ယခုနှစ်မိုးစပါးဧက(၁၂)သိန်းကျော် ကရင်ပြည်နယ်တွင်စိုက်ပျိုးမည်

 134

NP News ဇူလိုင် (၁၃)ရက်
၂၀၂၅ ခုနှစ် အတွက် မိုးစပါးစိုက်ဧက ၁၂၀,၈၈၉ ဧကကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားချက်ထားရှိထားကြောင်းသိရသည်။
" လျာထားချက် ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေဖို့ အတွက် တောင်သူတွေ ပညာပေးစည်းရုံးတာ၊ မိုးစပါးအထွက်တိုးနိုင်စေမယ့် စိုက်ပျိုးရေးနည်းစနစ်တွေကို လက်တွေ့ ပါဝင်ကူညီစိုက်ပျိုးပြသပေးတာ စတဲ့လုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်ပေးတာတွေပြုလုပ်ပေးနေပါတယ် "ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှပြောကြားသည်။
မိုးစပါးစိုက်ပျိုးဖို့ လျားထားချက်ထားရှိသော ဧကများတွင် အောင်နိုင်တိုး မျိုးသန့် စံပြစိုက်ကွက် တစ်ကွင်းတစ်ဆက်တည်း ဧက (၅၀) ၊ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧက(၂၀၀) ကို တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပြီး၊မျိုးစေ့ထုတ်ဧက (၄၂၅) ဧက၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး စံပြစိုက်ကွက် ဧက (၁၀၀) ကို အသီးသီးစိုက်ပျိုးသွားမည်ဟုသိရသည်။
ထို့အပြင် တောင်ကုန်းတောင်တန်းတွေမှာ နေထိုင်ကြသည့် တောင်သူတွေကလည်း တောင်ယာစပါး (၂,၇၇၈) ဧက ကို စိုက်ပျိုးသွားမည်ဟု သိရသည်။
မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းတွေ ကောင်းမွန်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တောင်သူတွေ မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာအာဟာရ ထက်သန်စေရန် လယ်မြေဧက (၆၀၀) အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၊ မျိုးစေ့တင်း (၁၅၀) ကို အခမဲ့ ဖြန့်ဝေပေးထားကြောင်းသိရသည်။

Zawgyi Version:
ယခုႏွစ္မိုးစပါးဧက(၁၂)သိန္းေက်ာ္ ကရင္ျပည္နယ္တြင္စိုက္ပ်ိဳးမည္
NP News ဇူလိုင္ (၁၃)ရက္
၂၀၂၅ ခုႏွစ္ အတြက္ မိုးစပါးစိုက္ဧက ၁၂၀,၈၈၉ ဧကကို ကရင္ျပည္နယ္၊ ဘားအံခ႐ိုင္၊ လႈိင္းဘြဲၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးသြားႏိုင္ရန္အတြက္ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနက လ်ာထားခ်က္ထားရွိထားေၾကာင္းသိရသည္။
" လ်ာထားခ်က္ ျပည့္မီစြာ စိုက္ပ်ိဳးသြားႏိုင္ေစဖို႔ အတြက္ ေတာင္သူေတြ ပညာေပးစည္း႐ုံးတာ၊ မိုးစပါးအထြက္တိုးႏိုင္ေစမယ့္ စိုက္ပ်ိဳးေရးနည္းစနစ္ေတြကို လက္ေတြ႕ ပါဝင္ကူညီစိုက္ပ်ိဳးျပသေပးတာ စတဲ့လုပ္ငန္းေတြကို ကြင္းဆင္း ေဆာင္႐ြက္ေပးတာေတြျပဳလုပ္ေပးေနပါတယ္ "ဟု ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန မွေျပာၾကားသည္။
မိုးစပါးစိုက္ပ်ိဳးဖို႔ လ်ားထားခ်က္ထားရွိေသာ ဧကမ်ားတြင္ ေအာင္ႏိုင္တိုး မ်ိဳးသန႔္ စံျပစိုက္ကြက္ တစ္ကြင္းတစ္ဆက္တည္း ဧက (၅၀) ၊ တစ္ၿမိဳ႕နယ္လုံးအတိုင္းအတာျဖင့္ ဧက(၂၀၀) ကို တိုးခ်ဲ႕စိုက္ပ်ိဳးသြားမွာျဖစ္ၿပီး၊မ်ိဳးေစ့ထုတ္ဧက (၄၂၅) ဧက၊ မိုးစပါးအထြက္ႏႈန္းတိုးတက္ေစေရး စံျပစိုက္ကြက္ ဧက (၁၀၀) ကို အသီးသီးစိုက္ပ်ိဳးသြားမည္ဟုသိရသည္။
ထို႔အျပင္ ေတာင္ကုန္းေတာင္တန္းေတြမွာ ေနထိုင္ၾကသည့္ ေတာင္သူေတြကလည္း ေတာင္ယာစပါး (၂,၇၇၈) ဧက ကို စိုက္ပ်ိဳးသြားမည္ဟု သိရသည္။
မိုးရာသီစိုက္ပ်ိဳးေရးလုပ္ငန္းေတြ ေကာင္းမြန္ရန္ ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ ေတာင္သူေတြ မိုးစပါးမစိုက္ပ်ိဳးမီ ေျမဆီလႊာအာဟာရ ထက္သန္ေစရန္ လယ္ေျမဧက (၆၀၀) အတြက္ သစ္စိမ္းေျမၾသဇာ (ပိုက္ဆံေလွ်ာ္) ၊ မ်ိဳးေစ့တင္း (၁၅၀) ကို အခမဲ့ ျဖန႔္ေဝေပးထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.