“ ချင်းပြည်နယ်အတွက် စိတ်ထိခိုက်နေတဲ့ တေးသံရှင်ဆုန်သင်းပါရ်”

852

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ချယ်ရီမြို့သီချင်းသီဆိုရင်း ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ ဆုန်သင်းပါရ်၊ ကွယ်လွန်သူ ငွေတောင်ရဲ့ မိသားစုအခြေအနေ၊ ဖြူဖြူကျော် သိန်းနဲ့ မင်းမော်ကွန်း ဘယ်သူအနိုင်ပိုင်း” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - ဇူလိုင် ၁၃
ချင်းတိုင်းရင်းသူ တေးသံရှင် ဆုန်သင်းပါရ်က ဇူလိုင်လ (၆) ရက်နဲ့ (၇) ရက်က ရန်ကုန်မြို့ Thor Bar မှာ ကျင်းပခဲ့တဲ့ “ RETURN OF ဆုန်သင်းပါရ် Event ”မှာ တောင်ပေါ်မြို့လေးအကြောင်းရေးဖွဲ့ထား တဲ့ ချယ်ရီမြို့သီချင်းကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ ချယ်ရီမြို့သီချင်းက ဆုန်သင်းပါရ်ရဲ့နာမည်ကြီး သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ သီဆိုနေစဉ် သီချင်းစာသား၊ အဓိပ္ပာယ်တွေက မွေးရပ်မြေကို သတိရစေရုံ မက လက်ရှိနိုင်ငံရေးအခြေအနေတွေကြား မြေစာပင်ဖြစ်နေရတဲ့ ချင်းပြည်နယ်နဲ့ ဒေသခံတွေ ရင်ဆိုင် နေရတဲ့ ဖြစ်ရပ်တွေ အတွေးထဲ ဝင်ရောက်ခဲ့ပုံပေါ်ပြီး ဝမ်းနည်းမျက်ရည်များ ကျဆင်းခဲ့ပါတယ်။
ချယ်ရီမြို့သီချင်းကို ဆက်မဆိုနိုင်လောက်တဲ့အထိ စိတ်ထိခိုက်ပုံပေါ်ခဲ့ပေမယ့် ပရော်ဖက်ရှင်နယ် တစ်ဦးပီသစွာ မျက်ရည်ကျရင်းနဲ့ပင် ပရိသတ်ကို အသံပါဝါအပြည့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ စတိတ် စင်အောက်မှာ အားပေးခဲ့ကြတဲ့ပရိသတ်တွေကလည်း ဆုန်းသင်းပါရ်ကို အားပေးစကားများ အော်ဟစ် ပြောခဲ့ကြပြီး ဆုန်သင်းပါရ်နဲ့အတူ အားဖြည့်သီဆိုပေးခဲ့ကြပါတယ်။
ချယ်ရီမြို့သီချင်းရဲ့စာသားများအရ “တောင်ပေါ် မြို့လေးတစ်မြို့မှာ မြူမှုံတွေက ဆိုင်းလာ၊ ဒီ အချိန် နင်သွားတော့မယ် နေရာဟောင်းကိုထားခဲ့ပြီး၊ ဒါက အနာဂတ်အတွက်ပါ နင်ဆိုပြီး သွားခဲ့တော့ လည်းလေ မတားရက်ဘူး။ ဝေးနေလို့ နင်မေ့သွားမလား၊ ချစ်စရာမြို့ကို ရှောင်တိမ်းမလား၊ အတွေးထဲမှာ တို့ရှိသေးရင် အရင်ချိန် ပြန်စဉ်းစား၊ ချယ်ရီပင်တွေကြားထဲ အတူတူပျော်ပါးခဲ့ကြဖူးတယ် ကလေး ဘဝရဲ့ ပျော်စရာမြို့လေးထဲ နင်မေ့ပြီလား။ ချယ်ရီပင် အိုသွားလည်း နင်သာ တကယ်တမ်း ပြောင်းလဲမသွားရင် လှမ်းခဲ့တော့ အရင်နေရာ မြို့လေးထဲ၊ ဒီမှာ ငါတော့ စောင့်နေတယ်” ဆိုတဲ့ သီချင်းစာသားတွေက မိမိရဲ့ မွေးရပ်မြေကိုတမ်းတလွမ်း ဆွတ်စေတဲ့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ “ချယ်ရီ မြို့လေးက အရင်လိုမလှပတော့တာရယ်၊ ချင်းလူမျိုးတွေ ရင်ဆိုင်နေရတဲ့စစ်ဘေးဒဏ်တွေရယ်၊ အေးချမ်းမှုပျောက်ဆုံးနေတဲ့ ချင်းပြည်နယ်ကိုတွေးရင်း ဆုန်ကြီးနဲ့အတူ မျက်ရည်ကျမိပါတယ်။ ချယ်ရီ ပင်တွေ ပေါတဲ့ ဟားခါးမြို့လည်း အခုဆို စစ်မီးယမ်းမီးတွေနဲ့ အရင်လိုပျော်စရာမြို့လေးမဖြစ်နိုင်တော့ပါ ဘူး။ ချင်းပြည်နယ်တင် မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး မအေးချမ်းတာပါ။ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ပါစေ။ တိုင်းပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ” အစရှိတဲ့ မှတ်ချက်များစွာကို ဖတ်ရှုမိပါ တယ်။ ချယ်ရီမြို့ တေးသီချင်းကို တေးရေး စံပီးက ရေးစပ်သီကုံးခဲ့ခြင်းဖြစ်ပြီး၊ တေးသံရှင်ဆုန်သင်းပါရ် က အသက်သွင်း သီဆိုခဲ့ခြင်းဖြစ်ပါတယ်။
ချင်းပြည်နယ်ရဲ့လက်ရှိအခြေအနေအရ (၂၀၂၃) နိုဝင်ဘာလ (၁၃) ရက်ကစတင်ပြီး CNA က မြန်မာ- အိန္ဒိယနယ်စပ် ချင်းပြည်နယ်ရှိ ရိခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားခဲ့ကာ (၂၀၂၅ ) ခုနှစ် ဇူလိုင်လ (၂) ရက်မှာ CNDF အဖွဲ့က ဝင်ရောက်ခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့အကြား စစ်ရေးတင်းမာခဲ့ကာ ဇူလိုင်လ (၅) ရက်မှာ CNDF အဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ CNDF အဖွဲ့က CB အဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဖလမ်းမြို့နယ် အတွင်းမှာ CDF – Hualngoram အဖွဲ့နဲ့ စစ်ရေးတင်းမာကာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါ တယ်။ ချင်းတိုင်းရင်းသား ဒေသခံပြည်သူတွေအနေနဲ့စစ်ဘေးရှောင်ဘဝကို ရောက်ရှိနေကြရပြီး အသက် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သတင်းတွေအရ ဖော်ပြလိုက်ရပါတယ်။

ကွယ်လွန်သူ ငွေတောင်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ဖေးမကူညီမှု
ဦးညွန့်ဝင်း (ခ) ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ငွေတောင်က နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ၎င်းနေထိုင်ရာ နေအိမ်မှာ ဇူလိုင်လ (၅) ရက် စနေနေ့ ညနေ (၄) နာရီအချိန်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ပါတယ်။ လူရွှင်တော် ငွေတောင်က ဇူလိုင်လ (၄) ရက်က လယ်ဝေးမြို့မှာ ကျင်းပခဲ့တဲ့ ဇာတ်သဘင်ပွဲတစ်ခုကို သွားရောက် လည်ပတ်စဉ် ဧည့်သည်လူရွှင်တော်အဖြစ် ပါဝင် ဖျော် ဖြေခဲ့သေးကြောင်း လူရွှင်တော် ငွေတိုးက NP News ကို ပြောပြထားပါတယ်။
“သူက နဂိုကတည်းက ကျန်းမာရေးမကောင်းဘူး။ လွန်ခဲ့တဲ့(၂)နှစ်ကျော်တည်းက ဆိုင်ကယ် မှောက်ပြီးတော့ သတိလစ်သွားသေးတယ်။ မှတ်Óဏ်တွေထိသွားသေးတယ်။ နေသိပ်မကောင်းတော့ ဘူးလေ၊ ဆိုင်ကယ်မှောက်ကတည်းက” ဟု သရုပ်ဆောင်ငွေတိုးက ဆိုသည်။ လူရွှင်တော်ငွေတောင်ဟာ မကွယ်လွန်ခင် အချိန်မှာကတည်းက ကြုံရာကျပန်းရသမျှ အလုပ်ပေါင်းစုံကို လုပ်ကိုင် ရှာဖွေစားသောက် ခဲ့ရသူဖြစ်ပါတယ်။ ၎င်းတို့မိသားစုအနေနဲ့ အသိမိတ်ဆွေတစ်ဦးရဲ့နေအိမ် အိမ်စောင့်အဖြစ် နေထိုင်နေရ သူဖြစ်ပါတယ်။
ဦးညွန့်ဝင်း (ခ) ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ငွေတောင် ကွယ်လွန်ချိန်မှာ အသက် (၅၇) နှစ် ရှိပြီဖြစ်ပါတယ်။ ကွယ်လွန်သူ လူရွှင်တော်ငွေတောင်ရဲ့ ရုပ်ကလာပ်ကို (၇-၇-၂၀၂၅) (တနင်္လာနေ့)၊ နေ့လယ် (၁၂) နာရီအချိန်က ပျဉ်းမနားမြို့ ကွေ့ကြီးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး (၁၁-၇-၂၀၂၅) (သောကြာနေ့) နံနက် (၇) နာရီမှာ တရားနာ ရေစက်ချအလှူပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ကွယ်လွန်သူ လူရွှင်တော်ငွေတောင်ရဲ့ ကျန်ရစ်သူ ဇနီးနဲ့ သမီး သုံးဦးအတွက် ဖေးမကူညီမှုအဖြစ် လူရွှင်တော် ကောင်းကျော်၊ ချာလီ၊ ဇာနည်၊ ရွှေကျီး၊ ချက်ကြီးတို့ စုပေါင်းကာ ကျပ်(၃)သိန်း မတည်ပြီး အလှူငွေ လက်ခံခဲ့ကြပါတယ်။ အဆိုပါ အသိပေးပို့စ်တက်လာပြီးနောက်ပိုင်း လူရွှင်တော်တချို့နဲ့ ၎င်းတို့ ကို အားပေးခဲ့တဲ့ ပရိသတ်အလှူရှင်တချို့ ကူညီခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

“ဘက်တော်သားအချင်းချင်း တိုက်ခိုက်မှုက ခံနိုင်ရည်အဆုံးထိ ရောက်သွားပါပြီ” လို့ ဖြူဖြူကျော်သိန်း ဆို
“ကျွန်တော့်ဘက်က လွန်ခဲ့ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းပါတယ်။ ဖြူဖြူရေ... ညီမကို ကိုကျော် နာမည်တပ် တောင်းပန်ပါတယ်။ ကိုကျော်လည်း တကယ် စိတ်အလွန်ထိခိုက်ရပါတယ်” လို့ ပြည်ပြေး မင်းမော်ကွန်းက ဖြူဖြူကျော်သိန်းကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
(၂၀၂၁) ခုနှစ်နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်အတွင်း ပြည်ပကိုထွက်ပြေးကာ တည်ဆဲအစိုးရအပေါ် တော်လှန်ပုန်ကန်လျက်ရှိတဲ့ ပြည်ပြေးမင်းမော်ကွန်းနဲ့ ဖြူဖြူ ကျော်သိန်းတို့ကြား ဖျော်ဖြေပွဲငွေကြေးများ မသမာမှု လုပ်ဆောင်နေကြောင်း အပြန်အလှန် စွပ်စွဲပြောဆိုလျက်ရှိနေကြတာဖြစ်ပါတယ်။
မင်းမော်ကွန်းက စတင်ပြီး ]]ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲက ပွင့်လင်းမြင်သာမှုမရှိ ကြောင်း၊ ကိုယ်ကျိုးရှာ စီးပွားရေးအတွက် အသုံးပြုခဲ့ကြကြောင်း၊ ဖြူဖြူကျော်သိန်းကို ပြောခြင်းမဟုတ် ဘဲ ညိုညိုကျော်သိန်းကို ပြောခြင်းသာဖြစ်ကြောင်း” အစဖော်ထုတ်ခဲ့တာပါ။
ဖြူဖြူကျော်သိန်းနဲ့ ပွဲစီစဉ်သူတွေဘက်ကလည်း မင်းမော်ကွန်းကို ဘက်တော်သား အချင်းချင်း တိုက်ခိုက်သူ၊ သစ္စာဖောက်အဖြစ် ပုံဖော်ရေးသားခဲ့ကာ ၎င်းတို့ရဲ့ အရှုပ်ထုပ်တွေကို အပြန်အလှန် ဖော် ထုတ်ခဲ့ကြပါတယ်။ ဖြူဖြူကျော်သိန်းက (၂၀၂၅) ခုနှစ် မေလ နောက်ဆုံးပတ်အတွင်း ဂျပန်နိုင်ငံမှာ ဖျော် ဖြေပွဲပြုလုပ်ခဲ့ရာ ပွဲဝင်ခွင့် လက်မှတ်ဖိုး ယန်းငွေ သန်း (၆၀)၊ မြန်မာငွေ သိန်း(၈၅၀) ကျော်ရခဲ့တဲ့အပြင် ဖြူဖြူကျော်သိန်းတီးခတ်ခဲ့တဲ့ဂစ်တာကိုလည်း ယန်းငွေ(၃)သန်းဖြင့် လေလံအောင်ခဲ့တဲ့အပြင် အလှူငွေ တချို့လည်း ရရှိခဲ့တာပါ။
ဖြူဖြူကျော်သိန်းက “ဖြူဖြူ့ရဲ့ fundraising concert လေးတွေ ရပ်နားလိုက်ပါပြီလို့ ပရိသတ်ကို လေးစားစွာ အသိပေးပါရစေရှင်။ အရှည်ကြီး ရှင်းပြဖို့ မလိုအပ်တော့ဘူးထင်လို့ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကိုယ့်လူချင်း public မှာ မတရားစွပ်စွဲတိုက်ခိုက်တဲ့ဒဏ်က ခံနိုင်ရည်ရဲ့အဆုံးကို ရောက်သွားလို့ပါ” ဆိုပြီး စာရှည်ရေးကာ ရှင်းပြခဲ့တာပါ။
မင်းမော်ကွန်းရဲ့ပြောဆိုမှုတွေက ဂုဏ်သိက္ခာကိုထိပါးစေခဲ့ပြီး ဘက်တော်သားအချင်းချင်းက စတင်သတင်းလွှင့်ခဲ့တာကြောင့် စော်ကားခံရပြီး စိတ်ပျက်စေခဲ့ကြောင်းတုံ့ပြန်ကာ မင်းမော်ကွန်းကို အနိုင်ပိုင်းခဲ့တယ်လို့ ဆိုရမှာပါ။
နိုင်ငံရေးအကြောင်းပြကာ ပြည်ပကိုထွက်ပြေးခဲ့ကြတဲ့ အနုပညာသမားတွေအပါအဝင် အဖွဲ့ အစည်းလူပုဂ္ဂိုလ်တွေကြားမှာ ငွေကြေးရရှိမှု ဝေစုမတည့်မှုတွေဖြစ်ပေါ်လာချိန်တိုင်း အခုလိုမျိုး အပြန် အလှန်စွပ်စွဲပြောဆိုကြရင်း လူသိရှင်ကြား ထွက်ပေါ်လာစမြဲပင်ဖြစ်ပါတယ်။
ဒီတစ်ပတ်တော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ ခ်င္းျပည္နယ္အတြက္ စိတ္ထိခိုက္ေနတဲ့ ေတးသံရွင္ဆုန္သင္းပါရ္”
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ခ်ယ္ရီၿမိဳ႕သီခ်င္းသီဆိုရင္း ဝမ္းနည္းမ်က္ရည္က်ခဲ့ရတဲ့ ဆုန္သင္းပါရ္၊ ကြယ္လြန္သူ ေငြေတာင္ရဲ႕ မိသားစုအေျခအေန၊ ျဖဴျဖဴေက်ာ္ သိန္းနဲ႔ မင္းေမာ္ကြန္း ဘယ္သူအႏိုင္ပိုင္း” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
အိျဖဴ (NP News) - ဇူလိုင္ ၁၃
ခ်င္းတိုင္းရင္းသူ ေတးသံရွင္ ဆုန္သင္းပါရ္က ဇူလိုင္လ (၆) ရက္နဲ႔ (၇) ရက္က ရန္ကုန္ၿမိဳ႕ Thor Bar မွာ က်င္းပခဲ့တဲ့ “ RETURN OF ဆုန္သင္းပါရ္ Event ”မွာ ေတာင္ေပၚၿမိဳ႕ေလးအေၾကာင္းေရးဖြဲ႕ထား တဲ့ ခ်ယ္ရီၿမိဳ႕သီခ်င္းကိုလည္း သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ ခ်ယ္ရီၿမိဳ႕သီခ်င္းက ဆုန္သင္းပါရ္ရဲ႕နာမည္ႀကီး သီခ်င္းေကာင္းတစ္ပုဒ္ျဖစ္ၿပီး၊ သီဆိုေနစဥ္ သီခ်င္းစာသား၊ အဓိပၸာယ္ေတြက ေမြးရပ္ေျမကို သတိရေစ႐ုံ မက လက္ရွိႏိုင္ငံေရးအေျခအေနေတြၾကား ေျမစာပင္ျဖစ္ေနရတဲ့ ခ်င္းျပည္နယ္နဲ႔ ေဒသခံေတြ ရင္ဆိုင္ ေနရတဲ့ ျဖစ္ရပ္ေတြ အေတြးထဲ ဝင္ေရာက္ခဲ့ပုံေပၚၿပီး ဝမ္းနည္းမ်က္ရည္မ်ား က်ဆင္းခဲ့ပါတယ္။
ခ်ယ္ရီၿမိဳ႕သီခ်င္းကို ဆက္မဆိုႏိုင္ေလာက္တဲ့အထိ စိတ္ထိခိုက္ပုံေပၚခဲ့ေပမယ့္ ပေရာ္ဖက္ရွင္နယ္ တစ္ဦးပီသစြာ မ်က္ရည္က်ရင္းနဲ႔ပင္ ပရိသတ္ကို အသံပါဝါအျပည့္ ေဖ်ာ္ေျဖတင္ဆက္ခဲ့ပါတယ္။ စတိတ္ စင္ေအာက္မွာ အားေပးခဲ့ၾကတဲ့ပရိသတ္ေတြကလည္း ဆုန္းသင္းပါရ္ကို အားေပးစကားမ်ား ေအာ္ဟစ္ ေျပာခဲ့ၾကၿပီး ဆုန္သင္းပါရ္နဲ႔အတူ အားျဖည့္သီဆိုေပးခဲ့ၾကပါတယ္။
ခ်ယ္ရီၿမိဳ႕သီခ်င္းရဲ႕စာသားမ်ားအရ “ေတာင္ေပၚ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ျမဴမႈံေတြက ဆိုင္းလာ၊ ဒီ အခ်ိန္ နင္သြားေတာ့မယ္ ေနရာေဟာင္းကိုထားခဲ့ၿပီး၊ ဒါက အနာဂတ္အတြက္ပါ နင္ဆိုၿပီး သြားခဲ့ေတာ့ လည္းေလ မတားရက္ဘူး။ ေဝးေနလို႔ နင္ေမ့သြားမလား၊ ခ်စ္စရာၿမိဳ႕ကို ေရွာင္တိမ္းမလား၊ အေတြးထဲမွာ တို႔ရွိေသးရင္ အရင္ခ်ိန္ ျပန္စဥ္းစား၊ ခ်ယ္ရီပင္ေတြၾကားထဲ အတူတူေပ်ာ္ပါးခဲ့ၾကဖူးတယ္ ကေလး ဘဝရဲ႕ ေပ်ာ္စရာၿမိဳ႕ေလးထဲ နင္ေမ့ၿပီလား။ ခ်ယ္ရီပင္ အိုသြားလည္း နင္သာ တကယ္တမ္း ေျပာင္းလဲမသြားရင္ လွမ္းခဲ့ေတာ့ အရင္ေနရာ ၿမိဳ႕ေလးထဲ၊ ဒီမွာ ငါေတာ့ ေစာင့္ေနတယ္” ဆိုတဲ့ သီခ်င္းစာသားေတြက မိမိရဲ႕ ေမြးရပ္ေျမကိုတမ္းတလြမ္း ဆြတ္ေစတဲ့ အဓိပၸာယ္ျပည့္ဝလွတဲ့ သီခ်င္းေကာင္းတစ္ပုဒ္ျဖစ္ပါတယ္။ “ခ်ယ္ရီ ၿမိဳ႕ေလးက အရင္လိုမလွပေတာ့တာရယ္၊ ခ်င္းလူမ်ိဳးေတြ ရင္ဆိုင္ေနရတဲ့စစ္ေဘးဒဏ္ေတြရယ္၊ ေအးခ်မ္းမႈေပ်ာက္ဆုံးေနတဲ့ ခ်င္းျပည္နယ္ကိုေတြးရင္း ဆုန္ႀကီးနဲ႔အတူ မ်က္ရည္က်မိပါတယ္။ ခ်ယ္ရီ ပင္ေတြ ေပါတဲ့ ဟားခါးၿမိဳ႕လည္း အခုဆို စစ္မီးယမ္းမီးေတြနဲ႔ အရင္လိုေပ်ာ္စရာၿမိဳ႕ေလးမျဖစ္ႏိုင္ေတာ့ပါ ဘူး။ ခ်င္းျပည္နယ္တင္ မဟုတ္ပါဘူး။ ျမန္မာတစ္ႏိုင္ငံလုံး မေအးခ်မ္းတာပါ။ တိုင္းရင္းသားအားလုံး စည္းလုံး ညီၫြတ္ပါေစ။ တိုင္းျပည္ အျမန္ဆုံး ၿငိမ္းခ်မ္းပါေစ” အစရွိတဲ့ မွတ္ခ်က္မ်ားစြာကို ဖတ္ရႈမိပါ တယ္။ ခ်ယ္ရီၿမိဳ႕ ေတးသီခ်င္းကို ေတးေရး စံပီးက ေရးစပ္သီကုံးခဲ့ျခင္းျဖစ္ၿပီး၊ ေတးသံရွင္ဆုန္သင္းပါရ္ က အသက္သြင္း သီဆိုခဲ့ျခင္းျဖစ္ပါတယ္။
ခ်င္းျပည္နယ္ရဲ႕လက္ရွိအေျခအေနအရ (၂၀၂၃) ႏိုဝင္ဘာလ (၁၃) ရက္ကစတင္ၿပီး CNA က ျမန္မာ- အိႏၵိယနယ္စပ္ ခ်င္းျပည္နယ္ရွိ ရိေခၚဒါရ္ၿမိဳ႕ကို ထိန္းခ်ဳပ္ထားခဲ့ကာ (၂၀၂၅ ) ခုႏွစ္ ဇူလိုင္လ (၂) ရက္မွာ CNDF အဖြဲ႕က ဝင္ေရာက္ခဲ့ပါတယ္။ ခ်င္းျပည္နယ္အတြင္း ခ်င္းလက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕အၾကား စစ္ေရးတင္းမာခဲ့ကာ ဇူလိုင္လ (၅) ရက္မွာ CNDF အဖြဲ႕က ျပန္လည္ထိန္းခ်ဳပ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ CNDF အဖြဲ႕က CB အဖြဲ႕ဝင္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး လြန္ခဲ့တဲ့ရက္ပိုင္းကလည္း ဖလမ္းၿမိဳ႕နယ္ အတြင္းမွာ CDF – Hualngoram အဖြဲ႕နဲ႔ စစ္ေရးတင္းမာကာ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ဖူးပါ တယ္။ ခ်င္းတိုင္းရင္းသား ေဒသခံျပည္သူေတြအေနနဲ႔စစ္ေဘးေရွာင္ဘဝကို ေရာက္ရွိေနၾကရၿပီး အသက္ အိုးအိမ္မ်ားစြာ ပ်က္စီးဆုံးရႈံးလ်က္ရွိေၾကာင္း သတင္းေတြအရ ေဖာ္ျပလိုက္ရပါတယ္။
ကြယ္လြန္သူ ေငြေတာင္ရဲ႕ က်န္ရစ္သူမိသားစုဝင္ေတြအတြက္ ေဖးမကူညီမႈ
ဦးၫြန႔္ဝင္း (ခ) ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ေငြေတာင္က ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ၎ေနထိုင္ရာ ေနအိမ္မွာ ဇူလိုင္လ (၅) ရက္ စေနေန႔ ညေန (၄) နာရီအခ်ိန္မွာ ကြယ္လြန္ဆုံးပါးသြားခဲ့ပါတယ္။ လူ႐ႊင္ေတာ္ ေငြေတာင္က ဇူလိုင္လ (၄) ရက္က လယ္ေဝးၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဇာတ္သဘင္ပြဲတစ္ခုကို သြားေရာက္ လည္ပတ္စဥ္ ဧည့္သည္လူ႐ႊင္ေတာ္အျဖစ္ ပါဝင္ ေဖ်ာ္ ေျဖခဲ့ေသးေၾကာင္း လူ႐ႊင္ေတာ္ ေငြတိုးက NP News ကို ေျပာျပထားပါတယ္။
“သူက နဂိုကတည္းက က်န္းမာေရးမေကာင္းဘူး။ လြန္ခဲ့တဲ့(၂)ႏွစ္ေက်ာ္တည္းက ဆိုင္ကယ္ ေမွာက္ၿပီးေတာ့ သတိလစ္သြားေသးတယ္။ မွတ္Óဏ္ေတြထိသြားေသးတယ္။ ေနသိပ္မေကာင္းေတာ့ ဘူးေလ၊ ဆိုင္ကယ္ေမွာက္ကတည္းက” ဟု သ႐ုပ္ေဆာင္ေငြတိုးက ဆိုသည္။ လူ႐ႊင္ေတာ္ေငြေတာင္ဟာ မကြယ္လြန္ခင္ အခ်ိန္မွာကတည္းက ႀကဳံရာက်ပန္းရသမွ် အလုပ္ေပါင္းစုံကို လုပ္ကိုင္ ရွာေဖြစားေသာက္ ခဲ့ရသူျဖစ္ပါတယ္။ ၎တို႔မိသားစုအေနနဲ႔ အသိမိတ္ေဆြတစ္ဦးရဲ႕ေနအိမ္ အိမ္ေစာင့္အျဖစ္ ေနထိုင္ေနရ သူျဖစ္ပါတယ္။
ဦးၫြန႔္ဝင္း (ခ) ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ေငြေတာင္ ကြယ္လြန္ခ်ိန္မွာ အသက္ (၅၇) ႏွစ္ ရွိၿပီျဖစ္ပါတယ္။ ကြယ္လြန္သူ လူ႐ႊင္ေတာ္ေငြေတာင္ရဲ႕ ႐ုပ္ကလာပ္ကို (၇-၇-၂၀၂၅) (တနလၤာေန႔)၊ ေန႔လယ္ (၁၂) နာရီအခ်ိန္က ပ်ဥ္းမနားၿမိဳ႕ ေကြ႕ႀကီးသုသာန္မွာ မီးသၿဂႋဳဟ္ခဲ့ၿပီး (၁၁-၇-၂၀၂၅) (ေသာၾကာေန႔) နံနက္ (၇) နာရီမွာ တရားနာ ေရစက္ခ်အလႉျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။
ကြယ္လြန္သူ လူ႐ႊင္ေတာ္ေငြေတာင္ရဲ႕ က်န္ရစ္သူ ဇနီးနဲ႔ သမီး သုံးဦးအတြက္ ေဖးမကူညီမႈအျဖစ္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္၊ ခ်ာလီ၊ ဇာနည္၊ ေ႐ႊက်ီး၊ ခ်က္ႀကီးတို႔ စုေပါင္းကာ က်ပ္(၃)သိန္း မတည္ၿပီး အလႉေငြ လက္ခံခဲ့ၾကပါတယ္။ အဆိုပါ အသိေပးပို႔စ္တက္လာၿပီးေနာက္ပိုင္း လူ႐ႊင္ေတာ္တခ်ိဳ႕နဲ႔ ၎တို႔ ကို အားေပးခဲ့တဲ့ ပရိသတ္အလႉရွင္တခ်ိဳ႕ ကူညီခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရပါတယ္။
“ဘက္ေတာ္သားအခ်င္းခ်င္း တိုက္ခိုက္မႈက ခံႏိုင္ရည္အဆုံးထိ ေရာက္သြားပါၿပီ” လို႔ ျဖဴျဖဴေက်ာ္သိန္း ဆို
“ကြၽန္ေတာ့္ဘက္က လြန္ခဲ့ေျပာခဲ့တာေတြကို ျပန္႐ုပ္သိမ္းပါတယ္။ ျဖဴျဖဴေရ... ညီမကို ကိုေက်ာ္ နာမည္တပ္ ေတာင္းပန္ပါတယ္။ ကိုေက်ာ္လည္း တကယ္ စိတ္အလြန္ထိခိုက္ရပါတယ္” လို႔ ျပည္ေျပး မင္းေမာ္ကြန္းက ျဖဴျဖဴေက်ာ္သိန္းကို ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။
(၂၀၂၁) ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေရးျဖစ္စဥ္အတြင္း ျပည္ပကိုထြက္ေျပးကာ တည္ဆဲအစိုးရအေပၚ ေတာ္လွန္ပုန္ကန္လ်က္ရွိတဲ့ ျပည္ေျပးမင္းေမာ္ကြန္းနဲ႔ ျဖဴျဖဴ ေက်ာ္သိန္းတို႔ၾကား ေဖ်ာ္ေျဖပြဲေငြေၾကးမ်ား မသမာမႈ လုပ္ေဆာင္ေနေၾကာင္း အျပန္အလွန္ စြပ္စြဲေျပာဆိုလ်က္ရွိေနၾကတာျဖစ္ပါတယ္။
မင္းေမာ္ကြန္းက စတင္ၿပီး ]]ဂ်ပန္ႏိုင္ငံမွာျပဳလုပ္ခဲ့တဲ့ ေဖ်ာ္ေျဖပြဲက ပြင့္လင္းျမင္သာမႈမရွိ ေၾကာင္း၊ ကိုယ္က်ိဳးရွာ စီးပြားေရးအတြက္ အသုံးျပဳခဲ့ၾကေၾကာင္း၊ ျဖဴျဖဴေက်ာ္သိန္းကို ေျပာျခင္းမဟုတ္ ဘဲ ညိဳညိဳေက်ာ္သိန္းကို ေျပာျခင္းသာျဖစ္ေၾကာင္း” အစေဖာ္ထုတ္ခဲ့တာပါ။
ျဖဴျဖဴေက်ာ္သိန္းနဲ႔ ပြဲစီစဥ္သူေတြဘက္ကလည္း မင္းေမာ္ကြန္းကို ဘက္ေတာ္သား အခ်င္းခ်င္း တိုက္ခိုက္သူ၊ သစၥာေဖာက္အျဖစ္ ပုံေဖာ္ေရးသားခဲ့ကာ ၎တို႔ရဲ႕ အရႈပ္ထုပ္ေတြကို အျပန္အလွန္ ေဖာ္ ထုတ္ခဲ့ၾကပါတယ္။ ျဖဴျဖဴေက်ာ္သိန္းက (၂၀၂၅) ခုႏွစ္ ေမလ ေနာက္ဆုံးပတ္အတြင္း ဂ်ပန္ႏိုင္ငံမွာ ေဖ်ာ္ ေျဖပြဲျပဳလုပ္ခဲ့ရာ ပြဲဝင္ခြင့္ လက္မွတ္ဖိုး ယန္းေငြ သန္း (၆၀)၊ ျမန္မာေငြ သိန္း(၈၅၀) ေက်ာ္ရခဲ့တဲ့အျပင္ ျဖဴျဖဴေက်ာ္သိန္းတီးခတ္ခဲ့တဲ့ဂစ္တာကိုလည္း ယန္းေငြ(၃)သန္းျဖင့္ ေလလံေအာင္ခဲ့တဲ့အျပင္ အလႉေငြ တခ်ိဳ႕လည္း ရရွိခဲ့တာပါ။
ျဖဴျဖဴေက်ာ္သိန္းက “ျဖဴျဖဴ႕ရဲ႕ fundraising concert ေလးေတြ ရပ္နားလိုက္ပါၿပီလို႔ ပရိသတ္ကို ေလးစားစြာ အသိေပးပါရေစရွင္။ အရွည္ႀကီး ရွင္းျပဖို႔ မလိုအပ္ေတာ့ဘူးထင္လို႔ နားလည္ေပးႏိုင္မယ္ ထင္ပါတယ္။ ကိုယ့္လူခ်င္း public မွာ မတရားစြပ္စြဲတိုက္ခိုက္တဲ့ဒဏ္က ခံႏိုင္ရည္ရဲ႕အဆုံးကို ေရာက္သြားလို႔ပါ” ဆိုၿပီး စာရွည္ေရးကာ ရွင္းျပခဲ့တာပါ။
မင္းေမာ္ကြန္းရဲ႕ေျပာဆိုမႈေတြက ဂုဏ္သိကၡာကိုထိပါးေစခဲ့ၿပီး ဘက္ေတာ္သားအခ်င္းခ်င္းက စတင္သတင္းလႊင့္ခဲ့တာေၾကာင့္ ေစာ္ကားခံရၿပီး စိတ္ပ်က္ေစခဲ့ေၾကာင္းတုံ႔ျပန္ကာ မင္းေမာ္ကြန္းကို အႏိုင္ပိုင္းခဲ့တယ္လို႔ ဆိုရမွာပါ။
ႏိုင္ငံေရးအေၾကာင္းျပကာ ျပည္ပကိုထြက္ေျပးခဲ့ၾကတဲ့ အႏုပညာသမားေတြအပါအဝင္ အဖြဲ႕ အစည္းလူပုဂၢိဳလ္ေတြၾကားမွာ ေငြေၾကးရရွိမႈ ေဝစုမတည့္မႈေတြျဖစ္ေပၚလာခ်ိန္တိုင္း အခုလိုမ်ိဳး အျပန္ အလွန္စြပ္စြဲေျပာဆိုၾကရင္း လူသိရွင္ၾကား ထြက္ေပၚလာစၿမဲပင္ျဖစ္ပါတယ္။
ဒီတစ္ပတ္ေတာ့ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။