မော်လမြိုင်ကမ်းနားတွင် ကမ်းကပ်ရပ်နားထားသော “ထီးလှိုင်ရှင်”အပျော်စီးသင်္ဘော နစ်မြုပ်

1924

သန့်ဇင်(NP News)-ဇူလိုင် ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ထားဝယ်တံတား ကမ်းကပ်ရပ်နားထားသော “ထီးလှိုင်ရှင်”အပျော်စီးသင်္ဘော ယနေ့ (ဇူလိုင်လ ၂၁ရက်) နံနက်ပိုင်းက နစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မြုပ်သွားတဲ့သင်္ဘောက “ထီးလှိုင်ရှင်”အပျော်စီးသင်္ဘောပါ။ အခုက ကမ်းကပ်ထားရင်းနဲ့မြုပ်သွားတာ။ ဘာကြောင့်မြုပ်သွားလည်းတော့ မသိဘူး။ အခုက မိုးတွင်းဆိုတော့ မသုံးဘူးလေ။ အဲဒါနဲ့ကမ်းကပ်ထားတာကြာပြီ။ လူထိခိုက်တာတွေတော့မရှိဘူး”ဟု ဒေသခံအမျိုးသား တစ်ဦးက NP Newsကိုပြောသည်။
ထို့နောက် သင်္ဘောနှစ်မြုပ်သွားသောနေရာသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးက လာရောက်ကြည့်ရှု့ စစ်ဆေး ခဲ့ကာ နစ်မြုပ်သွားသောသင်္ဘောကြီးအား အမြန်ဆုံးဆယ်ယူနိုင်ရန်မှာကြားခဲ့ကြောင်း သိရသည်။
နစ်မြုပ်သွားသောသင်္ဘောမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်သင်္ဘောဖြစ်ပြီး ယခင်က အပျော်စီးသင်္ဘော အဖြစ်ပြေးဆွဲခဲ့သော သင်္ဘောတစ်စီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ သင်္ဘောသည် သံလွင်မြစ်ကြောင်းအတွင်း အပျော်စီးသင်္ဘောအဖြစ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားသည့် သင်္ဘောဖြစ်ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီရေကြောင်း၊ သံလွင်ဌာနခွဲကပိုင်ဆိုင်သော သင်္ဘောဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက နစ်မြုပ်နေသော သင်္ဘောအား အမြန်ဆုံးဆယ်ယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေမာ္လၿမိဳင္ကမ္းနားတြင္ ကမ္းကပ္ရပ္နားထားေသာ “ထီးလႈိင္ရွင္”အေပ်ာ္စီးသေဘၤာ နစ္ျမဳပ္
သန႔္ဇင္(NP News)-ဇူလိုင္ ၂၁
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ကမ္းနားလမ္း၊ ထားဝယ္တံတား ကမ္းကပ္ရပ္နားထားေသာ “ထီးလႈိင္ရွင္”အေပ်ာ္စီးသေဘၤာ ယေန႔ (ဇူလိုင္လ ၂၁ရက္) နံနက္ပိုင္းက နစ္ျမဳပ္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ျမဳပ္သြားတဲ့သေဘၤာက “ထီးလႈိင္ရွင္”အေပ်ာ္စီးသေဘၤာပါ။ အခုက ကမ္းကပ္ထားရင္းနဲ႔ျမဳပ္သြားတာ။ ဘာေၾကာင့္ျမဳပ္သြားလည္းေတာ့ မသိဘူး။ အခုက မိုးတြင္းဆိုေတာ့ မသုံးဘူးေလ။ အဲဒါနဲ႔ကမ္းကပ္ထားတာၾကာၿပီ။ လူထိခိုက္တာေတြေတာ့မရွိဘူး”ဟု ေဒသခံအမ်ိဳးသား တစ္ဦးက NP Newsကိုေျပာသည္။
ထို႔ေနာက္ သေဘၤာႏွစ္ျမဳပ္သြားေသာေနရာသို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕၊ လမ္းပမ္းဆက္သြယ္ေရးဝန္ႀကီးက လာေရာက္ၾကည့္ရႈ႕ စစ္ေဆး ခဲ့ကာ နစ္ျမဳပ္သြားေသာသေဘၤာႀကီးအား အျမန္ဆုံးဆယ္ယူႏိုင္ရန္မွာၾကားခဲ့ေၾကာင္း သိရသည္။
နစ္ျမဳပ္သြားေသာသေဘၤာမွာ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဌာနပိုင္သေဘၤာျဖစ္ၿပီး ယခင္က အေပ်ာ္စီးသေဘၤာ အျဖစ္ေျပးဆြဲခဲ့ေသာ သေဘၤာတစ္စီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါ သေဘၤာသည္ သံလြင္ျမစ္ေၾကာင္းအတြင္း အေပ်ာ္စီးသေဘၤာအျဖစ္ ပုဂၢလိကကုမၸဏီတစ္ခုကို လုပ္ကိုင္ခြင့္ေပးထားသည့္ သေဘၤာျဖစ္ၿပီး ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ဧရာဝတီေရေၾကာင္း၊ သံလြင္ဌာနခြဲကပိုင္ဆိုင္ေသာ သေဘၤာျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဌာနမွ တာဝန္ရွိသူမ်ားက နစ္ျမဳပ္ေနေသာ သေဘၤာအား အျမန္ဆုံးဆယ္ယူႏိုင္ရန္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။