ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် KNLA၊ PDF တို့က မိုင်းထောင်

 439

ပီယ (NP News) – ဇူလိုင် ၁၉

ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် KNLA၊ PDF တို့က မိုင်းထောင်ထားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှား ရှင်းလင်းခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNLA၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ် စေရန်၊လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှု များအခက်အခဲဖြစ်ပေါ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသောလမ်း၊ တံတားများအားမိုင်းထောင် ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းစသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ (၁၈) ရက် နံနက် ပိုင်းတွင် ဘီးလင်းမြို့၏အနောက်မြောက် ဘက် မီတာ ၇၃၀၀ ခန့်အကွာ အလူးလေး ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီး၊ မိုင် (၁၂၀) (၆) ဖာလုံ ကြား နှင့် (၇) ဖာလုံကြား၊ လမ်း၏ ညာဘက်ခြမ်း ချုံပုတ်အတွင်း၌ KNLA၊ PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က ထောင်ထားသည့် ဒေသန္တရ လက်လုပ် မိုင်း ၇ လုံးနှင့် ရှေ့ထွက်မိုင်း ၂ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများ ပြည်သူ များ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့်ယခုကဲ့သို့ ပြည်သူများထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ KNLA၊ PDF တို႔က မိုင္းေထာင္
ပီယ (NP News) – ဇူလိုင္ ၁၉
ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ KNLA၊ PDF တို႔က မိုင္းေထာင္ထားသည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖယ္ရွား ရွင္းလင္းခဲ့ရေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
KNLA၊ PDF အမည္ခံအၾကမ္းဖက္သမားမ်ားအေနျဖင့္ အမ်ားျပည္သူမ်ား အထိတ္တလန႔္ျဖစ္ ေစရန္၊လမ္းပန္း ဆက္သြယ္မႈျပတ္ေတာက္ေစရန္ႏွင့္ ကုန္စည္စီးဆင္းမႈ မ်ားအခက္အခဲျဖစ္ေပၚေစရန္ စသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ အမ်ားျပည္သူသြားလာအသုံးျပဳလ်က္ရွိေသာလမ္း၊ တံတားမ်ားအားမိုင္းေထာင္ ေဖာက္ခြဲျခင္း၊ အၾကမ္းဖက္တိုက္ခိုက္ျခင္းစသည္မ်ားကို ဆင္ျခင္တုံတရားကင္းမဲ့စြာ လုပ္ေဆာင္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ထိုသို႔လုပ္ေဆာင္လ်က္ရွိရာ ဇူလိုင္လ (၁၈) ရက္ နံနက္ ပိုင္းတြင္ ဘီးလင္းၿမိဳ႕၏အေနာက္ေျမာက္ ဘက္ မီတာ ၇၃၀၀ ခန႔္အကြာ အလူးေလး ေက်း႐ြာအနီး ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုကားလမ္းမႀကီး၊ မိုင္ (၁၂၀) (၆) ဖာလုံ ၾကား ႏွင့္ (၇) ဖာလုံၾကား၊ လမ္း၏ ညာဘက္ျခမ္း ခ်ဳံပုတ္အတြင္း၌ KNLA၊ PDF အမည္ခံအၾကမ္းဖက္ပူးေပါင္းအဖြဲ႕က ေထာင္ထားသည့္ ေဒသႏၲရ လက္လုပ္ မိုင္း ၇ လုံးႏွင့္ ေရွ႕ထြက္မိုင္း ၂ လုံးတို႔ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြေတြ႕ရွိခဲ့သျဖင့္ အမ်ား ျပည္သူ မ်ား ေဘးအႏၲရာယ္မျဖစ္ေပၚေစေရး အတြက္ စနစ္တက်ဖယ္ရွားရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ား အေနျဖင့္ယခုကဲ့သို႔ ျပည္သူမ်ားထိခိုက္ပ်က္စီးဒဏ္ရာရရွိေစရန္ မိုင္းေထာင္ျခင္း၊ မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ားကို မၾကာခဏ လုပ္ေဆာင္လ်က္ရွိရာ ထိုကဲ့သို႔ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ေနမႈအေပၚ ျပည္သူမ်ားအေနျဖင့္ လုံးဝလက္ခံႏိုင္ျခင္း မရွိဘဲ ကန႔္ကြက္ရႈတ္ခ်လ်က္ရွိေၾကာင္းႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္း၍ တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.