“၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အနှစ်ချုပ်"

 313

ရဲထက် (NP News)
ဖီဖာကနေ ကြီးမှူးကျင်းပတဲ့ (၂၀၂၅) ခုနှစ်အတွက် Club World Cup ပြိုင်ပွဲကြီးကတော့ အောင် မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဖီဖာဘက် ကနေကြည့်ရင် ဒီပြိုင်ပွဲက အောင်မြင်တဲ့ ပြိုင်ပွဲတစ် ခုဖြစ် တယ်လို့ ပြောဆိုထားပြီး စုစုပေါင်းဝင်ငွေ (၂.၁)ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်မှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲထက် သွင်းဂိုးတွေပိုများတာကို တွေ့ခဲ့ရပါတယ်။ တစ်ပွဲကို ပျမ်းမျှ (၃.၁)ဂိုး အထိ သွင်း ယူထားကြပြီး စုစုပေါင်း(၆၃)ပွဲ ကစားခဲ့ တာလည်းဖြစ်ပါတယ်။ ဇွန်လ (၁၄)ရက်မှာ စတင်ခဲ့တဲ့ Club World Cup ပြိုင်ပွဲဟာ ဇူလိုင်လ (၁၄)ရက်မှာပြီးဆုံးခဲ့ပြီး အင်တာမိုင်ယာမီနဲ့ အယ်အာလီအသင်းတို့ရဲ့ ပွဲစဉ်နဲ့ စတင်ခဲ့ပြီး ချဲလ်ဆီး အသင်းက PSG အသင်းကို (၃)ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ ပွဲစဉ်အထိ အကောင်းဆုံး သောပြိုင်ဆိုင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဥရောပ ချန်ပီယံနှစ်သင်းရဲ့ စီးချင်းတိုက်ပွဲ

ချဲလ်ဆီးအသင်းဟာ Club World Cup ပြိုင်ပွဲ ဗိုလ်လုပွဲမှာ PSG အသင်းနဲ့တွေ့ဆုံခဲ့တာကြောင့် တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေက PSG အသင်းကပဲ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဒီဆုဖလားကို ရယူ သွားလိမ့်မယ်လို့ပဲ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့သမိုင်းကြောင်းကို ပြန်မကြည့် ခဲ့တဲ့ PSG အသင်းအတွက် ပေးဆပ်မှုကြီး သွားခဲ့ပြီး PSG ရဲ့ စွယ်စုံရပါတယ်ဆိုတဲ့ Attacking သုံးဖော်ကို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စွမ်းဆောင်ပြသွားတဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်က ရီစီဂျိမ်း၊ ကိုင်စီဒိုနဲ့ ဖာနန်ဒက်ဒ်တို့ရဲ့အတွဲအဖက်ဟာ အတော်လေးအလုပ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် Primetime ရောက်နေပါတယ်ဆိုတဲ့ ကမ္ဘာ့အဆင့် တောင်ပံကစားသမားဖြစ်တယ်လို့ဆိုတဲ့ နူနို မန် ဒက်စ်ရဲ့ ဘက်ခြမ်းကနေ (၃)ဂိုးစလုံးသွင်းခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကလည်း တကယ်ကို အားရ စရာကောင်းခဲ့ပါတယ်။ ချဲလ်ဆီးအသင်း ပရိသတ်တွေ စိုးရိမ်နေတဲ့ ဂိုးသမား ဆန်းချက်ဇ်ကလည်း ဒီပွဲမှာ မှော်ဝင်လက်စွမ်းနဲ့အတူ လက်စွမ်းတွေပြခဲ့ပြီး ကိုးလ်ပါမားရဲ့ သွေးအေးတဲ့ အဆုံးသတ် ဂိုး(၂)ဂိုး ကြောင့် လည်း Big Match နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ပြောရရင် ဗိုလ်လုပွဲမှာ ချဲလ်ဆီး အသင်း ဟာ PSG အသင်းရဲ့ အားသာချက်တွေဖြစ်တဲ့ တစ်ဦးချင်းကျော်ဖြတ်မှု၊ အသင်းလိုက်ကစားပုံ ကောင်းမွန် မှုနဲ့အတူ Aggressive ဆန်လွန်းတဲ့ Passing နဲ့ ‌ပြန်လည်တုံ့ပြန်သွားသလို တစ်သင်းလုံး ဘယ်နေရာမှ လစ်ကွက်ဟာကွက်မရှိအောင်ကို ပြီးပြည့်စုံအောင် ကစားပြသွားကြတာလည်း ဖြစ်ပါ တယ်။ တကယ် တော့ ကလပ်ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဥရောပရဲ့ အနိမ့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုကွန်း ဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိခဲ့တဲ့အသင်း ဖြစ်ပြီး PSG အသင်း ကတော့ ဥရောပရဲ့ ဂုဏ်သိက္ခာ အရှိဆုံး ချန်ပီယံလိဂ်ဖလားကို အသင်းကြီးတော်တော်များများကို ကျော် ဖြတ်ပြီး ချန်ပီယံဆုကို ရရှိခဲ့တာဖြစ် ပါတယ်။ ဒါကြောင့် ဥရောပချန်ပီယံနှစ်သင်း ရဲ့ ဗိုလ်လုပွဲစဉ်မှာ တစ် ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေနဲ့ ကစားသမားတွေကအစ PSG အသင်းကသာ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ (၉၉)ရာခိုင်နှုန်းသေချာ တယ်လို့ ခန့်မှန်းထားကြပြီး ချဲလ်ဆီးအသင်းက တော့ ဗိုလ်စွဲဖို့ (၁)ရာခိုင် နှုန်းသာ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဗိုလ်လုပွဲမှာတော့ ဗိုလ်စွဲဖို့ (၁)ရာခိုင်နှုန်းသာရှိတဲ့ ချဲလ်ဆီးအသင်းက ချန်ပီယံဖြစ်ဖို့ (၉၉)ရာခိုင်နှုန်း သေချာတဲ့ PSG အသင်းကို ပထမပိုင်းမှာတင် (၃)ဂိုး ပြတ်သွင်းယူခဲ့ပြီး ဒီဂိုး (၃)ဂိုးကိုပဲ ဒုတိယပိုင်းပြီးဆုံးတဲ့အထိ ထိန်းပြသွားခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို ဘယ်သူမှ မထင်ထားတဲ့ ခြေစွမ်းတွေ၊ သွင်းဂိုးတွေနဲ့အတူ ထိုက်ထိုက်တန် တန်ရရှိသွားခဲ့ပါတယ်။ ဒီ နိုင် ပွဲကြောင့်ပဲ ချဲလ်ဆီး အသင်းဟာ ကလပ်ပြိုင်ပွဲအဆင့် ဖလားပြိုင်ပွဲအား လုံးမှာ ချန်ပီယံဖြစ်တဲ့ ပထမ ဆုံးသောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဖီဖာရဲ့ တံဆိပ် Logo ကိုလည်း ရင်ဘတ်မှာ ဝတ်ဆင် ခွင့် (၄)နှစ်အထိရရှိသွား မှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁၃၉) သန်း ရရှိ သွားခဲ့ပါ တယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဆုချီးမြှင့်တဲ့ ဗိုလ်လုပွဲ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဆုကိုရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ PSG အသင်းတို့ ရဲ့ ပွဲစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ် တိုင် တက်ရောက်ခဲ့ပြီး ပွဲစဉ်အစအဆုံးအထိ ကြည့် ရှုခဲ့ သလို ဆုပေးပွဲမှာလည်း နှစ်ဖက်အသင်းကစားသမားတွေကို ဖီဖာ ဥက္ကဋ္ဌနဲ့အတူ ဆုတံဆိပ်တွေကိုပါ ချီးမြှင့်ပေးခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေကိုလည်း ကိုယ်တိုင်ချီးမြှင့်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းဆီကို ချန်ယံဆုဖလားပေးအပ်စဉ်မှာ ကစားသမားတွေနဲ့ အတူတူလိုက်ပါ အောင်ပွဲခံခဲ့ တာကို မြင်တွေ့ရပြီး အမေရိကန်နိုင်ငံရဲ့ သမ္မတကိုယ်တိုင်ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့အသင်းအဖြစ် ချဲလ်ဆီး အသင်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ကလပ်ချန်ပီယံ အသင်းတစ်သင်းအတွက် ထိုးနှက်ချက်တစ်ခု

ကလပ်ကမ္ဘာ့ဖလားကို ထိုက်တန်စွာရယူဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဒုတိယအကြိမ် မြောက် ( ပုံစံအသစ်နဲ့ကျင်းပမယ့် ) ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ (၂၀၂၉)ကို ပါဝင်ယှဉ်ပြိုင်ခွင့်မရရှိသေးဘဲ ဗိုလ်လုပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ PSG အသင်းက ဝင်ခွင့်ရရှိနေခဲ့ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကလပ်ကမ္ဘာ့ဖလားမှာ ချန်ပီယံအသင်းတွေကို အလိုအလျောက်ပါဝင်ခွင့်မပေးထားလို့ဖြစ်ပြီး နိုင်ငံ အသင်းတွေ ကစားတဲ့ ကမ္ဘာ့ဖလားမှာလည်း အတူတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ မတူညီတာက နိုင်ငံအသင်း တွေမှာ အသင်းအရေအတွက် limit ပြုလုပ်ထားတာမရှိပါဘူး။ ကလပ်ကမ္ဘာ့ဖလားမှာတော့ ရှိနေပါ တယ်။ ဒါ့ပြင် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တဲ့ နိုင်ငံတွေက အသင်းကြီးတွေချည်းဖြစ်တာကြောင့် Qualifier ကစားရရင်လည်း ကမ္ဘာ့ဖလားဝင်ခွင့်ကို ရယူနိုင်ခဲ့ကြ ပါတယ် ။ ချဲလ်ဆီးကလည်း အသင်းကြီး ဖြစ်ပေ မယ့် အနေအထားချင်းမတူညီနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလပ်ကမ္ဘာ့ဖလား ရဲ့ စည်းမျဉ်း ကြောင့်ပါ။ တကယ်လို့ ချဲလ်ဆီးမဟုတ်တဲ့ ပရီးမီးယားလိဂ် ကလပ် (၂ )သင်းသာ ဥပမာ- ( အာဆင်နယ် ၊ လီဗာပူး၊ မန်စီးတီး၊ မန်ယူနိုက်တက် )တို့ဟာ လာမယ့် (၃)နှစ်အတွင်း ချန်ပီယံလိဂ်တွေမှာ ဗိုလ်စွဲခဲ့မယ် ဆိုရင် နိုင်ငံတူကလပ် (၂)သင်းထက်ပိုပြီး မပါဝင်ရဆိုတဲ့စည်းမျဉ်းဟာ ကမ္ဘာ့ကလပ်ချန်ပီယံ ဖြစ်တဲ့ ချဲလ် ဆီးကို ဒုတိယအကြိမ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရရှိအောင် လုပ်ဆောင်လိုက်သလို ဖြစ်သွားမှာ လည်းဖြစ်ပါ တယ်။ တကယ်လို့ ပရီးမီးယားလိဂ်ကလပ်တွေ ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲဘူးဆိုရင်တောင် UEFA Club Coefficient အရ အာဆင်နယ် ၊ မန်စီးတီး တို့က ( ၂၀၂၅ မှ ၂၀၂၈ အတွင်း ) ချဲလ်ဆီးထက် အဆင့် ရပ် တည်မှု ပိုကောင်းသွားမယ်ဆိုရင် ချန်ပီယံဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ ပါဝင်ခွင့်ရရှိမှာ မဟုတ် ပါဘူး။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ပါဝင်ခွင့်ရရှိဖို့ဆိုရင် ချန်ပီယံ လိဂ်ကို ရယူနိုင်ဖို့၊ ဒါမှမဟုတ် UEFA Club Coefficient အကောင်းဆုံး ပရီးမီးယားလိဂ် အသင်းဖြစ်နေဖို့ လိုအပ် နေဦးမှာဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလား မှတ်တမ်း
ပထမဆုံးအကြိမ်ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုး စုစုပေါင်း (၁၉၅) ဂိုးအထိ သွင်းယူခဲ့ကြပြီး တစ်ပွဲ ကို ပျမ်းမျှသွင်းဂိုး (၃.၁)ဂိုးရှိခဲ့ပါတယ်။ ဒါ့ပြင် သွင်းဂိုးအများဆုံးဆုကို တော့ ရီးရဲလ်မက်ဒရစ် အသင်းတိုက်စစ်မှူး ဂွန်ဇာလိုဂါစီရယ် ၊ ဆာယူဂီယား ဆေး၊ ဒီမားရီးယားနဲ့ မားစ်ကို့လီယိုနာဒိုတို့က ပူးတွဲ သွင်းယူခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဂွန်ဇာလိုဂါစီ ရယ်ကတော့ (၄)ဂိုးသွင်း တစ်ဂိုးဖန်တီးထားတာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ပြိုင်ပွဲ တစ်လျှောက် ဟက်ထရစ်ရရှိခဲ့တဲ့ ကစားသမားနှစ်ယောက်သာရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက မူစီယာ လာနဲ့ အယ်အာလီအသင်းက အဘူအာလီတို့က သွင်းယူခဲ့ကြတာပါ။ ဒါ့ပြင် အကောင်းဆုံး ဂိုးသမား ဆု ကိုတော့ Clean Sheet (၅)ကြိမ်ရထားတဲ့ PSG ဂိုးသမား ဒူနာရူးမားနဲ့ Clean Sheet (၃)ကြိမ်သာ ရရှိခဲ့ တဲ့ ချဲလ်ဆီးအသင်းက ဂိုးသမား ရောဘတ်ဆန်းချက်ခ်တို့ အားပြိုင်မှုမှာ နောက်ဆုံး ဗိုလ်လုပွဲမှာ ရော ဘတ်ဆန်းချက်ခ်က Clean Sheet (၄)ကြိမ်ရရှိခဲ့ပြီး ဒူနာရူးမားက တစ်ကြိမ်ပိုများပေမယ့် ဗိုလ်လုပွဲမှာ ရောဘတ်ဆန်းချက်ခ်ရဲ့ လက်စွမ်းတွေ ကြောင့် ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆုကိုရော ဘတ်ဆန်း ချက်ခ်ကပဲ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုတော့ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ကိုးလ်ပါးမား က ရရှိခဲ့ပြီး (၃)ဂိုးသွင်းပြီး ဖန်တီးမှု(၂)ကြိမ်းရရှိခဲ့တဲ့ အပြင် ဗိုလ်လုပွဲ မှာလည်း အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့တာကြောင့် ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစား သမားဆုကိုပါ ရရှိသွားခဲ့ပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ PSGအသင်းက ဒီယေ က ရရှိသွားခဲ့ပြီး (၁)ဂိုးသွင်း (၃)ဂိုး ဖန်တီးထား ပါတယ်။ အုပ်စုပြိုင်ပွဲ(၃)ပွဲလုံးမှာ အနိုင်ရရှိခဲ့တဲ့ အသင်းတွေကတော့ မန်စီးတီးအသင်းတစ်သင်းသာရှိခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးအပြတ်ဆုံးပွဲစဉ်ကတော့ ဘိုင်ယန်မြူးနစ်က အောဂ လက်စီးတီးကို (၁၀)ဂိုးနဲ့ နိုင်ခဲ့ တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။

Zawgyi Version:
“၂၀၂၅ ကလပ္ကမာၻ႔ဖလား ၿပိဳင္ပြဲ အႏွစ္ခ်ဳပ္"
ရဲထက္ (NP News)
ဖီဖာကေန ႀကီးမႉးက်င္းပတဲ့ (၂၀၂၅) ခုႏွစ္အတြက္ Club World Cup ၿပိဳင္ပြဲႀကီးကေတာ့ ေအာင္ ျမင္စြာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။ ဖီဖာဘက္ ကေနၾကည့္ရင္ ဒီၿပိဳင္ပြဲက ေအာင္ျမင္တဲ့ ၿပိဳင္ပြဲတစ္ ခုျဖစ္ တယ္လို႔ ေျပာဆိုထားၿပီး စုစုေပါင္းဝင္ေငြ (၂.၁)ဘီလ်ံအထိ ဝင္ေငြရရွိခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း ကမာၻ႔ဖလားၿပိဳင္ပြဲထက္ သြင္းဂိုးေတြပိုမ်ားတာကို ေတြ႕ခဲ့ရပါတယ္။ တစ္ပြဲကို ပ်မ္းမွ် (၃.၁)ဂိုး အထိ သြင္း ယူထားၾကၿပီး စုစုေပါင္း(၆၃)ပြဲ ကစားခဲ့ တာလည္းျဖစ္ပါတယ္။ ဇြန္လ (၁၄)ရက္မွာ စတင္ခဲ့တဲ့ Club World Cup ၿပိဳင္ပြဲဟာ ဇူလိုင္လ (၁၄)ရက္မွာၿပီးဆုံးခဲ့ၿပီး အင္တာမိုင္ယာမီနဲ႔ အယ္အာလီအသင္းတို႔ရဲ႕ ပြဲစဥ္နဲ႔ စတင္ခဲ့ၿပီး ခ်ဲလ္ဆီး အသင္းက PSG အသင္းကို (၃)ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့ ပြဲစဥ္အထိ အေကာင္းဆုံး ေသာၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဥေရာပ ခ်န္ပီယံႏွစ္သင္းရဲ႕ စီးခ်င္းတိုက္ပြဲ

ခ်ဲလ္ဆီးအသင္းဟာ Club World Cup ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ PSG အသင္းနဲ႔ေတြ႕ဆုံခဲ့တာေၾကာင့္ တစ္ကမာၻလုံးက ေဘာလုံးပရိသတ္ေတြက PSG အသင္းကပဲ ဂိုးျပတ္ႏိုင္ပြဲနဲ႔အတူ ဒီဆုဖလားကို ရယူ သြားလိမ့္မယ္လို႔ပဲ ထင္ေၾကးေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းရဲ႕သမိုင္းေၾကာင္းကို ျပန္မၾကည့္ ခဲ့တဲ့ PSG အသင္းအတြက္ ေပးဆပ္မႈႀကီး သြားခဲ့ၿပီး PSG ရဲ႕ စြယ္စုံရပါတယ္ဆိုတဲ့ Attacking သုံးေဖာ္ကို ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ စြမ္းေဆာင္ျပသြားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္က ရီစီဂ်ိမ္း၊ ကိုင္စီဒိုနဲ႔ ဖာနန္ဒက္ဒ္တို႔ရဲ႕အတြဲအဖက္ဟာ အေတာ္ေလးအလုပ္ျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ Primetime ေရာက္ေနပါတယ္ဆိုတဲ့ ကမာၻ႔အဆင့္ ေတာင္ပံကစားသမားျဖစ္တယ္လို႔ဆိုတဲ့ ႏူႏို မန္ ဒက္စ္ရဲ႕ ဘက္ျခမ္းကေန (၃)ဂိုးစလုံးသြင္းခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္ကလည္း တကယ္ကို အားရ စရာေကာင္းခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္း ပရိသတ္ေတြ စိုးရိမ္ေနတဲ့ ဂိုးသမား ဆန္းခ်က္ဇ္ကလည္း ဒီပြဲမွာ ေမွာ္ဝင္လက္စြမ္းနဲ႔အတူ လက္စြမ္းေတြျပခဲ့ၿပီး ကိုးလ္ပါမားရဲ႕ ေသြးေအးတဲ့ အဆုံးသတ္ ဂိုး(၂)ဂိုး ေၾကာင့္ လည္း Big Match ႏိုင္ပြဲတစ္ပြဲကို ရရွိခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ေျပာရရင္ ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီး အသင္း ဟာ PSG အသင္းရဲ႕ အားသာခ်က္ေတြျဖစ္တဲ့ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ၊ အသင္းလိုက္ကစားပုံ ေကာင္းမြန္ မႈနဲ႔အတူ Aggressive ဆန္လြန္းတဲ့ Passing နဲ႔ ‌ျပန္လည္တုံ႔ျပန္သြားသလို တစ္သင္းလုံး ဘယ္ေနရာမွ လစ္ကြက္ဟာကြက္မရွိေအာင္ကို ၿပီးျပည့္စုံေအာင္ ကစားျပသြားၾကတာလည္း ျဖစ္ပါ တယ္။ တကယ္ ေတာ့ ကလပ္ကမာၻ႔ဖလားကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ဥေရာပရဲ႕ အနိမ့္ဆုံး ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ယူ႐ိုကြန္း ဖရန႔္လိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကိုရရွိခဲ့တဲ့အသင္း ျဖစ္ၿပီး PSG အသင္း ကေတာ့ ဥေရာပရဲ႕ ဂုဏ္သိကၡာ အရွိဆုံး ခ်န္ပီယံလိဂ္ဖလားကို အသင္းႀကီးေတာ္ေတာ္မ်ားမ်ားကို ေက်ာ္ ျဖတ္ၿပီး ခ်န္ပီယံဆုကို ရရွိခဲ့တာျဖစ္ ပါတယ္။ ဒါေၾကာင့္ ဥေရာပခ်န္ပီယံႏွစ္သင္း ရဲ႕ ဗိုလ္လုပြဲစဥ္မွာ တစ္ ကမာၻလုံးက ေဘာလုံးပရိသတ္ေတြနဲ႔ ကစားသမားေတြကအစ PSG အသင္းကသာ ဒီၿပိဳင္ပြဲမွာ ခ်န္ပီယံ ျဖစ္ဖို႔ (၉၉)ရာခိုင္ႏႈန္းေသခ်ာ တယ္လို႔ ခန႔္မွန္းထားၾကၿပီး ခ်ဲလ္ဆီးအသင္းက ေတာ့ ဗိုလ္စြဲဖို႔ (၁)ရာခိုင္ ႏႈန္းသာ ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ တကယ္တမ္း ဗိုလ္လုပြဲမွာေတာ့ ဗိုလ္စြဲဖို႔ (၁)ရာခိုင္ႏႈန္းသာရွိတဲ့ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံျဖစ္ဖို႔ (၉၉)ရာခိုင္ႏႈန္း ေသခ်ာတဲ့ PSG အသင္းကို ပထမပိုင္းမွာတင္ (၃)ဂိုး ျပတ္သြင္းယူခဲ့ၿပီး ဒီဂိုး (၃)ဂိုးကိုပဲ ဒုတိယပိုင္းၿပီးဆုံးတဲ့အထိ ထိန္းျပသြားခဲ့တာျဖစ္ၿပီး ခ်န္ပီယံဆုကို ဘယ္သူမွ မထင္ထားတဲ့ ေျခစြမ္းေတြ၊ သြင္းဂိုးေတြနဲ႔အတူ ထိုက္ထိုက္တန္ တန္ရရွိသြားခဲ့ပါတယ္။ ဒီ ႏိုင္ ပြဲေၾကာင့္ပဲ ခ်ဲလ္ဆီး အသင္းဟာ ကလပ္ၿပိဳင္ပြဲအဆင့္ ဖလားၿပိဳင္ပြဲအား လုံးမွာ ခ်န္ပီယံျဖစ္တဲ့ ပထမ ဆုံးေသာအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ဖီဖာရဲ႕ တံဆိပ္ Logo ကိုလည္း ရင္ဘတ္မွာ ဝတ္ဆင္ ခြင့္ (၄)ႏွစ္အထိရရွိသြား မွာျဖစ္ၿပီး စုစုေပါင္း ဆုေၾကးေငြ အေမရိကန္ေဒၚလာ (၁၃၉) သန္း ရရွိ သြားခဲ့ပါ တယ္။

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္ ဆုခ်ီးျမႇင့္တဲ့ ဗိုလ္လုပြဲ

ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံ ဆုကိုရရွိခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ PSG အသင္းတို႔ ရဲ႕ ပြဲစဥ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကိုယ္ တိုင္ တက္ေရာက္ခဲ့ၿပီး ပြဲစဥ္အစအဆုံးအထိ ၾကည့္ ရႈခဲ့ သလို ဆုေပးပြဲမွာလည္း ႏွစ္ဖက္အသင္းကစားသမားေတြကို ဖီဖာ ဥကၠ႒နဲ႔အတူ ဆုတံဆိပ္ေတြကိုပါ ခ်ီးျမႇင့္ေပးခဲ့သလို တစ္ဦးခ်င္းဆုတံဆိပ္ေတြကိုလည္း ကိုယ္တိုင္ခ်ီးျမႇင့္ခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းဆီကို ခ်န္ယံဆုဖလားေပးအပ္စဥ္မွာ ကစားသမားေတြနဲ႔ အတူတူလိုက္ပါ ေအာင္ပြဲခံခဲ့ တာကို ျမင္ေတြ႕ရၿပီး အေမရိကန္ႏိုင္ငံရဲ႕ သမၼတကိုယ္တိုင္ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့တဲ့အသင္းအျဖစ္ ခ်ဲလ္ဆီး အသင္းက မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ကမာၻ႔ကလပ္ခ်န္ပီယံ အသင္းတစ္သင္းအတြက္ ထိုးႏွက္ခ်က္တစ္ခု

ကလပ္ကမာၻ႔ဖလားကို ထိုက္တန္စြာရယူဆြတ္ခူးႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ဒုတိယအႀကိမ္ ေျမာက္ ( ပုံစံအသစ္နဲ႔က်င္းပမယ့္ ) ကလပ္ကမာၻ႔ ဖလားၿပိဳင္ပြဲ (၂၀၂၉)ကို ပါဝင္ယွဥ္ၿပိဳင္ခြင့္မရရွိေသးဘဲ ဗိုလ္လုပြဲမွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ PSG အသင္းက ဝင္ခြင့္ရရွိေနခဲ့ပါတယ္။ ဒါက ဘာေၾကာင့္လဲဆိုေတာ့ ကလပ္ကမာၻ႔ဖလားမွာ ခ်န္ပီယံအသင္းေတြကို အလိုအေလ်ာက္ပါဝင္ခြင့္မေပးထားလို႔ျဖစ္ၿပီး ႏိုင္ငံ အသင္းေတြ ကစားတဲ့ ကမာၻ႔ဖလားမွာလည္း အတူတူပဲျဖစ္ပါတယ္။ ဒါေပမဲ့ မတူညီတာက ႏိုင္ငံအသင္း ေတြမွာ အသင္းအေရအတြက္ limit ျပဳလုပ္ထားတာမရွိပါဘူး။ ကလပ္ကမာၻ႔ဖလားမွာေတာ့ ရွိေနပါ တယ္။ ဒါ့ျပင္ ကမာၻ႔ဖလား ခ်န္ပီယံျဖစ္တဲ့ ႏိုင္ငံေတြက အသင္းႀကီးေတြခ်ည္းျဖစ္တာေၾကာင့္ Qualifier ကစားရရင္လည္း ကမာၻ႔ဖလားဝင္ခြင့္ကို ရယူႏိုင္ခဲ့ၾက ပါတယ္ ။ ခ်ဲလ္ဆီးကလည္း အသင္းႀကီး ျဖစ္ေပ မယ့္ အေနအထားခ်င္းမတူညီေနပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကလပ္ကမာၻ႔ဖလား ရဲ႕ စည္းမ်ဥ္း ေၾကာင့္ပါ။ တကယ္လို႔ ခ်ဲလ္ဆီးမဟုတ္တဲ့ ပရီးမီးယားလိဂ္ ကလပ္ (၂ )သင္းသာ ဥပမာ- ( အာဆင္နယ္ ၊ လီဗာပူး၊ မန္စီးတီး၊ မန္ယူႏိုက္တက္ )တို႔ဟာ လာမယ့္ (၃)ႏွစ္အတြင္း ခ်န္ပီယံလိဂ္ေတြမွာ ဗိုလ္စြဲခဲ့မယ္ ဆိုရင္ ႏိုင္ငံတူကလပ္ (၂)သင္းထက္ပိုၿပီး မပါဝင္ရဆိုတဲ့စည္းမ်ဥ္းဟာ ကမာၻ႔ကလပ္ခ်န္ပီယံ ျဖစ္တဲ့ ခ်ဲလ္ ဆီးကို ဒုတိယအႀကိမ္ၿပိဳင္ပြဲမွာ ပါဝင္ခြင့္မရရွိေအာင္ လုပ္ေဆာင္လိုက္သလို ျဖစ္သြားမွာ လည္းျဖစ္ပါ တယ္။ တကယ္လို႔ ပရီးမီးယားလိဂ္ကလပ္ေတြ ခ်န္ပီယံလိဂ္မွာ ဗိုလ္မစြဲဘူးဆိုရင္ေတာင္ UEFA Club Coefficient အရ အာဆင္နယ္ ၊ မန္စီးတီး တို႔က ( ၂၀၂၅ မွ ၂၀၂၈ အတြင္း ) ခ်ဲလ္ဆီးထက္ အဆင့္ ရပ္ တည္မႈ ပိုေကာင္းသြားမယ္ဆိုရင္ ခ်န္ပီယံျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းဟာ ပါဝင္ခြင့္ရရွိမွာ မဟုတ္ ပါဘူး။ ဒါေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ျပန္လည္ပါဝင္ခြင့္ရရွိဖို႔ဆိုရင္ ခ်န္ပီယံ လိဂ္ကို ရယူႏိုင္ဖို႔၊ ဒါမွမဟုတ္ UEFA Club Coefficient အေကာင္းဆုံး ပရီးမီးယားလိဂ္ အသင္းျဖစ္ေနဖို႔ လိုအပ္ ေနဦးမွာျဖစ္ပါတယ္။

ကလပ္ကမာၻ႔ဖလား မွတ္တမ္း
ပထမဆုံးအႀကိမ္က်င္းပတဲ့ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုး စုစုေပါင္း (၁၉၅) ဂိုးအထိ သြင္းယူခဲ့ၾကၿပီး တစ္ပြဲ ကို ပ်မ္းမွ်သြင္းဂိုး (၃.၁)ဂိုးရွိခဲ့ပါတယ္။ ဒါ့ျပင္ သြင္းဂိုးအမ်ားဆုံးဆုကို ေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းတိုက္စစ္မႉး ဂြန္ဇာလိုဂါစီရယ္ ၊ ဆာယူဂီယား ေဆး၊ ဒီမားရီးယားနဲ႔ မားစ္ကို႔လီယိုနာဒိုတို႔က ပူးတြဲ သြင္းယူခဲ့ၾကေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္း တိုက္စစ္မႉး ဂြန္ဇာလိုဂါစီ ရယ္ကေတာ့ (၄)ဂိုးသြင္း တစ္ဂိုးဖန္တီးထားတာေၾကာင့္ ဒီၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲ တစ္ေလွ်ာက္ ဟက္ထရစ္ရရွိခဲ့တဲ့ ကစားသမားႏွစ္ေယာက္သာရွိခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက မူစီယာ လာနဲ႔ အယ္အာလီအသင္းက အဘူအာလီတို႔က သြင္းယူခဲ့ၾကတာပါ။ ဒါ့ျပင္ အေကာင္းဆုံး ဂိုးသမား ဆု ကိုေတာ့ Clean Sheet (၅)ႀကိမ္ရထားတဲ့ PSG ဂိုးသမား ဒူနာ႐ူးမားနဲ႔ Clean Sheet (၃)ႀကိမ္သာ ရရွိခဲ့ တဲ့ ခ်ဲလ္ဆီးအသင္းက ဂိုးသမား ေရာဘတ္ဆန္းခ်က္ခ္တို႔ အားၿပိဳင္မႈမွာ ေနာက္ဆုံး ဗိုလ္လုပြဲမွာ ေရာ ဘတ္ဆန္းခ်က္ခ္က Clean Sheet (၄)ႀကိမ္ရရွိခဲ့ၿပီး ဒူနာ႐ူးမားက တစ္ႀကိမ္ပိုမ်ားေပမယ့္ ဗိုလ္လုပြဲမွာ ေရာဘတ္ဆန္းခ်က္ခ္ရဲ႕ လက္စြမ္းေတြ ေၾကာင့္ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမားဆုကိုေရာ ဘတ္ဆန္း ခ်က္ခ္ကပဲ ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကိုေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား ကိုးလ္ပါးမား က ရရွိခဲ့ၿပီး (၃)ဂိုးသြင္းၿပီး ဖန္တီးမႈ(၂)ႀကိမ္းရရွိခဲ့တဲ့ အျပင္ ဗိုလ္လုပြဲ မွာလည္း အေကာင္းဆုံးေျခစြမ္းျပ ကစားခဲ့တာေၾကာင့္ ဗိုလ္လုပြဲရဲ႕ အေကာင္းဆုံးကစား သမားဆုကိုပါ ရရွိသြားခဲ့ပါတယ္။ အေကာင္းဆုံးလူငယ္ကစားသမားဆုကိုေတာ့ PSGအသင္းက ဒီေယ က ရရွိသြားခဲ့ၿပီး (၁)ဂိုးသြင္း (၃)ဂိုး ဖန္တီးထား ပါတယ္။ အုပ္စုၿပိဳင္ပြဲ(၃)ပြဲလုံးမွာ အႏိုင္ရရွိခဲ့တဲ့ အသင္းေတြကေတာ့ မန္စီးတီးအသင္းတစ္သင္းသာရွိခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ ဂိုးအျပတ္ဆုံးပြဲစဥ္ကေတာ့ ဘိုင္ယန္ျမဴးနစ္က ေအာဂ လက္စီးတီးကို (၁၀)ဂိုးနဲ႔ ႏိုင္ခဲ့ တဲ့ပြဲစဥ္ပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.