ရခိုင်တွင် AA က ဆက်သွယ်ရေးစရိတ် အဆမတန်တောင်းကာ ရည်ရွယ်ချက်ရှိရှိ သတင်း အမှောင်ချနေ

288

သက်ပိုင် (NP News)-ဇူလိုင် ၁၄
ရခိုင်ပြည်နယ်တွင် AA က ဆက်သွယ်ရေးစရိတ် အဆမတန်တောင်းကာ ရည်ရွယ်ချက်ရှိရှိ သတင်းအမှောင်ချနေကြောင်း ရခိုင့်အရေးလေ့လာစောင့်ကြည့်သူတစ်ဦးက NP News သို့ ပြောသည်။
AA အဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ပြည်သူများကို အခြေခံ သတင်းအချက် အလက် သိရှိပိုင်ခွင့်အတွက် အခြေခံဖြစ်သော ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့်ပေးခြင်းနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအသုံးပြုခွင့်အတွက် ငွေ ကြေး ကောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“အခု သူတို့ ထိန်းချုပ်ထားတဲ့ဒေသတွေထဲက အထူးသဖြင့် ရခိုင်တောင်ပိုင်းဒေသတွေ ဘက်မှာ ပေါ့နော်။ ရမ်းဗြဲဆိုရင် အခုအထိ ဖုန်းလိုင်းရော အင်တာနက်လိုင်းရော လုံးဝအဆက်အသွယ်မရဘူး။ နောက်ပြီး တောင်ကုတ်မြို့ဆိုရင် သူတို့အဲဒီကဒေသခံတွေကို ဖမ်းပြီးတဲ့နောက်မှာ အင်တာနက်တွေကို အကုန်ပိတ်ပြီး သတင်းအမှောင်ချထားတယ်။ ဒီတော့ ပြောရရင် သူတို့က လုံခြုံရေးကိုအကြောင်းပြပြီး ပြည်သူတွေကို ကျောက်ခေတ်ကို အရောက်ပို့နေတာနဲ့ တူတာပေါ့ဗျာ” ဟု အဆိုပါ ရခိုင့်အရေး လေ့လာ စောင့်ကြည့်သူက ရှင်းပြသည်။
လက်ရှိ AA ထိန်းချုပ်ရာမြို့အချို့တွင် အင်တာနက်လိုင်းအသုံးပြုလိုပါက တစ်နာရီလျှင် (၅၀ဝဝ) ကျပ် ၊ ဖုန်းဆက်သွယ် ပြောဆိုလိုပါက တစ် မိနစ်လျှင် (၅၀ဝ၀ ကျပ်မှ ၁၀ဝဝဝကျပ်) အထိ AA ထံ ပေး နေကြရကြောင်းနှင့် ငွေကြေးမတတ်နိုင်သူများမှာ အင်တာနက်သုံးစွဲကာ သတင်းအချက်အလက် ရှာဖွေ ခြင်းနှင့် ဖုန်းဆက်သွယ်ခြင်းတို့ မပြုလုပ်နိုင်ကြကြောင်းသိရသည်။
“အင်တာနက်ကို တစ်နာရီသုံးလို့ရတဲ့ ကတ်လေးတွေကို (၅၀ဝဝ)ပေးပြီး ဝယ်သုံးရတယ်။ ဖုန်း ပြောရင်တော့ တစ်မိနစ်ကို (၅၀ဝဝ)ပေးရတယ်။ မြောက်ဦးဘက်မှာတော့ ဖုန်းပြောချင်ရင် တစ်မိနစ်ကို (၁၀ဝဝဝ) အထိ ဈေးပေါက်နေတယ်လို့ ကြားတယ်။ အလုပ်အကိုင်ရှားပါးပြီး ဘာဝင်ငွေမှမရှိတဲ့အချိန်မှာ ဒီငွေ (၅၀ဝဝ) ဆိုတာကလည်း မနည်းဘူးလေ။ တချို့ဆိုရင် ငွေမတတ်နိုင်လို့ အဝေးရောက်နေတဲ့ မိသား စုနဲ့တောင် ဖုန်းမပြောရတဲ့သူတွေရှိတယ်” ဟု အမည်မဖော်လိုသည့် ရခိုင်ပြည်နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့၏ လော်ဘီ များ ကို အင်တာနက် စိတ်ကြိုက်အသုံးပြုခွင့်ပေးထားပြီး ၎င်းတို့၏ကောင်းသောလုပ်ဆောင်ချက်များနှင့် ၎င်း တို့ကို ထောက်ခံလာစေရန် ရေးသားမှုများကို ပြုလုပ်စေခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် AA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုဖော်ပြသည့် သတင်းဌာနများကိုလည်း တရားစွဲမည်ဟု AA အဖွဲ့၏ ဗိုလ်မှူးကြီး အဆင့်ရှိပြီး ထွန်းမြတ်နိုင်၏ အစ်ကိုတော်စပ်သူကလည်း ခြိမ်း ခြောက်ရေးသားမှုများရှိခဲ့သည်။ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) တွင် လူတိုင်းသည် ထင် မြင် ယူဆချက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး ဤအခွင့်အရေးတွင် မည်သူ့ကိုမျှ နှောင့် ယှက်ခြင်း မခံရဘဲ ထင်မြင်ယူဆချက်များကို ပိုင်ဆိုင်ခွင့်၊ မည်သည့်မီဒီယာမှမဆို နယ်နိမိတ် မခြားဘဲ သတင်းအချက်အလက်များနှင့် အကြံဉာဏ်များကို ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ပေးပို့ဖြန့်ဝေခွင့်များ ရှိသည် ဟု ပါရှိသော်လည်း AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများမှ ပြည်သူများအပေါ် အဆိုပါ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။

Zawgyi Version:
ရခိုင္တြင္ AA က ဆက္သြယ္ေရးစရိတ္ အဆမတန္ေတာင္းကာ ရည္႐ြယ္ခ်က္ရွိရွိ သတင္း အေမွာင္ခ်ေန
သက္ပိုင္ (NSS)-ဇူလိုင္ ၁၄
ရခိုင္ျပည္နယ္တြင္ AA က ဆက္သြယ္ေရးစရိတ္ အဆမတန္ေတာင္းကာ ရည္႐ြယ္ခ်က္ရွိရွိ သတင္းအေမွာင္ခ်ေနေၾကာင္း ရခိုင့္အေရးေလ့လာေစာင့္ၾကည့္သူတစ္ဦးက NP News သို႔ ေျပာသည္။
AA အဖြဲ႕အေနျဖင့္ ၎တို႔ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ျပည္သူမ်ားကို အေျခခံ သတင္းအခ်က္ အလက္ သိရွိပိုင္ခြင့္အတြက္ အေျခခံျဖစ္ေသာ ဖုန္းလိုင္း၊ အင္တာနက္လိုင္းမ်ားကို ျဖတ္ေတာက္ျခင္း၊ အကန႔္အသတ္ျဖင့္သာ အသုံးျပဳခြင့္ေပးျခင္းႏွင့္ ဖုန္းလိုင္း၊ အင္တာနက္လိုင္းအသုံးျပဳခြင့္အတြက္ ေငြ ေၾကး ေကာက္ခံျခင္းမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း ၎ကဆိုသည္။
“အခု သူတို႔ ထိန္းခ်ဳပ္ထားတဲ့ေဒသေတြထဲက အထူးသျဖင့္ ရခိုင္ေတာင္ပိုင္းေဒသေတြ ဘက္မွာ ေပါ့ေနာ္။ ရမ္းၿဗဲဆိုရင္ အခုအထိ ဖုန္းလိုင္းေရာ အင္တာနက္လိုင္းေရာ လုံးဝအဆက္အသြယ္မရဘူး။ ေနာက္ၿပီး ေတာင္ကုတ္ၿမိဳ႕ဆိုရင္ သူတို႔အဲဒီကေဒသခံေတြကို ဖမ္းၿပီးတဲ့ေနာက္မွာ အင္တာနက္ေတြကို အကုန္ပိတ္ၿပီး သတင္းအေမွာင္ခ်ထားတယ္။ ဒီေတာ့ ေျပာရရင္ သူတို႔က လုံၿခဳံေရးကိုအေၾကာင္းျပၿပီး ျပည္သူေတြကို ေက်ာက္ေခတ္ကို အေရာက္ပို႔ေနတာနဲ႔ တူတာေပါ့ဗ်ာ” ဟု အဆိုပါ ရခိုင့္အေရး ေလ့လာ ေစာင့္ၾကည့္သူက ရွင္းျပသည္။
လက္ရွိ AA ထိန္းခ်ဳပ္ရာၿမိဳ႕အခ်ိဳ႕တြင္ အင္တာနက္လိုင္းအသုံးျပဳလိုပါက တစ္နာရီလွ်င္ (၅၀ဝဝ) က်ပ္ ၊ ဖုန္းဆက္သြယ္ ေျပာဆိုလိုပါက တစ္ မိနစ္လွ်င္ (၅၀ဝ၀ က်ပ္မွ ၁၀ဝဝဝက်ပ္) အထိ AA ထံ ေပး ေနၾကရေၾကာင္းႏွင့္ ေငြေၾကးမတတ္ႏိုင္သူမ်ားမွာ အင္တာနက္သုံးစြဲကာ သတင္းအခ်က္အလက္ ရွာေဖြ ျခင္းႏွင့္ ဖုန္းဆက္သြယ္ျခင္းတို႔ မျပဳလုပ္ႏိုင္ၾကေၾကာင္းသိရသည္။
“အင္တာနက္ကို တစ္နာရီသုံးလို႔ရတဲ့ ကတ္ေလးေတြကို (၅၀ဝဝ)ေပးၿပီး ဝယ္သုံးရတယ္။ ဖုန္း ေျပာရင္ေတာ့ တစ္မိနစ္ကို (၅၀ဝဝ)ေပးရတယ္။ ေျမာက္ဦးဘက္မွာေတာ့ ဖုန္းေျပာခ်င္ရင္ တစ္မိနစ္ကို (၁၀ဝဝဝ) အထိ ေဈးေပါက္ေနတယ္လို႔ ၾကားတယ္။ အလုပ္အကိုင္ရွားပါးၿပီး ဘာဝင္ေငြမွမရွိတဲ့အခ်ိန္မွာ ဒီေငြ (၅၀ဝဝ) ဆိုတာကလည္း မနည္းဘူးေလ။ တခ်ိဳ႕ဆိုရင္ ေငြမတတ္ႏိုင္လို႔ အေဝးေရာက္ေနတဲ့ မိသား စုနဲ႔ေတာင္ ဖုန္းမေျပာရတဲ့သူေတြရွိတယ္” ဟု အမည္မေဖာ္လိုသည့္ ရခိုင္ျပည္နယ္မွ ေဒသခံတစ္ဦးက ဆိုသည္။
AA အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ၎တို႔ႏွင့္ နီးစပ္သူမ်ား၊ ၎တို႔၏ ေလာ္ဘီ မ်ား ကို အင္တာနက္ စိတ္ႀကိဳက္အသုံးျပဳခြင့္ေပးထားၿပီး ၎တို႔၏ေကာင္းေသာလုပ္ေဆာင္ခ်က္မ်ားႏွင့္ ၎ တို႔ကို ေထာက္ခံလာေစရန္ ေရးသားမႈမ်ားကို ျပဳလုပ္ေစျခင္းမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း ေဒသခံ မ်ားထံမွ စုံစမ္းသိရွိရသည္။
ထို႔ျပင္ AA အဖြဲ႕၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကိုေဖာ္ျပသည့္ သတင္းဌာနမ်ားကိုလည္း တရားစြဲမည္ဟု AA အဖြဲ႕၏ ဗိုလ္မႉးႀကီး အဆင့္ရွိၿပီး ထြန္းျမတ္ႏိုင္၏ အစ္ကိုေတာ္စပ္သူကလည္း ၿခိမ္း ေျခာက္ေရးသားမႈမ်ားရွိခဲ့သည္။ လူ႔အခြင့္အေရး ေၾကညာစာတမ္း အပိုဒ္ (၁၉) တြင္ လူတိုင္းသည္ ထင္ ျမင္ ယူဆခ်က္ႏွင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ရွိၿပီး ဤအခြင့္အေရးတြင္ မည္သူ႔ကိုမွ် ေႏွာင့္ ယွက္ျခင္း မခံရဘဲ ထင္ျမင္ယူဆခ်က္မ်ားကို ပိုင္ဆိုင္ခြင့္၊ မည္သည့္မီဒီယာမွမဆို နယ္နိမိတ္ မျခားဘဲ သတင္းအခ်က္အလက္မ်ားႏွင့္ အႀကံဉာဏ္မ်ားကို ရွာေဖြခြင့္၊ လက္ခံခြင့္ႏွင့္ ေပးပို႔ျဖန႔္ေဝခြင့္မ်ား ရွိသည္ ဟု ပါရွိေသာ္လည္း AA အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္ရာေဒသမ်ားမွ ျပည္သူမ်ားအေပၚ အဆိုပါ အခ်က္ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနျခင္းလည္း ျဖစ္သည္။