ကန့်ဘလူတွင် ပြန်ပေးငွေ မပေးနိုင်သောကြောင့်ဟုဆိုကာ PDF က သံဃာပိုင်ယာဥ်ကို သိမ်းယူ

 620

သုတကျော် (NP News) - ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပြန်ပေးငွေ မပေးနိုင်သောကြောင့် ဟုဆိုကာ PDF က သံဃာပိုင် ယာဥ်ကို သိမ်းဆည်း သွားခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ကန့်ဘလူမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက် ဆေးကုသမှု ခံယူခဲ့သည့် ကန့်ဘလူမြို့နယ် ရှိ ကျေးရွာတစ်ရွာမှ ကျောင်းထိုင်ဆရာတော် တစ်ပါး၊အခြား ရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး နှင့် ဒကာ/ဒကာမ လေးဦး တို့ ပြန်လာစဥ် ဇူလိုင်လ ၃ ရက်က ဇီးကုန်းမြို့ အနီး၌ PDF တို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ဖမ်းသော PDF များမှာ NUG လက်အောက်ခံ PDF တပ်ရင်း (၄) တပ်ခွဲမှူး ဝသုန် ဦးဆောင်သည့် အဖွဲ့ ဖြစ်ပြီး ဖမ်းဆီးပြီးနောက် ဖမ်းဆီးထားသည့် ရဟန်း နှစ် ပါးနှင့် လူပုဂ္ဂိုလ် လေးဦးအား တစ်ဦးလျှင် ငွေ ကျပ်သိန်း တစ်ရာ့ငါးဆယ်ဖြင့် လာရောက်ရွေးယူရန်နှင့် မရွေးနိုင်ပါက သတ်ပစ်မည်ဟု မိသားစုများထံ ဆက်သွယ်ကြောင်း သိရသည်။

သို့သော် မိသားစုများက ယင်းပမာဏကို ပေးရန် မတတ်နိုင်သောကြောင့် ငါးရက်ခန့် ကြာမြင့်ခဲ့ရာ ဘုန်းတော်ကြီး ၏ လိုင်စင်ပါ ကားကို ငွေကျပ် ​သိန်းကိုးရာဖြင့် စျေးဖြတ်ကာ သိမ်းယူပြီး ဖမ်းဆီးထားသူများကို ဇူလိုင်လ (၈) ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကန္႔ဘလူတြင္ ျပန္ေပးေငြ မေပးႏိုင္ေသာေၾကာင့္ ဟုဆိုကာ PDF က သံဃာပိုင္ ယာဥ္ကို သိမ္းယူ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၀

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန္႔ဘလူၿမိဳ႕နယ္တြင္ ျပန္ေပးေငြ မေပးႏိုင္ေသာေၾကာင့္ ဟုဆိုကာ PDF က သံဃာပိုင္ ယာဥ္ကို သိမ္းဆည္း သြားခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ ကန္႔ဘလူၿမိဳ႕နယ္မွ မႏၲေလးၿမိဳ႕သို႔ သြားေရာက္ ေဆးကုသမႈ ခံယူခဲ့သည့္ ကန္႔ဘလူၿမိဳ႕နယ္ ရွိ ေက်း႐ြာတစ္႐ြာမွ ေက်ာင္းထိုင္ဆရာေတာ္ တစ္ပါး၊အျခား ႐ြာမွ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ႏွင့္ ဒကာ/ဒကာမ ေလးဦး တို႔ ျပန္လာစဥ္ ဇူလိုင္လ ၃ ရက္က ဇီးကုန္းၿမိဳ႕ အနီး၌ PDF တို႔၏ ဖမ္းဆီးျခင္းကိုခံခဲ့ရေၾကာင္း သိရသည္။

ဖမ္းေသာ PDF မ်ားမွာ NUG လက္ေအာက္ခံ PDF တပ္ရင္း (၄) တပ္ခြဲမႉး ဝသုန္ ဦးေဆာင္သည့္ အဖြဲ႕ ျဖစ္ၿပီး ဖမ္းဆီးၿပီးေနာက္ ဖမ္းဆီးထားသည့္ ရဟန္း ႏွစ္ ပါးႏွင့္ လူပုဂၢိဳလ္ ေလးအား ဦးအား တစ္ဦးလွ်င္ ေငြ က်ပ္သိန္း တစ္ရာ့ငါးဆယ္ ျဖင့္ လာေရာက္ေ႐ြးယူရန္ႏွင့္ မေ႐ြးႏိုင္ပါက သတ္ပစ္မည္ဟု မိသားစုမ်ားထံ ဆက္သြယ္ေၾကာင္း သိရသည္။

သို႔ေသာ္ မိသားစုမ်ားက ယင္းပမာဏကို ေပးရန္ မတတ္ႏိုင္ေသာေၾကာင့္ ငါးရက္ခန္႔ ၾကာျမင့္ခဲ့ရာ ဘုန္းေတာ္ႀကီး ၏ လိုင္စင္ပါ ကားကို ေငြက်ပ္ ​သိန္းကိုးရာ ျဖင့္ ေစ်းျဖတ္ကာ သိမ္းယူၿပီး ဖမ္းဆီးထားသူမ်ားကို ဇူလိုင္လ ၈ ရက္တြင္ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

Picture

Tha Lwin

20/07/2025 17:02

မိုက်ရိုင်းလိုက်ကြတာနော်

Related news

© 2021. All rights reserved.