ပင်လောင်း -ဖယ်ခုံ - မိုးဗြဲ-လွိုင်ကော်လမ်း (သို့) ချုံနွယ်ကြားမှ ပြန်အသက်ဝင်လာသည့်ခရီး

399

သုတကျော် (NP News)
ရှမ်းပြည်နယ်မှ ပင်လောင်းမြို့နှင့် ကယား ပြည်နယ်၏ မြို့တော် လွိုင်ကော်အကြား အကွာအဝေး မှ (၅၁)မိုင်ခန့်မျှသာဖြစ်ပြီး နှစ်နာရီနီးပါးခန့်သာ ကြာသောခရီးဖြင့် လိုရာကို အချိန်မီရောက်နိုင်သော၊ ဒေသအကျိုးအတွက် ကောင်းစွာဖြစ်ထွန်းစေသော လမ်းတစ်ခုဖြစ်ခဲ့၏။
လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ - ပင်လောင်း တို့ကို အစဉ်လိုက်ဖြတ်သန်းသွားသော အဆိုပါ လမ်းသည် ယင်းမြို့များနှင့် နီးစပ်ရာဒေသများမှ ထွက်ကုန်တို့ကို လက်တံရှည်ရှည် ရောင်းဝယ် ဖောက်ကားနိုင်စေခဲ့သည်။ ယင်းလမ်းပိုင်းတွင် ကယားပြည်နယ်မှ ကုန်စည်တို့ကို ရှမ်းပြည်နယ် နှင့် မြန်မာနိုင်ငံအနှံ့တင်ပို့ပြီး ကုန်များကို ပြန်လည် တင်သွင်းသည်။ ထို့ကြောင့် ဒေသတို့၏ စီးပွားရေး အတွက် အသက်သွေးကြောလမ်းပိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ပြင် ဒေသခံများအကြား အချိန်မရွေး ကူးလူး ဆက်သွယ်နိုင်သော လမ်းတစ်လမ်း ဖြစ်ရုံသာ မက ယင်းလမ်းပိုင်းသည် နေပြည်တော်သို့ သွားရာ လမ်းနှင့်လည်း ချိတ်ဆက်နေသည်။ ပင်လောင်း မရောက်မီ လမ်းချိုးကာ ပေါင်းလောင်း ထိုမှတစ်ဆင့် နေပြည်တော်အထိ ရောက်နိုင်၏။
" တကယ်တမ်း လွိုင်ကော်နဲ့ မိုးဗြဲ-ဖယ်ခုံ-ပင်လောင်းအထိပေါက်တဲ့လမ်းကို ကား ကောင်းရင် လွိုင်ကော်ကနေ နေပြည်တော်ကို မနား တမ်းမောင်းမယ်ဆို (၄) နာရီခွဲလောက်ပဲကြာတယ်။ သူက မြန်မာပြည်အလယ်ပိုင်းနဲ့လည်း ချိတ်ဆက် ထားတာကြောင့် အရေးပါတဲ့လမ်းပိုင်းဖြစ်တယ်" ဟု ယခင်က ယင်းလမ်းကိုအသုံးပြုကာ နေပြည်တော် သို့ ခရီးကူးသန်းသွားလာခဲ့ဖူးသော ဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် လမ်းတိုပင်တိုသော်ငြား သော်လည်း ယင်းလမ်းပိုင်းသည် မဟာဗျူဟာကျ သော လမ်းပိုင်းတစ်ခု ဖြစ်သည်။ လမ်း၏ နံဘေးတွင် မိုးဗြဲဆည်ကြီးနှင့် တောင်တန်းများ၊ စိုက်ခင်း များကလည်း အစီအရီ ရှိလေရာ မြန်မာနိုင်ငံအတွင်းမှ လမ်းများအနက် အလွန်ပင် မျက်စိပသာဒဖြစ်စေ သော လမ်းပိုင်းတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် မဟာဗျူဟာကျ၊ ခရီးရှုခင်း သာယာလှပသော လမ်း ဟု ယင်းလမ်းကို ဖော်ကျူးသတ်မှတ်လိုကသတ် မှတ်နိုင်ပေလိမ့်မည်။
သို့သော် ကယားပြည်နယ်တွင် KNDF နှင့် ပူးပေါင်းအဖွဲ့များက လက်နက်ကိုင်ပြီး တိုက် ပွဲများဖော်ဆောင်လာသောအခါ ယင်းလမ်းပိုင်းသည် မလုံခြုံသော လမ်းပိုင်းတစ်ခုအဖြစ်သို့ စတင် အသွင် ပြောင်းလာခဲ့သည်။
KNDF တို့အနေဖြင့် ယင်းလမ်းပိုင်း၏ အစဖြစ်သော လွိုင်ကော်မြို့တွင် စတင်ကာ တိုက်ပွဲ များဖော်ဆောင်သည်။ (၂၀၂၃)ခုနှစ် နိုဝင်ဘာလ အတွင်း (၁၁၁၁)စစ်ဆင်ရေးအမည်ဖြင့် ကယားပြည် နယ်တွင် တစ်ပြိုင်နက် တိုက်ပွဲများဖော်ခဲ့သော KNDF တို့သည် ကယားပြည်နယ်၏ မြို့တော်အထိ ရည်မှန်းချက်ကြီးကြီးဖြင့် ထိုးစစ်ဆင်ခဲ့သည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည် နယ် မြို့တော်များအနက် ပြည်နယ်မြို့တော်ကြီး တစ်ခုကို လက်နက်ကိုင်အဖွဲ့များက ပထမဆုံးအကြိမ် အားစမ်းလာခဲ့ကြခြင်းပင်။ သို့သော် ယင်းတို့၏ ရည် မှန်းချက် မပြည့်မြောက်ခဲ့ပါ။ လွိုင်ကော်ကို တပ် မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ မြို့တွင်ပျက်စီးဆုံးရှုံးမှု များပြားပြီး မြို့နာသည်သာ အဖတ်တင်ခဲ့သည်။ သို့သော် လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းတွင် ယင်းတို့ နေရာယူလာသည့်အပြင် ပင်လောင်းမြို့နယ်ဘက်အထိ စစ်ရေးရည်မှန်းချက် ကြီးမားစွာဖြင့်လမ်းပိုင်းကိုလွှမ်းမိုးရန် ကြိုးစားခဲ့ သည်။
ယင်းလမ်းကြောင်းတစ်ခုလုံးတွင် အချက် အချာ လမ်းဆုံသဖွယ်ဖြစ်သော မိုးဗြဲမြို့ကို KNDF တို့ ထိန်းချုပ်သည်။ ယင်းနောက် ဖယ်ခုံမြို့ကို ထိန်း ချုပ်ရန်ကြိုးပမ်းကာ ထိုမှတစ်ဆင့် ပင်လောင်းမြို့နယ် အထိ KNDF တို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို အင်အားချဲ့ထွင်ရန် ကြိုးပမ်းလာသည်။ ကယား လက်နက်ကိုင်တို့အနေဖြင့် ၎င်းတို့ကကိုယ်တိုင် ခေါင်းမခံပဲ အခြားလက်နက်ကိုင်အဖွဲ့များကို ရှေ့ တန်းတင်ခဲ့သော်လည်း အမှန်တကယ် ခေါင်းဆောင် သူများမှာ KNDF တို့သာဖြစ်ကြောင်း ဒေသခံတို့ သိကြပေသည်။
KNDF နှင့် ၎င်း၏ နောက်လိုက်တို့သည် ပင်လောင်းမြို့နယ်အတွင်းက နန့်နိန်းရွာတွင် အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုကိုပင်ကျူးလွန်ခဲ့ကြသေး၏။ သို့သော် ယင်းတို့ဘက်က ထုတ်ပြန်ရာတွင် တပ်မတော်ဘက်ကလုပ်သည်ဟုဆိုသော်လည်း အမှန်တရားကို မြေပြင်ကဒေသခံတို့သိကြသည်သာ။
တစ်ဖက်တွင် ဆီဆိုင်မြို့သို့ တိုက်ပွဲဖော်ခဲ့ပြီး ယင်းမှာ လက်နက်မှောင်ခိုလမ်းကြောင်းပွင့်လိုခြင်း အဓိက ဖြစ်သော်လည်း ဆီဆိုင်-ပင်လောင်း တစ်ကြော တိုက်ပွဲဖော်ခြင်းသည် နေပြည်တော်အထိပင် စစ်ရေး ရည်မှန်းချက် ကြီးမားခဲ့ပုံရ၏။
တိုက်ပွဲများအကြားတွင် မြေစာပင် ဖြစ်ခဲ့ ရသူများမှာကား ပြည်သူများပင်။ လွိုင်ကော် - ပင် လောင်းလမ်းကို တိုက်ပွဲများအပြီးတွင် ဖြတ်သန်းခွင့် ရခဲ့ကြသေးသော်လည်း လုံခြုံမှုက နည်းပါးလာသည်။
" အရင်တုန်းကတော့ မိုးဗြဲ-ဖယ်ခုံ တစ်ကြောကို KNDF က ထိန်းချုပ်ထားတာလေ။ လွိုင်ကော်ဒေသမှာ ပထမဆုံးတိုက်ပွဲဖြစ်တာက မိုးဗြဲလေ။ မိုးဗြဲ ဖြစ်ပြီးတော့ သွားလာလို့တော့ရသေး တယ်။ မိုးဗြဲကို စအသိမ်းခံရပြီး (၁)နှစ်လောက် အထိကတော့ သွားလာလို့ရသေးတယ်" ဟု လွိုင်ကော်ဒေသခံတစ်ဦးက ဆိုသည်။
ယင်းနောက်ပိုင်းတွင် ယခင်က စည်ပင် သာယာခဲ့သော လွိုင်ကော် - မိုးဗြဲ - ပင်လောင်း လမ်းသည် ကျီးနှင့် ဖုတ်ဖုတ်ဖြစ်လာ၏။ ယင်းလမ်း ပိုင်းကိုအသုံးပြုခွင့်မပေးဘဲ ကျေးရွာချင်းဆက် လမ်းများကို ကယားလက်နက်ကိုင်တို့က သုံးခိုင်း သည်။
" ရွာချင်းဆက်ထားတဲ့ ကျေးလက်လမ်းတို့၊ နတလလမ်းတို့ကိုပဲသုံးတာ။ အစိုးရသုံးတဲ့ မိန်းလမ်းမကြီးကို သူတို့ လုံးဝမသုံးဘူး" ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် လမ်းသည် တဖြည်းဖြည်းနှင့် လမ်းအသွင် ပျောက်လာသည်။ ဘေးတစ်ဖက် တစ်ချက်စီမှ ချုံနွယ်တို့သည် လမ်းပေါ်တက်လာသည်။ လွိုင် ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းသည် စစ်ဒဏ်ကျ ရောက်သော လမ်းတစ်လမ်းအဖြစ် သိသိသာသာ အသွင်းပြောင်လာ၏။ ထို့ပြင် လွိုင်ကော် - ပင် လောင်းလမ်းပိုင်းမှ နေရာအတော်များများတွင် KNDFတို့ ၏ ဂိတ်များသည် မိုးဦးကျ မှိုပွင့်များကဲ့သို့ ပေါ်ပေါက်လာသည်။ " ဘယ်သူမှလည်း မိန်းလမ်းကို မသုံးရဲဘူးလေ"ဟု ယင်း ဒေသခံကပြောသည်။
လမ်းတွင် ချုံတက်လာခြင်းက အသုံးပြုမှု နည်းသောကြောင့် ဖြစ်သော်လည်း လမ်းကျဉ်း သွား သည်ထက် ပိုသက်ရောက်မှု ရှိခဲ့သည်က ကုန်ဈေးနှုန်း အပေါ်တွင် ဖြစ်သည်။ ကယားပြည်နယ်တွင် ကုန် ဈေးနှုန်းတို့ တက်သည်။ ပစ္စည်းလိုသလောက်လည်း မရတော့။
ယင်းနောက် တပ်မတော်က KNDF နှင့် အပေါင်းအပါတို့ကို ပြန်လည်ထိုးစစ်ဆင်သည်။ ဖယ်ခုံဘက်ကို တပ်ကူများပို့ရင်း ပင်လောင်းတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း သည်။ ဆောင်းပြောင်းနှင့် နန့်ဖာမူတို့သည် ဖယ်ခုံ - ပင်လောင်းလမ်းပိုင်းမှ နာမည်ကျော်တိုက်ပွဲများ ဖြစ်ပွားရာနေရာများ ဖြစ်ခဲ့သည်။
ယင်းသို့ဖြင့် တဆုတ်တည်း ဆုတ်လာခဲ့ ရသော KNDF နှင့်အပေါင်းအပါတို့သည် လွိုင် ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိတော့။ တပ်မတော်ဘက်ကလည်း ယင်းလမ်းပိုင်းတွင် နယ်မြေရှင်းလင်းတိုက်ယူလာ ခဲ့ရာ နန့်ဖာမူတွင်ဆိုလျှင် ယင်းကျေးရွာမှ လေး ထပ်တိုက်သိမ်းပိုက်နိုင်ရေးအတွက် တပ်မတော်က တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရသည်။
သို့သော် တပ်မတော်၏ ထိုးစစ်နှင့်အတူ KNDF တို့ တဆုတ်တည်း ဆုတ်ရင်း နောက်ဆုံးတွင် မိုးဗြဲ မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် မကြာမီ ပြည်သူလူထု လက်အတွင်း ပြန်အပ်နိုင်တော့ပေးမည်။ ထို့ပြင် မိုးဗြဲမြို့ကို ထိန်း ချုပ်နိုင်ခဲ့ခြင်းကလည်း ယင်းလမ်းပိုင်းကို ပြည်သူ လူထု၏အကျိုးအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ် ပေးရန် အကောင်းဆုံးအခြေအနေသို့ ရောက်သွား ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မိုးဗြဲမြို့ အနီးက ဝါရီကောခူ ကျေးရွာနှင့် ဆောင်းကန်းကျေးရွာတို့ကို တပ်မတော် က မိုးဗြဲမှ တစ်ဖက်၊ လွိုင်ကော်ဘက်မှ တစ်ဖက် တိုက်ခိုက်ရာ ရန်သူတို့ ဆုတ်ခွာထွက်ပြေးသွားပြီး နောက် လွိုင်ကော် - ပင်လောင်းလမ်းကို တပ်မတော် မှ ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
" ကုန်ဈေးနှုန်းကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်တုန်းက အတော်လေးတက်သွား တာပေါ့။ နောက်တော့ ဆီဆိုင်လမ်းပြန်ပွင့်တာနဲ့ ပြန် ကျသွားတယ်။ ခုမိုးဗြဲလမ်းပြန်ပွင့်မယ်ဆိုရင် ပိုကျမှာ ပေါ့။ ကုန်တွေက နေ့ချင်းရောက်တော့မှာ၊ အရင်လို တောင်ကြီးမှာ တစ်ညမအိပ်ရတော့ဘူး။ ရန်ကုန်ကား တွေဆိုလည်း အရင်က တောင်ကြီး၊ အောင်ပန်းမှာ တစ်ညအိပ်ပြီးမှ လွိုင်ကော်ကို ဆင်းလာတာလေ။ အခု ဒီလမ်းပြန်ပွင့်မယ်ဆိုရင် လွိုင်ကော်နဲ့ ရန်ကုန် က တိုက်ရိုက်လမ်းပေါက်ပြီလေ" ဟု အခြား လွိုင်ကော်မြို့ခံတစ်ဦး က ဆိုသည်။
လွိုင်ကော် - ပင်လောင်း လမ်းသည်ကား မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဖြစ်ခဲ့ရသည်။ လမ်း ကောင်းစွာ ပွင့်ခဲ့စဉ်က အစုန်၊ အဆန် ကုန်တင် ကား များ၊ ခရီးသည်တင်ကားများဖြင့် ကောင်းစွာ မျက်နှာ ပွင့်လန်းခဲ့သော်လည်း စစ်ရောက်လာသောအခါ လမ်းဟု မည်ကာမတ္တသာဖြစ်ခဲ့ရပြီး အသုံးပြုသူ ကင်းမဲ့ခဲ့ရ၏။
ယခုတော့ လွိုင်ကော် - ပင်လောင်း လမ်း ပွင့်လေပြီဖြစ်သည်။ မကြာမီ ယင်းလမ်းပေါ်တွင် ယခင်ကအတိုင်း ကုန်စည်တို့ စီးဆင်းပေတော့မည်။ ပြည်သူတို့ စိတ်လက်ချမ်းသာစွာ ခရီးသွားနိုင်ပေ တော့မည်။ သို့သော် ယင်းလမ်းကို ဖြတ်သန်းတိုင်း လမ်းပေါ်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကိုကား ဒေသခံတို့ မည်သည့်အခါတွင်မျှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

Zawgyi Version:
ပင္ေလာင္း -ဖယ္ခုံ - မိုးၿဗဲ-လြိဳင္ေကာ္လမ္း (သို႔) ခ်ဳံႏြယ္ၾကားမွ ျပန္အသက္ဝင္လာသည့္ခရီး
သုတေက်ာ္ (NP News)
ရွမ္းျပည္နယ္မွ ပင္ေလာင္းၿမိဳ႕ႏွင့္ ကယား ျပည္နယ္၏ ၿမိဳ႕ေတာ္ လြိဳင္ေကာ္အၾကား အကြာအေဝး မွ (၅၁)မိုင္ခန႔္မွ်သာျဖစ္ၿပီး ႏွစ္နာရီနီးပါးခန႔္သာ ၾကာေသာခရီးျဖင့္ လိုရာကို အခ်ိန္မီေရာက္ႏိုင္ေသာ၊ ေဒသအက်ိဳးအတြက္ ေကာင္းစြာျဖစ္ထြန္းေစေသာ လမ္းတစ္ခုျဖစ္ခဲ့၏။
လြိဳင္ေကာ္ - မိုးၿဗဲ - ဖယ္ခုံ - ပင္ေလာင္း တို႔ကို အစဥ္လိုက္ျဖတ္သန္းသြားေသာ အဆိုပါ လမ္းသည္ ယင္းၿမိဳ႕မ်ားႏွင့္ နီးစပ္ရာေဒသမ်ားမွ ထြက္ကုန္တို႔ကို လက္တံရွည္ရွည္ ေရာင္းဝယ္ ေဖာက္ကားႏိုင္ေစခဲ့သည္။ ယင္းလမ္းပိုင္းတြင္ ကယားျပည္နယ္မွ ကုန္စည္တို႔ကို ရွမ္းျပည္နယ္ ႏွင့္ ျမန္မာႏိုင္ငံအႏွံ႔တင္ပို႔ၿပီး ကုန္မ်ားကို ျပန္လည္ တင္သြင္းသည္။ ထို႔ေၾကာင့္ ေဒသတို႔၏ စီးပြားေရး အတြက္ အသက္ေသြးေၾကာလမ္းပိုင္းတစ္ခုလည္း ျဖစ္ခဲ့သည္။
ထို႔ျပင္ ေဒသခံမ်ားအၾကား အခ်ိန္မေ႐ြး ကူးလူး ဆက္သြယ္ႏိုင္ေသာ လမ္းတစ္လမ္း ျဖစ္႐ုံသာ မက ယင္းလမ္းပိုင္းသည္ ေနျပည္ေတာ္သို႔ သြားရာ လမ္းႏွင့္လည္း ခ်ိတ္ဆက္ေနသည္။ ပင္ေလာင္း မေရာက္မီ လမ္းခ်ိဳးကာ ေပါင္းေလာင္း ထိုမွတစ္ဆင့္ ေနျပည္ေတာ္အထိ ေရာက္ႏိုင္၏။
" တကယ္တမ္း လြိဳင္ေကာ္နဲ႔ မိုးၿဗဲ-ဖယ္ခုံ-ပင္ေလာင္းအထိေပါက္တဲ့လမ္းကို ကား ေကာင္းရင္ လြိဳင္ေကာ္ကေန ေနျပည္ေတာ္ကို မနား တမ္းေမာင္းမယ္ဆို (၄) နာရီခြဲေလာက္ပဲၾကာတယ္။ သူက ျမန္မာျပည္အလယ္ပိုင္းနဲ႔လည္း ခ်ိတ္ဆက္ ထားတာေၾကာင့္ အေရးပါတဲ့လမ္းပိုင္းျဖစ္တယ္" ဟု ယခင္က ယင္းလမ္းကိုအသုံးျပဳကာ ေနျပည္ေတာ္ သို႔ ခရီးကူးသန္းသြားလာခဲ့ဖူးေသာ ေဒသခံတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ လမ္းတိုပင္တိုေသာ္ျငား ေသာ္လည္း ယင္းလမ္းပိုင္းသည္ မဟာဗ်ဴဟာက် ေသာ လမ္းပိုင္းတစ္ခု ျဖစ္သည္။ လမ္း၏ နံေဘးတြင္ မိုးၿဗဲဆည္ႀကီးႏွင့္ ေတာင္တန္းမ်ား၊ စိုက္ခင္း မ်ားကလည္း အစီအရီ ရွိေလရာ ျမန္မာႏိုင္ငံအတြင္းမွ လမ္းမ်ားအနက္ အလြန္ပင္ မ်က္စိပသာဒျဖစ္ေစ ေသာ လမ္းပိုင္းတစ္ခုလည္းျဖစ္သည္။ ထို႔ေၾကာင့္ မဟာဗ်ဴဟာက်၊ ခရီးရႈခင္း သာယာလွပေသာ လမ္း ဟု ယင္းလမ္းကို ေဖာ္က်ဴးသတ္မွတ္လိုကသတ္ မွတ္ႏိုင္ေပလိမ့္မည္။
သို႔ေသာ္ ကယားျပည္နယ္တြင္ KNDF ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားက လက္နက္ကိုင္ၿပီး တိုက္ ပြဲမ်ားေဖာ္ေဆာင္လာေသာအခါ ယင္းလမ္းပိုင္းသည္ မလုံၿခဳံေသာ လမ္းပိုင္းတစ္ခုအျဖစ္သို႔ စတင္ အသြင္ ေျပာင္းလာခဲ့သည္။
KNDF တို႔အေနျဖင့္ ယင္းလမ္းပိုင္း၏ အစျဖစ္ေသာ လြိဳင္ေကာ္ၿမိဳ႕တြင္ စတင္ကာ တိုက္ပြဲ မ်ားေဖာ္ေဆာင္သည္။ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလ အတြင္း (၁၁၁၁)စစ္ဆင္ေရးအမည္ျဖင့္ ကယားျပည္ နယ္တြင္ တစ္ၿပိဳင္နက္ တိုက္ပြဲမ်ားေဖာ္ခဲ့ေသာ KNDF တို႔သည္ ကယားျပည္နယ္၏ ၿမိဳ႕ေတာ္အထိ ရည္မွန္းခ်က္ႀကီးႀကီးျဖင့္ ထိုးစစ္ဆင္ခဲ့သည္။
ျမန္မာႏိုင္ငံ၏ တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္ ၿမိဳ႕ေတာ္မ်ားအနက္ ျပည္နယ္ၿမိဳ႕ေတာ္ႀကီး တစ္ခုကို လက္နက္ကိုင္အဖြဲ႕မ်ားက ပထမဆုံးအႀကိမ္ အားစမ္းလာခဲ့ၾကျခင္းပင္။ သို႔ေသာ္ ယင္းတို႔၏ ရည္ မွန္းခ်က္ မျပည့္ေျမာက္ခဲ့ပါ။ လြိဳင္ေကာ္ကို တပ္ မေတာ္က အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ရာ ၿမိဳ႕တြင္ပ်က္စီးဆုံးရႈံးမႈ မ်ားျပားၿပီး ၿမိဳ႕နာသည္သာ အဖတ္တင္ခဲ့သည္။ သို႔ေသာ္ လြိဳင္ေကာ္ - မိုးၿဗဲ - ဖယ္ခုံ လမ္းတြင္ ယင္းတို႔ ေနရာယူလာသည့္အျပင္ ပင္ေလာင္းၿမိဳ႕နယ္ဘက္အထိ စစ္ေရးရည္မွန္းခ်က္ ႀကီးမားစြာျဖင့္လမ္းပိုင္းကိုလႊမ္းမိုးရန္ ႀကိဳးစားခဲ့ သည္။
ယင္းလမ္းေၾကာင္းတစ္ခုလုံးတြင္ အခ်က္ အခ်ာ လမ္းဆုံသဖြယ္ျဖစ္ေသာ မိုးၿဗဲၿမိဳ႕ကို KNDF တို႔ ထိန္းခ်ဳပ္သည္။ ယင္းေနာက္ ဖယ္ခုံၿမိဳ႕ကို ထိန္း ခ်ဳပ္ရန္ႀကိဳးပမ္းကာ ထိုမွတစ္ဆင့္ ပင္ေလာင္းၿမိဳ႕နယ္ အထိ KNDF တို႔က ၎တို႔၏ ထိန္းခ်ဳပ္နယ္ေျမကို အင္အားခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းလာသည္။ ကယား လက္နက္ကိုင္တို႔အေနျဖင့္ ၎တို႔ကကိုယ္တိုင္ ေခါင္းမခံပဲ အျခားလက္နက္ကိုင္အဖြဲ႕မ်ားကို ေရွ႕ တန္းတင္ခဲ့ေသာ္လည္း အမွန္တကယ္ ေခါင္းေဆာင္ သူမ်ားမွာ KNDF တို႔သာျဖစ္ေၾကာင္း ေဒသခံတို႔ သိၾကေပသည္။
KNDF ႏွင့္ ၎၏ ေနာက္လိုက္တို႔သည္ ပင္ေလာင္းၿမိဳ႕နယ္အတြင္းက နန႔္နိန္း႐ြာတြင္ အစု လိုက္အၿပဳံလိုက္ သတ္ျဖတ္မႈကိုပင္က်ဴးလြန္ခဲ့ၾကေသး၏။ သို႔ေသာ္ ယင္းတို႔ဘက္က ထုတ္ျပန္ရာတြင္ တပ္မေတာ္ဘက္ကလုပ္သည္ဟုဆိုေသာ္လည္း အမွန္တရားကို ေျမျပင္ကေဒသခံတို႔သိၾကသည္သာ။
တစ္ဖက္တြင္ ဆီဆိုင္ၿမိဳ႕သို႔ တိုက္ပြဲေဖာ္ခဲ့ၿပီး ယင္းမွာ လက္နက္ေမွာင္ခိုလမ္းေၾကာင္းပြင့္လိုျခင္း အဓိက ျဖစ္ေသာ္လည္း ဆီဆိုင္-ပင္ေလာင္း တစ္ေၾကာ တိုက္ပြဲေဖာ္ျခင္းသည္ ေနျပည္ေတာ္အထိပင္ စစ္ေရး ရည္မွန္းခ်က္ ႀကီးမားခဲ့ပုံရ၏။
တိုက္ပြဲမ်ားအၾကားတြင္ ေျမစာပင္ ျဖစ္ခဲ့ ရသူမ်ားမွာကား ျပည္သူမ်ားပင္။ လြိဳင္ေကာ္ - ပင္ ေလာင္းလမ္းကို တိုက္ပြဲမ်ားအၿပီးတြင္ ျဖတ္သန္းခြင့္ ရခဲ့ၾကေသးေသာ္လည္း လုံၿခဳံမႈက နည္းပါးလာသည္။
" အရင္တုန္းကေတာ့ မိုးၿဗဲ-ဖယ္ခုံ တစ္ေၾကာကို KNDF က ထိန္းခ်ဳပ္ထားတာေလ။ လြိဳင္ေကာ္ေဒသမွာ ပထမဆုံးတိုက္ပြဲျဖစ္တာက မိုးၿဗဲေလ။ မိုးၿဗဲ ျဖစ္ၿပီးေတာ့ သြားလာလို႔ေတာ့ရေသး တယ္။ မိုးၿဗဲကို စအသိမ္းခံရၿပီး (၁)ႏွစ္ေလာက္ အထိကေတာ့ သြားလာလို႔ရေသးတယ္" ဟု လြိဳင္ေကာ္ေဒသခံတစ္ဦးက ဆိုသည္။
ယင္းေနာက္ပိုင္းတြင္ ယခင္က စည္ပင္ သာယာခဲ့ေသာ လြိဳင္ေကာ္ - မိုးၿဗဲ - ပင္ေလာင္း လမ္းသည္ က်ီးႏွင့္ ဖုတ္ဖုတ္ျဖစ္လာ၏။ ယင္းလမ္း ပိုင္းကိုအသုံးျပဳခြင့္မေပးဘဲ ေက်း႐ြာခ်င္းဆက္ လမ္းမ်ားကို ကယားလက္နက္ကိုင္တို႔က သုံးခိုင္း သည္။
" ႐ြာခ်င္းဆက္ထားတဲ့ ေက်းလက္လမ္းတို႔၊ နတလလမ္းတို႔ကိုပဲသုံးတာ။ အစိုးရသုံးတဲ့ မိန္းလမ္းမႀကီးကို သူတို႔ လုံးဝမသုံးဘူး" ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ လမ္းသည္ တျဖည္းျဖည္းႏွင့္ လမ္းအသြင္ ေပ်ာက္လာသည္။ ေဘးတစ္ဖက္ တစ္ခ်က္စီမွ ခ်ဳံႏြယ္တို႔သည္ လမ္းေပၚတက္လာသည္။ လြိဳင္ ေကာ္-မိုးၿဗဲ-ဖယ္ခုံ လမ္းပိုင္းသည္ စစ္ဒဏ္က် ေရာက္ေသာ လမ္းတစ္လမ္းအျဖစ္ သိသိသာသာ အသြင္းေျပာင္လာ၏။ ထို႔ျပင္ လြိဳင္ေကာ္ - ပင္ ေလာင္းလမ္းပိုင္းမွ ေနရာအေတာ္မ်ားမ်ားတြင္ KNDFတို႔ ၏ ဂိတ္မ်ားသည္ မိုးဦးက် မႈိပြင့္မ်ားကဲ့သို႔ ေပၚေပါက္လာသည္။ " ဘယ္သူမွလည္း မိန္းလမ္းကို မသုံးရဲဘူးေလ"ဟု ယင္း ေဒသခံကေျပာသည္။
လမ္းတြင္ ခ်ဳံတက္လာျခင္းက အသုံးျပဳမႈ နည္းေသာေၾကာင့္ ျဖစ္ေသာ္လည္း လမ္းက်ဥ္း သြား သည္ထက္ ပိုသက္ေရာက္မႈ ရွိခဲ့သည္က ကုန္ေဈးႏႈန္း အေပၚတြင္ ျဖစ္သည္။ ကယားျပည္နယ္တြင္ ကုန္ ေဈးႏႈန္းတို႔ တက္သည္။ ပစၥည္းလိုသေလာက္လည္း မရေတာ့။
ယင္းေနာက္ တပ္မေတာ္က KNDF ႏွင့္ အေပါင္းအပါတို႔ကို ျပန္လည္ထိုးစစ္ဆင္သည္။ ဖယ္ခုံဘက္ကို တပ္ကူမ်ားပို႔ရင္း ပင္ေလာင္းတြင္ တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္း သည္။ ေဆာင္းေျပာင္းႏွင့္ နန႔္ဖာမူတို႔သည္ ဖယ္ခုံ - ပင္ေလာင္းလမ္းပိုင္းမွ နာမည္ေက်ာ္တိုက္ပြဲမ်ား ျဖစ္ပြားရာေနရာမ်ား ျဖစ္ခဲ့သည္။
ယင္းသို႔ျဖင့္ တဆုတ္တည္း ဆုတ္လာခဲ့ ရေသာ KNDF ႏွင့္အေပါင္းအပါတို႔သည္ လြိဳင္ ေကာ္-မိုးၿဗဲ-ဖယ္ခုံ-ပင္ေလာင္း လမ္းကို ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေတာ့။ တပ္မေတာ္ဘက္ကလည္း ယင္းလမ္းပိုင္းတြင္ နယ္ေျမရွင္းလင္းတိုက္ယူလာ ခဲ့ရာ နန႔္ဖာမူတြင္ဆိုလွ်င္ ယင္းေက်း႐ြာမွ ေလး ထပ္တိုက္သိမ္းပိုက္ႏိုင္ေရးအတြက္ တပ္မေတာ္က တစ္လေက်ာ္ၾကာ တိုက္ခိုက္ခဲ့ရသည္။
သို႔ေသာ္ တပ္မေတာ္၏ ထိုးစစ္ႏွင့္အတူ KNDF တို႔ တဆုတ္တည္း ဆုတ္ရင္း ေနာက္ဆုံးတြင္ မိုးၿဗဲ ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီ ျဖစ္သည့္အတြက္ မၾကာမီ ျပည္သူလူထု လက္အတြင္း ျပန္အပ္ႏိုင္ေတာ့ေပးမည္။ ထို႔ျပင္ မိုးၿဗဲၿမိဳ႕ကို ထိန္း ခ်ဳပ္ႏိုင္ခဲ့ျခင္းကလည္း ယင္းလမ္းပိုင္းကို ျပည္သူ လူထု၏အက်ိဳးအတြက္ အျပည့္အဝ ျပန္လည္ဖြင့္လွစ္ ေပးရန္ အေကာင္းဆုံးအေျခအေနသို႔ ေရာက္သြား ခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ မိုးၿဗဲၿမိဳ႕ အနီးက ဝါရီေကာခူ ေက်း႐ြာႏွင့္ ေဆာင္းကန္းေက်း႐ြာတို႔ကို တပ္မေတာ္ က မိုးၿဗဲမွ တစ္ဖက္၊ လြိဳင္ေကာ္ဘက္မွ တစ္ဖက္ တိုက္ခိုက္ရာ ရန္သူတို႔ ဆုတ္ခြာထြက္ေျပးသြားၿပီး ေနာက္ လြိဳင္ေကာ္ - ပင္ေလာင္းလမ္းကို တပ္မေတာ္ မွ ေကာင္းစြာထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီ ျဖစ္သည္။
" ကုန္ေဈးႏႈန္းကေတာ့ တိုက္ပြဲေတြ ျဖစ္ေနတဲ့အခ်ိန္တုန္းက အေတာ္ေလးတက္သြား တာေပါ့။ ေနာက္ေတာ့ ဆီဆိုင္လမ္းျပန္ပြင့္တာနဲ႔ ျပန္ က်သြားတယ္။ ခုမိုးၿဗဲလမ္းျပန္ပြင့္မယ္ဆိုရင္ ပိုက်မွာ ေပါ့။ ကုန္ေတြက ေန႔ခ်င္းေရာက္ေတာ့မွာ၊ အရင္လို ေတာင္ႀကီးမွာ တစ္ညမအိပ္ရေတာ့ဘူး။ ရန္ကုန္ကား ေတြဆိုလည္း အရင္က ေတာင္ႀကီး၊ ေအာင္ပန္းမွာ တစ္ညအိပ္ၿပီးမွ လြိဳင္ေကာ္ကို ဆင္းလာတာေလ။ အခု ဒီလမ္းျပန္ပြင့္မယ္ဆိုရင္ လြိဳင္ေကာ္နဲ႔ ရန္ကုန္ က တိုက္႐ိုက္လမ္းေပါက္ၿပီေလ" ဟု အျခား လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦး က ဆိုသည္။
လြိဳင္ေကာ္ - ပင္ေလာင္း လမ္းသည္ကား မွန္ကင္းတစ္လွည့္ ထင္းတစ္လွည့္ ျဖစ္ခဲ့ရသည္။ လမ္း ေကာင္းစြာ ပြင့္ခဲ့စဥ္က အစုန္၊ အဆန္ ကုန္တင္ ကား မ်ား၊ ခရီးသည္တင္ကားမ်ားျဖင့္ ေကာင္းစြာ မ်က္ႏွာ ပြင့္လန္းခဲ့ေသာ္လည္း စစ္ေရာက္လာေသာအခါ လမ္းဟု မည္ကာမတၱသာျဖစ္ခဲ့ရၿပီး အသုံးျပဳသူ ကင္းမဲ့ခဲ့ရ၏။
ယခုေတာ့ လြိဳင္ေကာ္ - ပင္ေလာင္း လမ္း ပြင့္ေလၿပီျဖစ္သည္။ မၾကာမီ ယင္းလမ္းေပၚတြင္ ယခင္ကအတိုင္း ကုန္စည္တို႔ စီးဆင္းေပေတာ့မည္။ ျပည္သူတို႔ စိတ္လက္ခ်မ္းသာစြာ ခရီးသြားႏိုင္ေပ ေတာ့မည္။ သို႔ေသာ္ ယင္းလမ္းကို ျဖတ္သန္းတိုင္း လမ္းေပၚတြင္ ျဖစ္ခဲ့ေသာ အျဖစ္အပ်က္မ်ားကိုကား ေဒသခံတို႔ မည္သည့္အခါတြင္မွ် ေမ့ႏိုင္လိမ့္မည္ မဟုတ္ေပ။