ဖြူးမြို့နယ်ရှိ အချို့ကျေးရွာဆက်လမ်းများတွင် PDF များက မိုင်းထောင်မှုများကြောင့် ဒေသခံများ သွားလာရေးအတွက် စိုးရိမ်နေ

336

Peral -(NP News) - ဇူလိုင်လ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ အချို့ ကျေးရွာဆက်လမ်းများတွင် PDF အဖွဲ့က မိုင်းထောင်မှုများကြောင့် ဒေသခံပြည်သူများ သွားရေး လာရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လက ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သောင်ပုကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရ သည်။
အဆိုပါဖြစ်စဉ်မတိုင်မီ ဝဲကြီးကျေးရွာ အနီးတွင် PDF ပူးပေါင်းအဖွဲ့အနေဖြင့် မိုင်းထောင် မှုများပြုလုပ်ခဲ့သဖြင့် အဆိုပါလမ်းအသုံးပြုသူများ စိုးရိမ်နေကြောင်း မိုင်းထောင်နေသည်ကို တွေ့ရှိသူ တစ်ဦးက NP News သို့ပြောသည်။
" ဆေးခန်းသွားပြတဲ့အချိန် ဝဲကြီးနားမှာ PDF တွေ မိုင်းထောင်နေတာတွေ့ခဲ့တာ။ ဝါယာ ကြိုးတွေနဲ့ လုပ်နေတာ။ အဲဒီနေ့က မိုင်းပေါက်မှာ ကြောက်လို့မပြန်ရဲဘူး။ အဲဒီနောက်နေ့ကျတော့ ဝဲကြီးမှာ တိုက်ပွဲ ဖြစ်ရော။ သူတို့ မိုင်းထောင်တဲ့ နေရာက ပြည်သူတွေပဲ သွားတာလေ။ စစ်တပ်ကမှ မသွားတာ။ သွားရလာတာ အဆင်မပြေဘူး ။ အဲဒါက မပေါက်လိုက်ဘူး ပြန်ဖော်သွားတယ်လို့တော့ အနား က လူတွေပြောတယ်။ ရွာဘက်က ဘယ်သူမှ မပြောရဲ ဘူး ကြောက်ကြတယ်လေ " ဟု အထက်ပါ သတင်း ရင်းမြစ်က ပြောသည်။
အဆိုပါ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည့် ဖြစ်စဉ်အတွင်း (၃)ဦးသေဆုံးကာ (၂၅)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် PDF ပူးပေါင်းအဖွဲ့များအနေဖြင့် အခြားကျေးရွာဆက်လမ်းများတွင်လည်း မိုင်းထောင် မှုများ ပြုလုပ်လျှက်ရှိပြီး ၎င်းတို့ထောင်ထားသည့် မိုင်းများကို ကျွဲ၊ နွား တိရစ္ဆာန်များမှ နင်းမိ၍ ပေါက် ကွဲမှုဖြစ်ပေါ်ပါက ပြည်သူများထံ လျော်ကြေးကောက် ခံမှုများပြုလုပ်သည့်အပြင် ဒေသခံတောင်သူလယ် သမားများထံမှ စပါးများကိုလည်း အတင်းအဓမ္မ ကောက်ခံနေကြောင်း သိရသည်။
" စစ်တပ်နေတဲ့ရွာနဲ့ PDF နေတဲ့ရွာကွာ တယ်။ PDF နေတဲ့ရွာက အကြောက်တရားနဲ့နေနေ ရတာ။ စပါးတွေသိမ်းတာ တအားပဲ။ လယ်လုပ်တယ် ၊ လယ် (၁)ဧကရှိတယ်မလား။ စပါး (၁၀)အိတ်ပေး ရတာ ထွက်ထွက်၊ မထွက်ထွက်။ မထွက်ရင် ဘယ်လို လုပ်မလဲ။ လယ်ပိုင်ရှင်က စစ်ဘေးရှောင်နေလို့ မလုပ် နိုင်ရင် ဘေးလူကို အငှားချပြီး စပါးအိတ်တောင်းတာ။ မနှစ်ကဆို အိတ် (၂၀ဝဝ)ကျော်ရတယ်။ အဲဒါအနည်း ဆုံး။ ဖြူးမြို့နယ်ထဲက ရွာတွေ။ အရင်ကဆို သူတို့ကို အားပေးတဲ့လူရှိတယ်။ အခုဆို တဖြည်းဖြည်းနဲ့ ခွဲခြား တက်လာတယ်။ စစ်တပ်ရှိတဲ့ရွာကတော့ ကိုယ်ရှိရင် စား မရှိရင်မစားနဲ့ စပါးလည်းမတောင်းဘူး။ ဒါပေမဲ့ လို့ ဘေးတွဲသမားတွေ ကုန်ဆွဲနေတာ ရှိတယ်။ အဲဒါ တွေ ကိုတော့ ပိုက်ဆံတော့ နည်းနည်းတောင်းတယ်။ အများကြီးတော့ မဟုတ်ဘူး။ ဆန်အိတ်တွေ ဘာတွေ အများကြီးသယ်ရင်တော့ မရဘူး။ ဘေးကိုထောက် ပံ့မှာ ကြောက်တယ်လေ။ စစ်တပ်ကို ကြောက်ကြ တယ်ဆိုပေမယ့် လွတ်လွတ်လပ်လပ်နေလို့ရတယ်" ဟု အထက်ပါဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် ဖြူးမြို့နယ်တွင်းရှိ အချို့ကျေး ရွာများမှ ဒေသခံအများအပြားသည် ဖြူးမြို့အပါအဝင် အခြားဒေသများသို့ နေရပ်စွန့်စွာ စစ်ဘေးရှောင်နေ ရလျှက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျဖဴးၿမိဳ႕နယ္ရွိ အခ်ိဳ႕ေက်း႐ြာဆက္လမ္းမ်ားတြင္ PDF မ်ားက မိုင္းေထာင္မႈမ်ားေၾကာင့္ ေဒသခံမ်ား သြားလာေရးအတြက္ စိုးရိမ္ေန
Peral -(NP News) - ဇူလိုင္လ ၁၅
ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္ရွိ အခ်ိဳ႕ ေက်း႐ြာဆက္လမ္းမ်ားတြင္ PDF အဖြဲ႕က မိုင္းေထာင္မႈမ်ားေၾကာင့္ ေဒသခံျပည္သူမ်ား သြားေရး လာေရးအတြက္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇြန္လက ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီး(ေတာင္)ေက်း႐ြာသို႔ KNLA အဖြဲ႕ႏွင့္ PDF အဖြဲ႕ဝင္မ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေသာင္ပုေက်း႐ြာ ဘက္သို႔ ျပန္လည္ဆုတ္ခြာသြားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရ သည္။
အဆိုပါျဖစ္စဥ္မတိုင္မီ ဝဲႀကီးေက်း႐ြာ အနီးတြင္ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ မိုင္းေထာင္ မႈမ်ားျပဳလုပ္ခဲ့သျဖင့္ အဆိုပါလမ္းအသုံးျပဳသူမ်ား စိုးရိမ္ေနေၾကာင္း မိုင္းေထာင္ေနသည္ကို ေတြ႕ရွိသူ တစ္ဦးက NP News သို႔ေျပာသည္။
" ေဆးခန္းသြားျပတဲ့အခ်ိန္ ဝဲႀကီးနားမွာ PDF ေတြ မိုင္းေထာင္ေနတာေတြ႕ခဲ့တာ။ ဝါယာ ႀကိဳးေတြနဲ႔ လုပ္ေနတာ။ အဲဒီေန႔က မိုင္းေပါက္မွာ ေၾကာက္လို႔မျပန္ရဲဘူး။ အဲဒီေနာက္ေန႔က်ေတာ့ ဝဲႀကီးမွာ တိုက္ပြဲ ျဖစ္ေရာ။ သူတို႔ မိုင္းေထာင္တဲ့ ေနရာက ျပည္သူေတြပဲ သြားတာေလ။ စစ္တပ္ကမွ မသြားတာ။ သြားရလာတာ အဆင္မေျပဘူး ။ အဲဒါက မေပါက္လိုက္ဘူး ျပန္ေဖာ္သြားတယ္လို႔ေတာ့ အနား က လူေတြေျပာတယ္။ ႐ြာဘက္က ဘယ္သူမွ မေျပာရဲ ဘူး ေၾကာက္ၾကတယ္ေလ " ဟု အထက္ပါ သတင္း ရင္းျမစ္က ေျပာသည္။
အဆိုပါ ဝဲႀကီး(ေတာင္)ေက်း႐ြာသို႔ KNLA အဖြဲ႕ႏွင့္ PDF အဖြဲ႕ဝင္မ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ ခဲ့သည့္ ျဖစ္စဥ္အတြင္း (၃)ဦးေသဆုံးကာ (၂၅)ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ PDF ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ အျခားေက်း႐ြာဆက္လမ္းမ်ားတြင္လည္း မိုင္းေထာင္ မႈမ်ား ျပဳလုပ္လွ်က္ရွိၿပီး ၎တို႔ေထာင္ထားသည့္ မိုင္းမ်ားကို ကြၽဲ၊ ႏြား တိရစာၦန္မ်ားမွ နင္းမိ၍ ေပါက္ ကြဲမႈျဖစ္ေပၚပါက ျပည္သူမ်ားထံ ေလ်ာ္ေၾကးေကာက္ ခံမႈမ်ားျပဳလုပ္သည့္အျပင္ ေဒသခံေတာင္သူလယ္ သမားမ်ားထံမွ စပါးမ်ားကိုလည္း အတင္းအဓမၼ ေကာက္ခံေနေၾကာင္း သိရသည္။
" စစ္တပ္ေနတဲ့႐ြာနဲ႔ PDF ေနတဲ့႐ြာကြာ တယ္။ PDF ေနတဲ့႐ြာက အေၾကာက္တရားနဲ႔ေနေန ရတာ။ စပါးေတြသိမ္းတာ တအားပဲ။ လယ္လုပ္တယ္ ၊ လယ္ (၁)ဧကရွိတယ္မလား။ စပါး (၁၀)အိတ္ေပး ရတာ ထြက္ထြက္၊ မထြက္ထြက္။ မထြက္ရင္ ဘယ္လို လုပ္မလဲ။ လယ္ပိုင္ရွင္က စစ္ေဘးေရွာင္ေနလို႔ မလုပ္ ႏိုင္ရင္ ေဘးလူကို အငွားခ်ၿပီး စပါးအိတ္ေတာင္းတာ။ မႏွစ္ကဆို အိတ္ (၂၀ဝဝ)ေက်ာ္ရတယ္။ အဲဒါအနည္း ဆုံး။ ျဖဴးၿမိဳ႕နယ္ထဲက ႐ြာေတြ။ အရင္ကဆို သူတို႔ကို အားေပးတဲ့လူရွိတယ္။ အခုဆို တျဖည္းျဖည္းနဲ႔ ခြဲျခား တက္လာတယ္။ စစ္တပ္ရွိတဲ့႐ြာကေတာ့ ကိုယ္ရွိရင္ စား မရွိရင္မစားနဲ႔ စပါးလည္းမေတာင္းဘူး။ ဒါေပမဲ့ လို႔ ေဘးတြဲသမားေတြ ကုန္ဆြဲေနတာ ရွိတယ္။ အဲဒါ ေတြ ကိုေတာ့ ပိုက္ဆံေတာ့ နည္းနည္းေတာင္းတယ္။ အမ်ားႀကီးေတာ့ မဟုတ္ဘူး။ ဆန္အိတ္ေတြ ဘာေတြ အမ်ားႀကီးသယ္ရင္ေတာ့ မရဘူး။ ေဘးကိုေထာက္ ပံ့မွာ ေၾကာက္တယ္ေလ။ စစ္တပ္ကို ေၾကာက္ၾက တယ္ဆိုေပမယ့္ လြတ္လြတ္လပ္လပ္ေနလို႔ရတယ္" ဟု အထက္ပါေဒသခံ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျဖဴးၿမိဳ႕နယ္တြင္းရွိ အခ်ိဳ႕ေက်း ႐ြာမ်ားမွ ေဒသခံအမ်ားအျပားသည္ ျဖဴးၿမိဳ႕အပါအဝင္ အျခားေဒသမ်ားသို႔ ေနရပ္စြန႔္စြာ စစ္ေဘးေရွာင္ေန ရလွ်က္ရွိေၾကာင္း သိရသည္။