အသက်မပြည့်သေးသူ (၂၀ဝ)ကျော်ကို မြင်းခြံ PDF အဖွဲ့က Tiktok အသုံးပြုပြီး ကလေးစစ်သားအဖြစ် စုဆောင်းခဲ့

 2950

သန့်ဇင် (NP News)
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် အသက်မပြည့်သေးသော ကလေးငယ်(၂၀ဝ) ကျော် ကို Tiktok အသုံးပြုကာ PDF အဖွဲ့က ကလေးစစ်သားစုဆောင်းခဲ့ကြောင်း မြင်းခြံပြည်သူ့ စစ်ခေါင်း ဆောင် ဒေါ်သီတာယုမွန်က NP News သို့ပြောသည်။
မြင်းခြံ-တောင်သာ-နွားထိုးကြီးတစ်လျှောက်လှုပ်ရှားနေသည့် PDF အဖွဲ့များသည် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်ကပင် ကလေးစစ်သားစုဆောင်းခြင်းကို တွင်ကျယ်စွာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စုဆောင်းခဲ့သည့် ကလေးစစ်သားများအတွင်း (၉)နှစ်နှင့် (၁၀)နှစ်ဝန်းကျင် ကလေးငယ် အများအပြား ပါဝင်ကြောင်း သိရသည်။
“ဒီကိစ္စက(၂)နှစ်လောက်ရှိပြီ။ မြင်းခြံ ဘက်ပါသွားတာက ကလေးတွေကျောင်းမတက်တဲ့ အခါကျတော့ ကလေးတွေက ရပ်ကွက်ထဲမှာ ဝေလေ လေဖြစ်နေတယ်။ အခုနောက်ပိုင်းမှာ Tiktok က ခေတ်စားလာတယ်။ ရန်သူဘက်ကလည်း Tiktok ဆော့ပြတယ်။ သူတို့အဆင်ပြေနေတယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ အဲဒီကနေ သူတို့ခေါ်မယ့်သူတွေ သီးသန့်ရှိတယ်။ ကျွန်တော်တို့ မိတဲ့ကလေးတွေကို မေးတဲ့အခါကျတော့ သူတို့က သီးသန့်လူ ခေါ်ဖို့အတွက် Tiktok ကိုအသုံးပြုထားတာ။ မြို့ ပေါ်မှာဆိုရင်လည်း Tiktok ဆော့ရင်း မိန်းကလေး တွေနဲ့ ကြိုက်ကြတာပေါ့။ အဲဒီမိန်းကလေးတွေက နေမှတစ်ဆင့်လည်း ကလေးတွေကို ဆွဲဆောင်တယ်။ သွားမလားပေါ့နော်။ အဲဒီမှာ ကလေးတွေက များ သောအားဖြင့် (၁၈)နှစ်မပြည့်တာများတယ်”ဟု ဒေါ်သီတာယုမွန်က ပြောသည်။
PDF အဖွဲ့၏ ကလေးစစ်သားစုဆောင်းမှုကြောင့် မြင်းခြံမြို့နယ်မှ အသက်မပြည့်သေးသည့် ကလေးငယ်(၂၀ဝ)ကျော် စုဆောင်းခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့အနေဖြင့် ကလေးငယ် (၅၀) ကိုသာ အချိန်မီပြန်လည်ကယ်တင်ထားနိုင်ခဲ့ကြောင်း ဒေါ်သီတာ ယုမွန်ကဆိုသည်။
“မြင်းခြံပတ်ချာလည်မှာဆိုရင်တောင် ကလေးငယ်(၂၀ဝ)ကျော်လောက် စုဆောင်းခံလိုက်ရပြီ။ ရွာတွေမှာဆိုရင်လည်း PDF တွေကို တစ်အိမ် တစ်ယောက်ထည့်ရတာ။ ကချင်လိုမျိုးဖြစ်နေတာ။ တိုင်းရင်းသားဒေသလိုပဲ တစ်ရွာတစ်ယောက်ပဲ”ဟု ၎င်းကဆိုသည်။
ထို့နောက် PDF အဖွဲ့၏စခန်းများသို့ ရောက်ရှိသွားသည့် ကလေးငယ်များသည် အန္တရာယ်များ သည့် စစ်သင်တန်းများပို့ချခြင်းကိုခံခဲ့ရပြီး သင်တန်းပြီးပါက ကင်းထောက်ခြင်းနှင့် မိုင်းထောင်ခြင်း အ ပြင် ရှေ့တန်းစစ်မြေပြင်သို့ပို့ကာ အသက်အရွယ်နှင့် မမျှသည့်စစ်ဆင်ရေးများကို လုပ်ဆောင်ခိုင်းခြင်း ခံနေရကြောင်း သိရသည်။
“မိုင်းသင်တန်းပေးတဲ့အခါမှာ သူတို့က ကလေးတွေကိုပေးတာ။ ကျွန်တော့်ဆီပြန်ရောက်နေတဲ့ ကလေးတစ်ယောက်ဆိုရင် ကျွန်တော့်ဆီ ပြန်ရောက်နေတာ (၂)နှစ်ကျော်ကျော်လောက်ရှိပြီ။ အဲဒီ အထဲ ဝင်တုန်းက ကလေးက (၁၅)နှစ်ပေါ့။ ကျွန်တော် ပြန်ထိန်းသိမ်းတဲ့အချိန်မှာ ကလေးက မိုင်းကိုတော် တော်ကျွမ်းကျင်နေပြီ။ မိုင်းအထောင်၊ အတပ်၊ မိုင်း အဖြုတ်နဲ့ မိုင်းလုပ်တာကို ဒီကလေးတွေကိုခိုင်းတာ။ မိုင်းဆိုတာ အချိန်အဆလည်းရှိတာမဟုတ်ဘူး။ နည်းပညာလည်း အဲဒီလောက်မဟုတ်ဘူးလေ။ အဲဒီမှာ ဒီလိုအန္တရာယ်ရှိတဲ့နေရာဆိုရင် ကလေး တွေကိုခိုင်းတာများတယ်။ သင်တန်းပေးထားတာ များတယ်။ တခြားတပ်က ကလေးတွေမိလို့ဖမ်းမိရင် သူတို့ကပြောတယ်လေ။ ကလေးတွေကို ဖမ်းတယ် ဆိုပြီး။ တကယ်တော့ အဲဒီကလေးတွေက PDF တွေဖြစ်နေတာ”ဟု မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာ ယုမွန်က ပြောသည်။
ယင်းနောက် စစ်သားစုဆောင်းခံလိုက်ရသည့် ကလေးငယ်များအနေဖြင့် PDF အဖွဲ့စခန်းများ၌ ဖိနှိပ်မှုများကြောင့် နေရပ်ပြန်ချင်သော်လည်း PDF အဖွဲ့က ၎င်းတို့၏မိဘများကို သတ်ဖြတ်မည်ဟု ခြိမ်း ခြောက်ခြင်းနှင့်ပါကြုံနေရကြောင်းလည်း ၎င်းကဆက်ပြောသည်။
“ဟိုဘက်(PDF) ကတော့ သတ်မယ်၊ သေမယ်(၂)ခုပဲဆိုတော့ ပါသွားတဲ့ကလေးတွေလည်း တချို့ ဆိုရင် မလိုက်ရင်နင်တို့မိဘတွေ သတ်မယ်ဆိုတော့ ကလေးတွေကပါကုန်တာပေါ့။ အဲဒီဖြစ်စဉ်တွေက ကြာပြီ။ ပြန်ခွင့်မပေးဘူး။ ပြန်တာနဲ့ နင်တို့ မိဘတွေကို လိုက်သတ်မှာ။ အဲဒီလိုပြောတာ။ မိဘတွေနဲ့ ခြိမ်းခြောက်ထားတော့ ကလေးတွေက နောက်ဆုံး ပြန်ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရဘူး။ တချို့ကလေးတွေကလည်း ဘယ်လိုမှ မပြန်နိုင်ဘူး ကလေးတွေထမင်းစားရတာတောင် ငရုတ်သီးနဲ့ လချီပြီးစားခဲ့ရတာ”ဟု ဒေါ်သီတာယုမွန်က ပြောသည်။
ကလေးစစ်သားစုဆောင်းခြင်းကို အညာဒေသရှိ PDF များသာမက လက်ရှိတပ်မတော်ကို တိုက် ခိုက်နေသော အခြားလက်နက်ကိုင်အဖွဲ့များကလည်း ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရ သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၀၂၃)ခုနှစ်၊ အောက်တိုဘာလက မြောက်ပိုင်း (၃)ဖွဲ့ တို့ ဖော်ဆောင်ခဲ့သော (၁၀၂၇) စစ်ဆင်ရေးအတွင်း TNLA, MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့တို့ သည် ကလေးစစ်သားများစွာ အသုံးပြုခဲ့ကြောင်း ထွက်ပေါ်ခဲ့သည့် သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version:
အသက္မျပည့္ေသးသူ (၂၀ဝ)ေက်ာ္ကို ျမင္းၿခံ PDF အဖြဲ႕က Tiktok အသုံးျပဳၿပီး ကေလးစစ္သားအျဖစ္ စုေဆာင္းခဲ့
သန႔္ဇင္ (NP News)
မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္တြင္ အသက္မျပည့္ေသးေသာ ကေလးငယ္(၂၀ဝ) ေက်ာ္ ကို Tiktok အသုံးျပဳကာ PDF အဖြဲ႕က ကေလးစစ္သားစုေဆာင္းခဲ့ေၾကာင္း ျမင္းၿခံျပည္သူ႔ စစ္ေခါင္း ေဆာင္ ေဒၚသီတာယုမြန္က NP News သို႔ေျပာသည္။
ျမင္းၿခံ-ေတာင္သာ-ႏြားထိုးႀကီးတစ္ေလွ်ာက္လႈပ္ရွားေနသည့္ PDF အဖြဲ႕မ်ားသည္ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ကပင္ ကေလးစစ္သားစုေဆာင္းျခင္းကို တြင္က်ယ္စြာလုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔ စုေဆာင္းခဲ့သည့္ ကေလးစစ္သားမ်ားအတြင္း (၉)ႏွစ္ႏွင့္ (၁၀)ႏွစ္ဝန္းက်င္ ကေလးငယ္ အမ်ားအျပား ပါဝင္ေၾကာင္း သိရသည္။
“ဒီကိစၥက(၂)ႏွစ္ေလာက္ရွိၿပီ။ ျမင္းၿခံ ဘက္ပါသြားတာက ကေလးေတြေက်ာင္းမတက္တဲ့ အခါက်ေတာ့ ကေလးေတြက ရပ္ကြက္ထဲမွာ ေဝေလ ေလျဖစ္ေနတယ္။ အခုေနာက္ပိုင္းမွာ Tiktok က ေခတ္စားလာတယ္။ ရန္သူဘက္ကလည္း Tiktok ေဆာ့ျပတယ္။ သူတို႔အဆင္ေျပေနတယ္ဆိုတဲ့ ပုံစံမ်ိဳးေတြေပါ့။ အဲဒီကေန သူတို႔ေခၚမယ့္သူေတြ သီးသန႔္ရွိတယ္။ ကြၽန္ေတာ္တို႔ မိတဲ့ကေလးေတြကို ေမးတဲ့အခါက်ေတာ့ သူတို႔က သီးသန႔္လူ ေခၚဖို႔အတြက္ Tiktok ကိုအသုံးျပဳထားတာ။ ၿမိဳ႕ ေပၚမွာဆိုရင္လည္း Tiktok ေဆာ့ရင္း မိန္းကေလး ေတြနဲ႔ ႀကိဳက္ၾကတာေပါ့။ အဲဒီမိန္းကေလးေတြက ေနမွတစ္ဆင့္လည္း ကေလးေတြကို ဆြဲေဆာင္တယ္။ သြားမလားေပါ့ေနာ္။ အဲဒီမွာ ကေလးေတြက မ်ား ေသာအားျဖင့္ (၁၈)ႏွစ္မျပည့္တာမ်ားတယ္”ဟု ေဒၚသီတာယုမြန္က ေျပာသည္။
PDF အဖြဲ႕၏ ကေလးစစ္သားစုေဆာင္းမႈေၾကာင့္ ျမင္းၿခံၿမိဳ႕နယ္မွ အသက္မျပည့္ေသးသည့္ ကေလးငယ္(၂၀ဝ)ေက်ာ္ စုေဆာင္းခံခဲ့ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕အေနျဖင့္ ကေလးငယ္ (၅၀) ကိုသာ အခ်ိန္မီျပန္လည္ကယ္တင္ထားႏိုင္ခဲ့ေၾကာင္း ေဒၚသီတာ ယုမြန္ကဆိုသည္။
“ျမင္းၿခံပတ္ခ်ာလည္မွာဆိုရင္ေတာင္ ကေလးငယ္(၂၀ဝ)ေက်ာ္ေလာက္ စုေဆာင္းခံလိုက္ရၿပီ။ ႐ြာေတြမွာဆိုရင္လည္း PDF ေတြကို တစ္အိမ္ တစ္ေယာက္ထည့္ရတာ။ ကခ်င္လိုမ်ိဳးျဖစ္ေနတာ။ တိုင္းရင္းသားေဒသလိုပဲ တစ္႐ြာတစ္ေယာက္ပဲ”ဟု ၎ကဆိုသည္။
ထို႔ေနာက္ PDF အဖြဲ႕၏စခန္းမ်ားသို႔ ေရာက္ရွိသြားသည့္ ကေလးငယ္မ်ားသည္ အႏၲရာယ္မ်ား သည့္ စစ္သင္တန္းမ်ားပို႔ခ်ျခင္းကိုခံခဲ့ရၿပီး သင္တန္းၿပီးပါက ကင္းေထာက္ျခင္းႏွင့္ မိုင္းေထာင္ျခင္း အ ျပင္ ေရွ႕တန္းစစ္ေျမျပင္သို႔ပို႔ကာ အသက္အ႐ြယ္ႏွင့္ မမွ်သည့္စစ္ဆင္ေရးမ်ားကို လုပ္ေဆာင္ခိုင္းျခင္း ခံေနရေၾကာင္း သိရသည္။
“မိုင္းသင္တန္းေပးတဲ့အခါမွာ သူတို႔က ကေလးေတြကိုေပးတာ။ ကြၽန္ေတာ့္ဆီျပန္ေရာက္ေနတဲ့ ကေလးတစ္ေယာက္ဆိုရင္ ကြၽန္ေတာ့္ဆီ ျပန္ေရာက္ေနတာ (၂)ႏွစ္ေက်ာ္ေက်ာ္ေလာက္ရွိၿပီ။ အဲဒီ အထဲ ဝင္တုန္းက ကေလးက (၁၅)ႏွစ္ေပါ့။ ကြၽန္ေတာ္ ျပန္ထိန္းသိမ္းတဲ့အခ်ိန္မွာ ကေလးက မိုင္းကိုေတာ္ ေတာ္ကြၽမ္းက်င္ေနၿပီ။ မိုင္းအေထာင္၊ အတပ္၊ မိုင္း အျဖဳတ္နဲ႔ မိုင္းလုပ္တာကို ဒီကေလးေတြကိုခိုင္းတာ။ မိုင္းဆိုတာ အခ်ိန္အဆလည္းရွိတာမဟုတ္ဘူး။ နည္းပညာလည္း အဲဒီေလာက္မဟုတ္ဘူးေလ။ အဲဒီမွာ ဒီလိုအႏၲရာယ္ရွိတဲ့ေနရာဆိုရင္ ကေလး ေတြကိုခိုင္းတာမ်ားတယ္။ သင္တန္းေပးထားတာ မ်ားတယ္။ တျခားတပ္က ကေလးေတြမိလို႔ဖမ္းမိရင္ သူတို႔ကေျပာတယ္ေလ။ ကေလးေတြကို ဖမ္းတယ္ ဆိုၿပီး။ တကယ္ေတာ့ အဲဒီကေလးေတြက PDF ေတြျဖစ္ေနတာ”ဟု ျမင္းၿခံျပည္သူ႔စစ္ေခါင္းေဆာင္ ေဒၚသီတာ ယုမြန္က ေျပာသည္။
ယင္းေနာက္ စစ္သားစုေဆာင္းခံလိုက္ရသည့္ ကေလးငယ္မ်ားအေနျဖင့္ PDF အဖြဲ႕စခန္းမ်ား၌ ဖိႏွိပ္မႈမ်ားေၾကာင့္ ေနရပ္ျပန္ခ်င္ေသာ္လည္း PDF အဖြဲ႕က ၎တို႔၏မိဘမ်ားကို သတ္ျဖတ္မည္ဟု ၿခိမ္း ေျခာက္ျခင္းႏွင့္ပါႀကဳံေနရေၾကာင္းလည္း ၎ကဆက္ေျပာသည္။
“ဟိုဘက္(PDF) ကေတာ့ သတ္မယ္၊ ေသမယ္(၂)ခုပဲဆိုေတာ့ ပါသြားတဲ့ကေလးေတြလည္း တခ်ိဳ႕ ဆိုရင္ မလိုက္ရင္နင္တို႔မိဘေတြ သတ္မယ္ဆိုေတာ့ ကေလးေတြကပါကုန္တာေပါ့။ အဲဒီျဖစ္စဥ္ေတြက ၾကာၿပီ။ ျပန္ခြင့္မေပးဘူး။ ျပန္တာနဲ႔ နင္တို႔ မိဘေတြကို လိုက္သတ္မွာ။ အဲဒီလိုေျပာတာ။ မိဘေတြနဲ႔ ၿခိမ္းေျခာက္ထားေတာ့ ကေလးေတြက ေနာက္ဆုံး ျပန္ထြက္ေျပးခ်င္ရင္ေတာင္ ထြက္ေျပးလို႔မရဘူး။ တခ်ိဳ႕ကေလးေတြကလည္း ဘယ္လိုမွ မျပန္ႏိုင္ဘူး ကေလးေတြထမင္းစားရတာေတာင္ င႐ုတ္သီးနဲ႔ လခ်ီၿပီးစားခဲ့ရတာ”ဟု ေဒၚသီတာယုမြန္က ေျပာသည္။
ကေလးစစ္သားစုေဆာင္းျခင္းကို အညာေဒသရွိ PDF မ်ားသာမက လက္ရွိတပ္မေတာ္ကို တိုက္ ခိုက္ေနေသာ အျခားလက္နက္ကိုင္အဖြဲ႕မ်ားကလည္း ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရ သည္။
အလားတူ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ (၂၀၂၃)ခုႏွစ္၊ ေအာက္တိုဘာလက ေျမာက္ပိုင္း (၃)ဖြဲ႕ တို႔ ေဖာ္ေဆာင္ခဲ့ေသာ (၁၀၂၇) စစ္ဆင္ေရးအတြင္း TNLA, MNDAA ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ သည္ ကေလးစစ္သားမ်ားစြာ အသုံးျပဳခဲ့ေၾကာင္း ထြက္ေပၚခဲ့သည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Picture

Tha Lwin

20/07/2025 17:10

အင်မတန်ဝမ်းနည်းစရာကောင်းသလို စိတ်ထိခိုက်ရပါတယ် ကလေးတွေကိုအမြန်ကယ်ကူကြဘို့ အကြမ်းဖက်အမြစ်ဖြတ်မှသာ

Related news

© 2021. All rights reserved.