မတော်တမှုဖြစ်စဉ်ကြောင့် မီးလောင်ခဲ့ရသော ဆီဆိုင်ပိုင်ရှင်ကို KIA က ကျပ်သိန်း ၁ဝဝဝ အထိ ဒဏ်ငွေရိုက်

567

သက်ပိုင် (NP News) - ဇူလိုင် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက မတော်တဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရသော ဆီဆိုင်ပိုင်ရှင်ကို KIA က ငွေကျပ်သိန်း (၁၀၀၀) အထိ ဒဏ်ငွေပေးဆောင်ရန် တောင်းခံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၃) အနီးရှိ ခိုင်ကြည်ဇင် စက်သုံးဆီ အရောင်းဆိုင်တွင် မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းဆီဆိုင်ရှိ ဆီသိုလှောင်ရာ နေရာပါ မီးလောင်ခဲ့သည့်အတွက် မီးများကာ အနီးအနားရှိ နေအိမ်သုံးအိမ်ပါ မီးလောင်ကျွမ်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“အဲဒီ မီးလောင်တာမှာပါသွားတဲ့ ဆီတွေနဲ့ ဆိုင်ရဲ့ တန်ဖိုးသက်သက် သိန်း (၈၀၀၀)လောက်ရှိတယ်။ ဒါကို KIA က ဘေးနားကအိမ်တွေအတွက် နစ်နာကြေး (၃၇၃၆)သိန်း နဲ့ ဒဏ်ကြေး သိန်း (၁၀၀၀) တောင်းတယ်လို့ သိရတယ်။ လျော်ကြေးပေးရတာလည်း များနေသလို မီးလောင်တုန်းကကျတော့ သူတို့ကိုယ်တိုင် မီးလာသတ် မပေးဘဲနဲ့ ဒဏ်ကြေးကို သိန်းတစ်ထောင်အထိ မျက်နှာပြောင်တိုက် တောင်းတာကတော့ လွန်တာပေါ့။ ဆီဆိုင်ပိုင်ရှင်တွေ ကတော့ တော်တော် ဘေးကြပ်နံကြပ်ဖြစ်နေကြတယ်” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးကဆိုသည်။
အဆိုပါမီးလောင်မှုကို ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ စုပေါင်းကာ နာရီဝက်ကျော်ကြာငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
KIA အနေဖြင့် ဖားကန့်ဒေသအား ထိန်းချုပ်ချိန်မှစ၍ အခွန်၊ထောက်ပံ့ငွေများ မပေးမနေရ ကောက်ခံခြင်း၊ ကျောက်တူးဖော်သူများထံမှ ငွေကြေးအမြေက်အများ တောင်းခံခြင်းတို့အပြင် ရေမဆေးကျောက် ရှာဖွေသူများပါ မချန် ရရှိလာသည့်ကျောက်ရောင်းရငွေမှ ရာခိုင်နှုန်းအလိုက် တောင်းယူမှုများကိုလုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် မြို့နယ်မှူး ဒဘန်လတောင် ဆိုသူက ဆက်လက် ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

Zawgyi Version:
မေတာ္တမႈျဖစ္စဥ္ေၾကာင့္ မီးေလာင္ခဲ့ရေသာ ဆီဆိုင္ပိုင္ရွင္ကို KIA က က်ပ္သိန္း ၁ဝဝဝ အထိ ဒဏ္ေငြ႐ိုက္
သက္ပိုင္ (NP News) - ဇူလိုင္ ၁၉
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာက မေတာ္တဆမႈေၾကာင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရေသာ ဆီဆိုင္ပိုင္ရွင္ကို KIA က ေငြက်ပ္သိန္း (၁၀၀၀) အထိ ဒဏ္ေငြေပးေဆာင္ရန္ ေတာင္းခံခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၃၀ ရက္က ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာ၊ ရပ္ကြက္(၃) အနီးရွိ ခိုင္ၾကည္ဇင္ စက္သုံးဆီ အေရာင္းဆိုင္တြင္ မေတာ္တဆ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ယင္းဆီဆိုင္ရွိ ဆီသိုေလွာင္ရာ ေနရာပါ မီးေလာင္ခဲ့သည့္အတြက္ မီးမ်ားကာ အနီးအနားရွိ ေနအိမ္သုံးအိမ္ပါ မီးေလာင္ကြၽမ္းခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အဲဒီ မီးေလာင္တာမွာပါသြားတဲ့ ဆီေတြနဲ႔ ဆိုင္ရဲ႕ တန္ဖိုးသက္သက္ သိန္း (၈၀၀၀)ေလာက္ရွိတယ္။ ဒါကို KIA က ေဘးနားကအိမ္ေတြအတြက္ နစ္နာေၾကး (၃၇၃၆)သိန္း နဲ႔ ဒဏ္ေၾကး သိန္း (၁၀၀၀) ေတာင္းတယ္လို႔ သိရတယ္။ ေလ်ာ္ေၾကးေပးရတာလည္း မ်ားေနသလို မီးေလာင္တုန္းကက်ေတာ့ သူတို႔ကိုယ္တိုင္ မီးလာသတ္ မေပးဘဲနဲ႔ ဒဏ္ေၾကးကို သိန္းတစ္ေထာင္အထိ မ်က္ႏွာေျပာင္တိုက္ ေတာင္းတာကေတာ့ လြန္တာေပါ့။ ဆီဆိုင္ပိုင္ရွင္ေတြ ကေတာ့ ေတာ္ေတာ္ ေဘးၾကပ္နံၾကပ္ျဖစ္ေနၾကတယ္” ဟု မိသားစုႏွင့္ နီးစပ္သူ တစ္ဦးကဆိုသည္။
အဆိုပါမီးေလာင္မႈကို ရပ္ကြက္ေနျပည္သူမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈကူညီေရးအသင္းမ်ား စုေပါင္းကာ နာရီဝက္ေက်ာ္ၾကာၿငိမ္းသတ္ခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
KIA အေနျဖင့္ ဖားကန႔္ေဒသအား ထိန္းခ်ဳပ္ခ်ိန္မွစ၍ အခြန္၊ေထာက္ပံ့ေငြမ်ား မေပးမေနရ ေကာက္ခံျခင္း၊ ေက်ာက္တူးေဖာ္သူမ်ားထံမွ ေငြေၾကးအေျမက္အမ်ား ေတာင္းခံျခင္းတို႔အျပင္ ေရမေဆးေက်ာက္ ရွာေဖြသူမ်ားပါ မခ်န္ ရရွိလာသည့္ေက်ာက္ေရာင္းရေငြမွ ရာခိုင္ႏႈန္းအလိုက္ ေတာင္းယူမႈမ်ားကိုလုပ္ေဆာင္ခဲ့ၿပီး လက္ရွိတြင္ ၿမိဳ႕နယ္မႉး ဒဘန္လေတာင္ ဆိုသူက ဆက္လက္ ေကာက္ခံလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။