နွားထိုးကြီးတွင် အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

353
Pearl (NP News) - ဇူလိုင် ၂၂
နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မဝေသဇင်ဦး (၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါ်ညွန့်စိန်(၅၆)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
Zawgyi Version:
ႏြားထိုးႀကီးတြင္ အၾကမ္းဖက္အဖြဲ႕၏ လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံး
Pearl (NP News) - ဇူလိုင္ ၂၂
ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏ လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္ ၂၀ ရက္ နံနက္ ၈ နာရီ ၄၀ မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္စည္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေက်း႐ြာအတြင္းသို႔ PDF အၾကမ္းဖက္အဖြဲ႕ က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲခဲ့မႈေၾကာင့္ အဆိုပါေက်း႐ြာေန မေဝသဇင္ဦး (၃)ႏွစ္တြင္ ဗုံးသီးေပါက္ကြဲစထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒၚၫြန႔္စိန္(၅၆)ႏွစ္တြင္ ဗုံးသီးေပါက္ကြဲစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထုႏွင့္ ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။