KIA ၏ ရွှေလုပ်ကွက်များတွင် အသုံးပြုသောသံပိုက်များကို သိန်းထောင်ချီအကုန်အကျခံကာ မန္တလေးမှ လစဉ်တင်ပို့နေ

1482

သန့်ဇင် (NP News) - ဇူလိုင်လ ၁၅
ကချင်ပြည်နယ်ရှိ KIA ၏ ရွှေလုပ်ကွက်များတွင်အသုံးပြုသောသံပိုက်များကို သိန်းထောင် နှင့်ချီအကုန်အကျခံကာ မန္တလေးမြို့မှတစ်ဆင့် ကားများဖြင့် လစဉ်တင်ပို့နေကြောင်း သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါသံပိုက်များကို မန္တလေးမှ (၂၂)ဘီးကားဖြင့် မုံရွာအထိ တစ်ဆင့်တင်ပို့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းမှ KIA ထိန်းချုပ်ထားသော ရွှေလုပ်ကွက်သို့ ဆက်လက် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
" ရွှေမှော်မှာလုပ်တဲ့သံပိုက်တွေက မန္တလေးကနေမှ ကချင်ပြည်နယ်ကိုတက်တယ်။ မန္တ လေး-မြင်းခြံ-ပခုက္ကူ-မုံရွာ အဲဒီလမ်းကနေမှ တက် တယ်။ အဲဒီအထိ ကားတစ်စီးကို တစ်ခေါက် သိန်း (၃၀ဝ) အမြတ်ကျန်တယ်။ ကားတစ်စီးကို တန်ဖိုး သိန်း(၈၀ဝ) လောက်ဆိုရင် (၂)ခေါက်လောက်ဆိုရင် တောင် အရင်းကျေတယ်။ အဲဒါတွေက KIA တွေ လုပ်နေတဲ့ ရွှေမှော်ကိုပို့တာ။ ပို့တဲ့ကားက (၂၂)ဘီးကားတွေ" ဟု သိရှိသူတစ်ဦးက ပြောသည်။
ထိုသို့တင်ပို့ရာတွင် (၁၉)ပေအရှည်ရှိ သံပိုက်များကို ကားဝမ်းအတွင်းထည့်ကာ အပေါ် တွင် ထုံးအိတ်များအပြည့် ဖုံးအုပ်၍ တစ်ပတ်လျှင် ကား(၄)စီးဖြင့် သယ်ဆောင်နေခြင်းဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
" တစ်လမ်းလုံး အပျောက်သယ်တာ။ အဲဒါတွေက မုံရွာကနေ ရွှေမှော်ကိုသွားမှာ။ အဲဒီမှာ ရွှေမှော်ကကောင်တွေအဆင်ပြေရင် KIA ကပဲ ပိုက် ဆံရတာ။ အဲဒီရတဲ့ပိုက်ဆံနဲ့ တပ်မတော်ကို ပြန်ပြီး တိုက်မှာလေ။ အဲဒါကို တောက်လျှောက်ကိုတင်နေတာ။ တစ်ခါတင်ရင် (၄)စီးသွားတာ။ တစ်ပတ် ကိုနော်။ ဘယ်လိုသွားလဲဆိုတော့ သူ့ကားဂိတ်က မန္တလေးက (၆၈)လမ်းမှာ ဂိတ်ဖွင့်ထားတယ်။ ကုန် သည်တွေကရှိပြီးသား။ ကြားထဲမှာ PDF တွေရှိတော့ ထုံးအိတ်တွေဆိုတော့ မရှာနိုင်ဘူးလေ။ အဲဒါကို ဖုံး သွားတာ။ မန္တလေးကနေမှ မြို့သာ၊ အဲဒီကနေမှ မြင်းခြံ ပြီးရင် ပခုက္ကူ တံတားကိုဖြတ်တက်တယ်။ ပြီးရင် မြိုင်ကနေမှ ပုသိမ်-မုံရွာလမ်းမကြီးအတိုင်း မုံရွာကိုသွားတာ" ဟု ၎င်းကဆက်ပြောသည်။
သံပိုက်များတင်ပို့နေသူများအတွင်း လုံခြုံ ရေးတပ်ဖွဲ့နှင့်နီးစပ်သူများလည်းပါဝင်နေကြောင်း ၎င်းကဆိုသည်။
" ကိုယ့်ကိုပြန်ထိမယ့်အရာကိုလုပ်နေတာ။ တိုက်ရိုက်မထိပေမယ့် သွယ်ဝိုက်ထိမှာ။ မလုပ်သင့် တာကိုလုပ်နေတာ။ ကိုယ့်အမျိုးအချင်းချင်း ဒုက္ခ ရောက်မယ့်အရာကိုလုပ်နေတာ။ ကိုယ့်တိုင်းပြည် ပျက်စီးမယ့်အရာကိုတော့ မလုပ်စေချင်ဘူး" ဟု ၎င်းက ဆက်ပြောသည်။
KIA အဖွဲ့၏ ကချင်ပြည်နယ်အတွင်း ရွှေလုပ်ကွက်များကို ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာ ဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ မိုးညှင်းမြို့ နယ်တို့တွင် အများဆုံးရှိနေကြောင်း သိရသည်။
ထို့ပြင် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ် ကွက်များနှင့် ကချင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း မြေရှားသတ္တုလုပ်ကွက်များကိုလည်း KIA က ထိန်းချုပ်ခြယ်လှယ်နေလျက်ရှိပြီး ဒေသခံ များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

Zawgyi Version:
KIA ၏ ေ႐ႊလုပ္ကြက္မ်ားတြင္ အသုံးျပဳေသာသံပိုက္မ်ားကို သိန္းေထာင္ခ်ီအကုန္အက်ခံကာ မႏၲေလးမွ လစဥ္တင္ပို႔ေန
သန႔္ဇင္ (NP News) - ဇူလိုင္လ ၁၅
ကခ်င္ျပည္နယ္ရွိ KIA ၏ ေ႐ႊလုပ္ကြက္မ်ားတြင္အသုံးျပဳေသာသံပိုက္မ်ားကို သိန္းေထာင္ ႏွင့္ခ်ီအကုန္အက်ခံကာ မႏၲေလးၿမိဳ႕မွတစ္ဆင့္ ကားမ်ားျဖင့္ လစဥ္တင္ပို႔ေနေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါသံပိုက္မ်ားကို မႏၲေလးမွ (၂၂)ဘီးကားျဖင့္ မုံ႐ြာအထိ တစ္ဆင့္တင္ပို႔ျခင္းျဖစ္ၿပီး ထိုမွတစ္ဆင့္ ကခ်င္ျပည္နယ္အတြင္းမွ KIA ထိန္းခ်ဳပ္ထားေသာ ေ႐ႊလုပ္ကြက္သို႔ ဆက္လက္ တင္ပို႔ျခင္းျဖစ္ေၾကာင္း သိရသည္။
" ေ႐ႊေမွာ္မွာလုပ္တဲ့သံပိုက္ေတြက မႏၲေလးကေနမွ ကခ်င္ျပည္နယ္ကိုတက္တယ္။ မႏၲ ေလး-ျမင္းၿခံ-ပခုကၠဴ-မုံ႐ြာ အဲဒီလမ္းကေနမွ တက္ တယ္။ အဲဒီအထိ ကားတစ္စီးကို တစ္ေခါက္ သိန္း (၃၀ဝ) အျမတ္က်န္တယ္။ ကားတစ္စီးကို တန္ဖိုး သိန္း(၈၀ဝ) ေလာက္ဆိုရင္ (၂)ေခါက္ေလာက္ဆိုရင္ ေတာင္ အရင္းေက်တယ္။ အဲဒါေတြက KIA ေတြ လုပ္ေနတဲ့ ေ႐ႊေမွာ္ကိုပို႔တာ။ ပို႔တဲ့ကားက (၂၂)ဘီးကားေတြ" ဟု သိရွိသူတစ္ဦးက ေျပာသည္။
ထိုသို႔တင္ပို႔ရာတြင္ (၁၉)ေပအရွည္ရွိ သံပိုက္မ်ားကို ကားဝမ္းအတြင္းထည့္ကာ အေပၚ တြင္ ထုံးအိတ္မ်ားအျပည့္ ဖုံးအုပ္၍ တစ္ပတ္လွ်င္ ကား(၄)စီးျဖင့္ သယ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း လည္း ၎ကဆိုသည္။
" တစ္လမ္းလုံး အေပ်ာက္သယ္တာ။ အဲဒါေတြက မုံ႐ြာကေန ေ႐ႊေမွာ္ကိုသြားမွာ။ အဲဒီမွာ ေ႐ႊေမွာ္ကေကာင္ေတြအဆင္ေျပရင္ KIA ကပဲ ပိုက္ ဆံရတာ။ အဲဒီရတဲ့ပိုက္ဆံနဲ႔ တပ္မေတာ္ကို ျပန္ၿပီး တိုက္မွာေလ။ အဲဒါကို ေတာက္ေလွ်ာက္ကိုတင္ေနတာ။ တစ္ခါတင္ရင္ (၄)စီးသြားတာ။ တစ္ပတ္ ကိုေနာ္။ ဘယ္လိုသြားလဲဆိုေတာ့ သူ႔ကားဂိတ္က မႏၲေလးက (၆၈)လမ္းမွာ ဂိတ္ဖြင့္ထားတယ္။ ကုန္ သည္ေတြကရွိၿပီးသား။ ၾကားထဲမွာ PDF ေတြရွိေတာ့ ထုံးအိတ္ေတြဆိုေတာ့ မရွာႏိုင္ဘူးေလ။ အဲဒါကို ဖုံး သြားတာ။ မႏၲေလးကေနမွ ၿမိဳ႕သာ၊ အဲဒီကေနမွ ျမင္းၿခံ ၿပီးရင္ ပခုကၠဴ တံတားကိုျဖတ္တက္တယ္။ ၿပီးရင္ ၿမိဳင္ကေနမွ ပုသိမ္-မုံ႐ြာလမ္းမႀကီးအတိုင္း မုံ႐ြာကိုသြားတာ" ဟု ၎ကဆက္ေျပာသည္။
သံပိုက္မ်ားတင္ပို႔ေနသူမ်ားအတြင္း လုံၿခဳံ ေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားလည္းပါဝင္ေနေၾကာင္း ၎ကဆိုသည္။
" ကိုယ့္ကိုျပန္ထိမယ့္အရာကိုလုပ္ေနတာ။ တိုက္႐ိုက္မထိေပမယ့္ သြယ္ဝိုက္ထိမွာ။ မလုပ္သင့္ တာကိုလုပ္ေနတာ။ ကိုယ့္အမ်ိဳးအခ်င္းခ်င္း ဒုကၡ ေရာက္မယ့္အရာကိုလုပ္ေနတာ။ ကိုယ့္တိုင္းျပည္ ပ်က္စီးမယ့္အရာကိုေတာ့ မလုပ္ေစခ်င္ဘူး" ဟု ၎က ဆက္ေျပာသည္။
KIA အဖြဲ႕၏ ကခ်င္ျပည္နယ္အတြင္း ေ႐ႊလုပ္ကြက္မ်ားကို ပူတာအို၊ မခ်မ္းေဘာ၊ ဆြမ္ပရာ ဘြမ္၊ တႏိုင္း၊ ရွင္ေဗြယန္ၿမိဳ႕နယ္ခြဲ၊ မိုးညႇင္းၿမိဳ႕ နယ္တို႔တြင္ အမ်ားဆုံးရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်ာက္စိမ္းလုပ္ ကြက္မ်ားႏွင့္ ကခ်င္ျပည္နယ္ေျမာက္ပိုင္းေဒသမ်ားတြင္လည္း ေျမရွားသတၱဳလုပ္ကြက္မ်ားကိုလည္း KIA က ထိန္းခ်ဳပ္ျခယ္လွယ္ေနလ်က္ရွိၿပီး ေဒသခံ မ်ားအေနျဖင့္လည္း သဘာဝပတ္ဝန္းက်င္ထိခိုက္ ပ်က္စီးလာမည္ကို စိုးရိမ္ေနၾကေၾကာင္း သိရသည္။