ဒလတံတားသစ် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်

377

စော (NP News) - ဇူလိုင် ၁၃
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားသည် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို တန်ချိန် (၁၅၀၀၀) ရှိသည့် ပင်လယ်ကူးသင်္ဘောကြီး များနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ်အမြင့် ပေ (၁၆၀) နှင့် အကျယ် (၉၉၈) ပေထားရှိပြီး ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ထားကြောင်း ထုတ်ပြန်ထားသည်။
ယင်းတံတားသည် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်၍ တံတားကြီးပြီးစီးပါက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒလတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့ (ဇူလိုင် ၁၂ ရက်) က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တံတား တည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများသွားလာရေးအဆင်ပြေစေရန် အကျိုးပြုသည့်လုပ်ငန်းဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရေလယ်တာဝါတိုင် လုပ်ငန်းများနှင့် ရေလယ်ပင်မတံတားချိတ်ဆက်ခြင်း Segment များ တပ်ဆင် ဆောင်ရွက်ရာတွင် ရေလမ်းကြောင်းမှ သွားလာနေသော ရေယာဉ်များအန္တရာယ်မရှိစေရေး သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်ဆောင်ရွက်ရန်၊ တံတားနှင့် ချဉ်းကပ်လမ်းများ၌ လမ်းညွှန်နှင့် လမ်းအမှတ်အသားများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့်သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီး နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြီးခဲ့သည့် (ဇွန် ၁၇ ရက်)တွင် ပြောကြားခဲ့ဖူးသည်။

Zawgyi Version:
ဒလတံတားသစ္ မၾကာမီကာလအတြင္း တည္ေဆာက္ၿပီးစီးမည္
ေစာ (NP News) - ဇူလိုင္ ၁၃
ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး(ဒလ) တံတားသည္ မၾကာမီကာလအတြင္း တည္ေဆာက္ၿပီးစီးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး(ဒလ)တံတားကို တန္ခ်ိန္ (၁၅၀၀၀) ရွိသည့္ ပင္လယ္ကူးသေဘၤာႀကီး မ်ားႏွင့္ ျပည္တြင္းေရေၾကာင္းသြား သေဘၤာႀကီးမ်ား ျဖတ္သန္းအသုံးျပဳႏိုင္ရန္ တံတားကင္းလြတ္အျမင့္ ေပ (၁၆၀) ႏွင့္ အက်ယ္ (၉၉၈) ေပထားရွိၿပီး ခ်ဥ္းကပ္တံတားႏွင့္ ဆင္ေျခေလွ်ာတံတားမ်ားကို ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ တြက္ခ်က္တည္ေဆာက္ထားေၾကာင္း ထုတ္ျပန္ထားသည္။
ယင္းတံတားသည္ မၾကာမီကာလအတြင္း တည္ေဆာက္ၿပီးစီးမည္ျဖစ္၍ တံတားႀကီးၿပီးစီးပါက ရန္ကုန္တိုင္း ေဒသႀကီး၊ ရန္ကုန္ၿမိဳ႕မွ ဒလ၊ တြံေတး၊ ေကာ့မႉး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္မ်ားသို႔လည္းေကာင္း၊ ေဒးဒရဲမွတစ္ဆင့္ ေဒးဒရဲ၊ ဖ်ာပုံ၊ ဘိုကေလးၿမိဳ႕ႏွင့္ ကမ္းေျခေဒသမ်ား အပါအဝင္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မ်ားသို႔ လြယ္ကူအဆင္ေျပစြာ ဆက္သြယ္သြားလာႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဒလတံတားသစ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ယမန္ေန႔ (ဇူလိုင္ ၁၂ ရက္) က ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္ ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးတို႔က သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔သြားေရာက္ၾကည့္ရႈစစ္ေဆး၍ လုပ္ငန္းလိုအပ္ခ်က္မ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးၿပီး တံတား တည္ေဆာက္ေရးစီမံကိန္းသည္ ျပည္သူမ်ားသြားလာေရးအဆင္ေျပေစရန္ အက်ိဳးျပဳသည့္လုပ္ငန္းျဖစ္၍ သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးေစေရး ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ရန္တို႔ကို မွာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ေရလယ္တာဝါတိုင္ လုပ္ငန္းမ်ားႏွင့္ ေရလယ္ပင္မတံတားခ်ိတ္ဆက္ျခင္း Segment မ်ား တပ္ဆင္ ေဆာင္႐ြက္ရာတြင္ ေရလမ္းေၾကာင္းမွ သြားလာေနေသာ ေရယာဥ္မ်ားအႏၲရာယ္မရွိေစေရး သက္ဆိုင္ရာဌာန မ်ားႏွင့္ေပါင္းစပ္ေဆာင္႐ြက္ရန္၊ တံတားႏွင့္ ခ်ဥ္းကပ္လမ္းမ်ား၌ လမ္းၫႊန္ႏွင့္ လမ္းအမွတ္အသားမ်ားကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ေနာက္ဆုံးထုတ္ျပန္ထားသည့္သတ္မွတ္ခ်က္မ်ားအတိုင္း လိုက္နာ ေဆာင္႐ြက္ရန္တို႔ကိုလည္း မွာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာ-ကိုရီးယားခ်စ္ၾကည္ ေရး(ဒလ)တံတား စီမံကိန္းလုပ္ငန္းမ်ားအားလုံး ဒီဇင္ဘာလကုန္တြင္ ၿပီးစီး ႏိုင္ေရး ရည္မွန္းခ်က္ထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးဝင္းခန႔္က ၿပီးခဲ့သည့္ (ဇြန္ ၁၇ ရက္)တြင္ ေျပာၾကားခဲ့ဖူးသည္။