အိန္ဒိယမှာ ရထားသွားနေတဲ့ရထားလမ်းပေါ်လဲလျောင်းကာ စတန့်ဗီဒီယိုရိုက်ကူးခဲ့တဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသား အဖမ်းခံရ

 40

ရောင်နီ (NP News) - ဇူလိုင် ၁၃
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်မှာ ရထားလာနေချိန် ရထားလမ်းပေါ် လဲလျောင်းကာ စတန့်ထွင် ဗီဒီယို ရိုက်ကူးခဲ့တဲ့ အမျိုးသားနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကတော့ ဘိုဒက်ခရိုင်ရှိ ပူရူနာပါနီ ဘူတာအနီးမှာဖြစ်ပြီး ဇွန်လ ၂၉ ရက်က စတန့်ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။ ဒေသတွင်း သတင်းပလက်ဖောင်းများပေါ်မှ ရရှိတဲ့ အဖြစ်အပျက် ဗီဒီယိုတွေအရ အသက် ၁၂ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်က ရထားသံလမ်းကြား လဲလျောင်းကာ အရှိန်နဲ့သွားနေတဲ့ ရထားအကြိတ် ခံလိုက်တဲ့ပုံစံမြင်တွေ့ရပါတယ်။
ဒါပေမယ့် ရထားဖြတ်သွားပြီးတဲ့နောက် ဒဏ်ရာမရှိဘဲ ရထားလမ်းပေါ်က ပြန်ထွက်လာချိန်မှာတော့ ဗီဒီယို ရိုက်ကူးတဲ့အဖွဲ့က အုပ်စုဖွဲ့အော်ဟစ်အားပေးပြီး ဓာတ်ပုံရိုက်ပေးနေကြတာ တွေ့ရပါတယ်။အိန္ဒိယသတင်းဌာန NDTV ရဲ့အဆိုအရ အဆိုပါဆယ်ကျော်သက်အရွယ် ကောင်လေးဟာ သူ့ရဲ့ သူငယ်ချင်းတွေက တိုက်တွန်းအားပေးမှု ကြောင့် အဆိုပါစတန့်ကို လုပ်ဆောင်ခဲ့ပြီး ဗီဒီယိုပျံ့နှံ့သွားစေဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စ အတွက် အမည်မဖော်လိုသူ ယောက်ျားလေးသုံးဦးကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းကာ ယောက်ျားလေး သုံးဦးအနက် နှစ်ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
"ဒါဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပြီး လူအသေအပျောက်ဖြစ်နိုင်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။
အာဏာပိုင်တွေက ယင်းစတန့်ရဲ့အန္တရာယ်တွေနဲ့ တရားဥပဒေဆိုင်ရာ အကျိုးဆက်တွေအကြောင်း အသိပညာပေး လှုပ်ရှားမှုတစ်ရပ်လည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယမွာ ရထားသြားေနတဲ့ရထားလမ္းေပၚလဲေလ်ာင္းကာ စတန႔္ဗီဒီယို႐ိုက္ကူးခဲ့တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသား အဖမ္းခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၃
အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း အိုဒီရွာျပည္နယ္မွာ ရထားလာေနခ်ိန္ ရထားလမ္းေပၚ လဲေလ်ာင္းကာ စတန႔္ထြင္ ဗီဒီယို ႐ိုက္ကူးခဲ့တဲ့ အမ်ိဳးသားနဲ႔ သူ႔သူငယ္ခ်င္း ႏွစ္ေယာက္ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။
အခင္းျဖစ္ေနရာကေတာ့ ဘိုဒက္ခ႐ိုင္ရွိ ပူ႐ူနာပါနီ ဘူတာအနီးမွာျဖစ္ၿပီး ဇြန္လ ၂၉ ရက္က စတန႔္႐ိုက္ကူးခဲ့ တာျဖစ္ပါတယ္။ ေဒသတြင္း သတင္းပလက္ေဖာင္းမ်ားေပၚမွ ရရွိတဲ့ အျဖစ္အပ်က္ ဗီဒီယိုေတြအရ အသက္ ၁၂ ႏွစ္အ႐ြယ္ ေယာက်ၤားေလးတစ္ေယာက္က ရထားသံလမ္းၾကား လဲေလ်ာင္းကာ အရွိန္နဲ႔သြားေနတဲ့ ရထားအႀကိတ္ ခံလိုက္တဲ့ပုံစံျမင္ေတြ႕ရပါတယ္။
ဒါေပမယ့္ ရထားျဖတ္သြားၿပီးတဲ့ေနာက္ ဒဏ္ရာမရွိဘဲ ရထားလမ္းေပၚက ျပန္ထြက္လာခ်ိန္မွာေတာ့ ဗီဒီယို ႐ိုက္ကူးတဲ့အဖြဲ႕က အုပ္စုဖြဲ႕ေအာ္ဟစ္အားေပးၿပီး ဓာတ္ပုံ႐ိုက္ေပးေနၾကတာ ေတြ႕ရပါတယ္။အိႏၵိယသတင္းဌာန NDTV ရဲ႕အဆိုအရ အဆိုပါဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးဟာ သူ႔ရဲ႕ သူငယ္ခ်င္းေတြက တိုက္တြန္းအားေပးမႈ ေၾကာင့္ အဆိုပါစတန႔္ကို လုပ္ေဆာင္ခဲ့ၿပီး ဗီဒီယိုပ်ံ႕ႏွံ႔သြားေစဖို႔လည္း ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။ ဒီကိစၥ အတြက္ အမည္မေဖာ္လိုသူ ေယာက္်ားေလးသုံးဦးကို ေဒသခံရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး စစ္ေဆးေမးျမန္းကာ ေယာက္်ားေလး သုံးဦးအနက္ ႏွစ္ဦးကို အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။
"ဒါဟာ အလြန္အႏၲရာယ္မ်ားတဲ့ လုပ္ရပ္ျဖစ္ၿပီး လူအေသအေပ်ာက္ျဖစ္ႏိုင္ပါတယ္” လို႔ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ဆိုပါတယ္။
အာဏာပိုင္ေတြက ယင္းစတန႔္ရဲ႕အႏၲရာယ္ေတြနဲ႔ တရားဥပေဒဆိုင္ရာ အက်ိဳးဆက္ေတြအေၾကာင္း အသိပညာေပး လႈပ္ရွားမႈတစ္ရပ္လည္းျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.