"Squid Game" ကာရိုက်တာအတွက် အနုပညာကြေးဟာ ပရိသတ်တွေ ထင်သလိုမဟုတ်ဟု သရုပ်ဆောင် ဂျိုယူရီပြော

 282

ရောင်နီ (NP News) - ဇူလိုင် ၁၄
တောင်ကိုရီးယား နာမည်ကျော် ဇာတ်ကား "Squid Game" ထဲက No 222 ကာရိုက်တာ အတွက် အနုပညာကြေးဟာ ဝမ် ၄.၂ ဘီလံ(ဒေါ်လာ ၃.၀၄ သန်း ဝန်းကျင်) ရှိတယ်ဆိုတဲ့ ကောလဟာလတွေကို သရုပ်ဆောင် ဂျိုယူရီက လုံးဝ မမှန်ကန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
K pop အဖွဲ့ IZ*ONE ရဲ့ အဖွဲ့ဝင် နဲ့ သရုပ်ဆောင် မင်းသမီး ဂျိုယူရီ ဟာ Netflix ရဲ့ နာမည်ကြီး ရုပ်ရှင် စီးရီး 'Squid Game' မှာ ပါဝင်တဲ့ သူမရဲ့ No 222 ဇာတ်ကောင်အတွက် အခကြေးငွေဟာ ပရိသတ်တွေ ထင်သလို မဟုတ်ဘူးလို့ ဇူလိုင်လ ၁၂ ရက်နေ့က MBC ရဲ့ Variety show 'Point of Omniscient Interfere' (Episode 335) မှာ ပြောကြားခဲ့ပါတယ်။ အစီအစဉ် တင်ဆက်သူ ယန်ဆယ်ယျောင်းက "Squid Game မှာ မြင့်မားတဲ့ အနုပညာကြေး ရခဲ့တယ်လို့ သိရတယ်။ အမှန်ပဲလား" ဆိုတဲ့ မေးခွန်းကို ဂျို က "ကျန်မရဲ့ ကာရိုက်တာအတွက် ဝမ် ၄.၂ ဘီလီယံ (ဒေါ်လာ ၃ သန်းခန့်) ရခဲ့တယ် လို့ အခိုင်အမာဆိုထားတဲ့ ဆောင်းပါးတစ်ပုဒ်တွေ့ခဲ့တယ်။ ဒါဟာ လုံးဝ မမှန်ပါဘူး။ တကယ့်ပမာဏက နည်းပါတယ်" လို့ ရယ်မောကာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သူမက Squid Game ကြောင့် Instagram မှာ Follower တွေ တဟုန်ထိုးတက်လာခဲ့ပြီး ယခင် Follower ၁.၆သန်းမှ အခု ၇.၆၁ သန်းထိ ရရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
Squid Game ဇာတ်ကားဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၉၃ နိုင်ငံမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတည်နေပါတယ်။

Zawgyi Version:
"Squid Game" ကာ႐ိုက္တာအတြက္ အႏုပညာေၾကးဟာ ပရိသတ္ေတြ ထင္သလိုမဟုတ္ဟု သ႐ုပ္ေဆာင္ ဂ်ိဳယူရီေျပာ
ေရာင္နီ (NP News) - ဇူလိုင္ ၁၄
ေတာင္ကိုရီးယား နာမည္ေက်ာ္ ဇာတ္ကား "Squid Game" ထဲက No 222 ကာ႐ိုက္တာ အတြက္ အႏုပညာေၾကးဟာ ဝမ္ ၄.၂ ဘီလံ(ေဒၚလာ ၃.၀၄ သန္း ဝန္းက်င္) ရွိတယ္ဆိုတဲ့ ေကာလဟာလေတြကို သ႐ုပ္ေဆာင္ ဂ်ိဳယူရီက လုံးဝ မမွန္ကန္ေၾကာင္း ျငင္းဆိုလိုက္ပါတယ္။
K pop အဖြဲ႕ IZ*ONE ရဲ႕ အဖြဲ႕ဝင္ နဲ႔ သ႐ုပ္ေဆာင္ မင္းသမီး ဂ်ိဳယူရီ ဟာ Netflix ရဲ႕ နာမည္ႀကီး ႐ုပ္ရွင္ စီးရီး 'Squid Game' မွာ ပါဝင္တဲ့ သူမရဲ႕ No 222 ဇာတ္ေကာင္အတြက္ အခေၾကးေငြဟာ ပရိသတ္ေတြ ထင္သလို မဟုတ္ဘူးလို႔ ဇူလိုင္လ ၁၂ ရက္ေန႔က MBC ရဲ႕ Variety show 'Point of Omniscient Interfere' (Episode 335) မွာ ေျပာၾကားခဲ့ပါတယ္။ အစီအစဥ္ တင္ဆက္သူ ယန္ဆယ္ေယ်ာင္းက "Squid Game မွာ ျမင့္မားတဲ့ အႏုပညာေၾကး ရခဲ့တယ္လို႔ သိရတယ္။ အမွန္ပဲလား" ဆိုတဲ့ ေမးခြန္းကို ဂ်ိဳ က "က်န္မရဲ႕ ကာ႐ိုက္တာအတြက္ ဝမ္ ၄.၂ ဘီလီယံ (ေဒၚလာ ၃ သန္းခန႔္) ရခဲ့တယ္ လို႔ အခိုင္အမာဆိုထားတဲ့ ေဆာင္းပါးတစ္ပုဒ္ေတြ႕ခဲ့တယ္။ ဒါဟာ လုံးဝ မမွန္ပါဘူး။ တကယ့္ပမာဏက နည္းပါတယ္" လို႔ ရယ္ေမာကာ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ သူမက Squid Game ေၾကာင့္ Instagram မွာ Follower ေတြ တဟုန္ထိုးတက္လာခဲ့ၿပီး ယခင္ Follower ၁.၆သန္းမွ အခု ၇.၆၁ သန္းထိ ရရွိေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
Squid Game ဇာတ္ကားဟာ ကမာၻတစ္ဝွမ္းက ႏိုင္ငံေပါင္း ၉၃ ႏိုင္ငံမွာ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနတည္ေနပါတယ္။

Related news

© 2021. All rights reserved.