နေပြည်တော်တွင် ဆိုင်ကယ်နှင့် တွဲကားတိုက်မိ၍ ကလေးငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

466

သန့်ဇင်( NP News )- ဇူလိုင် ၂၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် ပလုံကောက်သောဆိုင်ကယ်နှင့် တွဲကားတိုက်မိ၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၉ရက်)၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ဇေယျာသီရိမြို့နယ် ဗောဓိမြိုင်ကျေးရွာအရှေ့ဘက် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တာပဲသိရတယ်။ ဖြစ်စဉ်အကျည်းကတော့ အတိအကျတော့မသိဘူး။ တွဲကားနဲ့ ပလုံကောက်တဲ့ ဆိုင်ကယ်တိုက်မိတာ။ ဆိုင်ကယ်ကို ကားကကြိတ်မိသွားတဲ့ သဘောပါ”ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်ကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ (၃)ဦးအနက် အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၄၅) နှစ်ဝန်းကျင်အရွယ် အမျိုးသာတစ်ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက်(၁၂)နှစ် အရွယ် ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကလေးက (၁၂) နှစ်နဲ့ (၇) နှစ်ပဲ။ ပွဲချင်းပြီဆုံးတာက (၇)နှစ်အရွယ်နဲ့ လူကြီးက ပွဲချင်းပြီးဆုံးတာ ။ ဟိုကလေးကလည်း စိုးရိမ်ရတယ်။ ဘယ်လိုတော်စပ်လည်း ဘယ်လိုပတ်သက်မှု လည်းမသိရသေးဘူး။ တစ်ချို့ပြောကြတာတော့ ကြိုပင်ကုန်းထဲက ပြည်ရှောင် ရပ်ကွက် နဲ့နီးတယ် လို့ပြောကြတယ်။ အခုပဲ ကျွန်တော်ကျန်ခဲ့တဲ့ မိသားစုတွေရဲ့အခြေနေကိုသွားမေးကြည့်မလို့ပါ”ဟု ၎င်းကဆက်ပြောသည်။
ထို့နောက် ယာဉ်တိုက်မှုဖြစ်ပွားစဉ် တွဲကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ပျဉ်းမနားမြို့အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူတို့ကို နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး မောင်းနှင် ထွက်ပြေးသွားသည့် တွဲကားယာဉ်မောင်းကိုလည်း စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ ဆိုင္ကယ္ႏွင့္ တြဲကားတိုက္မိ၍ ကေလးငယ္တစ္ဦးႏွင့္အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္( NP News )- ဇူလိုင္ ၂၀
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ပလုံေကာက္ေသာဆိုင္ကယ္ႏွင့္ တြဲကားတိုက္မိ၍ ကေလးငယ္တစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၁၉ရက္)၊ ညေန ၄ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က ေဇယ်ာသီရိၿမိဳ႕နယ္ ေဗာဓိၿမိဳင္ေက်း႐ြာအေရွ႕ဘက္ ရန္ကုန္-မႏၲေလး အျမန္လမ္းေဟာင္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ယာဥ္တိုက္မႈျဖစ္တာပဲသိရတယ္။ ျဖစ္စဥ္အက်ည္းကေတာ့ အတိအက်ေတာ့မသိဘူး။ တြဲကားနဲ႔ ပလုံေကာက္တဲ့ ဆိုင္ကယ္တိုက္မိတာ။ ဆိုင္ကယ္ကို ကားကႀကိတ္မိသြားတဲ့ သေဘာပါ”ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္ေၾကာင့္ ဆိုင္ကယ္ေပၚတြင္ လိုက္ပါလာသူ (၃)ဦးအနက္ အသက္ (၇)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ အသက္ (၄၅) ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသာတစ္ဦးတို႔ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အသက္(၁၂)ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ကေလးက (၁၂) ႏွစ္နဲ႔ (၇) ႏွစ္ပဲ။ ပြဲခ်င္းၿပီဆုံးတာက (၇)ႏွစ္အ႐ြယ္နဲ႔ လူႀကီးက ပြဲခ်င္းၿပီးဆုံးတာ ။ ဟိုကေလးကလည္း စိုးရိမ္ရတယ္။ ဘယ္လိုေတာ္စပ္လည္း ဘယ္လိုပတ္သက္မႈ လည္းမသိရေသးဘူး။ တစ္ခ်ိဳ႕ေျပာၾကတာေတာ့ ႀကိဳပင္ကုန္းထဲက ျပည္ေရွာင္ ရပ္ကြက္ နဲ႔နီးတယ္ လို႔ေျပာၾကတယ္။ အခုပဲ ကြၽန္ေတာ္က်န္ခဲ့တဲ့ မိသားစုေတြရဲ႕အေျခေနကိုသြားေမးၾကည့္မလို႔ပါ”ဟု ၎ကဆက္ေျပာသည္။
ထို႔ေနာက္ ယာဥ္တိုက္မႈျဖစ္ပြားစဥ္ တြဲကားမွာေမာင္းႏွင္ထြက္ေျပးသြားခဲ့ေသာေၾကာင့္ လိုက္လံရွာေဖြဖမ္းဆီးခဲ့ရာ ပ်ဥ္းမနားၿမိဳ႕အနီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူ၊ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ေနျပည္ေတာ္ကုတင္(၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ေမာင္းႏွင္ ထြက္ေျပးသြားသည့္ တြဲကားယာဥ္ေမာင္းကိုလည္း စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။