နောင်ချိုကို တပ်မတော်က ပြန်ရပြီးနောက် PDF များကို TNLA ခေါင်းဆောင် တာဘုန်းကျော် အပြစ်တင်

5974

သုတကျော် (NP News) - ဇူလိုင် ၁၉
နောင်ချိုကို တပ်မတော်က ပြန်ရကာ TNLA နှင့် ပူးပေါင်း အဖွဲ့များ ဆုတ်ခွာ ထွက်ပြေးရပြီးနောက် PDF များကို TNLA ခေါင်းဆောင် တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အပြစ်တင် ရေးသားခဲ့ကြောင်း တွေ့မြင်ရသည်။
စစ်ဆင်ရေးကာလ ၁၁ လ အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး အကြိမ် ၂၀၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၁၆ ရက်တွင် တပ်မတော်က နောင်ချိုမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့တိုက်ပွဲတွင် TNLA တို့သည် တိုက်စစ်မှ ခံစစ်အသွင်း ကူးပြောင်းသွားခဲ့ရသည့်အပြင် TNLA တို့ က PDF များကို ရှေ့တန်းတင်ကာ အသေခံတိုက်ခိုက်ခိုင်းခဲ့ သောကြောင့် မကျေနပ်မှုများဖြစ်ပွားခဲ့သည်။
ယင်းနောက် မြို့ကို လက်လွှတ်ရပြီး ရက်ပိုင်အကြာတွင် တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အထက်ပါ အတိုင်း ပို့စ်တင်ခဲ့ခြင်းဖြစ်ကာ မကြာမီ ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။
တော်လှန်ရေး အစစ်အမှန်သာလုပ်ခဲ့လျှင် နောင်ချိုမြို့ ကျစရာ အကြောင်းမရှိကြောင်း နှင့် PDF များသည် စစ်တိုက်ခြင်းကို အပျော်တမ်း လုပ်နေသည်ဟု ၎င်းက ပြောခဲ့ပြီး ၎င်းတို့ နှင့် လက်တွဲခဲ့သည့် MDY – PDF ခေါင်းဆောင်ထဲတွင် ဒလန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
“ဒါတော်လှန်ရေးကိုသစ္စာဖောက်တာလား TNLA ကိုသစ္စာဖောက်တားလား သေချာတော့ မသဲကွဲသေးပါဘူး သေချာအောင်တော့ စီစစ်နေတုန်းပဲ။ ကျောက်မဲ သီပေါ ပါ ထပ်မကျအောင် ဒီမန်းPDFခေါင်းကြီးကို သေချာစွာ ကိုင်သွယ်သင့်ပါပြီ ပေါ့ပေါ့နေလို့မရတော့ကြောင်း” ဟုလည်း ရေးသားထားသည်။

Zawgyi Version:
ေနာင္ခ်ိဳကို တပ္မေတာ္က ျပန္ရၿပီးေနာက္ PDF မ်ားကို TNLA ေခါင္းေဆာင္ တာဘုန္းေက်ာ္ အျပစ္တင္
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၉
ေနာင္ခ်ိဳကို တပ္မေတာ္က ျပန္ရကာ TNLA ႏွင့္ ပူးေပါင္း အဖြဲ႕မ်ား ဆုတ္ခြာ ထြက္ေျပးရၿပီးေနာက္ PDF မ်ားကို TNLA ေခါင္းေဆာင္ တာဘုန္းေက်ာ္က ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ အျပစ္တင္ ေရးသားခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
စစ္ဆင္ေရးကာလ ၁၁ လ အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး အႀကိမ္ ၂၀၊ ထိေတြ႕မႈေပါင္း ၅၆၆ ႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ ဇူလိုင္လ ၁၆ ရက္တြင္ တပ္မေတာ္က ေနာင္ခ်ိဳၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ယင္းၿမိဳ႕တိုက္ပြဲတြင္ TNLA တို႔သည္ တိုက္စစ္မွ ခံစစ္အသြင္း ကူးေျပာင္းသြားခဲ့ရသည့္အျပင္ TNLA တို႔ က PDF မ်ားကို ေရွ႕တန္းတင္ကာ အေသခံတိုက္ခိုက္ခိုင္းခဲ့ ေသာေၾကာင့္ မေက်နပ္မႈမ်ားျဖစ္ပြားခဲ့သည္။
ယင္းေနာက္ ၿမိဳ႕ကို လက္လႊတ္ရၿပီး ရက္ပိုင္အၾကာတြင္ တာဘုန္းေက်ာ္က ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ အထက္ပါ အတိုင္း ပို႔စ္တင္ခဲ့ျခင္းျဖစ္ကာ မၾကာမီ ျပန္ဖ်က္သြားခဲ့ေၾကာင္း သိရသည္။
ေတာ္လွန္ေရး အစစ္အမွန္သာလုပ္ခဲ့လွ်င္ ေနာင္ခ်ိဳၿမိဳ႕ က်စရာ အေၾကာင္းမရွိေၾကာင္း ႏွင့္ PDF မ်ားသည္ စစ္တိုက္ျခင္းကို အေပ်ာ္တမ္း လုပ္ေနသည္ဟု ၎က ေျပာခဲ့ၿပီး ၎တို႔ ႏွင့္ လက္တြဲခဲ့သည့္ MDY – PDF ေခါင္းေဆာင္ထဲတြင္ ဒလန္ရွိသည္ဟုလည္း ၎က ဆိုသည္။
“ဒါေတာ္လွန္ေရးကိုသစၥာေဖာက္တာလား TNLA ကိုသစၥာေဖာက္တားလား ေသခ်ာေတာ့ မသဲကြဲေသးပါဘူး ေသခ်ာေအာင္ေတာ့ စီစစ္ေနတုန္းပဲ။ ေက်ာက္မဲ သီေပါ ပါ ထပ္မက်ေအာင္ ဒီမန္းPDFေခါင္းႀကီးကို ေသခ်ာစြာ ကိုင္သြယ္သင့္ပါၿပီ ေပါ့ေပါ့ေနလို႔မရေတာ့ေၾကာင္း” ဟုလည္း ေရးသားထားသည္။