မြန်မာအမျိုးသမီးများကို ခွင့်ပြုချက်မရှိ ဗီဒီယိုရိုက်ကူးသော ကိုရီးယားအမျိုးသား ထွက်ပြေးတိမ်းရှောင်နေ

1332

စော(NP News)- ဇူလိုင် ၂၀
မြန်မာအမျိုးသမီးများကို ခွင့်ပြုချက်မရှိ ဗီဒီယိုရိုက်ကူးသော ကိုရီးယားအမျိုးသား ထွက်ပြေးတိမ်းရှောင်နေကြောင်း STOP Sexual ABUSE to the Children ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကိုရီးယားအမျိုးသားသည် လူစည်ကားရာနေရာများတွင် spyကင်မရာ (သို့) ဖုန်းဖြင့် ထမီနှင့်လုံခြည် ဝတ်ဆင်ထားသော မြန်မာအမျိုးသမီးများအား တရားဝင်ခွင့်ပြုချက်မတောင်းဘဲ ခိုးရိုက်ထားသော ပုံများအား ၎င်း၏ YouTube Channelတွင် တိုက်ရိုက်ထုတ်လွင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ထုတ်လွင့်စဉ် ပုံပါမြန်မာအမျိုးသမီးနှင့် လက်ထပ်ချင်၍သော်လည်းကောင်း၊ အတူနေချင်၍သော်လည်းကောင်း ကြေးသတ်မှတ်ကာ Membership Channelတွင် အခကြေးငွေဖြင့် ရောင်းစားနေကြောင်း ဇူလိုင်လ ၁၅ ရက်နေ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကိုရီးယားအမျိုးသားသည် မြန်မာပလာဇာ၊ အင်းယားကန်ဘောင်၊ လှည်းတန်းနှင့် ဆူးလေအနီးပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားခဲ့ကြောင်း STOP Sexual ABUSE to the Childrenမှ ဆိုသည်။
ထို့ပြင် မြန်မာမိန်းကလေးများကို ဓါတ်ပုံရိုက်ပေးမည်ဟုပြောဆိုကာ ပုံများပြန်လည်ပို့ရန်အတွက် Viber နံပါတ်တောင်းယူပြီး အဆက်သွယ်များပြုလုပ်သည့်အပြင် ကိုရီးယားစကားပြောတတ်သော မိန်းကလေးများအား အလုပ်ရှာပေးမည်ဟု ဖြားယောင်းကာ ဟိုတယ်များတွင် ချိန်းဆိုခြင်း၊ ကိုရီးယားလူမျိုးများနှင့်လက်ထပ်ရန် ဖြားယောင်းမြှူဆွယ်ခြင်းများကို အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် YouTube တွင် ထုတ်လွှင့်ပြသခဲ့သူ ကိုရီးယားအမျိုးသားသည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းသည် မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့်လာရောက်လည်ပတ်သော ဂင်ဂျုံးဂူ(ခ)Tony ဆိုသူဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါကိုရီးယားအမျိုးသားနှင့် တွေ့ဆုံဖူးသူ သို့မဟုတ် ၎င်း၏ ထုတ်လွှင့်မှု video များထဲတွင် ပါဝင်ခဲ့သော အမျိုးသမီးများအနေဖြင့် STOP Sexual ABUSE to the Children ထံ လာရောက်သတင်းပေးနိုင်ကြောင်းနှင့် တရားဥပဒေအရ အရေးယူသွားမည်ဖြစ်သွားကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ျမန္မာအမ်ိဳးသမီးမ်ားကို ခြင့္ျပဳခ်က္မရွိ ဗီဒီယို႐ိုက္ကူးေသာ ကိုရီးယားအမ်ိဳးသား ထြက္ေျပးတိမ္းေရွာင္ေန
ေစာ(NP News)- ဇူလိုင္ ၂၀
ျမန္မာအမ်ိဳးသမီးမ်ားကို ခြင့္ျပဳခ်က္မရွိ ဗီဒီယို႐ိုက္ကူးေသာ ကိုရီးယားအမ်ိဳးသား ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း STOP Sexual ABUSE to the Children ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါကိုရီးယားအမ်ိဳးသားသည္ လူစည္ကားရာေနရာမ်ားတြင္ spyကင္မရာ (သို႔) ဖုန္းျဖင့္ ထမီႏွင့္လုံျခည္ ဝတ္ဆင္ထားေသာ ျမန္မာအမ်ိဳးသမီးမ်ားအား တရားဝင္ခြင့္ျပဳခ်က္မေတာင္းဘဲ ခိုး႐ိုက္ထားေသာ ပုံမ်ားအား ၎၏ YouTube Channelတြင္ တိုက္႐ိုက္ထုတ္လြင့္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ထုတ္လြင့္စဥ္ ပုံပါျမန္မာအမ်ိဳးသမီးႏွင့္ လက္ထပ္ခ်င္၍ေသာ္လည္းေကာင္း၊ အတူေနခ်င္၍ေသာ္လည္းေကာင္း ေၾကးသတ္မွတ္ကာ Membership Channelတြင္ အခေၾကးေငြျဖင့္ ေရာင္းစားေနေၾကာင္း ဇူလိုင္လ ၁၅ ရက္ေန႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါကိုရီးယားအမ်ိဳးသားသည္ ျမန္မာပလာဇာ၊ အင္းယားကန္ေဘာင္၊ လွည္းတန္းႏွင့္ ဆူးေလအနီးပတ္ဝန္းက်င္တြင္ က်င္လည္က်က္စားခဲ့ေၾကာင္း STOP Sexual ABUSE to the Childrenမွ ဆိုသည္။
ထို႔ျပင္ ျမန္မာမိန္းကေလးမ်ားကို ဓါတ္ပုံ႐ိုက္ေပးမည္ဟုေျပာဆိုကာ ပုံမ်ားျပန္လည္ပို႔ရန္အတြက္ Viber နံပါတ္ေတာင္းယူၿပီး အဆက္သြယ္မ်ားျပဳလုပ္သည့္အျပင္ ကိုရီးယားစကားေျပာတတ္ေသာ မိန္းကေလးမ်ားအား အလုပ္ရွာေပးမည္ဟု ျဖားေယာင္းကာ ဟိုတယ္မ်ားတြင္ ခ်ိန္းဆိုျခင္း၊ ကိုရီးယားလူမ်ိဳးမ်ားႏွင့္လက္ထပ္ရန္ ျဖားေယာင္းျမႇဴဆြယ္ျခင္းမ်ားကို အဆက္မျပတ္ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
လက္ရွိတြင္ YouTube တြင္ ထုတ္လႊင့္ျပသခဲ့သူ ကိုရီးယားအမ်ိဳးသားသည္ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ၎သည္ ျမန္မာႏိုင္ငံသို႔ အလည္အပတ္ဗီဇာျဖင့္လာေရာက္လည္ပတ္ေသာ ဂင္ဂ်ဳံးဂူ(ခ)Tony ဆိုသူျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါကိုရီးယားအမ်ိဳးသားႏွင့္ ေတြ႕ဆုံဖူးသူ သို႔မဟုတ္ ၎၏ ထုတ္လႊင့္မႈ video မ်ားထဲတြင္ ပါဝင္ခဲ့ေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ STOP Sexual ABUSE to the Children ထံ လာေရာက္သတင္းေပးႏိုင္ေၾကာင္းႏွင့္ တရားဥပေဒအရ အေရးယူသြားမည္ျဖစ္သြားေၾကာင္း ထုတ္ျပန္ထားသည္။