(၂၀၃၀)ခုနှစ်မှာ ဥရောပမှာ စစ်ပွဲကြီးပေါ်ပေါက်လာလိမ့်မယ်လို့ ပြင်သစ်ခန့်မှန်း
404
Pika (NP News) - ဇူလိုင် ၁၇
လာမယ့်(၂၀၃၀)ခုနှစ်မှာ ဥရောပမှာ ကြီးမားတဲ့စစ်ပွဲတစ်ခုပေါ်ပေါက်လာလိမ့်မယ်လို့ ပြင်သစ်အစိုးရက ခန့်မှန်းပြောဆိုခဲ့ပါတယ်။ ဥရောပကို တိုက်ခိုက်ဖို့ အစီအစဉ်တွေမရှိဘူးလို့ ရုရှားဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့်လည်း အဲ့ဒီအစီရင်ခံစာထဲမှာ အီရန်၊ တရုတ်၊ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒ၊ ဆိုက်ဘာနဲ့ အဖွဲ့အစည်းဆိုင်ရာရာဇဝတ်မှုတွေနဲ့အတူ ရုရှားကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် အမည်တပ်ထားတယ်လို့လည်း သိရပါတယ်။
အစီရင်ခံစာထဲမှာ”လာမယ့်(၂၀၃၀)ခုနှစ်မှာ ဥရောပမှာ ပြင်းထန်တဲ့စစ်ပွဲကြီးဖြစ်ပွားလာနိုင်ခြေ မြင့်မားတဲ့ ခေတ်သစ်တစ်ခုကို ကျွန်တော်တို့ရောက်နေပါပြီ။ အဲဒီစစ်ပွဲကြီးအတွင်းမှာ ပြင်သစ်နဲ့၎င်းရဲ့ဥရောပမိတ်ဖက်နိုင်ငံတွေဟာ ပစ်မှတ်ထားခံရပါလိမ့်မယ်။”လို့ရေးသားထားပါတယ်။
ဒါ့ပြင် ရုရှားကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် အမည်တပ်ထားတဲ့အကြောင်းအရင်းတွေကို အစီရင်ခံစာထဲမှာ ထပ်မံရေးသားဖော်ပြထားတယ်လို့လည်း သိရပါတယ်။ အစီရင်ခံစာထဲမှာ”အထူးသဖြင့် ရုရှားနိုင်ငံဟာ ပြင်သစ်နဲ့၎င်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေနဲ့ ဥရောပတိုက်နဲ့ ယူရို-အတ္တလန်တိတ်ဒေသ တည်ငြိမ်ရေးတို့အတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။”လို့ရေးသားဖော်ပြထားပါတယ်။
zawgyi version
Pika (NP News) - ဇူလိုင် ၁၇