နောင်ချိုမြို့သို့ နစက ဒုတိယ ဥက္ကဋ္ဌ သွားရောက်ကာ အောင်ပွဲရအရာရှိ စစ်သည်များကို ဂုဏ်ပြုပြီး အကြမ်းဖက်တို့ကြောင့် ပျက်စီးခဲ့ရခြင်းများကို စစ်ဆေး

 1009

သန့်ဇင် (NP News) - ဇူလိုင် ၂၁

အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ် ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နောင်ချိုမြို့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တာဝန်ရှိသူများနှင့် အတူ ယနေ့ (ဇူလိုင် ၂၁ ရက်) တွင် သွားရောက်ကာ နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည် များအား သွားရောက်တွေ့ဆုံဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီး ခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် ဒေသခံပြည်သူမျာအားတွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်း အနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က စစ်မြေပြင်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုကြောင့် စစ်မြေပြင် တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့်စစ်သည်များကို အဆင့်တံဆိပ်များ တပ်ဆင်ပေးကြောင်း သိရသည်။

ယင်းနောက် နစက ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းဖွင့်လှစ်ထားသည့် ယာယီဆေးရုံသို့ ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် ယာယီဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားစဉ် ငှက်ဖျား ရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နောင်ချိုမြို့မှ အသက် ၁၅ နှစ်အရွယ် လူနာတစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံ ယူနိုင်ရန်အတွက် မိသားစုဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင် လာခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ ဟော်တော်ကျောင်းတိုက်သို့ သွား ရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အင်္ဂုသ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး နောင်ချိုမြို့အား ယခင်အေးချမ်းစဉ် ကာလ ဖွံ့ဖြိုးတိုးတက်စည်ပင်မှုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်သော စည်ပင်သော မြို့အဖြစ် တစ်ဖန်ပြန်လည်ရောက်ရှိအောင် အမြန်ဆုံး ဆောင်ရွက်သွားမည့် အခြေ အနေများနှင့် သာသနာဆိုင်ရာကိစ္စရပ်များအပါအဝင် ဆရာတော်သံဃာတော်များ၏ ကျန်းမာရေးအခြေအနေများပါကို လျှောက်ထားရာ ဆရာတော်က ယခုကဲ့သို့ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအတွက် များစွာဝမ်းမြောက်ကြောင်း ပြန်လည်မိန့်ကြားပြီးနောက် တပ်မတော်သားများအားလုံးအတွက် ဆက်လက် အောင်မြင်မှုများ ရရှိပါစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်း မေတ္တာပို့သပေးကြောင်း သိရသည်။

၎င်းနောက် မြို့နယ်ခန်းမ၌ ဒေသခံတိုင်းရင်းသား ပြည်သူ များနှင့် တွေ့ဆုံခဲ့ရာ အဆိုပါ တွေ့ဆုံပွဲတွင် နစက ဒုတိယ ဥက္ကဌ က နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးခြင်း ပထမဆုံး မှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာ တတ်မြောက်မှသာ အတက်ပညာကို သင်ယူတက် မြောက်နိုင်မည်ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရေး တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးနှင့် ဇူလိုင် ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန် စီစဉ်ထားပြီးဖြစ်သကဲ့သို့ မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို စာသင်ကျောင်း များသို့ မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်ဖြစ်ကြောင်း၊ ပညာသင်ကြား ပေးကြရမည့် ဆရာဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့သည့်အတွက် ကျောင်းသင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှ ရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုပါကြောင်းနှင့် တတ်မြောက်အောင်လည်း သင်ကြားပေးရန် တိုက်တွန်းလိုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်ပြီး ခုတင်(၂၅) ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း အကြမ်းဖက်သောင်းကျန်း သူများဖျက်စီးခဲ့သည့်အတွက် မူလအခြေနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံး ပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် ပေးရန် ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နောင်ချိုမြို့ နယ် တည်ငြိမ်အေးချမ်း သာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် နောင်ချိုမြို့နှင့် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ အစိုးရ၏အုပ်ချုပ်မှု ယန္တရားလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသည့် မည်သူမဆို ပါဝင် မဲပေးခွင့်ရရှိရေး လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း များကို အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့လျှင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူလူထုကို အလုပ်အကျွေးပြုနေကြသူများဖြစ်သည့် အတွက် ပြည်သူများအပေါ် စိတ်ရင်းစေတနာထားကာ ဝန်ဆောင်မှုများ ပေးအပ် သွားကြရမည်ဖြစ်ကြောင်း၊ မိမိမြို့/ရွာကို မိမိတို့က ပြန်လည်တည်ဆောက်ရမည် ဖြစ်သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဖျက်ဆီးခဲ့သည့် နေအိမ်များ၊ ရုံးဌာန အဆောက်အဦများနှင့် လမ်းတံတားများ အမြန်ဆုံးပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်း အပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်းလည်း ပြောကြားသည်။

ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ပစ္စည်း(၁၆) မျိုးပါ Family Kit များကိုထောက်ပံ့ပေးအပ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ရပ်မိရပ်ဖ နှစ်ဦး ကလက်ခံရယူခဲ့ကာ နောင်ချိုမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ပေးသည့် အမယ်စုံပစ္စည်း များနှင့် ရိက္ခာများကို ဇူလိုင် ၁၇ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက အပြည့်အစုံပေးအပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် နောင်ချိုမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး အကြမ်းဖက်သောင်းကျန်း သူများဖျက်ဆီးခဲ့သည့် အရေးပေါ်ခွဲစိတ်ခန်းအပါအဝင် ဆေးရုံအတွင်း ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး ဆေးရုံအတွင်းနှင့်အပြင် ပျက်စီးမှုများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းရေး၊ ဖယ်ရှားရှင်းလင်းစဉ် ဆယ်တင်အသုံးပြု ၍ရသည့် ပစ္စည်းများကို ပြန်လည်စမ်းစစ်မှုများပြုလုပ်ကာ အသုံးပြု နိုင်ရေး၊ ဆေးရုံ အတွင်း/ အပြင်သန့်ရှင်းသာယာလှပရေး၊ ရေ၊မီး၊ မိလ္လာ စနစ်ကောင်းမွန်စေရေးတို့ကို အမြန်ဆုံးပြန် လည်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိကြပြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပါဝင်ပူး ပေါင်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် နောင်ချို့မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ရောက်ရှိကြပြီး ကျောင်းအတွင်းရှိ ပတ္တမြားခန်းမ၊ စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံးခန်း တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများက ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုကို လက်ခံပေးသွားပြီး အတန်းအလိုက် သင်ခန်းစာများ ပြန်လည် သင်ကြားပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေးဆောင်ရွက်သွားရန် နှင့် ပြန်လည်ပြုပြင်ရမည့် စာသင်ဆောင်များကို အမြန်ဆုံးဆောင်ရွက်သွားရန်မှာ ကြားပြီး ဆရာ ဆရာမများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ဝင်များသည် နောင်ချိုမြို့ မရဲစခန်းသို့ ရောက်ရှိကြပြီး ရဲစခန်းဝန်းအတွင် အကြမ်းဖက် သောင်းကျန်းသူများက အဆောက်အဦများကို ဖျက်ဆီးခဲ့မှုနှင့် အခိုင်အမာ ခံစစ်စခန်း တည်ဆောက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်၍ နိုင်ငံတော်နှင့် မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိစွာ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နောင်ချိုစည်ပင်သာယာရေးရုံးသို့ ရောက်ရှိကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နောင်ချိုမြို့ရှိ ပြည်သူများ၏ ယုံကြည်မှုပြန်လည်ရရှိရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သွားရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ဆုံးရှုံးမှု မရရှိရေး လိုအပ်သည်များ ကြိုတင်စီစဉ် ဆောင်ရွက်သွားရန် အပါအဝင် လိုအပ်သည်များကို မှာကြား၊ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

zawgyi version

ေနာင္ခ်ိဳၿမိဳ႕သို႔ နစက ဒုတိယ ဥကၠ႒ သြားေရာက္ကာ ေအာင္ပြဲရအရာရွိ စစ္သည္မ်ားကို ဂုဏ္ျပဳၿပီး အၾကမ္းဖက္တို႔ေၾကာင့္ ပ်က္စီးခဲ့ရျခင္းမ်ားကို စစ္ေဆး
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၁

အၾကမ္းဖက္ ေခ်မႈန္းမႈစစ္ဆင္ေရး (Counter-Terrorism Operation) ေဆာင္႐ြက္ကာ ျပန္လည္ထိန္းခ်ဳပ္ ထားသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ရွိ ေနာင္ခ်ိဳၿမိဳ႕သို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း က တာဝန္ရွိသူမ်ားႏွင့္ အတူ ယေန႔ (ဇူလိုင္ ၂၁ ရက္) တြင္ သြားေရာက္ကာ ေနာင္ခ်ိဳၿမိဳ႕ရွိ ေအာင္ပြဲရ အရာရွိ၊ စစ္သည္ မ်ားအား သြားေရာက္ေတြ႕ဆုံဂုဏ္ျပဳကာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဖ်က္ဆီး ခဲ့သည့္ ျပည္သူ႔ေဆး႐ုံႏွင့္ စာသင္ေက်ာင္းမ်ား ၾကည့္ရႈစစ္ေဆးၿပီး ဌာနဆိုင္ရာတာ ဝန္ရွိသူမ်ားႏွင့္ ေဒသခံျပည္သူမ်ာအားေတြ႕ဆုံ၍ လိုအပ္သည္မ်ားကို ညႇိႏႈိင္း ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ ခန္းမ၌ က်င္းပျပဳလုပ္သည့္ ေအာင္ပြဲရ အရာရွိ၊ စစ္သည္မ်ားအား ဂုဏ္ျပဳျခင္းအခမ္း အနားသို႔ တက္ေရာက္၍ ဂုဏ္ျပဳအမွာစကားေျပာၾကားၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ႏိုင္ႏိုင္ဦးတို႔က စစ္ေျမျပင္တြင္ စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့မႈေၾကာင့္ စစ္ေျမျပင္ တစ္ဆင့္ျမင့္ရာထူး တိုးျမႇင့္ျခင္းခံရသည့္စစ္သည္မ်ားကို အဆင့္တံဆိပ္မ်ား တပ္ဆင္ေပးေၾကာင္း သိရသည္။

ယင္းေနာက္ နစက ဒုတိယ ဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕ရွိ ျမနန္းေတာ္ဝင္ မဂၤလာခန္းမ၌ တပ္မေတာ္ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ပူးေပါင္းဖြင့္လွစ္ထားသည့္ ယာယီေဆး႐ုံသို႔ ေရာက္ရွိၾကၿပီး ယာယီေဆး႐ုံအတြင္း လာေရာက္ေဆးကုသမႈခံယူလ်က္ရွိသည့္ ေဒသခံ ျပည္သူမ်ားကို လိုက္လံၾကည့္ရႈအားေပးစကား ေျပာၾကားၿပီး ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ကာ ေဒသခံျပည္သူမ်ားအား ေထာက္ပံ့ေငြမ်ားကိုလည္းေကာင္း၊ က်န္းမာေရး ဝန္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္းေကာင္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဒုတိယဝန္ႀကီးခ်ဳပ္သည္ ယာယီေဆး႐ုံအတြင္း လွည့္လည္ၾကည့္ရႈအားေပးစကားေျပာၾကားစဥ္ ငွက္ဖ်ား ေရာဂါေၾကာင့္ အတြင္းလူနာအျဖစ္ တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိသည့္ ေနာင္ခ်ိဳၿမိဳ႕မွ အသက္ ၁၅ ႏွစ္အ႐ြယ္ လူနာတစ္ဦးကို ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ုံ၌ ေဆးကုသမႈခံ ယူႏိုင္ရန္အတြက္ မိသားစုဝင္မ်ားႏွင့္အတူ ရဟတ္ယာဥ္ျဖင့္ တစ္ပါတည္း ေခၚေဆာင္ လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕ ေတာင္ရပ္ကြက္ရွိ ေဟာ္ေတာ္ေက်ာင္းတိုက္သို႔ သြား ေရာက္၍ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ အဂၤုသ အမႉးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ားအား ဖူးေျမာ္ၾကည္ညိဳကာ ဝါဆိုသကၤန္း၊ နဝကမၼအလႉေငြႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းၿပီး ေနာင္ခ်ိဳၿမိဳ႕အား ယခင္ေအးခ်မ္းစဥ္ ကာလ ဖြံ႕ၿဖိဳးတိုးတက္စည္ပင္မႈထက္ပိုမို၍ ဖြံ႕ၿဖိဳးတိုးတက္ေသာ စည္ပင္ေသာ ၿမိဳ႕အျဖစ္ တစ္ဖန္ျပန္လည္ေရာက္ရွိေအာင္ အျမန္ဆုံး ေဆာင္႐ြက္သြားမည့္ အေျခ အေနမ်ားႏွင့္ သာသနာဆိုင္ရာကိစၥရပ္မ်ားအပါအဝင္ ဆရာေတာ္သံဃာေတာ္မ်ား၏ က်န္းမာေရးအေျခအေနမ်ားပါကို ေလွ်ာက္ထားရာ ဆရာေတာ္က ယခုကဲ့သို႔ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့မႈအတြက္ မ်ားစြာဝမ္းေျမာက္ေၾကာင္း ျပန္လည္မိန႔္ၾကားၿပီးေနာက္ တပ္မေတာ္သားမ်ားအားလုံးအတြက္ ဆက္လက္ ေအာင္ျမင္မႈမ်ား ရရွိပါေစေၾကာင္း၊ ေဘးအႏၲရာယ္ကင္းရွင္းပါေစေၾကာင္း ဆုေတာင္း ေမတၱာပို႔သေပးေၾကာင္း သိရသည္။

၎ေနာက္ ၿမိဳ႕နယ္ခန္းမ၌ ေဒသခံတိုင္းရင္းသား ျပည္သူ မ်ားႏွင့္ ေတြ႕ဆုံခဲ့ရာ အဆိုပါ ေတြ႕ဆုံပြဲတြင္ နစက ဒုတိယ ဥကၠဌ က ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ အေနျဖင့္ တပ္မေတာ္က ေနာင္ခ်ိဳၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ၿပီးလွ်င္ၿပီးျခင္း ပထမဆုံး မွာၾကားခ်က္အေနျဖင့္ ယေန႔ေခတ္သည္ ပညာေခတ္ျဖစ္သည့္အတြက္ အတန္းပညာ တတ္ေျမာက္မွသာ အတက္ပညာကို သင္ယူတက္ ေျမာက္ႏိုင္မည္ျဖစ္သည့္အတြက္ ပညာတတ္မ်ားေပါမ်ားေစေရး တစ္ႏွစ္နီးပါး ပိတ္ထားခဲ့ရသည့္ အေျခခံပညာ ေက်ာင္းမ်ားကိုအျမန္ဆုံး ျပန္လည္ဖြင့္လွစ္ၿပီး ေအးခ်မ္းေပ်ာ္႐ႊင္စာ ေက်ာင္းသား ေက်ာင္းသူမ်ား ပညာသင္ၾကားႏိုင္ေရး လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံေတာ္အစိုးရ ပညာေရးဝန္ႀကီးဌာနအေနျဖင့္လည္း ေက်ာင္းမ်ား အျမန္ဆုံး ဖြင့္လွစ္ႏိုင္ေရးႏွင့္ ဇူလိုင္ ၂၂ ရက္မွစ၍ ေက်ာင္းအပ္ႏွံႏိုင္မႈ စတင္လက္ခံရန္ စီစဥ္ထားၿပီးျဖစ္သကဲ့သို႔ မိမိအေနျဖင့္ ေမတၱာရပ္ခံလိုသည္မွာ မိမိတို႔၏ အနာဂတ္ ႏိုင္ငံေတာ္ကို ဦးေဆာင္ႏိုင္သည့္ မ်ိဳးဆက္သစ္ရင္ေသြးငယ္မ်ားကို စာသင္ေက်ာင္း မ်ားသို႔ မျဖစ္မေန ပညာသင္ၾကားႏိုင္ရန္ ေစလႊတ္ေပးရန္ျဖစ္ေၾကာင္း၊ ပညာသင္ၾကား ေပးၾကရမည့္ ဆရာဆရာမမ်ားကလည္း ေက်ာင္းဖြင့္ခ်ိန္ ေနာက္က်ခဲ့သည့္အတြက္ ေက်ာင္းသင္ခန္းစာမ်ားကို ေက်ာင္းပိတ္ရက္အခ်ိဳ႕မွ ရယူ၍ သင္ခန္းစာအကုန္ သင္ၾကားေပးေစလိုပါေၾကာင္းႏွင့္ တတ္ေျမာက္ေအာင္လည္း သင္ၾကားေပးရန္ တိုက္တြန္းလိုပါေၾကာင္း၊ ဒုတိယအခ်က္အေနျဖင့္ က်န္းမာေရးဆိုင္ရာကိစၥျဖစ္ၿပီး ခုတင္(၂၅) ဆံ့ ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကိုလည္း အၾကမ္းဖက္ေသာင္းက်န္း သူမ်ားဖ်က္စီးခဲ့သည့္အတြက္ မူလအေျခေနသို႔ ျပန္လည္ေရာက္ရွိေအာင္ အျမန္ဆုံး ျပန္လည္ျပဳျပင္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈမ်ားပုံမွန္အတိုင္း ျပန္လည္ေဆာင္႐ြက္ ေပးရန္ ျဖစ္ေၾကာင္း၊ တတိယအခ်က္အေနျဖင့္ ေနာင္ခ်ိဳၿမိဳ႕ နယ္ တည္ၿငိမ္ေအးခ်မ္း သာယာေရးႏွင့္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္သြားရန္အတြက္ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္အနီးရွိ ေက်း႐ြာမ်ား အစိုးရ၏အုပ္ခ်ဳပ္မႈ ယႏၲရားလည္ပတ္ႏိုင္ေရးအတြက္ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရး အျပည့္အဝ ရရွိရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ျပင္ ယခုႏွစ္ဒီဇင္ဘာလအတြင္း က်င္းပျပဳလုပ္မည့္ လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပသြားမည္ျဖစ္ေၾကာင္း၊ မဲေပးပိုင္ခြင့္ရွိသည့္ မည္သူမဆို ပါဝင္ မဲေပးခြင့္ရရွိေရး လိုအပ္သည့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စု စာရင္း မ်ားကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေပ်ာက္ဆုံးခဲ့လွ်င္လည္း သက္ဆိုင္ရာဝန္ႀကီး ဌာနမွ ဝန္ထမ္းမ်ားက အျမန္ဆုံး ျပန္လည္ျပဳလုပ္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ျပည္သူလူထုကို အလုပ္အေကြၽးျပဳေနၾကသူမ်ားျဖစ္သည့္ အတြက္ ျပည္သူမ်ားအေပၚ စိတ္ရင္းေစတနာထားကာ ဝန္ေဆာင္မႈမ်ား ေပးအပ္ သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိၿမိဳ႕/႐ြာကို မိမိတို႔က ျပန္လည္တည္ေဆာက္ရမည္ ျဖစ္သျဖင့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီထိန္းခ်ဳပ္ထားစဥ္ ဖ်က္ဆီးခဲ့သည့္ ေနအိမ္မ်ား၊ ႐ုံးဌာန အေဆာက္အဦမ်ားႏွင့္ လမ္းတံတားမ်ား အျမန္ဆုံးျပန္လည္ ျပဳျပင္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ တစ္ပိုင္တစ္ႏိုင္ေဆာင္႐ြက္ျခင္း အျပင္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားၾကရန္ လိုေၾကာင္းလည္း ေျပာၾကားသည္။

ယင္းေနာက္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားအတြက္ ဆန္၊ ဆီ၊ ဆား စသည့္ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ေပးအပ္သည့္ ပစၥည္း(၁၆) မ်ိဳးပါ Family Kit မ်ားကိုေထာက္ပံ့ေပးအပ္ရာ ေဒသခံတိုင္းရင္းသားျပည္သူမ်ားကိုယ္စား ရပ္မိရပ္ဖ ႏွစ္ဦး ကလက္ခံရယူခဲ့ကာ ေနာင္ခ်ိဳၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိေနထိုင္ၾကသည့္ ေဒသခံျပည္သူမ်ားအတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ မႏၲေလးတိုင္း ေဒသႀကီးႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔မွ ေထာက္ပံ့ေပးသည့္ အမယ္စုံပစၥည္း မ်ားႏွင့္ ရိကၡာမ်ားကို ဇူလိုင္ ၁၇ ရက္တြင္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားက အျပည့္အစုံေပးအပ္ထားၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ေရာက္ရွိၾကၿပီး အၾကမ္းဖက္ေသာင္းက်န္း သူမ်ားဖ်က္ဆီးခဲ့သည့္ အေရးေပၚခြဲစိတ္ခန္းအပါအဝင္ ေဆး႐ုံအတြင္း ပ်က္စီးမႈ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈၿပီး ေဆး႐ုံအတြင္းႏွင့္အျပင္ ပ်က္စီးမႈမ်ားကို အျမန္ဆုံးဖယ္ရွားရွင္းလင္းေရး၊ ဖယ္ရွားရွင္းလင္းစဥ္ ဆယ္တင္အသုံးျပဳ ၍ရသည့္ ပစၥည္းမ်ားကို ျပန္လည္စမ္းစစ္မႈမ်ားျပဳလုပ္ကာ အသုံးျပဳ ႏိုင္ေရး၊ ေဆး႐ုံ အတြင္း/ အျပင္သန႔္ရွင္းသာယာလွပေရး၊ ေရ၊မီး၊ မိလႅာ စနစ္ေကာင္းမြန္ေစေရးတို႔ကို အျမန္ဆုံးျပန္ လည္ေဆာင္႐ြက္သြားၾကရန္ တာဝန္ရွိသူမ်ားကို မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန႐ုံးသို႔ ေရာက္ရွိၾကၿပီး မီးသတ္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံ၍ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဌာနဆိုင္ရာမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္အတူ ပါဝင္ပူး ေပါင္းေဆာင္႐ြက္သြားရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားကာ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ေနာင္ခ်ိဳ႕ၿမိဳ႕ရွိ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း သို႔ေရာက္ရွိၾကၿပီး ေက်ာင္းအတြင္းရွိ ပတၱျမားခန္းမ၊ စာသင္ေဆာင္မ်ား၊ ေက်ာင္းအုပ္ႀကီး႐ုံးခန္း တို႔ကို လိုက္လံၾကည့္ရႈစစ္ေဆးၿပီး ၿမိဳ႕နယ္ပညာေရးမႉးႏွင့္ ဆရာ ဆရာမမ်ားက ဇူလိုင္လ ၂၂ ရက္မွ စတင္၍ ေက်ာင္းသား ေက်ာင္းသူမ်ား ေက်ာင္းအပ္ႏွံမႈကို လက္ခံေပးသြားၿပီး အတန္းအလိုက္ သင္ခန္းစာမ်ား ျပန္လည္ သင္ၾကားေပးသြားမည့္ အစီအမံမ်ားကို ရွင္းလင္းတင္ျပၾကရာ ဒုတိယဝန္ႀကီးခ်ဳပ္က ေက်ာင္းမ်ားျပန္လည္ ဖြင့္လွစ္ခ်ိန္တြင္ ေက်ာင္းဥပဓိ႐ုပ္ေကာင္းမြန္ေစေရး သန႔္ရွင္းေရးေဆာင္႐ြက္သြားရန္ ႏွင့္ ျပန္လည္ျပဳျပင္ရမည့္ စာသင္ေဆာင္မ်ားကို အျမန္ဆုံးေဆာင္႐ြက္သြားရန္မွာ ၾကားၿပီး ဆရာ ဆရာမမ်ား၏ ေနထိုင္စားေသာက္မႈ အဆင္ေျပေစရန္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးကာ ေထာက္ပံ့ေငြမ်ား ေပးအပ္သည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ေနာင္ခ်ိဳၿမိဳ႕ မရဲစခန္းသို႔ ေရာက္ရွိၾကၿပီး ရဲစခန္းဝန္းအတြင္ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက အေဆာက္အဦမ်ားကို ဖ်က္ဆီးခဲ့မႈႏွင့္ အခိုင္အမာ ခံစစ္စခန္း တည္ေဆာက္ထားရွိမႈကို လိုက္လံၾကည့္ရႈစစ္ေဆးၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ကာလအတြင္း လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ားကို သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္၍ ႏိုင္ငံေတာ္ႏွင့္ မိမိအဖြဲ႕အစည္းအေပၚ သစၥာရွိစြာ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားကာ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေနာင္ခ်ိဳစည္ပင္သာယာေရး႐ုံးသို႔ ေရာက္ရွိၾကၿပီး ခ႐ိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ၍ ေနာင္ခ်ိဳၿမိဳ႕ရွိ ျပည္သူမ်ား၏ ယုံၾကည္မႈျပန္လည္ရရွိရန္အတြက္ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္ေရး၊ အစိုးရအုပ္ခ်ဳပ္မႈယႏၲရားအား အျမန္ဆုံးျပန္လည္ လည္ပတ္ႏိုင္ေရး ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအလိုက္ အဆင့္ဆင့္ ျပန္လည္ဖြဲ႕စည္း ေဆာင္႐ြက္သြားရန္၊ မၾကာမီက်င္းပမည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူအားလုံး မဲေပးခြင့္ဆုံးရႈံးမႈ မရရွိေရး လိုအပ္သည္မ်ား ႀကိဳတင္စီစဥ္ ေဆာင္႐ြက္သြားရန္ အပါအဝင္ လိုအပ္သည္မ်ားကို မွာၾကား၊ ျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.