မြို့ ကြီးအချို့တွင် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်ကာ မှောင်ခိုလက်နက်များ တရားမဝင် စိမ့်ဝင်နေ

1891

သန့်ဇင် (NP News) - ဇူလိုင် ၂၂
ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်ရှိ လူဦးရေထူထပ်သော မြို့ကြီးအချို့တွင် လက်နက်ကိုင်အဖွဲ့များနှင့်ဆက်နွှယ်ကာ မှောင်ခို လက်နက်များ တရားမဝင် စိမ့်ဝင်နေကြောင်း သိရှိသူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ လက်နက်များ သယ်ဆောင်ခြင်းကို KNU၊ PDF အဖွဲ့များလုပ်ဆောင်နေခြင်း ဖြစ်ပြီး လူဦးရေထူထပ်ကာ စီးပွားရေးအရ အရေးပါသော ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့တွင် အများစုရောက် ရှိနေကြောင်း သိရသည်။
" အခုရန်ကုန်မြို့ကို လက်နက်တွေ ရောက်တော့မယ်။ အဲဒါတွေတစ်ချက် သတိထား ရမယ်။ နောက်ပြီး ပဲခူးဘက်ခြမ်းတွေ လက်နက်တွေ သွားနေတယ်။ အဲဒါတွေသတိထားရမယ်။ ပြီးတော့ တပ်က လုံခြုံရေးကို သေချာလေး အာရုံစိုက်ပြီးတော့ ကူညီပေးလို့မရဘူးလား။ မဟုတ်ရင် ပြည်သူတွေ အားလုံး ကြားညပ်ပြီးတော့ အကုန်လုံးထိကုန်မယ် နော်။ အခု KNU နဲ့ PDF တွေ သယ်နေတယ်။ အဲဒါတွေ လုံခြုံရေး သေချာလေး တင်းကြပ်ရမယ်"ဟု သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လက်နက်များသယ်ဆောင်နေ ခြင်းကို လူငယ်ပိုင်းများက လုပ်ဆောင်နေခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများတွင် လုံ ခြုံရေးစည်းပေါက်နေခြင်းအပေါ်လည်း ၎င်းကမေးခွန်းထုတ်ထားသည်။
ထိုသို့ လက်နက်များစိမ့်ဝင်နေခြင်းကို မြို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် စွမ်းဆောင်ရည်ကောင်းများဖြင့် စိစစ်ဖော်ထုတ်မှုအားကောင်းစွာဖြင့် နှိမ်နင်းရန်လိုအပ် ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြု ထားသည်။
" သူတို့ကောင်းကောင်းဖော်ထုတ်နိုင်ရင် အဆင်ပြေမယ်။ လူထုအခြေပြုသည့် ရဲတပ်ဖွဲ့အ နေနဲ့ကော ကိုယ့်ရဲ့ယုံကြည်ရတဲ့ သတင်းပေးတွေရှိ တာပေါ့နော်။ ရပ်ကွက်ထဲမှာလည်း ရပ်ကွက်အ လျောက်၊ ရဲကလည်း ရဲအလျောက်နဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေကလည်း ရပ်ကွက် အုပ်ချုပ်ရေး မှူးအလျောက် ကိုယ့်ရပ်ကွက်တွေထဲ ဝင်လာရင် သတင်းပေးရမှာတွေရှိရမယ်။ ဒါတွေက ရှိပြီးသားပါ။ အမာခံတွေရှိတယ်။ အဲဒီဖော်ထုတ်မှုအားတွေ ကောင်းလာရင် မိမှာပဲ " ဟု ၎င်းက ပြောသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းကာလ တွင် လက်နက်များစိမ့်ဝင်ရောက်ရှိနေသည့် မြို့များ၌ ကိုယ်ကျိုးစီးပွားရှာရန်ပင် မှောင်ခို လက် နက်များကိုအသုံး ပြုလာကြသည်ကို မြင်တွေ့လာရ ကြောင်းလည်း အငြိမ်းစားရဲမှူးကြီးက ဆိုသည်။
" လက်နက်နဲ့ ဓားပြတိုက်မယ် ပြန် ပေးဆွဲမယ် ပိုက်ဆံယူဖို့ လူသတ်မယ်စသဖြင့်ပေါ့ နော်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ လက်နက်ကို နေရာစုံကနေသွင်းမှာပဲ။ အထူးသဖြင့် အိမ်နီးနားချင်း နိုင်ငံတွေကပေါ့နော်။ အနီးစပ်ဆုံးက ထိုင်းပေါ့နော်။ အဲဒီက လက်နက်တွေ အလွယ်တကူရတယ်။ အဲဒီ ကလက်နက်တွေက လမ်းကြောင်းမျိုးစုံကဝင်တယ်။ ကုန်းလမ်းရေလမ်းပေါ့။ နောက်ပြီး ချင်းဘက်ဖြစ်တဲ့ တမူးဘက်မှာလည်း အိန္ဒိယဘက်ကဝင်တာတွေရှိ တယ်။ အဲဒီလမ်းကြောင်းတွေရှိနေတော့ အဲဒီမှာရှိ နေတဲ့ တားဆီးနှိမ်နင်းရေးအဖွဲ့တွေရဲ့ သတင်းရရှိမှုနဲ့ ဖမ်းဆီးနိုင်မှုအားကောင်းမှပဲတားဆီးနိုင်မှာ " ဟု ၎င်းကဆိုသည်။
အနီးစပ်ဆုံးဖြစ်စဉ်များအနေဖြင့် ပြီးခဲ့ သည့် ကာလက မန္တလေးမြို့တွင် သေနတ်များအ သုံးပြုကာ ဘဏ်များ၊ ရွှေဆိုင်များကို ဓားပြတိုက် လုယက်ခြင်းများဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
ၿမိဳ႕ ႀကီးအခ်ိဳ႕တြင္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ဆက္ႏႊယ္ကာ ေမွာင္ခိုလက္နက္မ်ား တရားမဝင္ စိမ့္ဝင္ေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂
ရန္ကုန္ၿမိဳ႕အပါအဝင္ တိုင္းႏွင့္ျပည္နယ္ရွိ လူဦးေရထူထပ္ေသာ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ဆက္ႏႊယ္ကာ ေမွာင္ခို လက္နက္မ်ား တရားမဝင္ စိမ့္ဝင္ေနေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ လက္နက္မ်ား သယ္ေဆာင္ျခင္းကို KNU၊ PDF အဖြဲ႕မ်ားလုပ္ေဆာင္ေနျခင္း ျဖစ္ၿပီး လူဦးေရထူထပ္ကာ စီးပြားေရးအရ အေရးပါေသာ ရန္ကုန္ၿမိဳ႕ႏွင့္ ပဲခူးၿမိဳ႕တို႔တြင္ အမ်ားစုေရာက္ ရွိေနေၾကာင္း သိရသည္။
" အခုရန္ကုန္ၿမိဳ႕ကို လက္နက္ေတြ ေရာက္ေတာ့မယ္။ အဲဒါေတြတစ္ခ်က္ သတိထား ရမယ္။ ေနာက္ၿပီး ပဲခူးဘက္ျခမ္းေတြ လက္နက္ေတြ သြားေနတယ္။ အဲဒါေတြသတိထားရမယ္။ ၿပီးေတာ့ တပ္က လုံၿခဳံေရးကို ေသခ်ာေလး အာ႐ုံစိုက္ၿပီးေတာ့ ကူညီေပးလို႔မရဘူးလား။ မဟုတ္ရင္ ျပည္သူေတြ အားလုံး ၾကားညပ္ၿပီးေတာ့ အကုန္လုံးထိကုန္မယ္ ေနာ္။ အခု KNU နဲ႔ PDF ေတြ သယ္ေနတယ္။ အဲဒါေတြ လုံၿခဳံေရး ေသခ်ာေလး တင္းၾကပ္ရမယ္"ဟု သိရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ လက္နက္မ်ားသယ္ေဆာင္ေန ျခင္းကို လူငယ္ပိုင္းမ်ားက လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ရန္ကုန္အပါအဝင္ အျခားေသာၿမိဳ႕ႀကီးမ်ားတြင္ လုံ ၿခဳံေရးစည္းေပါက္ေနျခင္းအေပၚလည္း ၎ကေမးခြန္းထုတ္ထားသည္။
ထိုသို႔ လက္နက္မ်ားစိမ့္ဝင္ေနျခင္းကို ၿမိဳ႕အဝင္အထြက္ဂိတ္မ်ားတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားအေနျဖင့္ စြမ္းေဆာင္ရည္ေကာင္းမ်ားျဖင့္ စိစစ္ေဖာ္ထုတ္မႈအားေကာင္းစြာျဖင့္ ႏွိမ္နင္းရန္လိုအပ္ ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက အႀကံျပဳ ထားသည္။
" သူတို႔ေကာင္းေကာင္းေဖာ္ထုတ္ႏိုင္ရင္ အဆင္ေျပမယ္။ လူထုအေျချပဳသည့္ ရဲတပ္ဖြဲ႕အ ေနနဲ႔ေကာ ကိုယ့္ရဲ႕ယုံၾကည္ရတဲ့ သတင္းေပးေတြရွိ တာေပါ့ေနာ္။ ရပ္ကြက္ထဲမွာလည္း ရပ္ကြက္အ ေလ်ာက္၊ ရဲကလည္း ရဲအေလ်ာက္နဲ႔ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉးေတြကလည္း ရပ္ကြက္ အုပ္ခ်ဳပ္ေရး မႉးအေလ်ာက္ ကိုယ့္ရပ္ကြက္ေတြထဲ ဝင္လာရင္ သတင္းေပးရမွာေတြရွိရမယ္။ ဒါေတြက ရွိၿပီးသားပါ။ အမာခံေတြရွိတယ္။ အဲဒီေဖာ္ထုတ္မႈအားေတြ ေကာင္းလာရင္ မိမွာပဲ " ဟု ၎က ေျပာသည္။
လက္ရွိႏိုင္ငံေရးအခင္းအက်င္းကာလ တြင္ လက္နက္မ်ားစိမ့္ဝင္ေရာက္ရွိေနသည့္ ၿမိဳ႕မ်ား၌ ကိုယ္က်ိဳးစီးပြားရွာရန္ပင္ ေမွာင္ခို လက္ နက္မ်ားကိုအသုံး ျပဳလာၾကသည္ကို ျမင္ေတြ႕လာရ ေၾကာင္းလည္း အၿငိမ္းစားရဲမႉးႀကီးက ဆိုသည္။
" လက္နက္နဲ႔ ဓားျပတိုက္မယ္ ျပန္ ေပးဆြဲမယ္ ပိုက္ဆံယူဖို႔ လူသတ္မယ္စသျဖင့္ေပါ့ ေနာ္။ အဲဒီလိုျဖစ္လာတဲ့အခါက်ေတာ့ လက္နက္ကို ေနရာစုံကေနသြင္းမွာပဲ။ အထူးသျဖင့္ အိမ္နီးနားခ်င္း ႏိုင္ငံေတြကေပါ့ေနာ္။ အနီးစပ္ဆုံးက ထိုင္းေပါ့ေနာ္။ အဲဒီက လက္နက္ေတြ အလြယ္တကူရတယ္။ အဲဒီ ကလက္နက္ေတြက လမ္းေၾကာင္းမ်ိဳးစုံကဝင္တယ္။ ကုန္းလမ္းေရလမ္းေပါ့။ ေနာက္ၿပီး ခ်င္းဘက္ျဖစ္တဲ့ တမူးဘက္မွာလည္း အိႏၵိယဘက္ကဝင္တာေတြရွိ တယ္။ အဲဒီလမ္းေၾကာင္းေတြရွိေနေတာ့ အဲဒီမွာရွိ ေနတဲ့ တားဆီးႏွိမ္နင္းေရးအဖြဲ႕ေတြရဲ႕ သတင္းရရွိမႈနဲ႔ ဖမ္းဆီးႏိုင္မႈအားေကာင္းမွပဲတားဆီးႏိုင္မွာ " ဟု ၎ကဆိုသည္။
အနီးစပ္ဆုံးျဖစ္စဥ္မ်ားအေနျဖင့္ ၿပီးခဲ့ သည့္ ကာလက မႏၲေလးၿမိဳ႕တြင္ ေသနတ္မ်ားအ သုံးျပဳကာ ဘဏ္မ်ား၊ ေ႐ႊဆိုင္မ်ားကို ဓားျပတိုက္ လုယက္ျခင္းမ်ားျဖစ္ပြားခဲ့ဖူးသည္။