အမေရိကန်နိုင်ငံတွင် ဆန္ဒပြသူများ နှင့် လုံခြုံရေးအေးဂျင့်များ ထိပ်တိုက်တွေ့ဆုံ

 317

ဂျန်ဇက် (NP News) – ဇူလိုင် ၁၂
အမေရိကန်နိုင်ငံတွင် ဆန္ဒပြသူများနှင့် ဖက်ဒရယ်အေးဂျင့်များကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားလျက်ရှိနေ ကြောင်း သိရသည်။ ဖက်ဒရယ်အေဂျင့်များသည် ရွှေ့ပြောင်းဝင်ရောက်လာသူများရှိနေသည့် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စခန်းကို စီးနင်းခဲ့ရာမှ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူမျာသည် မက္ကဆီကို အလံများကို ကိုင်ဆောင်ထားပြီးလမ်းများကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် ရွှေ့ပြောင်းသွားလာသူများကို ထိန်းသိမ်းသည့် (ICE) အဖွဲ့၏ ကားများကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းသွားလာသူများကို ထိန်းသိမ်းသည့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ အေးဂျင်များ နှင့် ဆန္ဒပြသူများကြားဖြစ်ပွားသည့်ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီး မည်မျှထိခိုက် ဒဏ်ရာရခဲ့သလို ဆိုသည့်အချက်ကို အတိအကျမသိသေးကြောင်း သတင်းများထွက်ပေါ်နေသည်။
အမေရိကန်အစိုးရတာဝန်ရှိသူများက စီးနင်းဖမ်းဆီးချိန်အတွင်း တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ပြောသည်။ အမေရိကန်အစိုးရ၏ အမိမြေလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေးဂျင့်များသည် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ လယ်မြေများတွင်တရားမဝင် ဝင်ရောက်နေထိုင်သူ များကို ဖမ်းဝရမ်းထုတ်ထားကြောင်း ABC သို့ ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ရဲ့အရာရှိတွေက ဥပဒေအတိုင်း ဆက်လက်ကျင့်သုံးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်သူများကို ဖမ်းဆီးခြင်းများ၊ နှင်ထုတ်ခြင်းများလုပ်ဆောင်ခဲ့ရာအငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။ အမေရိကန်နိုင်ငံတွင် တရားမဝင်ဝင်ရောက်နေထိုင်သူများကို ဖမ်းဆီးမှုအရှိန်မြင့်လာခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာခဲ့ပြီး ဇူလိုင် ၁၁ ရက်က ဆန္ဒပြပွဲများ ထပ်မံဖြစ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်လုံခြုံရေးအဖွဲ့များသည် ကြီးမားသောစိုက်ပျိုးရေးစင်တာကိုပိုင်ဆိုင်သည့် Glass House Farms ကို စစ်ကားများဖြင့်ရောက်ရှိလာပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံတြင္ ဆႏၵျပသူမ်ား ႏွင့္ လုံၿခဳံေရးေအးဂ်င့္မ်ား ထိပ္တိုက္ေတြ႕ဆုံ
ဂ်န္ဇက္ (NP News) – ဇူလိုင္ ၁၂
အေမရိကန္ႏိုင္ငံတြင္ ဆႏၵျပသူမ်ားႏွင့္ ဖက္ဒရယ္ေအးဂ်င့္မ်ားၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္ပြားလ်က္ရွိေန ေၾကာင္း သိရသည္။ ဖက္ဒရယ္ေအဂ်င့္မ်ားသည္ ေ႐ႊ႕ေျပာင္းဝင္ေရာက္လာသူမ်ားရွိေနသည့္ ကယ္လီဖိုးနီးယား ျပည္နယ္ရွိ စခန္းကို စီးနင္းခဲ့ရာမွ ထိပ္တိုက္ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။ ဆႏၵျပသူမ်ာသည္ မကၠဆီကို အလံမ်ားကို ကိုင္ေဆာင္ထားၿပီးလမ္းမ်ားကို ပိတ္ဆို႔ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
ဆႏၵျပသူမ်ားသည္ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားကို ထိန္းသိမ္းသည့္ (ICE) အဖြဲ႕၏ ကားမ်ားကို ေက်ာက္တုံးမ်ားျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း သိရသည္။ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားကို ထိန္းသိမ္းသည့္လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕၏ ေအးဂ်င္မ်ား ႏွင့္ ဆႏၵျပသူမ်ားၾကားျဖစ္ပြားသည့္ဆႏၵျပပြဲအတြင္း ထိခိုက္ဒဏ္ရာရသူမ်ားရွိခဲ့ၿပီး မည္မွ်ထိခိုက္ ဒဏ္ရာရခဲ့သလို ဆိုသည့္အခ်က္ကို အတိအက်မသိေသးေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက စီးနင္းဖမ္းဆီးခ်ိန္အတြင္း တရားမဝင္ ေ႐ႊ႕ေျပာင္း ဝင္ေရာက္သူ ၁၀ ဦးကို ဖမ္းဆီးထားေၾကာင္း ေျပာသည္။ အေမရိကန္အစိုးရ၏ အမိေျမလုံၿခဳံေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေအးဂ်င့္မ်ားသည္ ကယ္လီဖိုးနီးယားျပည္နယ္အတြင္းရွိ လယ္ေျမမ်ားတြင္တရားမဝင္ ဝင္ေရာက္ေနထိုင္သူ မ်ားကို ဖမ္းဝရမ္းထုတ္ထားေၾကာင္း ABC သို႔ ေျပာၾကားခဲ့သည္။
၎က “ကြၽန္ေတာ္တို႔ရဲ႕အရာရွိေတြက ဥပေဒအတိုင္း ဆက္လက္က်င့္သုံးသြားမွာပါ” ဟု ေျပာၾကားခဲ့သည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံအတြင္းတရားမဝင္ ဝင္ေရာက္သူမ်ားကို ဖမ္းဆီးျခင္းမ်ား၊ ႏွင္ထုတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ရာအျငင္းပြားမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံတြင္ တရားမဝင္ဝင္ေရာက္ေနထိုင္သူမ်ားကို ဖမ္းဆီးမႈအရွိန္ျမင့္လာခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္လာခဲ့ၿပီး ဇူလိုင္ ၁၁ ရက္က ဆႏၵျပပြဲမ်ား ထပ္မံျဖစ္လာခဲ့ျခင္းျဖစ္သည္။
အေမရိကန္လုံၿခဳံေရးအဖြဲ႕မ်ားသည္ ႀကီးမားေသာစိုက္ပ်ိဳးေရးစင္တာကိုပိုင္ဆိုင္သည့္ Glass House Farms ကို စစ္ကားမ်ားျဖင့္ေရာက္ရွိလာၿပီး တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.