ညောင်ဦးမြို့မှ စက်သုံးဆီလုပ်ငန်းရှင်၏ ဇနီးကို PDFအဖွဲ့က ဖမ်းဆီးကာ ငွေကျပ်သိန်း(၅၀၀)ကိုပါ လုယက်ယူဆောင်သွား

 1036

သန့်ဇင်(NP News)-ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့မှ စက်သုံးဆီလုပ်ငန်းရှင်၏ ဇနီးကို PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ်သိန်း(၅၀၀)ကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က ညောင်ဦးမြို့ KBZ ဘဏ်အနောက်လမ်းကြား၊ ဆန်းရွှေဝါဆီဆိုင်နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်မှ စက်သုံးဆီလုပ်ငန်းရှင် ဦးဆန်းဦးကို PDFအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုကာ လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းအားမတွေ့ သဖြင့် ဇနီးဖြစ်သူ ဒေါ်ခင်မာကြည်နှင့် ငွေကျပ်သိန်း(၅၀၀)အပြင် Hijetကားကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“မြို့လည်ခေါင်ကြီးမှာနေတဲ့လူကိုဖမ်းသွားတာ။ စက်သုံးဆီလုပ်ငန်းရှင်ပါ။ ကိုဆန်းဦးနဲ့ မခင်မာကြည်ကို ပြည်သူ့စစ်ခေါင်းဆောင်ဆိုပြီး ဖမ်းတာ။ ပြည်သူ့စစ်မဟုတ်ဘူး။ အဲဒါဆီလုပ်ငန်းရှင်။ သူ့ယောက်ျားကိုမတွေ့လို့ဆိုပြီး မိန်းမရယ် ပိုက်ဆံသိန်း(၅၀၀)ရယ်နဲ့ Hijet တစ်စီး ကို ဖမ်းသွားတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။

ထို့နောက် ယူဆောင်သွားသည့် Hijetကားကို ညောင်ဦးမြို့အရှေ့ဘက်ရှိ ဧရာဝတီမြစ်ဘေးရှိ ဆိပ်ကမ်းတွင်ရပ်ထားခဲ့ကာ ဒေါ်ခင်မာ ကြည်နှင့်အတူ ငွေကျပ်သိန်း(၅၀၀)ဦး ယူဆောင်၍ တန့်ကြည်တောင်ဘက်ကို ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းကဆက် ပြောသည်။

“Hijetကိုတော့ ဆိပ်ကမ်းတင်ထားခဲ့တာ။ လူကိုခေါ်ပြီး တန့်ကြည်တောင်ဘက်ကူးသွားတာပေါ့။ အခုထိမလွတ်သေးဘူး။ ထွက်နေတဲ့ သတင်းတွေကလွဲနေတာ။ အဲဒီဟာက ကျွန်တော်တို့ ပုဂံတစ်မြို့လုံးသိတယ်။ တလွဲတာမှ တော်တော်တလွဲကြီး။ ပျူစောထီးခေါင်းဆောင် ဟုတ်လား မဟုတ်လား ဆိုတာ တစ်မြို့လုံးသိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် PDFအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူအမျိုးသမီးအား ပြန်လည်ကယ်ဆယ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ် ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်ကလည်း ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာမှ အထက်တန်းကျောင်းအုပ် ဆရာမကြီး နှင့် ခင်ပွန်းကို PDF အဖွဲ့က ဝန်ထမ်းလိုင်းခန်းရှေ့သို့ ဆွဲခေါ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်ကလည်း ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သိရိမင်္ဂလာရပ်တွင် ပြီးခဲ့သည့် Grade-12 တက္ကသိုလ်ဝင် စာမေး ပွဲအား ပြန်လည်ဖြေဆိုရန် ရောက်ရှိတည်းခိုနေသည့် ကျောင်းသားသူများ၏ မိဘများကို PDF အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၁)ရက်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့တောင်ပိုင်း၊ ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံတွင် ပဋ္ဌာန်းပွဲကျင်းပရန် အစည်းဝေး လုပ်နေသည့် ရပ်မိရပ်ဖ(၁၅)ဦးကို PDFအဖွဲ့၏ သေနတ်ဖြင့်လာရောက် ပစ်ခတ်မှုကြောင့် (၇)ဦးသေဆုံးခဲ့ကာ အလှူငွေများ လည်း လုယက် ခံခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ေညာင္ဦးၿမိဳ႕မွ စက္သုံးဆီလုပ္ငန္းရွင္၏ ဇနီးကို PDFအဖြဲ႕က ဖမ္းဆီးကာ ေငြက်ပ္သိန္း(၅၀၀)ကိုပါ လုယက္ယူေဆာင္သြား
သန႔္ဇင္(NP News)-ဇူလိုင္ ၁၄
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕မွ စက္သုံးဆီလုပ္ငန္းရွင္၏ ဇနီးကို PDFအဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေငြက်ပ္သိန္း(၅၀၀)ကိုပါ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၃ ရက္၊ ညေန ၆ နာရီခြဲအခ်ိန္ခန္႔က ေညာင္ဦးၿမိဳ႕ KBZ ဘဏ္အေနာက္လမ္းၾကား၊ ဆန္းေ႐ႊဝါဆီဆိုင္ေနအိမ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္မွ စက္သုံးဆီလုပ္ငန္းရွင္ ဦးဆန္းဦးကို PDFအဖြဲ႕က ျပည္သူ႔စစ္ေခါင္းေဆာင္ဟုဆိုကာ လာေရာက္ဖမ္းဆီးျခင္းျဖစ္ၿပီး ၎အားမေတြ႕ သျဖင့္ ဇနီးျဖစ္သူ ေဒၚခင္မာၾကည္ႏွင့္ ေငြက်ပ္သိန္း(၅၀၀)အျပင္ Hijetကားကိုပါ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

“ၿမိဳ႕လည္ေခါင္ႀကီးမွာေနတဲ့လူကိုဖမ္းသြားတာ။ စက္သုံးဆီလုပ္ငန္းရွင္ပါ။ ကိုဆန္းဦးနဲ႔ မခင္မာၾကည္ကို ျပည္သူ႔စစ္ေခါင္းေဆာင္ဆိုၿပီး ဖမ္းတာ။ ျပည္သူ႔စစ္မဟုတ္ဘူး။ အဲဒါဆီလုပ္ငန္းရွင္။ သူ႔ေယာက္်ားကိုမေတြ႕လို႔ဆိုၿပီး မိန္းမရယ္ ပိုက္ဆံသိန္း(၅၀၀)ရယ္နဲ႔ Hijet တစ္စီး ကို ဖမ္းသြားတာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။

ထို႔ေနာက္ ယူေဆာင္သြားသည့္ Hijetကားကို ေညာင္ဦးၿမိဳ႕အေရွ႕ဘက္ရွိ ဧရာဝတီျမစ္ေဘးရွိ ဆိပ္ကမ္းတြင္ရပ္ထားခဲ့ကာ ေဒၚခင္မာ ၾကည္ႏွင့္အတူ ေငြက်ပ္သိန္း(၅၀၀)ဦး ယူေဆာင္၍ တန႔္ၾကည္ေတာင္ဘက္ကို ဆက္လက္ေခၚေဆာင္သြားခဲ့ေၾကာင္း ၎ကဆက္ ေျပာသည္။

“Hijetကိုေတာ့ ဆိပ္ကမ္းတင္ထားခဲ့တာ။ လူကိုေခၚၿပီး တန႔္ၾကည္ေတာင္ဘက္ကူးသြားတာေပါ့။ အခုထိမလြတ္ေသးဘူး။ ထြက္ေနတဲ့ သတင္းေတြကလြဲေနတာ။ အဲဒီဟာက ကြၽန္ေတာ္တို႔ ပုဂံတစ္ၿမိဳ႕လုံးသိတယ္။ တလြဲတာမွ ေတာ္ေတာ္တလြဲႀကီး။ ပ်ဴေစာထီးေခါင္းေဆာင္ ဟုတ္လား မဟုတ္လား ဆိုတာ တစ္ၿမိဳ႕လုံးသိတယ္”ဟု ၎ကဆိုသည္။

လက္ရွိတြင္ PDFအဖြဲ႕၏ ဖမ္းဆီးျခင္းခံထားရသူအမ်ိဳးသမီးအား ျပန္လည္ကယ္ဆယ္ႏိုင္ေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇြန္လ (၁၅)ရက္ကလည္း ေညာင္ဦးၿမိဳ႕နယ္၊ ကုန္းဘုရား(ေညာင္ပင္ကန္)ေက်း႐ြာမွ အထက္တန္းေက်ာင္းအုပ္ ဆရာမႀကီး ႏွင့္ ခင္ပြန္းကို PDF အဖြဲ႕က ဝန္ထမ္းလိုင္းခန္းေရွ႕သို႔ ဆြဲေခၚကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ (၁၄) ရက္ကလည္း ေညာင္ဦးၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ သိရိမဂၤလာရပ္တြင္ ၿပီးခဲ့သည့္ Grade-12 တကၠသိုလ္ဝင္ စာေမး ပြဲအား ျပန္လည္ေျဖဆိုရန္ ေရာက္ရွိတည္းခိုေနသည့္ ေက်ာင္းသားသူမ်ား၏ မိဘမ်ားကို PDF အဖြဲ႕က ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ဇြန္လ (၁)ရက္ကလည္း ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံၿမိဳ႕ေတာင္ပိုင္း၊ ဂန႔္ဂါရပ္ကြက္ရွိ ဓမၼာ႐ုံတြင္ ပ႒ာန္းပြဲက်င္းပရန္ အစည္းေဝး လုပ္ေနသည့္ ရပ္မိရပ္ဖ(၁၅)ဦးကို PDFအဖြဲ႕၏ ေသနတ္ျဖင့္လာေရာက္ ပစ္ခတ္မႈေၾကာင့္ (၇)ဦးေသဆုံးခဲ့ကာ အလႉေငြမ်ား လည္း လုယက္ ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.