တောင်သာမြို့နယ်က ကျေးရွာအချို့တွင် PDF အဖွဲ့ က ငွေကြေးအဆမတန်ကောက်ခံမှုများပိုမိုလုပ်ဆောင်လာ

359

Pearl (NP News) - ဇူလိုင် ၁၉
တောင်သာမြို့နယ်က ကျေးရွာအချို့တွင် PDF အဖွဲ့က ငွေကြေးအဆမတန်ကောက်ခံမှုများ ပိုမိုလုပ်ဆောင် လာကြောင်း တောင်သာဒေသခံများက NP News ဆက်သွယ်ပြောဆိုလာသည့်အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ PDF အဖွဲ့ ကြီးစိုးနေသည့် ကျေးရွာအချို့၌ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မိသားစုဝင်ရှိသည့် အိမ်များမှ အတင်းအဓ္ဓမငွေကြေးကောက်ခံမှု များ လုပ်ဆောင်နေကြောင်း သိရသည်။
“စင်္ကာပူ၊ ကိုးရီးယား ရောက်နေတဲ့လူရှိတဲ့အိမ်တွေမှာ (၁၀)သိန်းဆီတောင်လို့ပေးနေရပါတယ်။ ကျောင်ဆရာ၊ ကျောင်းဆရာမတွေဆီကလည်း တစ်ယောက် (၁)သိန်းစီ တောင်လို့ပေးနေရပါတယ်။ ကျေးရွာပေါင်းမျာစွာ ကလည်း PDF တွေက မီတာကောက်ခံတဲ့ စာရွက်နဲ့ မီတာခ လာရောက်ကောက်ခံနေပါတယ်။ မပေးရင်သေနတ်နဲ့ ပစ်သတ်မယ် ပြောပါတယ်။ မြို့နယ်လျှပ်စစ်ကလူတွေ သိတာလား၊ မသိတာလားတော့ မပြောတတ်ဘူး။ မီတာစာရွက်တွေက သူတို့လက်ထဲ ဘယ်လိုရောက်လဲ မသိဘူး။ မီးကတော့ လာတယ်။ မီးမမှန်ဘူး။ ပြည်သူတွေက ဘယ်သူ့ကြောက်ရမှန်း ကိုမသိတော့ဘူး” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် တောင်သာမြို့နယ်ရှိ ကျေးရွာအချို့ရှိ စာသင်ကျောင်းအချို့ကို နေ့တစ်ပိုင်းသာ ဖွင့်ခိုင်းထားပြီး ကျောင်းဆရာ၊ ဆရာမများထံမှ တစ်ဦးလျှင် (၁)သိန်းကျပ်စီ ကောက်ခံနေခြင်းကြေင်းလည်း သိရသည်။
“အစက စာသင်ကျောင်းတွေမဖွင့်ရဲဘူး။နှစ်ပါက်လောက်ရှိပြီ ပြန်ဖွင့်တာ ။ မနက်ပိုင်တော့ဖွင်လို့ရပါတယ်။ PDFတွေက ဖွင့်ခိုင်းထားပါတယ်။ ဆရာ၊ ဆရာမတွေလည်း CDM မဟုတ်ဘူး။ သူတို့ကို ကြောက်လို့ ပိုက်ဆံပေးရတာပါ။ တချို့ကျောင်းဆရာကတော့ သေနတ်ကိုင်ပြီး မီတာခကောက်နေတာ။ CDM လည်း မလုပ်ဘူး။ စာလည်း မသင်ဘူး။ လစာလိမ်ထုတ်နေတာပါ” ဟု အထက်ပါ ဒေသခံက ပြောသည်။
တောင်သာ- ကျောက်ပန်းတောင်ကားလမ်းတွင်လည်း PDF များက ကြီးစိုးနေပြီး မိုင်းထောင်ထားမှုများကြောင့် ဒေသခံများ သွားလာရေး အဆင်မပြေကြောင်းလည်း သိရသည်။
“မြင်းခြံတောင်သာလမ်းကခုချိန်ထိသွားမရပါ။ တောင်သာ- ကျောက်ပန်းတောင်ပေါ်မှာလည်း PDF တွေ အများကြီး။ မြို့ပက်ပက်လယ်မှာ PDF တွေ နေတာ။ ခုချိန်ထိမရှင်းပေးပါဘူး။ လမ်းတွေမှာလည်း မိုင်းတွေထောင် ထားတာအများကြီး ဘယ်ညာတွေမှာ။ မြို့ပေါ်လည်း မသွားရဲဘူး။ အမြန်ဆုံးရှင်းပေးရင်ကောင်းပါတယ်။ ပြည်သူတွေဒုက္ခရောက်နေလို့ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေတာင္သာၿမိဳ႕နယ္က ေက်း႐ြာအခ်ိဳ႕တြင္ PDFအဖြဲ႕ က ေငြေၾကးအဆမတန္ေကာက္ခံမႈမ်ားပိုမိုလုပ္ေဆာင္လာ
Pearl (NP News) - ဇူလိုင္ ၁၉
ေတာင္သာၿမိဳ႕နယ္က ေက်း႐ြာအခ်ိဳ႕တြင္ PDF အဖြဲ႕က ေငြေၾကးအဆမတန္ေကာက္ခံမႈမ်ား ပိုမိုလုပ္ေဆာင္ လာေၾကာင္း ေတာင္သာေဒသခံမ်ားက NP News ဆက္သြယ္ေျပာဆိုလာသည့္အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္ရွိ PDF အဖြဲ႕ ႀကီးစိုးေနသည့္ ေက်း႐ြာအခ်ိဳ႕၌ ျပည္ပတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနေသာ မိသားစုဝင္ရွိသည့္ အိမ္မ်ားမွ အတင္းအဓၶမေငြေၾကးေကာက္ခံမႈ မ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“စကၤာပူ၊ ကိုးရီးယား ေရာက္ေနတဲ့လူရွိတဲ့အိမ္ေတြမွာ (၁၀)သိန္းဆီေတာင္လို႔ေပးေနရပါတယ္။ ေက်ာင္ဆရာ၊ ေက်ာင္းဆရာမေတြဆီကလည္း တစ္ေယာက္ (၁)သိန္းစီ ေတာင္လို႔ေပးေနရပါတယ္။ ေက်း႐ြာေပါင္းမ်ာစြာ ကလည္း PDF ေတြက မီတာေကာက္ခံတဲ့ စာ႐ြက္နဲ႔ မီတာခ လာေရာက္ေကာက္ခံေနပါတယ္။ မေပးရင္ေသနတ္နဲ႔ ပစ္သတ္မယ္ ေျပာပါတယ္။ ၿမိဳ႕နယ္လွ်ပ္စစ္ကလူေတြ သိတာလား၊ မသိတာလားေတာ့ မေျပာတတ္ဘူး။ မီတာစာ႐ြက္ေတြက သူတို႔လက္ထဲ ဘယ္လိုေရာက္လဲ မသိဘူး။ မီးကေတာ့ လာတယ္။ မီးမမွန္ဘူး။ ျပည္သူေတြက ဘယ္သူ႔ေၾကာက္ရမွန္း ကိုမသိေတာ့ဘူး” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ေတာင္သာၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕ရွိ စာသင္ေက်ာင္းအခ်ိဳ႕ကို ေန႔တစ္ပိုင္းသာ ဖြင့္ခိုင္းထားၿပီး ေက်ာင္းဆရာ၊ ဆရာမမ်ားထံမွ တစ္ဦးလွ်င္ (၁)သိန္းက်ပ္စီ ေကာက္ခံေနျခင္းေၾကင္းလည္း သိရသည္။
“အစက စာသင္ေက်ာင္းေတြမဖြင့္ရဲဘူး။ႏွစ္ပါက္ေလာက္ရွိၿပီ ျပန္ဖြင့္တာ ။ မနက္ပိုင္ေတာ့ဖြင္လို႔ရပါတယ္။ PDFေတြက ဖြင့္ခိုင္းထားပါတယ္။ ဆရာ၊ ဆရာမေတြလည္း CDM မဟုတ္ဘူး။ သူတို႔ကို ေၾကာက္လို႔ ပိုက္ဆံေပးရတာပါ။ တခ်ိဳ႕ေက်ာင္းဆရာကေတာ့ ေသနတ္ကိုင္ၿပီး မီတာခေကာက္ေနတာ။ CDM လည္း မလုပ္ဘူး။ စာလည္း မသင္ဘူး။ လစာလိမ္ထုတ္ေနတာပါ” ဟု အထက္ပါ ေဒသခံက ေျပာသည္။
ေတာင္သာ- ေက်ာက္ပန္းေတာင္ကားလမ္းတြင္လည္း PDF မ်ားက ႀကီးစိုးေနၿပီး မိုင္းေထာင္ထားမႈမ်ားေၾကာင့္ ေဒသခံမ်ား သြားလာေရး အဆင္မေျပေၾကာင္းလည္း သိရသည္။
“ျမင္းၿခံေတာင္သာလမ္းကခုခ်ိန္ထိသြားမရပါ။ ေတာင္သာ- ေက်ာက္ပန္းေတာင္ေပၚမွာလည္း PDF ေတြ အမ်ားႀကီး။ ၿမိဳ႕ပက္ပက္လယ္မွာ PDF ေတြ ေနတာ။ ခုခ်ိန္ထိမရွင္းေပးပါဘူး။ လမ္းေတြမွာလည္း မိုင္းေတြေထာင္ ထားတာအမ်ားႀကီး ဘယ္ညာေတြမွာ။ ၿမိဳ႕ေပၚလည္း မသြားရဲဘူး။ အျမန္ဆုံးရွင္းေပးရင္ေကာင္းပါတယ္။ ျပည္သူေတြဒုကၡေရာက္ေနလို႔ပါ” ဟု ၎က ဆက္လက္ေျပာသည္။