat တံတားအျဖစ္တည္ေဆာက္ျခင္း၊ တိုင္းအမွတ္(၈)ေမာ္လၿမိဳင္မွ ေမာ္လၿမိဳင္ဘူတာ သစ္ႀကီးတြင္ (ေရ၊မီး၊မိလႅာအပါ၊ (17,376) Sfit ၊ (50) Person Septic Tank (၂)လုံး၊ ဂါလံ (၅,၀၀၀) Ground Tank အပါ (ႏွစ္ဆက္လုပ္ငန္း) ဝန္ထမ္းအိမ္ရာ(၆)ခန္းတြဲ (၄)ထပ္ (RC) (၁)လုံး တည္ေဆာက္ျခင္းႏွင့္ ရန္ကုန္- သီလဝါလမ္းပိုင္း အခ်က္ျပႏွင့္ ဆက္သြယ္ေရးစနစ္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းတို႔ ပါဝင္သည္။
ထို႔ေနာက္ ရန္ကုန္- မႏၲေလး ရထားလမ္းပိုင္း အခ်က္ျပႏွင့္ ဆက္သြယ္ေရးအဆင့္ျမႇင့္တင္ျခင္းႏွင့္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းမွ ေက်းေတာဘူတာမွ ႐ြာေတာ္ဘူတာအထိ ဘူတာ(၁၂)ဘူတာ၊ က်ည္ေတာင္ကန္ဘူတာမွ ရွမ္း႐ြာဘူတာအထိ ဘူတာ (၁၂)ဘူတာႏွင့္ ေညာင္ရမ္းဘူတာမွ စဥ့္ကိုင္ဘူတာအထိ ဘူတာ(၁၁) ဘူတာတို႔၏ အခ်က္ျပစနစ္ျပဳျပင္ မြမ္းမံျခင္းလုပ္ငန္ႏွင့္ ေတာင္ငူ-ေနျပည္ေတာ္ လမ္းပိုင္းရွိ ဆက္သြယ္ေရးစနစ္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
တင္ဒါအမွတ္စဥ္(၁၂)ခု ရွိသည့္အနက္ (၆)ခုကို လာမည့္ ဇူလိုင္လ (၂၄) ရက္၊ ေန႔လည္ (၂)နာရီခြဲ၌ တင္ဒါပိတ္မည္ျဖစ္ၿပီး က်န္ရွိ (၆)ခုကို ဩဂုတ္လ(၈)ရက္၊ ေန႔လည္ (၂) နာရီခြဲတြင္ တင္ဒါပိတ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ တင္ဒါပုံစံမ်ားကို ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ကုန္သည္လမ္းႏွင့္ ၅၁လမ္းထိပ္ရွိ ျမန္မာ့မီးရထာ၊ ေထာက္ပံ့ဌာနတြင္ ဇူလိုင္လ(၁၀) ရက္မွစတင္၍ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ေၾကာင္းႏွင့္ အေသးစိတ္သိရွိလိုလွ်င္ဖုန္းနံပါတ္ ၀၁ ၂၉၄၃၅၂၊၀၁၂၉၁၉၉၄ သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း တင္ဒါေကာ္မတီမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.