တစ်ကိုယ်လုံးမီးလောင်နေသည့်အနေအထားဖြင့် (၁၄၅၀)ပေအထိရောက်အောင် ဆိုင်ကယ်စီးပြခဲ့သည့် ပြင်သစ်အမျိုးသား

276

Pika (NP News) - ဇူလိုင် ၂၂
ပြင်သစ်နိုင်ငံမှအမျိုးသားတစ်ဦးသည် မီးလောင်နေသောအဝတ်အစားများဝတ်ဆင်ကာ အကွာအဝေး(၁၄၅၀)ပေအထိ ရောက်အောင် ဆိုင်ကယ်စီးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက် နိုင်ခဲ့ကြောင်းသိရသည်။ ပရော်ဖက်ရှင်နယ် မီးသတ် သမားနှင့် စတန့်သမားတစ်ဦးဖြစ်သူ အသက်(၄၁)နှစ်အရွယ် ဂျော်နသန်ဗီရိုဆိုသည့်အမျိုးသားသည် တစ်ကိုယ်လုံးမီးလောင်နေသည့်အနေအထားဖြင့် အကွာအဝေးအဝေးဆုံးရောက်အောင် ဆိုင်ကယ်စီး ပြခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဂျော်နသန်ဗီရိုသည် အချိန်(၁၇)စက္ကန့်အတွင်း အောက်ဆီဂျင်မပါဘဲ တစ်ကိုယ်လုံးမီး လောင်နေသည့်အနေအထားဖြင့် မီတာ(၁၀ဝ)အထိ အမြန်ဆုံးပြေးနိုင်မှုနှင့် အောက်ဆီဂျင်မပါဘဲ တစ် ကိုယ်လုံးမီးလောင်နေသည့်အနေအထားဖြင့် အကွာ အဝေး(၈၉၃)ပေနှင့် (၂ ဒသမ ၅)လက်မအထိ ရောက်အောင် အဝေးဆုံးပြေးပြနိုင်ခြင်းအတွက် ဂင်းနစ်စံချိန်မှတ်တမ်းများကို ယခင်ကရယူခဲ့ကြောင်း လည်းသိရသည်။
ဂျော်နသန်ဗီရိုက " အရင်ကရယူနိုင်ခဲ့တဲ့ ဂင်းနစ်စံချိန်မှတ်တမ်းတွေအတွင်းမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နေရာအများအပြားမှာ မီးလောင်ဒဏ်ရာ တွေရရှိခဲ့ပါတယ်။ ပြီးတော့ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာဖို့ သီတင်းတစ်ပတ်ကျော်လောက် အချိန်ယူခဲ့ရပေမယ့် ငယ်ငယ်တုန်းကဖတ်ဖူးခဲ့တဲ့ ဂင်း နစ်စံချိန်မှတ်တမ်းစာအုပ်ထဲမှာ ပါဝင်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်" ဟုပြောဆိုခဲ့သည်။
ထို့နောက် ဂျော်နသန်ဗီရိုသည် ပြင်သစ် နိုင်ငံ Côte d'Or ခရိုင်တွင် ၎င်း၏Yamaha DragStar (၁၁၀ဝ)ဆိုင်ကယ်ဖြင့် မီးလောင်နေသော အဝတ်အစားများကိုဝတ်ဆင်ကာ အကွာအဝေး (၁၄၅၀)ပေအထိရောက်အောင် ဆိုင်ကယ်စီးပြခဲ့ပြီး နောက်ထပ်ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
တစ္ကိုယ္လုံးမီးေလာင္ေနသည့္အေနအထားျဖင့္ (၁၄၅၀)ေပအထိေရာက္ေအာင္ ဆိုင္ကယ္စီးျပခဲ့သည့္ ျပင္သစ္အမ်ိဳးသား
Pika (NP News) - ဇူလိုင္ ၂၂
ျပင္သစ္ႏိုင္ငံမွအမ်ိဳးသားတစ္ဦးသည္ မီးေလာင္ေနေသာအဝတ္အစားမ်ားဝတ္ဆင္ကာ အကြာအေဝး(၁၄၅၀)ေပအထိ ေရာက္ေအာင္ ဆိုင္ကယ္စီးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္းသိရသည္။ ပေရာ္ဖက္ရွင္နယ္ မီးသတ္ သမားႏွင့္ စတန႔္သမားတစ္ဦးျဖစ္သူ အသက္(၄၁)ႏွစ္အ႐ြယ္ ေဂ်ာ္နသန္ဗီ႐ိုဆိုသည့္အမ်ိဳးသားသည္ တစ္ကိုယ္လုံးမီးေလာင္ေနသည့္အေနအထားျဖင့္ အကြာအေဝးအေဝးဆုံးေရာက္ေအာင္ ဆိုင္ကယ္စီး ျပျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ေဂ်ာ္နသန္ဗီ႐ိုသည္ အခ်ိန္(၁၇)စကၠန႔္အတြင္း ေအာက္ဆီဂ်င္မပါဘဲ တစ္ကိုယ္လုံးမီး ေလာင္ေနသည့္အေနအထားျဖင့္ မီတာ(၁၀ဝ)အထိ အျမန္ဆုံးေျပးႏိုင္မႈႏွင့္ ေအာက္ဆီဂ်င္မပါဘဲ တစ္ ကိုယ္လုံးမီးေလာင္ေနသည့္အေနအထားျဖင့္ အကြာ အေဝး(၈၉၃)ေပႏွင့္ (၂ ဒသမ ၅)လက္မအထိ ေရာက္ေအာင္ အေဝးဆုံးေျပးျပႏိုင္ျခင္းအတြက္ ဂင္းနစ္စံခ်ိန္မွတ္တမ္းမ်ားကို ယခင္ကရယူခဲ့ေၾကာင္း လည္းသိရသည္။
ေဂ်ာ္နသန္ဗီ႐ိုက " အရင္ကရယူႏိုင္ခဲ့တဲ့ ဂင္းနစ္စံခ်ိန္မွတ္တမ္းေတြအတြင္းမွာ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ေနရာအမ်ားအျပားမွာ မီးေလာင္ဒဏ္ရာ ေတြရရွိခဲ့ပါတယ္။ ၿပီးေတာ့ ပုံမွန္အတိုင္း ျပန္လည္ ေကာင္းမြန္လာဖို႔ သီတင္းတစ္ပတ္ေက်ာ္ေလာက္ အခ်ိန္ယူခဲ့ရေပမယ့္ ငယ္ငယ္တုန္းကဖတ္ဖူးခဲ့တဲ့ ဂင္း နစ္စံခ်ိန္မွတ္တမ္းစာအုပ္ထဲမွာ ပါဝင္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္" ဟုေျပာဆိုခဲ့သည္။
ထို႔ေနာက္ ေဂ်ာ္နသန္ဗီ႐ိုသည္ ျပင္သစ္ ႏိုင္ငံ Côte d'Or ခ႐ိုင္တြင္ ၎၏Yamaha DragStar (၁၁၀ဝ)ဆိုင္ကယ္ျဖင့္ မီးေလာင္ေနေသာ အဝတ္အစားမ်ားကိုဝတ္ဆင္ကာ အကြာအေဝး (၁၄၅၀)ေပအထိေရာက္ေအာင္ ဆိုင္ကယ္စီးျပခဲ့ၿပီး ေနာက္ထပ္ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။