“နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတဲ့ Azalea Stars အက အဖွဲ့သားများ”

505

အိဖြူ (NP News) - ဇူလိုင် ၂၁
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ပိုးကြာဖြူခင်ပြောတဲ့ ဝန်ထမ်း များအကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့ကြသော Azalea Stars အကအဖွဲ့” စတဲ့ အနုပညာ ဆက်စပ် သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာကျင်းပခဲ့တဲ့ (2025) World Cultural Dance Competition မှာ Myanmar Azalea Stars အကအဖွဲ့က ရွှေတံဆိပ်ဆု “Gold Prize Winner” အဖြစ် ချီးမြှင့်ခံခဲ့ရပါ တယ်။
(2025) IYF World Camp ကို တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး (2025) World Cultural Dance Competition မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Azalea Stars အဖွဲ့က ယှဉ်ပြိုင်ဖျော် ဖြေခွင့်ရရှိခဲ့တာပါ။ Myanmar Azalea Stars အကအဖွဲ့က မြန်မာနိုင်ငံ လီဆူးတိုင်းရင်းသားရိုးရာ ဝတ်စုံ ကို အခြေခံဝတ်ဆင်ထားကြပြီး ကချင်တိုင်းရင်းသားတို့ရဲ့ရိုးရာအကအလှ တွေကိုဖော်ကျူးကာ မြန်မာ နိုင်ငံတော်အလံကို ဝှေ့ယမ်းသရုပ်ပြရင်း ဆင်ရုပ်နဲ့အတူ ကပြတင်ဆက်မှုတွေကြောင့်လည်း ယှဉ်ပြိုင်မှု မြင်ကွင်းရုပ်သံကို ကြည့်ရှုမိသူမြန်မာနိုင်ငံသားတိုင်းက ဝမ်းသာဂုဏ်ယူခဲ့ကြပါတယ်။
တခြားတစ်ဖက်မှာတော့ ၎င်းတို့သီဆိုသရုပ်ဖော်ခဲ့ကြတဲ့ သီချင်းနဲ့ အကအလှတွေက ကချင်၊ လီ ဆူး၊ တရုတ်ပြည်အခြေပြု ကချင် လူမျိုးတွေရဲ့အကအလှတွေသာဖြစ်ကြောင်း ငြင်းခုံလျက်ရှိလို့နေကြ ပါတယ်။ မြန်မာလီဆူး-တရုတ်လီဆူးလို့ဆိုကာ ခွဲခြားပြောဆို နေမှုအပေါ်အများစုက လီဆူးလူမျိုးမှာ မြန်မာ-တရုတ်လို့ ခွဲခြားထားခြင်းမျိုးမရှိကြောင်း ပြန်လည်ထောက်ပြခဲ့ကြပါတယ်။ (2025) World Cultural Festival မှာ Grand Prize ကို ကင်ညာနိုင်ငံက Tumaini ၊ Gold Prize ကို မြန်မာနိုင်ငံက Azalea Stars ၊ Silver Prize ကို ထိုင်းနိုင်ငံက THAI CHIYO ၊ Bronze Prize ကို Ukraine နိုင်ငံက Mriya ၊ Special Prize ကို ဟောင်ကောင်က Wu Meng အဖွဲ့တို့က ထိုက်တန်စွာ ရရှိခဲ့ကြတာပါ။ MRF & Myanmar Azalea Stars Gold Prize ဆုရှင်တွေဟာ (၁၅-၇-၂၀၂၅) (အင်္ဂါနေ့) ည (၇) နာရီ (၃၀) မိနစ် အချိန်က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်လေဆိပ်ကို ရောက်ရှိခဲ့ကြပြီး မိသားစုဝင်များ၊ အသင်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အကအဖွဲ့ညီအစ်ကိုမောင်နှမများ စည်းကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ် ပြုခဲ့ကြပါတယ်။

စိန်အစစ်- အတု လဲလှယ်ခံလိုက်ရတဲ့ ပိုးကြားဖြူခင်
ရုပ်ရှင်သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ ရတနာ PK Htun ဆိုင်မှာ ဝန်ထမ်းမိန်းကလေးတစ်ဦးက စိန်လော့ကက် ကို ဒီဇိုင်းပုံစံဆင်တူ အတုပြုလုပ်ကာ အစစ်နဲ့အတု လဲလှယ်မှုဖြစ်ပွားခဲ့ပါတယ်။
စိန်လော့ကက် (၂) ခု ကို အတုပြုလုပ်ကာ လဲလှယ်သွားခဲ့ခြင်းဖြစ်ပြီး၊ ပစ္စည်းတန်ဖိုးမှာ သိန်း (၃၀ဝ) ကျော်ရှိတယ်လို့ သိရပါတယ်။ ဆိုင်ဝန်ထမ်းမိန်းကလေးက (၂၀၂၅) ခုနှစ် ဇွန်လ (၃၀) ရက်အထိ ရတနာ PK Htun ဆိုင်လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဇွန်လ လစာငွေရရှိပြီးနောက် အလုပ်လာ ရောက်ခြင်းမရှိခဲ့ကြောင်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ပုံကိုသံသယရှိခဲ့တဲ့အတွက် ဆိုင်အတွင်း CCTV များ၊ ပစ္စည်းများကို စစ်ဆေးခဲ့ရာမှ အဆိုပါလုပ်ရပ် ကျူးလွန်ခဲ့ကြောင်းကို သိရှိခွင့်ရရှိခဲ့တယ်လို့ ပိုးကြာဖြူခင်ရဲ့ပြောစကားတွေအရ သိရပါတယ်။
သူ့အနေနဲ့ ကျူးလွန်ခဲ့တဲ့ ဆိုင်ဝန်ထမ်းမိန်းကလေးကို ဆက်သွယ်ခဲ့ပြီး (၁၅) ရက်ကျော်အထိ စောင့်ဆိုင်းပေးခဲ့ကြောင်း၊ မိန်းကလေးချင်း၊ သားသမီးချင်း ကိုယ်ချင်းစာနာမှုကြောင့် အမှုကိစ္စတွေမဖြစ် စေလိုကြောင်း ပိုးကြာဖြူခင်က တရားဝင်ကြေညာအသိပေးခဲ့ပါတယ်။ ၎င်းအနေနဲ့ ဇူလိုင်လ (၁၈) ရက် အထိ နောက်ဆုံးထားကာ စောင့်ဆိုင်းပေးခဲ့ပြီး ခိုးယူသွားတဲ့ စိန်လော့ကက် (၂) ခုကို လာရောက်အပ်နှံ ခြင်းမရှိပါက သက်ဆိုင်ရာကတစ်ဆင့် ဖြေရှင်းရတော့မှာဖြစ်ကြောင်း အသိပေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ မိန်းကလေးက မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်မှာနေထိုင်သူဖြစ်ကာ အသက် (၂၃)နှစ်ခန့်ရှိပြီဖြစ်ပြီး၊ တစ်ဦးတည်းသောသမီး၊ အိမ်ထောင်သည်အမျိုးသမီးငယ် တစ်ဦးဖြစ် တယ်လို့ သိရပါတယ်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုတဲ့ စကားပုံအတိုင်း ဝန်ထမ်း တစ်ဦးရဲ့လုပ်ရပ်က တခြားကောင်းမွန်သစ္စာရှိတဲ့ဝန်ထမ်းတွေအတွက် များစွာနစ်နာရပြီး၊ အလုပ်ရှင်နဲ့ ဝန်ထမ်းကြား ယုံကြည်မှု ပျက်ယွင်းစေနိုင်တာကြောင့် လူတိုင်း မိမိတို့ရဲ့ကိုယ်ကျင့်သိက္ခာကို ငွေကြေး ပစ္စည်းနဲ့ မလဲလှယ်သင့်ကြောင်း ထောက်ပြရင်း အနုပညာရှင်သတင်းတစ်ပုဒ်အဖြစ် ရေးသားဖော်ပြ လိုက်ရပါတယ်။

အဆိုတော် ဂျင်းနီရဲ့ ရိုးရှင်းလှတဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲ
ကိုဥက္ကာနဲ့ အဆိုတော်ဂျင်းနီ(ခ) ဟန်နွေငြိမ်းတို့က နှစ်ဦးသဘောတူ ထိမ်းမြားလက်ထပ်ကြောင်း သဘောတူ စာချုပ်ကို ရှေ့နေနဲ့တကွ အသိသက်သေတွေရှေ့မှောက်မှာ တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဇူလိုင်လ (၁၄) ရက်က ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရှိရပါတယ်။
အဆိုတော်ဂျင်းနီရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲအခမ်းအနားက ရိုးရှင်းခဲ့ပေမယ့် ပရိသတ်စိတ်ဝင် စားမှုကို အထိုက်အလျောက်ရရှိခဲ့ကာ အဆိုတော်အပျိုကြီးမမတစ်ဦး အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း မှတ်ချက်ပြု စနောက်ခဲ့ကြတာကိုတော့ သတိပြုမိခဲ့ပါတယ်။ လာမယ့် (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၂) ရက်ဆိုရင် ဂျင်းနီက အသက် (၃၈) နှစ်ပြည့်တော့မှာ ဖြစ်တာကြောင့်လည်း ဂျင်းနီရဲ့ပရိသတ်တွေက ဂျင်းနီအတွက် ဝမ်းသာဂုဏ်ပြုခဲ့ကြပြီး အိမ်ထောင်ရေးခရီးတစ်လျှောက်လုံး စိတ်ချမ်းသာပျော်ရွှင်စေဖို့ ဆုတောင်းစကားတွေပြောထားကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
၎င်းတို့နှစ်ဦးက (၂၀၁၆) ခုနှစ်က စတင်ခင်မင်ခဲ့ကြပြီး၊ အနုပညာအလုပ်တွေ တွဲဖက်လုပ်ကိုင် ကြရင်း သမီးရည်းစားဖြစ်ခဲ့ကြခြင်းမျိုးဖြစ်ကြောင်း တစ်ချိန်က ဖွင့်ဟဖူးပါတယ်။
ချစ်သူသက်တမ်း သုံးနှစ်ပြည့်မှာ အိမ်ထောင်ပြုဖို့ စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး၊ ဂျင်းနီက ၎င်းရဲ့ အမျိုးသားကို ဥက္ကာကို စိတ်ရိုးရှင်းပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူဖြစ်တာကြောင့် နှစ်ခြိုက် သဘောကျခြင်းဖြစ်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ႏိုင္ငံ့ဂုဏ္ေဆာင္ခဲ့ၾကတဲ့ Azalea Stars အက အဖြဲ႕သားမ်ား”
အိျဖဴ (NP News) - ဇူလိုင္ ၂၁
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ပိုးၾကာျဖဴခင္ေျပာတဲ့ ဝန္ထမ္း မ်ားအေၾကာင္း၊ ႏိုင္ငံ့ဂုဏ္ေဆာင္ေပးခဲ့ၾကေသာ Azalea Stars အကအဖြဲ႕” စတဲ့ အႏုပညာ ဆက္စပ္ သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕မွာက်င္းပခဲ့တဲ့ (2025) World Cultural Dance Competition မွာ Myanmar Azalea Stars အကအဖြဲ႕က ေ႐ႊတံဆိပ္ဆု “Gold Prize Winner” အျဖစ္ ခ်ီးျမႇင့္ခံခဲ့ရပါ တယ္။
(2025) IYF World Camp ကို ေတာင္ကိုရီးယားႏိုင္ငံမွာ ႏွစ္စဥ္က်င္းပေလ့ရွိၿပီး (2025) World Cultural Dance Competition မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ Azalea Stars အဖြဲ႕က ယွဥ္ၿပိဳင္ေဖ်ာ္ ေျဖခြင့္ရရွိခဲ့တာပါ။ Myanmar Azalea Stars အကအဖြဲ႕က ျမန္မာႏိုင္ငံ လီဆူးတိုင္းရင္းသား႐ိုးရာ ဝတ္စုံ ကို အေျခခံဝတ္ဆင္ထားၾကၿပီး ကခ်င္တိုင္းရင္းသားတို႔ရဲ႕႐ိုးရာအကအလွ ေတြကိုေဖာ္က်ဴးကာ ျမန္မာ ႏိုင္ငံေတာ္အလံကို ေဝွ႔ယမ္းသ႐ုပ္ျပရင္း ဆင္႐ုပ္နဲ႔အတူ ကျပတင္ဆက္မႈေတြေၾကာင့္လည္း ယွဥ္ၿပိဳင္မႈ ျမင္ကြင္း႐ုပ္သံကို ၾကည့္ရႈမိသူျမန္မာႏိုင္ငံသားတိုင္းက ဝမ္းသာဂုဏ္ယူခဲ့ၾကပါတယ္။
တျခားတစ္ဖက္မွာေတာ့ ၎တို႔သီဆိုသ႐ုပ္ေဖာ္ခဲ့ၾကတဲ့ သီခ်င္းနဲ႔ အကအလွေတြက ကခ်င္၊ လီ ဆူး၊ တ႐ုတ္ျပည္အေျချပဳ ကခ်င္ လူမ်ိဳးေတြရဲ႕အကအလွေတြသာျဖစ္ေၾကာင္း ျငင္းခုံလ်က္ရွိလို႔ေနၾက ပါတယ္။ ျမန္မာလီဆူး-တ႐ုတ္လီဆူးလို႔ဆိုကာ ခြဲျခားေျပာဆို ေနမႈအေပၚအမ်ားစုက လီဆူးလူမ်ိဳးမွာ ျမန္မာ-တ႐ုတ္လို႔ ခြဲျခားထားျခင္းမ်ိဳးမရွိေၾကာင္း ျပန္လည္ေထာက္ျပခဲ့ၾကပါတယ္။ (2025) World Cultural Festival မွာ Grand Prize ကို ကင္ညာႏိုင္ငံက Tumaini ၊ Gold Prize ကို ျမန္မာႏိုင္ငံက Azalea Stars ၊ Silver Prize ကို ထိုင္းႏိုင္ငံက THAI CHIYO ၊ Bronze Prize ကို Ukraine ႏိုင္ငံက Mriya ၊ Special Prize ကို ေဟာင္ေကာင္က Wu Meng အဖြဲ႕တို႔က ထိုက္တန္စြာ ရရွိခဲ့ၾကတာပါ။ MRF & Myanmar Azalea Stars Gold Prize ဆုရွင္ေတြဟာ (၁၅-၇-၂၀၂၅) (အဂၤါေန႔) ည (၇) နာရီ (၃၀) မိနစ္ အခ်ိန္က ျမန္မာႏိုင္ငံ ရန္ကုန္အျပည္ျပည္ေလဆိပ္ကို ေရာက္ရွိခဲ့ၾကၿပီး မိသားစုဝင္မ်ား၊ အသင္းအဖြဲ႕မွ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား၊ အကအဖြဲ႕ညီအစ္ကိုေမာင္ႏွမမ်ား စည္းကားသိုက္ၿမိဳက္စြာ ႀကိဳဆိုဂုဏ္ ျပဳခဲ့ၾကပါတယ္။
စိန္အစစ္- အတု လဲလွယ္ခံလိုက္ရတဲ့ ပိုးၾကားျဖဴခင္
႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ရဲ႕ ရတနာ PK Htun ဆိုင္မွာ ဝန္ထမ္းမိန္းကေလးတစ္ဦးက စိန္ေလာ့ကက္ ကို ဒီဇိုင္းပုံစံဆင္တူ အတုျပဳလုပ္ကာ အစစ္နဲ႔အတု လဲလွယ္မႈျဖစ္ပြားခဲ့ပါတယ္။
စိန္ေလာ့ကက္ (၂) ခု ကို အတုျပဳလုပ္ကာ လဲလွယ္သြားခဲ့ျခင္းျဖစ္ၿပီး၊ ပစၥည္းတန္ဖိုးမွာ သိန္း (၃၀ဝ) ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ဆိုင္ဝန္ထမ္းမိန္းကေလးက (၂၀၂၅) ခုႏွစ္ ဇြန္လ (၃၀) ရက္အထိ ရတနာ PK Htun ဆိုင္လုပ္ငန္းခြင္မွာ ဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး ဇြန္လ လစာေငြရရွိၿပီးေနာက္ အလုပ္လာ ေရာက္ျခင္းမရွိခဲ့ေၾကာင္း ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တုံ႔ျပန္ပုံကိုသံသယရွိခဲ့တဲ့အတြက္ ဆိုင္အတြင္း CCTV မ်ား၊ ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာမွ အဆိုပါလုပ္ရပ္ က်ဴးလြန္ခဲ့ေၾကာင္းကို သိရွိခြင့္ရရွိခဲ့တယ္လို႔ ပိုးၾကာျဖဴခင္ရဲ႕ေျပာစကားေတြအရ သိရပါတယ္။
သူ႔အေနနဲ႔ က်ဴးလြန္ခဲ့တဲ့ ဆိုင္ဝန္ထမ္းမိန္းကေလးကို ဆက္သြယ္ခဲ့ၿပီး (၁၅) ရက္ေက်ာ္အထိ ေစာင့္ဆိုင္းေပးခဲ့ေၾကာင္း၊ မိန္းကေလးခ်င္း၊ သားသမီးခ်င္း ကိုယ္ခ်င္းစာနာမႈေၾကာင့္ အမႈကိစၥေတြမျဖစ္ ေစလိုေၾကာင္း ပိုးၾကာျဖဴခင္က တရားဝင္ေၾကညာအသိေပးခဲ့ပါတယ္။ ၎အေနနဲ႔ ဇူလိုင္လ (၁၈) ရက္ အထိ ေနာက္ဆုံးထားကာ ေစာင့္ဆိုင္းေပးခဲ့ၿပီး ခိုးယူသြားတဲ့ စိန္ေလာ့ကက္ (၂) ခုကို လာေရာက္အပ္ႏွံ ျခင္းမရွိပါက သက္ဆိုင္ရာကတစ္ဆင့္ ေျဖရွင္းရေတာ့မွာျဖစ္ေၾကာင္း အသိေပးခဲ့ျခင္းျဖစ္ပါတယ္။
အဆိုပါ မိန္းကေလးက မႏၲေလးတိုင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္မွာေနထိုင္သူျဖစ္ကာ အသက္ (၂၃)ႏွစ္ခန႔္ရွိၿပီျဖစ္ၿပီး၊ တစ္ဦးတည္းေသာသမီး၊ အိမ္ေထာင္သည္အမ်ိဳးသမီးငယ္ တစ္ဦးျဖစ္ တယ္လို႔ သိရပါတယ္။ “ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္” ဆိုတဲ့ စကားပုံအတိုင္း ဝန္ထမ္း တစ္ဦးရဲ႕လုပ္ရပ္က တျခားေကာင္းမြန္သစၥာရွိတဲ့ဝန္ထမ္းေတြအတြက္ မ်ားစြာနစ္နာရၿပီး၊ အလုပ္ရွင္နဲ႔ ဝန္ထမ္းၾကား ယုံၾကည္မႈ ပ်က္ယြင္းေစႏိုင္တာေၾကာင့္ လူတိုင္း မိမိတို႔ရဲ႕ကိုယ္က်င့္သိကၡာကို ေငြေၾကး ပစၥည္းနဲ႔ မလဲလွယ္သင့္ေၾကာင္း ေထာက္ျပရင္း အႏုပညာရွင္သတင္းတစ္ပုဒ္အျဖစ္ ေရးသားေဖာ္ျပ လိုက္ရပါတယ္။
အဆိုေတာ္ ဂ်င္းနီရဲ႕ ႐ိုးရွင္းလွတဲ့ မဂၤလာလက္မွတ္ ေရးထိုးပြဲ
ကိုဥကၠာနဲ႔ အဆိုေတာ္ဂ်င္းနီ(ခ) ဟန္ေႏြၿငိမ္းတို႔က ႏွစ္ဦးသေဘာတူ ထိမ္းျမားလက္ထပ္ေၾကာင္း သေဘာတူ စာခ်ဳပ္ကို ေရွ႕ေနနဲ႔တကြ အသိသက္ေသေတြေရွ႕ေမွာက္မွာ တရားဝင္ လက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္ေၾကာင္း ဇူလိုင္လ (၁၄) ရက္က ထြက္ေပၚလာတဲ့သတင္းေတြအရ သိရွိရပါတယ္။
အဆိုေတာ္ဂ်င္းနီရဲ႕မဂၤလာလက္မွတ္ေရးထိုးပြဲအခမ္းအနားက ႐ိုးရွင္းခဲ့ေပမယ့္ ပရိသတ္စိတ္ဝင္ စားမႈကို အထိုက္အေလ်ာက္ရရွိခဲ့ကာ အဆိုေတာ္အပ်ိဳႀကီးမမတစ္ဦး အိမ္ေထာင္က်သြားၿပီျဖစ္ေၾကာင္း မွတ္ခ်က္ျပဳ စေနာက္ခဲ့ၾကတာကိုေတာ့ သတိျပဳမိခဲ့ပါတယ္။ လာမယ့္ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလ (၂) ရက္ဆိုရင္ ဂ်င္းနီက အသက္ (၃၈) ႏွစ္ျပည့္ေတာ့မွာ ျဖစ္တာေၾကာင့္လည္း ဂ်င္းနီရဲ႕ပရိသတ္ေတြက ဂ်င္းနီအတြက္ ဝမ္းသာဂုဏ္ျပဳခဲ့ၾကၿပီး အိမ္ေထာင္ေရးခရီးတစ္ေလွ်ာက္လုံး စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေစဖို႔ ဆုေတာင္းစကားေတြေျပာထားၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
၎တို႔ႏွစ္ဦးက (၂၀၁၆) ခုႏွစ္က စတင္ခင္မင္ခဲ့ၾကၿပီး၊ အႏုပညာအလုပ္ေတြ တြဲဖက္လုပ္ကိုင္ ၾကရင္း သမီးရည္းစားျဖစ္ခဲ့ၾကျခင္းမ်ိဳးျဖစ္ေၾကာင္း တစ္ခ်ိန္က ဖြင့္ဟဖူးပါတယ္။
ခ်စ္သူသက္တမ္း သုံးႏွစ္ျပည့္မွာ အိမ္ေထာင္ျပဳဖို႔ စီစဥ္ခဲ့ၾကျခင္းျဖစ္ၿပီး၊ ဂ်င္းနီက ၎ရဲ႕ အမ်ိဳးသားကို ဥကၠာကို စိတ္႐ိုးရွင္းၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္တတ္သူျဖစ္တာေၾကာင့္ ႏွစ္ၿခိဳက္ သေဘာက်ျခင္းျဖစ္တယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။