ယူကရိန်းက ရုရှားမြို့တော်ကို ပစ်မှတ်မထားသင့်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
 758
Pika (NP News) - ဇူလိုင် ၁၇
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မလုပ်ဆောင်သင့်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အစီအစဉ်တွေမရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ရုရှားမြို့တော် မော်စကိုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားမြို့တော်မော်စကိုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်သင့်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်က ” ယူကရိန်းဟာ ရုရှားမြို့တော်မော်စကိုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မလုပ်ဆောင်သင့်ပါဘူး ”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ဆန္ဒရှိသလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်းသိရပါတယ်။ ဒေါ်နယ်ထရမ့်က”ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အစီအစဉ်တွေမရှိပါဘူး။အဲ့ဒီအစီအစဉ်တွေကို ထည့်သွင်းစဉ်းစားတာမျိုုးတောင် မရှိပါဘူး ” လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
Pika (NP News) - ဇူလိုင် ၁၇
Related news
© 2021. All rights reserved.