နောင်ချိုမြို့အနီး မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားကို TNLAက မိုင်းခွဲဖျက်ဆီး

2837

သန့်ဇင်(NP News)-ဇူလိုင် ၁၄
ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားကို TNLAက ယနေ့(ဇူလိုင်လ ၁၄ရက်)နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
TNLAအနေဖြင့်လည် တပ်မတော်ထိုးစစ်များကြောင့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို ဇူလိုင် ၁၀ ရက်၊ နံနက်ပိုင်းမှစတင်၍ ပိတ်ထားခဲ့ကြောင်း သိရသည်။
သို့သော် တပ်မတော်က နောင်ချိုမြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ TNLAကလည်း ၎င်းတို့၏ ဆုတ်ခွာရာလမ်းကြောင်းဖြစ်သည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
“TNLA နှင့် ပူးပေါင်း ဓနု PDF၊မန္တလေး PDF တို့ဟာ ၎င်း တို့ ဆုတ်ခွာရာ လမ်းကြောင်းဖြစ်တဲ့နောင်ချို ကျောက်မဲကြားက ဂုတ်တွင်း တံတားအား မိုင်းထောင်ဖျက်ဆီးခဲ့ ပါတယ်”ဟု တပ်မတော်သားတစ်ဦးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာထက်တွင် ဖော်ပြရေးသားထား သည်ကို တွေ့ရသည်။
TNLAက ဂုတ်တွင်းတံတားအား မိုင်းခွဲဖျက်ဆီးခြင်းကြောင့် ထိုးစစ်ဆင်နေသောတပ်မတော်အတွက် သက်ရောက်မှုမရှိသောလည်း ဒေသခံများအနေဖြင့် သွားလာရာတွင်အခက်ခဲရှိနိုင်ကြောင်း ၎င်းကဆိုသည်။
“ဒီနေရာမှာ ပြောချင်တာက တံတားတွေချိုးလို့ တပ်မတော်အတွက် ပြသနာ မရှိသော်ငြားလည်း မိဘ ပြည်သူများ သွားလာအသုံးပြုရန်
ခက်ခဲစေမှာသာ ဖြစ်ပါတယ်”ဟု ၎င်းကထည့်သွင်းရေးသားထားသည်။
တပ်မတော်အနေဖြင့် နောင်ချိုမြို့ပြန်လည်သိမ်းပိုက်ရရှိရေး အားသွန်လုပ်ဆောင်နေလျှက်ရှိရာ လက်ရှိတွင် မြို့တွင်းရပ်ကွက်အချို့သို့ တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳၿမိဳ႕အနီး မႏၲေလး-လားရႈိးလမ္းေပၚရွိ ဂုတ္တြင္းတံတားကို TNLAက မိုင္းခြဲဖ်က္ဆီး
သန႔္ဇင္(NP News)-ဇူလိုင္ ၁၄
ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕အနီး မႏၲေလး-လားရႈိးလမ္းေပၚရွိ ဂုတ္တြင္းတံတားကို TNLAက ယေန႔(ဇူလိုင္လ ၁၄ရက္)နံနက္ပိုင္းက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
TNLAအေနျဖင့္လည္ တပ္မေတာ္ထိုးစစ္မ်ားေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္းကို ဇူလိုင္ ၁၀ ရက္၊ နံနက္ပိုင္းမွစတင္၍ ပိတ္ထားခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ တပ္မေတာ္က ေနာင္ခ်ိဳၿမိဳ႕သို႔ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ TNLAကလည္း ၎တို႔၏ ဆုတ္ခြာရာလမ္းေၾကာင္းျဖစ္သည့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းတံတားကို မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
“TNLA ႏွင့္ ပူးေပါင္း ဓႏု PDF၊မႏၲေလး PDF တို႔ဟာ ၎ တို႔ ဆုတ္ခြာရာ လမ္းေၾကာင္းျဖစ္တဲ့ေနာင္ခ်ိဳ ေက်ာက္မဲၾကားက ဂုတ္တြင္း တံတားအား မိုင္းေထာင္ဖ်က္ဆီးခဲ့ ပါတယ္”ဟု တပ္မေတာ္သားတစ္ဦးက ၎၏လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ေဖာ္ျပေရးသားထား သည္ကို ေတြ႕ရသည္။
TNLAက ဂုတ္တြင္းတံတားအား မိုင္းခြဲဖ်က္ဆီးျခင္းေၾကာင့္ ထိုးစစ္ဆင္ေနေသာတပ္မေတာ္အတြက္ သက္ေရာက္မႈမရွိေသာလည္း ေဒသခံမ်ားအေနျဖင့္ သြားလာရာတြင္အခက္ခဲရွိႏိုင္ေၾကာင္း ၎ကဆိုသည္။
“ဒီေနရာမွာ ေျပာခ်င္တာက တံတားေတြခ်ိဳးလို႔ တပ္မေတာ္အတြက္ ျပသနာ မရွိေသာ္ျငားလည္း မိဘ ျပည္သူမ်ား သြားလာအသုံးျပဳရန္
ခက္ခဲေစမွာသာ ျဖစ္ပါတယ္”ဟု ၎ကထည့္သြင္းေရးသားထားသည္။
တပ္မေတာ္အေနျဖင့္ ေနာင္ခ်ိဳၿမိဳ႕ျပန္လည္သိမ္းပိုက္ရရွိေရး အားသြန္လုပ္ေဆာင္ေနလွ်က္ရွိရာ လက္ရွိတြင္ ၿမိဳ႕တြင္းရပ္ကြက္အခ်ိဳ႕သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။