TNLAတို့ တစ်နှစ်ကျော်ထိန်းချုပ်ခဲ့သော နောင်ချိုမြို့ကို တပ်မတော်ပြန်လည်သိမ်းပိုက်ရရှိ

 1508

သန့်ဇင်(NP News)-ဇူလိုင် ၁၆
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို TNLAတို့ တစ်နှစ်ကျော်ထိန်းချုပ်ခဲ့ပြီးနောက် ယနေ့(ဇူလိုင်လ ၁၆ရက်)၊ နံနက်ပိုင်းတွင် တပ်မတော်ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
နောင်ချိုမြို့ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက်တွင် နောင်ချိုမြို့ သို့ တပ်မတော်စစ်ကြောင်းများ စတင်ဝင်ရောက်နိုင်ခဲ့ပြီး TNLAဘက်ကလည်း ၎င်းတို့အဖွဲ့ဝင်အနည်းငယ်၊ DPLAနှင့် PDFများက ခံစစ်ပြင် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သို့သော် တပ်မတော်၏ စစ်ကြောင်းများကြောင့် TNLAပူးပေါင်းအဖွဲ့က အထိနာခဲ့ကာ ယမန်နေ့ ဇူလိုင်လ ၁၅ရက်တွင် နောင်ချိုမြို့ တစ်ခြမ်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ(ဇူလိုင်လ ၁၆ရက်) နံနက်ပိုင်းတွင်လည်း မြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နောင်ချိုမြို့ကို သိမ်းပိုက်ထားသည့် တပ်မတော်စစ်ကြောင်း တပ်မ(၁၁) သည် မန္တလေး-လားရှိုးလမ်းအတိုင်း ပြင်ဦးလွင်ဘက်ရှိ TNLAထိန်းချုပ်နေရာများကို ဆက်လက်ထိုးစစ်ဆင်လျှက်ရှိပြီး ပြင်ဦးလွင်မှ စစ်ကြောင်းထိုးလာသော တပ်မတော်စစ်ကြောင်းနှင့် ထိစပ်နိုင်ရန် (၁)မိုင်ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသည်။
TNLAအနေဖြင့် တပ်မတော်စစ်ကြောင်းများကို မခံနိုင်၍ နောင်ချိုမြို့အနီး မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတားကို ဇူလိုင်လ ၁၄ရက်၊နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

Zawgyi Vwesion:
TNLAတို႔ တစ္ႏွစ္ေက်ာ္ထိန္းခ်ဳပ္ခဲ့ေသာ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္ျပန္လည္သိမ္းပိုက္ရရွိ
သန႔္ဇင္(NP News)-ဇူလိုင္ ၁၆
ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕ကို TNLAတို႔ တစ္ႏွစ္ေက်ာ္ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ ယေန႔(ဇူလိုင္လ ၁၆ရက္)၊ နံနက္ပိုင္းတြင္ တပ္မေတာ္ျပန္လည္ သိမ္းပိုက္ရရွိခဲ့ၿပီျဖစ္ေၾကာင္း စစ္ေရးသတင္းရင္းျမစ္မ်ားထံမွ သိရသည္။
ေနာင္ခ်ိဳၿမိဳ႕ျပန္လည္သိမ္းပိုက္ရရွိေရးအတြက္ တပ္မေတာ္ဘက္က ျပန္လည္ထိုးစစ္ဆင္ခဲ့ရာ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၁ရက္တြင္ ေနာင္ခ်ိဳၿမိဳ႕ သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား စတင္ဝင္ေရာက္ႏိုင္ခဲ့ၿပီး TNLAဘက္ကလည္း ၎တို႔အဖြဲ႕ဝင္အနည္းငယ္၊ DPLAႏွင့္ PDFမ်ားက ခံစစ္ျပင္ ျပန္လည္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ တပ္မေတာ္၏ စစ္ေၾကာင္းမ်ားေၾကာင့္ TNLAပူးေပါင္းအဖြဲ႕က အထိနာခဲ့ကာ ယမန္ေန႔ ဇူလိုင္လ ၁၅ရက္တြင္ ေနာင္ခ်ိဳၿမိဳ႕ တစ္ျခမ္းအား သိမ္းပိုက္ႏိုင္ခဲ့ၿပီး ယေန(ဇူလိုင္လ ၁၆ရက္) နံနက္ပိုင္းတြင္လည္း ၿမိဳ႕အား သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေနာင္ခ်ိဳၿမိဳ႕ကို သိမ္းပိုက္ထားသည့္ တပ္မေတာ္စစ္ေၾကာင္း တပ္မ(၁၁) သည္ မႏၲေလး-လားရႈိးလမ္းအတိုင္း ျပင္ဦးလြင္ဘက္ရွိ TNLAထိန္းခ်ဳပ္ေနရာမ်ားကို ဆက္လက္ထိုးစစ္ဆင္လွ်က္ရွိၿပီး ျပင္ဦးလြင္မွ စစ္ေၾကာင္းထိုးလာေသာ တပ္မေတာ္စစ္ေၾကာင္းႏွင့္ ထိစပ္ႏိုင္ရန္ (၁)မိုင္ခန႔္အကြာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိသည္။
TNLAအေနျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားကို မခံႏိုင္၍ ေနာင္ခ်ိဳၿမိဳ႕အနီး မႏၲေလး-လားရႈိးလမ္းေပၚရွိ ဂုတ္တြင္းတံတားကို ဇူလိုင္လ ၁၄ရက္၊နံနက္ပိုင္းက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

Picture

Tha Lwin

16/07/2025 16:14

ပလောင်သူပုန်အမြစ်ပြတ်ပါစေ

Related news

© 2021. All rights reserved.