ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦး ယာဉ်တိမ်းမှောက်ပြီး ဒူးရင်းသီး မျက်နှာပေါ် ပြုတ်ကျ ဒဏ်ရာရ

 261

ရောင်နီ (NP News) - ဇူလိုင် ၁၈
ထိုင်းနိုင်ငံမှာ ဆိုင်ကယ်နဲ့ပစ်ကပ်ထရပ်ကား တိုက်မိပြီး ဆိုင်ကယ်သမား မျက်နှာကို ဒူးရင်းသီး ထိမှန်ကာ ဒဏ်ရာရခဲ့တဲ့ ထူးခြားဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ထိုင်းမီဒီယာ Channel 7 ရဲ့ဖော်ပြချက်အရ အသက် ၄၈ နှစ်အရွယ် အမျိုးသားဟာ ဇူလိုင် ၁၅ ရက်က အရှေ့မြောက်ဘက် ဘူရီရန်ပြည်နယ်မှာ ဆိုင်ကယ်မောင်းနှင်နေချိန် ပစ်ကပ်ထရပ်ကားနောက်ဘက်ကို ဝင်တိုက်မိခဲ့ပါတယ်။ အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသားဟာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သူ့ရဲ့မျက်နှာကိုလည်း အရှိန်နဲ့လွင့်ပါလာတဲ့ ဒူးရင်းတစ်လုံးက ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ ဆမ်ချိုင်းလို့ သိကြတဲ့ ဆိုင်ကယ်မောင်းနှင်သူဟာ ဒီဖြစ်ရပ်ကြောင့် မျက်နှာမှာ ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်။ မြောင်ဘူရီရန် ရဲစခန်းက အဆိုပါနေ့ ညနေ ၅ နာရီခန့်က အကူအညီ တောင်းခံချက် ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ ရောက်ရှိလာချိန်မှာ မစ္စတာဆမ်ချိုင်းကို မျက်နှာမှာမြင်သာရှိတဲ့ ထိုးဖောက်ဒဏ်ရာတွေနဲ့ သစ်ပင်အောက် လဲကျနေတာ တွေ့ ရှိခဲ့ပါတယ်။ သူက ယာဉ်မတော်တဆမှု မဖြစ်ပွားမီက ဆိုင်ကယ်ကို အရှိန်တင်ခြင်း မရှိကြောင်းနဲ့ မျက်နှာပေါ် ဘယ်အရာ ပြုတ်ကျခဲ့လဲ သေချာမသိခဲ့ဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ထရပ်ကား နောက်ဘက်မှာ သွေးစွန်းထင်းနေတဲ့ ပလတ်စတစ်အိတ်တစ်လုံးနဲ့ ပတ်ထားတဲ့ ဒူးရင်းသီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒူးရင်းသီးပိုင်ရှင် ထရပ်ကားမောင်းသူက မြို့ကပြန်လာတဲ့လမ်းမှာ သူ့မိသားစုအတွက် အသီးအနှံဝယ်ဖို့ ရပ်လိုက်တဲ့အချိန် မတော်တဆဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ အမ်ိဳးသားတစ္ဦး ယာဥ္တိမ္းေမွာက္ၿပီး ဒူးရင္းသီး မ်က္ႏွာေပၚ ျပဳတ္က် ဒဏ္ရာရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၈
ထိုင္းႏိုင္ငံမွာ ဆိုင္ကယ္နဲ႔ပစ္ကပ္ထရပ္ကား တိုက္မိၿပီး ဆိုင္ကယ္သမား မ်က္ႏွာကို ဒူးရင္းသီး ထိမွန္ကာ ဒဏ္ရာရခဲ့တဲ့ ထူးျခားျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။
ထိုင္းမီဒီယာ Channel 7 ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၄၈ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဇူလိုင္ ၁၅ ရက္က အေရွ႕ေျမာက္ဘက္ ဘူရီရန္ျပည္နယ္မွာ ဆိုင္ကယ္ေမာင္းႏွင္ေနခ်ိန္ ပစ္ကပ္ထရပ္ကားေနာက္ဘက္ကို ဝင္တိုက္မိခဲ့ပါတယ္။ အဆိုပါယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသားဟာ ဆိုင္ကယ္ေပၚက ျပဳတ္က်ၿပီး သူ႔ရဲ႕မ်က္ႏွာကိုလည္း အရွိန္နဲ႔လြင့္ပါလာတဲ့ ဒူးရင္းတစ္လုံးက ထိမွန္ခဲ့တယ္လို႔ ဆိုပါတယ္။
မစၥတာ ဆမ္ခ်ိဳင္းလို႔ သိၾကတဲ့ ဆိုင္ကယ္ေမာင္းႏွင္သူဟာ ဒီျဖစ္ရပ္ေၾကာင့္ မ်က္ႏွာမွာ ဒဏ္ရာမ်ားစြာ ရရွိခဲ့ပါတယ္။ ေျမာင္ဘူရီရန္ ရဲစခန္းက အဆိုပါေန႔ ညေန ၅ နာရီခန႔္က အကူအညီ ေတာင္းခံခ်က္ ရရွိခဲ့ၿပီး အခင္းျဖစ္ပြားရာေနရာ ေရာက္ရွိလာခ်ိန္မွာ မစၥတာဆမ္ခ်ိဳင္းကို မ်က္ႏွာမွာျမင္သာရွိတဲ့ ထိုးေဖာက္ဒဏ္ရာေတြနဲ႔ သစ္ပင္ေအာက္ လဲက်ေနတာ ေတြ႕ ရွိခဲ့ပါတယ္။ သူက ယာဥ္မေတာ္တဆမႈ မျဖစ္ပြားမီက ဆိုင္ကယ္ကို အရွိန္တင္ျခင္း မရွိေၾကာင္းနဲ႔ မ်က္ႏွာေပၚ ဘယ္အရာ ျပဳတ္က်ခဲ့လဲ ေသခ်ာမသိခဲ့ဘူးလို႔ ဆိုပါတယ္။
ရဲတပ္ဖြဲ႕မွ ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ေတြက ပစ္ကပ္ထရပ္ကား ေနာက္ဘက္မွာ ေသြးစြန္းထင္းေနတဲ့ ပလတ္စတစ္အိတ္တစ္လုံးနဲ႔ ပတ္ထားတဲ့ ဒူးရင္းသီးကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
ဒူးရင္းသီးပိုင္ရွင္ ထရပ္ကားေမာင္းသူက ၿမိဳ႕ကျပန္လာတဲ့လမ္းမွာ သူ႔မိသားစုအတြက္ အသီးအႏွံဝယ္ဖို႔ ရပ္လိုက္တဲ့အခ်ိန္ မေတာ္တဆျဖစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.