တိုက်ခန်းဈေးတက်ခြင်းကြောင့် ကန်ထရိုက်တာအချို့အနေဖြင့် အရောင်းပိတ်ကာ စောင့်ကြည့်နေ

575

စော (NP News)-ဇူလိုင် ၁၃
ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းဈေးတက်ခြင်းကြောင့် ကန်ထရိုက်တာအချို့အနေဖြင့် တိုက်ခန်းအရောင်းပိတ်ကာ စောင့်ကြည့်နေကြောင်း သာကေတ -ဒေါပုံတွင် ကန်တရိုက်တာလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက NP News ကို ပြောသည်။
“မြို့မလမ်းကော၊ မြို့ပတ်လမ်းကော အကျိုးဆောင်ကိုအပ်ထားတော့ ဖုန်းတွေက ဆက်တိုက်လာတော့တာပဲ။ အဲဒီတော့ အကျိုးဆောင်တွေ ကို ကျွန်တော်တို့က ခဏအရောင်းရပ်ထားတယ်ဆိုပြီးတော့နောက်မှ ဈေးကျရင်ကျသလိုရောင်းတာ ပြဿနာမရှိဘူး။ အခုကပစ္စည်းဈေးတွေကလိုက်တက်တော့ အခန်းဈေးက ပထမဖွင့်ထားတဲ့ဈေးတွေအတိုင်းပဲ ဖြစ်နေတယ်။ ကိုယ်တွေက အခန်းဈေးမပြောင်းထားတော့ ဈေးတန်တယ်ဆိုပြီးတော့ အကျိုးဆောင်တွေက ဆက်တိုက်ဆက်တော့တာပေါ့။ သူများတွေကို အပြစ်ပြောတာတော့မဟုတ်ဘူးလေ။ တချို့ ကန်ထရိုက်တွေက ငွေရရင်ပြီးရင် အဲဒီလိုမျိုးနဲ့ ရောင်းချပြီး ပစ္စည်းဈေးတက်တော့ အလုပ်တွေက မလုပ်နိုင်ကြတော့ဘူး။ အခက်အခဲတွေ ဖြစ်ကုန်တာ။ ပြီးအောင်မလုပ်တာမဟုတ်ဘူး။ ပြီးအောင် လုပ်ကြတယ် ဒါပေမဲ့ မကြာသင့်ဘဲကြာတာ။ သူ့အတွက် အခက်အခဲ ဝယ်တဲ့လူအတွက် အခက်အခဲမျိုးစုံဖြစ်ကြတာပေါ့။ အဲဒီကြောင့်မို့လို့ အရောင်းအဝယ်လည်း ရပ်ထားတာ”ဟု ၎င်းကပြောသည်။
နောက်ပိုင်းတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ရှိ (၆)လွှာတိုက်ခန်းတစ်ခန်းလျှင် ငွေကျပ် သိန်း တစ်ထောင်အထိ ဖြစ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“တိုက်ခန်းဈေးတွေက တော်တော်ကို ကောင်းလာပြီ။ မြေဈေးကမာလို့ တိုက်ခန်းဈေးကပြန်မာတဲ့သဘောဖြစ်သွားတာ။ မြေဈေးတက်တဲ့အခါကျတော့ တချို့တချို့တွေတောင်မှ မြေဈေးတွေတက်လာတဲ့အခါကျတော့ သူတို့အိမ်တွေရောင်းကျတယ်။ တိုက်ခန်း တွေဝယ်ကြတယ်။ သန်လျင်လို တောဘက်တွေမှာလည်း မြေကိုသွားဝယ်ထားလိုက်တယ်။ ဒီမှာလည်း အခြေမပျက်အောင် အခန်းတစ်ခန်းကတော့ ဝယ်လိုက်ကြတယ်။ ပြီးရင် ဟိုဘက်မှာလည်း သွားပြီးတော့ မြေသွားဝယ်လိုက်တယ်။အခန်းဈေးက ဘယ်လိုခေါ်မလဲဆိုတော့ ပစ္စည်းဈေးကလည်းတက်ပြီးတော့ အခန်းဈေးကလည်းတက်တယ်။ လုပ်ငန်းရှင်တွေ မကိုက်တာက ပစ္စည်းဈေးတက်လို့မကိုက်တာ။ ဒါပေမဲ့ ကြိုဝယ်ထားတဲ့လူကျတော့ ကံကောင်းတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
သာကေတမြို့နယ်ရှိ လုံးချင်းအိမ်နှင့်မြေကွက်အရောင်းဈေးနှုန်းအနေဖြင့် ရှုခင်းသာလမ်းမကြီးဒဲ့ပေါက် Sqft (၁၄၀၀) လျှင် ငွေကျပ် သိန်း (၆၇၀၀)ခန့် မြင်တော်သာလမ်းမကြီးဒဲ့ပေါက် Sqft (၁၂၀၀) လျှင် ငွေကျပ် (၃၅၀၀)ခန့်နှင့် ဧရာဝဏ်လမ်းမကြီးဒဲ့ပေါက် Sqft (၁၈၀၀) လျှင် ငွေကျပ် (၇၇၀၀)ခန့် ပေါက်ဈေးရှိနေကြောင်း Myanmar Property Dealer၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
တိုက္ခန္းေဈးတက္ျခင္းေၾကာင့္ ကန္ထ႐ိုက္တာအခ်ိဳ႕အေနျဖင့္ အေရာင္းပိတ္ကာ ေစာင့္ၾကည့္ေန
ေစာ (NP News)-ဇူလိုင္ ၁၃
ရန္ကုန္ၿမိဳ႕အတြင္းရွိ တိုက္ခန္းေဈးတက္ျခင္းေၾကာင့္ ကန္ထ႐ိုက္တာအခ်ိဳ႕အေနျဖင့္ တိုက္ခန္းအေရာင္းပိတ္ကာ ေစာင့္ၾကည့္ေနေၾကာင္း သာေကတ -ေဒါပုံတြင္ ကန္တ႐ိုက္တာလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးက The ဂ်ာနယ္ကို ေျပာသည္။
“ၿမိဳ႕မလမ္းေကာ၊ ၿမိဳ႕ပတ္လမ္းေကာ အက်ိဳးေဆာင္ကိုအပ္ထားေတာ့ ဖုန္းေတြက ဆက္တိုက္လာေတာ့တာပဲ။ အဲဒီေတာ့ အက်ိဳးေဆာင္ေတြ ကို ကြၽန္ေတာ္တို႔က ခဏအေရာင္းရပ္ထားတယ္ဆိုၿပီးေတာ့ေနာက္မွ ေဈးက်ရင္က်သလိုေရာင္းတာ ျပႆနာမရွိဘူး။ အခုကပစၥည္းေဈးေတြကလိုက္တက္ေတာ့ အခန္းေဈးက ပထမဖြင့္ထားတဲ့ေဈးေတြအတိုင္းပဲ ျဖစ္ေနတယ္။ ကိုယ္ေတြက အခန္းေဈးမေျပာင္းထားေတာ့ ေဈးတန္တယ္ဆိုၿပီးေတာ့ အက်ိဳးေဆာင္ေတြက ဆက္တိုက္ဆက္ေတာ့တာေပါ့။ သူမ်ားေတြကို အျပစ္ေျပာတာေတာ့မဟုတ္ဘူးေလ။ တခ်ိဳ႕ ကန္ထ႐ိုက္ေတြက ေငြရရင္ၿပီးရင္ အဲဒီလိုမ်ိဳးနဲ႔ ေရာင္းခ်ၿပီး ပစၥည္းေဈးတက္ေတာ့ အလုပ္ေတြက မလုပ္ႏိုင္ၾကေတာ့ဘူး။ အခက္အခဲေတြ ျဖစ္ကုန္တာ။ ၿပီးေအာင္မလုပ္တာမဟုတ္ဘူး။ ၿပီးေအာင္ လုပ္ၾကတယ္ ဒါေပမဲ့ မၾကာသင့္ဘဲၾကာတာ။ သူ႔အတြက္ အခက္အခဲ ဝယ္တဲ့လူအတြက္ အခက္အခဲမ်ိဳးစုံျဖစ္ၾကတာေပါ့။ အဲဒီေၾကာင့္မို႔လို႔ အေရာင္းအဝယ္လည္း ရပ္ထားတာ”ဟု ၎ကေျပာသည္။
ေနာက္ပိုင္းတြင္ သာေကတၿမိဳ႕နယ္ႏွင့္ ေဒါပုံၿမိဳ႕နယ္တို႔ရွိ (၆)လႊာတိုက္ခန္းတစ္ခန္းလွ်င္ ေငြက်ပ္ သိန္း တစ္ေထာင္အထိ ျဖစ္သြားႏိုင္ေၾကာင္း ၎က သုံးသပ္သည္။
“တိုက္ခန္းေဈးေတြက ေတာ္ေတာ္ကို ေကာင္းလာၿပီ။ ေျမေဈးကမာလို႔ တိုက္ခန္းေဈးကျပန္မာတဲ့သေဘာျဖစ္သြားတာ။ ေျမေဈးတက္တဲ့အခါက်ေတာ့ တခ်ိဳ႕တခ်ိဳ႕ေတြေတာင္မွ ေျမေဈးေတြတက္လာတဲ့အခါက်ေတာ့ သူတို႔အိမ္ေတြေရာင္းက်တယ္။ တိုက္ခန္း ေတြဝယ္ၾကတယ္။ သန္လ်င္လို ေတာဘက္ေတြမွာလည္း ေျမကိုသြားဝယ္ထားလိုက္တယ္။ ဒီမွာလည္း အေျခမပ်က္ေအာင္ အခန္းတစ္ခန္းကေတာ့ ဝယ္လိုက္ၾကတယ္။ ၿပီးရင္ ဟိုဘက္မွာလည္း သြားၿပီးေတာ့ ေျမသြားဝယ္လိုက္တယ္။အခန္းေဈးက ဘယ္လိုေခၚမလဲဆိုေတာ့ ပစၥည္းေဈးကလည္းတက္ၿပီးေတာ့ အခန္းေဈးကလည္းတက္တယ္။ လုပ္ငန္းရွင္ေတြ မကိုက္တာက ပစၥည္းေဈးတက္လို႔မကိုက္တာ။ ဒါေပမဲ့ ႀကိဳဝယ္ထားတဲ့လူက်ေတာ့ ကံေကာင္းတာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။
သာေကတၿမိဳ႕နယ္ရွိ လုံးခ်င္းအိမ္ႏွင့္ေျမကြက္အေရာင္းေဈးႏႈန္းအေနျဖင့္ ရႈခင္းသာလမ္းမႀကီးဒဲ့ေပါက္ Sqft (၁၄၀၀) လွ်င္ ေငြက်ပ္ သိန္း (၆၇၀၀)ခန႔္ ျမင္ေတာ္သာလမ္းမႀကီးဒဲ့ေပါက္ Sqft (၁၂၀၀) လွ်င္ ေငြက်ပ္ (၃၅၀၀)ခန႔္ႏွင့္ ဧရာဝဏ္လမ္းမႀကီးဒဲ့ေပါက္ Sqft (၁၈၀၀) လွ်င္ ေငြက်ပ္ (၇၇၀၀)ခန႔္ ေပါက္ေဈးရွိေနေၾကာင္း Myanmar Property Dealer၏ အခ်က္အလက္မ်ားအရ သိရသည္။