လမ်းကြောင်း အခက်အခဲကြောင့် ဖားကန့်တွင် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေ

 331

သန့်ဇင် (NP News)- ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လမ်းကြောင်း အခက်အခဲကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေ ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ဖားကန့်ဒေသသို့ ကုန်စည်စီးဆင်းရေးလမ်းကြောင်းများ ပိတ်ထားရပြီး ဒေသတွင်းအစားအစာများကိုသာ မှီခိုစားသောက်နေရကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများအတွင်း ကြက်သားတစ်ပိသာလျှင် ငွေကျပ်တစ်သိန်းနှင့် ဝက်သားတစ်ပိဿလျှင် ငွေကျပ်(၈၀၀၀၀)အပြင် ကြက်ဥ(၄)လုံးလျှင် ကျပ်(၅၀၀၀) အထိဈေးမြင့်တက်နေကြောင်း သိရသည်။
ငွေတိုးဆန် ၁ အိတ်လျှင် ကျပ်( ၁၆၅,၀၀၀) ခရမ်းချဉ်သီး တစ်ပိဿလျှင် ကျပ် (၂၀,၀၀၀)၊ အာလူး တစ်ပိဿာ လျှင် ကျပ် (၈,၀၀၀) ၊ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်( ၅,၀၀၀ )၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် (၁၅,၀၀၀ )၊ နှင့် ဆိတစ်ပိဿလျှင့် ကျပ်(၂၆၀၀၀)အထိဈေးမြင့်တက်နေကြောင်း သိရသည်။
အလားတူ စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နေပြီး (92)တစ်လီတာလျှင် (၈,၇၀၀)ကျပ် ဈေးမြင့်တက် နေကြောင်း သိရသည်။
ယနေ့(ဇူလိုင်လ ၂၂ရက်)နံနက်ပိုင်းတွင် ထွက်ပေါ်နေသော သတင်းများအရ ဖားကန့်-အင်းတော်ကြီးလမ်းပြန်လည်ပွင့် သွားပြီဖြစ်သည့် အတွက် ကုန်စည်ကားများ ဖားကန့်ဒေသသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိတွင်မူ ဖားကန့်ဒေသတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ဆက်လျက်မြင့်တက်နေလျှက်ရှိပြီး ကြက်သား တစ်ပိဿ ငွေကျပ်(၁)သိန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။
အလားတူ ကွမ်းရွက်များကိုလည်း မှောင်ခိုဈေးကွက်ဖြင့်သာ ရောင်းချနေရပြီး ကွမ်းယာ(၃)ယာကို ကျပ်(၅၀၀၀)အထိ ဈေးမြင့်တက်နေလျှက်ရှိကြောင်း သိရသည်။

Zawgyi Version:
လမ်းကြောင်း အခက်အခဲကြောင့် ဖားကန့်တွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေ
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လမ်းကြောင်း အခက်အခဲကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေ ကြောင်း ဒေသခံများထံမှ သိရသည်။

Related news

© 2021. All rights reserved.