ပါကစ္စတန်မှာ TikTok အကောင့်ဖျက်ဖို့ ငြင်းဆန်တဲ့ သမီးဖြစ်သူကို ဖခင်က သေနတ်နဲ့ပစ်သတ်

320

Pika (NP News) - ဇူလိုင် ၁၂
ပါကစ္စတန်နိုင်ငံမှာ လူကြိုက်များတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok က အကောင့်ကိုဖျက်ဖို့ ငြင်းဆန်ခဲ့တဲ့ သမီးဖြစ်သူကို ဖခင်ဖြစ်သူက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့ ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေဟာ အွန်လိုင်းပေါ်မှာအပါအဝင် လူမြင်ကွင်း တွေမှာ တင်းကျပ်တဲ့စည်းမျဉ်းတွေကိုမလိုက်နာဘူးဆိုရင် မိသားစုဝင်တွေရဲ့အကြမ်းဖက်မှုတွေကို ခံရနိုင်တယ်လို့ လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ က ”၎င်းရဲ့ TikTok အကောင့်ကိုဖျက်ပစ်ဖို့ ဒီကောင်မလေးရဲ့ဖခင်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူက အကောင့်ကိုဖျက်ပစ်ဖို့ ငြင်းဆန်ခဲ့မှုနဲ့အတူ ဖခင်က သေနတ်နဲ့ပစ်သတ်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖခင်ဖြစ်သူဟာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူရဲ့ဂုဏ်သိက္ခာအတွက် ၎င်းကိုသတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူကို သတ်ဖြတ်မှုအတွက် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အသတ်ခံရတဲ့ကောင်မလေးရဲ့မိသားစုဟာ အဲ့ဒီလူသတ်မှုကိုသတ်သေမှုတစ်ခုအဖြစ်ပုံဖော်လို့ အစောပိုင်းမှာ ကြိုးပမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။
ပြီးခဲ့တဲ့လတုန်းက အွန်လိုင်းမှာဖော်လိုဝါ ထောင်ချီရှိပြီး TikTok influencer တစ်ဦးဖြစ်တဲ့ အသက်(၁၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ ၎င်းကို ချစ်ရေးဆိုခဲ့တဲ့ အမျိုးသားတစ်ဦးကို ငြင်းပယ်ခဲ့ပြီးနောက် အဲဒီအမျိုးသားရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္မွာ TikTokအေကာင့္ဖ်က္ဖို႔ ျငင္းဆန္တဲ့ သမီးျဖစ္သူကို ဖခင္က ေသနတ္နဲ႔ပစ္သတ္
Pika (NP News) - ဇူလိုင္ ၁၂
ပါကစၥတန္ႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ဆိုရွယ္မီဒီယာပလက္ေဖာင္းတစ္ခုျဖစ္တဲ့ TikTok က အေကာင့္ကိုဖ်က္ဖို႔ ျငင္းဆန္ခဲ့တဲ့ သမီးျဖစ္သူကို ဖခင္ျဖစ္သူက ေသနတ္နဲ႔ပစ္သတ္ခဲ့တယ္လို႔ သိရပါတယ္။
မြတ္ဆလင္အမ်ားစုေနထိုင္တဲ့ ပါကစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီးေတြဟာ အြန္လိုင္းေပၚမွာအပါအဝင္ လူျမင္ကြင္း ေတြမွာ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြကိုမလိုက္နာဘူးဆိုရင္ မိသားစုဝင္ေတြရဲ႕အၾကမ္းဖက္မႈေတြကို ခံရႏိုင္တယ္လို႔ လည္း သိရပါတယ္။
ရဲတပ္ဖြဲ႕ က ”၎ရဲ႕ TikTok အေကာင့္ကိုဖ်က္ပစ္ဖို႔ ဒီေကာင္မေလးရဲ႕ဖခင္က ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ သမီးျဖစ္သူက အေကာင့္ကိုဖ်က္ပစ္ဖို႔ ျငင္းဆန္ခဲ့မႈနဲ႔အတူ ဖခင္က ေသနတ္နဲ႔ပစ္သတ္ခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဖခင္ျဖစ္သူဟာ အသက္(၁၆)ႏွစ္အ႐ြယ္ သမီးျဖစ္သူရဲ႕ဂုဏ္သိကၡာအတြက္ ၎ကိုသတ္ပစ္ခဲ့တာ ျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးေရးမႉးေတြက ေျပာၾကားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဖခင္ျဖစ္သူဟာ သမီးျဖစ္သူကို သတ္ျဖတ္မႈအတြက္ ဖမ္းဆီးခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အသတ္ခံရတဲ့ေကာင္မေလးရဲ႕မိသားစုဟာ အဲ့ဒီလူသတ္မႈကိုသတ္ေသမႈတစ္ခုအျဖစ္ပုံေဖာ္လို႔ အေစာပိုင္းမွာ ႀကိဳးပမ္းခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။
ၿပီးခဲ့တဲ့လတုန္းက အြန္လိုင္းမွာေဖာ္လိုဝါ ေထာင္ခ်ီရွိၿပီး TikTok influencer တစ္ဦးျဖစ္တဲ့ အသက္(၁၇)ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ ၎ကို ခ်စ္ေရးဆိုခဲ့တဲ့ အမ်ိဳးသားတစ္ဦးကို ျငင္းပယ္ခဲ့ၿပီးေနာက္ အဲဒီအမ်ိဳးသားရဲ႕ သတ္ျဖတ္မႈကို ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။