ပြည်တွင်းလေကြောင်းလိုင်း နှင့် အဝေးပြေး ကားခနှုန်းထားများ သင့်တင့်မျှတစေရေး ပြည်သူများ အကြံပြု

 431

စော (NP News) - ဇူလိုင် ၁၈
ပြည်တွင်းလေကြောင်းလိုင်းနှင့် အဝေးပြေး ကားခနှုန်းထားများ သင့်တင့်မျှတစေရေးအတွက် ပြည်သူများ အကြံပြုနေကြောင်း မြန်မာနိုင်ငံပြည်တွင်း ခရီးသွားစစ်တမ်း (၂၀၂၄) ခုနှစ်၏ အချက် အလက်များအရ သိရသည်။
အဆိုပါ ခရီးသွားစစ်တမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၂) ခုရှိ မြို့ပေါင်း (၃၀)ရှိ ထွက် ပေါက် (၂၃)ခု၊ ခရီးသွားဆွဲဆောင်ရာနေရာ (၁၃၆)ခုတို့တွင်သာ နမူနာစစ်တမ်းကောက်ယူခဲ့ရာ စုစုပေါင်း (၇၁၇၉) စောင်ကောက်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းစစ်တမ်းတွင် ပြည်တွင်းခရီးသွား လာရခြင်းနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုအဆင့်များကို ဆန်းစစ်ရာတွင် စိတ်ကျေနပ်မှုမရှိသူမှာ ထက် ဝက်ကျော် (၅၃)ရာခိုင်နှုန်းခန့်ရှိပြီး စိတ်ကျေနပ်မှု ရှိသူမှာ (၂၁) ရာခိုင်နှုန်းရှိ၍ ကျန် (၂၂)ရာခိုင်နှုန်းမှာ သာမန်စိတ်ကျေနပ်မှုရှိသည်ကို လေ့လာ‌တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့ခရီးသွားဝန်ဆောင်မှုမြှင့် တင်နိုင်‌ရေး အကြံပြုချက်များအတွက်လည်း နမူနာ စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူဦးရေ (၁၆၄၈)ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အကြံပြုချက်များ တွင် ဖြေဆိုသူ (၄၁ ရာခိုင်နှုန်း)သည် အထူးသဖြင့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ် သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော လမ်းညွှန်ပြဆိုင်းဘုတ်များ၊ လမ်း ဘေး မီးသီးများကို ထိန်းသိမ်းပြင်ဆင်စေလိုခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များကို စံချိန်စံညွှန်းနှင့်အညီ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးစေလို သည်ကို အကြံပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဖြေဆိုသူ (၁၆ ရာခိုင်နှုန်း) သည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရန်လိုအပ်ကြောင်းနှင့် ကျန် (၁၂) ရာခိုင်နှုန်းမှာ မြို့တစ်မြို့နှင့်တစ်မြို့ကြား သွားလာမှု ခရီး စရိတ်များ လျှော့ချပေးရန်လိုအပ်ပြီး အထူးသဖြင့် ပြည်တွင်းလေကြောင်းလိုင်း ဈေးနှုန်းများနှင့် အဝေး ပြေးကားခများကို သင်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးကို အကြံပြုထားကြောင်း ထုတ်ပြန်ထား သည်။
“တာချီလိတ်နယ်စပ်ကနေ ဟိုဘက်ထိုင်းဘက်ကို ထွက်လို့ရလို့ အခုကအများအားဖြင့် လေဆိပ် ကနေတိုက်ရိုက်မသွားတော့ဘဲ။ အဲဒီဘက်က သွားလာကြတယ်ကွယ်။ အဲဒီလိုလမ်းကြောင်းတွေ ရှိနေ တာကိုသိလို့ လေယာဉ်ခတွေ စွတ်တက်နေတာလားတော့ မပြောတတ်ပေမယ့် အရင်ထက်စာရင် ဈေး က (၃ ၊ ၄) ဆလောက်ခုန်တက်သွားတာတော့အမှန်ပဲ။ သူတို့လို ခဏပဲအသွားပဲရှိတဲ့လူတွေအတွက်ကျ တော့ တစ်ခါရင်းဆိုပြီးသွားလို့ အဆင်ပြေပေမယ့် အဲဒီမှာနေပြီး ရန်ကုန်ကိုအသွားအပြန် လုပ်နေကြရ တဲ့လူတွေအတွက်ကျတော့ အဆင်မပြေတော့ဘူး။ တခြားနေရာတွေထက် ရန်ကုန်-တာချီလိတ်က ဈေး အကြီးဆုံးဖြစ်နေတယ်” ဟု လေကြောင်းလိုင်း အသုံးပြုသူတစ်ဦးက NP News ကိုပြောသည်။
အလားတူ ပြည်တွင်းခရီးသည်များ၏ (၁၀) ရာခိုင်နှုန်းခန့်သည် ခရီးသွားလာရာတွင် အန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ပေးရန်နှင့် အဝေးပြေးလမ်းအပါအဝင် တစ်မြို့မှတစ်မြို့သို့ သွား လာလည်ပတ်ရာတွင် ကန့်သတ်ချက်များ ဖြေလျှော့ ပေးရန်လည်း အကြံပြုထားကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။
ထို့ပြင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများ မြှင့်တင်ရန်နှင့် ဈေးနှုန်းလျှော့ချရန် အတွက် (၆) ရာခိုင်နှုန်းအသီးသီး အကြုံပြုခဲ့သည်ကို တွေ့ရှိရပြီး အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုများသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် တစ်ခုအပါအဝင်ဖြစ်ရာ စစ်တမ်းဖြေဆိုသူများ အနေ ဖြင့် ညဈေးများဖွင့်လှစ်စေလိုခြင်းနှင့် မြန်မာ့ရိုးရာ အစားအစာများ မြှင့်တင်ဆောင်ရွက်ပေးရန် အကြံပြု ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ျပည္တြင္းေလေၾကာင္းလိုင္း ႏွင့္ အေဝးေျပး ကားခႏႈန္းထားမ်ား သင့္တင့္မွ်တေစေရး ျပည္သူမ်ား အႀကံျပဳ
ေစာ (NP News) - ဇူလိုင္ ၁၈
ျပည္တြင္းေလေၾကာင္းလိုင္းႏွင့္ အေဝးေျပး ကားခႏႈန္းထားမ်ား သင့္တင့္မွ်တေစေရးအတြက္ ျပည္သူမ်ား အႀကံျပဳေနေၾကာင္း ျမန္မာႏိုင္ငံျပည္တြင္း ခရီးသြားစစ္တမ္း (၂၀၂၄) ခုႏွစ္၏ အခ်က္ အလက္မ်ားအရ သိရသည္။
အဆိုပါ ခရီးသြားစစ္တမ္းကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး (၁၂) ခုရွိ ၿမိဳ႕ေပါင္း (၃၀)ရွိ ထြက္ ေပါက္ (၂၃)ခု၊ ခရီးသြားဆြဲေဆာင္ရာေနရာ (၁၃၆)ခုတို႔တြင္သာ နမူနာစစ္တမ္းေကာက္ယူခဲ့ရာ စုစုေပါင္း (၇၁၇၉) ေစာင္ေကာက္ယူႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းစစ္တမ္းတြင္ ျပည္တြင္းခရီးသြား လာရျခင္းႏွင့္ပတ္သက္၍ စိတ္ေက်နပ္မႈအဆင့္မ်ားကို ဆန္းစစ္ရာတြင္ စိတ္ေက်နပ္မႈမရွိသူမွာ ထက္ ဝက္ေက်ာ္ (၅၃)ရာခိုင္ႏႈန္းခန႔္ရွိၿပီး စိတ္ေက်နပ္မႈ ရွိသူမွာ (၂၁) ရာခိုင္ႏႈန္းရွိ၍ က်န္ (၂၂)ရာခိုင္ႏႈန္းမွာ သာမန္စိတ္ေက်နပ္မႈရွိသည္ကို ေလ့လာ‌ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျမန္မာ့ခရီးသြားဝန္ေဆာင္မႈျမႇင့္ တင္ႏိုင္‌ေရး အႀကံျပဳခ်က္မ်ားအတြက္လည္း နမူနာ စစ္တမ္းေကာက္ယူခဲ့ရာ ေျဖဆိုသူဦးေရ (၁၆၄၈)ဦး ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ အႀကံျပဳခ်က္မ်ား တြင္ ေျဖဆိုသူ (၄၁ ရာခိုင္ႏႈန္း)သည္ အထူးသျဖင့္ အေျခခံ အေဆာက္အအုံပိုင္းဆိုင္ရာ ကိစၥရပ္မ်ားျဖစ္ သည့္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းျဖစ္ေသာ လမ္းၫႊန္ျပဆိုင္းဘုတ္မ်ား၊ လမ္း ေဘး မီးသီးမ်ားကို ထိန္းသိမ္းျပင္ဆင္ေစလိုျခင္း၊ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားကို စံခ်ိန္စံၫႊန္းႏွင့္အညီ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေစလို သည္ကို အႀကံျပဳထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ေျဖဆိုသူ (၁၆ ရာခိုင္ႏႈန္း) သည္ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ား တိုးတက္ရန္လိုအပ္ေၾကာင္းႏွင့္ က်န္ (၁၂) ရာခိုင္ႏႈန္းမွာ ၿမိဳ႕တစ္ၿမိဳ႕ႏွင့္တစ္ၿမိဳ႕ၾကား သြားလာမႈ ခရီး စရိတ္မ်ား ေလွ်ာ့ခ်ေပးရန္လိုအပ္ၿပီး အထူးသျဖင့္ ျပည္တြင္းေလေၾကာင္းလိုင္း ေဈးႏႈန္းမ်ားႏွင့္ အေဝး ေျပးကားခမ်ားကို သင္တင့္မွ်တသည့္ ေဈးႏႈန္းမ်ားျဖစ္ေစေရးကို အႀကံျပဳထားေၾကာင္း ထုတ္ျပန္ထား သည္။
“တာခ်ီလိတ္နယ္စပ္ကေန ဟိုဘက္ထိုင္းဘက္ကို ထြက္လို႔ရလို႔ အခုကအမ်ားအားျဖင့္ ေလဆိပ္ ကေနတိုက္႐ိုက္မသြားေတာ့ဘဲ။ အဲဒီဘက္က သြားလာၾကတယ္ကြယ္။ အဲဒီလိုလမ္းေၾကာင္းေတြ ရွိေန တာကိုသိလို႔ ေလယာဥ္ခေတြ စြတ္တက္ေနတာလားေတာ့ မေျပာတတ္ေပမယ့္ အရင္ထက္စာရင္ ေဈး က (၃ ၊ ၄) ဆေလာက္ခုန္တက္သြားတာေတာ့အမွန္ပဲ။ သူတို႔လို ခဏပဲအသြားပဲရွိတဲ့လူေတြအတြက္က် ေတာ့ တစ္ခါရင္းဆိုၿပီးသြားလို႔ အဆင္ေျပေပမယ့္ အဲဒီမွာေနၿပီး ရန္ကုန္ကိုအသြားအျပန္ လုပ္ေနၾကရ တဲ့လူေတြအတြက္က်ေတာ့ အဆင္မေျပေတာ့ဘူး။ တျခားေနရာေတြထက္ ရန္ကုန္-တာခ်ီလိတ္က ေဈး အႀကီးဆုံးျဖစ္ေနတယ္” ဟု ေလေၾကာင္းလိုင္း အသုံးျပဳသူတစ္ဦးက NP News ကိုေျပာသည္။
အလားတူ ျပည္တြင္းခရီးသည္မ်ား၏ (၁၀) ရာခိုင္ႏႈန္းခန႔္သည္ ခရီးသြားလာရာတြင္ အႏၲရာယ္ ကင္းရွင္းေစေရး ေဆာင္႐ြက္ေပးရန္ႏွင့္ အေဝးေျပးလမ္းအပါအဝင္ တစ္ၿမိဳ႕မွတစ္ၿမိဳ႕သို႔ သြား လာလည္ပတ္ရာတြင္ ကန႔္သတ္ခ်က္မ်ား ေျဖေလွ်ာ့ ေပးရန္လည္း အႀကံျပဳထားေၾကာင္း အဆိုပါ စစ္တမ္းအရ သိရသည္။
ထို႔ျပင္ခရီးသြားလုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈက႑မ်ား ျမႇင့္တင္ရန္ႏွင့္ ေဈးႏႈန္းေလွ်ာ့ခ်ရန္ အတြက္ (၆) ရာခိုင္ႏႈန္းအသီးသီး အႀကဳံျပဳခဲ့သည္ကို ေတြ႕ရွိရၿပီး အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ ဝန္ေဆာင္မႈမ်ားသည္ ခရီးသြားလုပ္ငန္းက႑တြင္ တစ္ခုအပါအဝင္ျဖစ္ရာ စစ္တမ္းေျဖဆိုသူမ်ား အေန ျဖင့္ ညေဈးမ်ားဖြင့္လွစ္ေစလိုျခင္းႏွင့္ ျမန္မာ့႐ိုးရာ အစားအစာမ်ား ျမႇင့္တင္ေဆာင္႐ြက္ေပးရန္ အႀကံျပဳ ခဲ့ၾကေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.