လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်တွင် တွင် နာမည်ကြီးခဲ့သော ကိစ္စနှင့် ပတ်သက်၍ SSC ဆေးရုံက ပြန်လည် ဖြေရှင်း

 5028

စော(NP News)- ဇူလိုင် ၂၂
လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်တွင် တွင် နာမည်ကြီးခဲ့သော ကိစ္စနှင့် ပတ်သက်၍ SSC ဆေးရုံက ယနေ့ (ဇူလိုင်လ ၂၂ ရက်) တွင် ထုတ်ပြန်ချက် ထုတ်ကာ ပြန်လည် ဖြေရှင်းထားကြောင်း တွေ့မြင်ရသည်။
အဆိုပါ ဖြစ်စဉ်တွင် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် သုံးစွဲသူ တစ်ဦးက အဆိုပါ ဆေးရုံ၌ ဆေးကုသရာတွင် ပါမောက္ခ ဆရာဝန်ကြီး က ဆေးမှတ်တမ်း မကြည့်ပဲ မိမိဆန္ဒအလျောက် ကုသကြောင်း၊ ဆက်ဆံရေး ညံ့ဖျင်းကြောင်း၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေး သောက်ဆေးများ အသုံးပြုပြီး ကုသခဲ့ကြောင်း၊ ဆေးရုံကလည်း သက်သာဆေး ထိုးပြီး အချိန်ဆွဲကြောင်း၊ ထို့ပြင်ဆေးရုံကလည်း လူနာ စိတ်ကျေနပ်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ရေးသားခဲ့ရာ ပြန်လည် မှတ်ချက်ပေးသူ၊ မျှဝေသူ များပြားခဲ့သည်။
ပြီးခဲ့သည့် ဇွန် (၂၁)ရက်က SSC ဆေးရုံအရေးပေါ်ဌာန၌ လူနာ၏ဝမ်းဗိုက်ကို စမ်းသပ်ပြီး ရောဂါရာဇဝင်လက္ခဏာများကို လူနာအားမေးမြန်းရာတွင် လူနာ၏ ဖခင်မှသာ ပြန်လည်ဖြေကြားနေခဲ့ကာ ဗိုက်အောင့်ရသည့်အကြောင်းအရင်းကိုသာ အဖြေပေးရန် မေးနေခဲ့သဖြင့် ဆရာဝန်မကြီးမှ လူနာကိုယ်တိုင်ဖြေပေးရန် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဆရာဝန်မကြီးမှ ယခုအနေအထားအရ ဝမ်းဗိုက်အတွင်းအမှန်တကယ်ဖြစ်နိုင်သော ရောဂါကို ကွဲပြားစွာသိရှိနိုင်ရန် CT (Abdomen and Pelvis) (ကွန်ပျူတာဓါတ်မှန်) ရိုက်ရန် နှင့် CRP သွေးစစ်ပြီး ပြန်ပြောရန် ညွှန်ကြားခဲ့ရာ လူနာ၏ဖခင်မှ စကားပြောအဆင်မပြေဟုဆို၍ ဆရာဝန်မကြီးနှင့် ကုသမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး ဆရာဝန်မကြီးညွှန်ကြားခဲ့သည့် မည်သည့်စစ်ဆေးမှုကိုမှ မလုပ်ဆောင်လိုကြောင်း လူနာရှင်များက ငြင်းဆိုထားပြီး အဆိုပါ ငြင်းဆိုချက်ကို လူနာ ဆေးကုသမှုမှတ်တမ်းတွင်လည်း မှတ်တမ်းတင်ထားရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခင်ပြနေကျ ပါမောက္ခခွဲစိတ်ဆရာဝန်ကြီးနှင့် ပြောင်းလဲကုသမှုခံယူရန် တောင်းဆိုခဲ့သဖြင့် ဆက်လက်ကုသမှု ရရှိစေရန် SSC ဆေးရုံမှ စီစဉ်ပေးခဲ့ပြီး ခွဲစိတ်ကုသမှုအောင်မြင်သဖြင့် လူနာသက်သာကောင်းမွန်၍ ဇွန် (၂၉)ရက်က ဆေးရုံမှဆင်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးရုံမှဆင်းချိန်တွင် လူနာရှင်ဖခင်ကိုယ်တိုင်မှ ပေးခဲ့သော ဆေးရုံအားအကြံပြုလွှာတွင် “ဤဆေးရုံစတက်သည့်နေ့မှစ၍ Emergency မှ ယခုဆေးရုံဆင်းသည့်နေ့ Room No. 328 H1 နေစဉ် ကာလတလျှောက် တာဝန်ကျ MO, Doctor နှင့် သက်ဆိုင်ရာ ဝန်ထမ်းများအားလုံး၏ ပြုစုဆောင်ရွက်ချက် များကို ကျေနပ်အားရပါသည်၊ အထူးကျေးဇူးတင်ပါသည်၊ မှတ်ချက်ပေးရန် မရှိပါ” ဟု ရေးသားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဆေးရုံဆင်းပြီး(၁၀)ရက်အကြာတွင် လူနာရှင်ဖခင်ဖြစ်သူမှ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ဆက်သွယ် လာခဲ့ပြီး တွေ့ဆုံရန် ပြောကြားလာခဲ့သဖြင့် ဇူလိုင် (၁၁)ရက်၊ မွန်းလွဲ (၂)နာရီအချိန်က SSC ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့ရာတွင် လူနာရှင်အနေဖြင့် SSC ဆေးရုံနှင့် ပါမောက္ခခွဲစိတ်ဆရာဝန်ကြီး တို့၏ ကုသမှုများအား ကျေနပ်ကျေးဇူးတင်ပါကြောင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းသမားတော် ပါမောက္ခ ဆရာဝန်မကြီး ဒေါ်တင်မိုးဝေကိုသာ ကျေနပ်မှုမရှိ၍ တိုင်ကြားရန်နှင့် နစ်နာကြေးတောင်းခံရန် တွေ့ဆုံလိုခြင်း ဖြစ်ကြောင်း ၊ ဆရာဝန်မကြီးနှင့်တွေ့ဆုံလိုခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် SSC ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒုတိယအကြိမ် ဇူလိုင် (၁၄)ရက်၊ ညနေ (၄)နာရီဝန်းကျင်အချိန်က တွေ့ဆုံရာတွင်လည်း မူလတောင်းဆိုချက်များ အတိုင်းသာ ထပ်ကာထပ်ကာ တောင်းဆိုခဲ့သောကြောင့် ပြေလည်မှု မရခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ တောင်းဆိုရာ၌ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော် ပါမောက္ခဆရာဝန်မကြီးအား မကျေနပ်သောကြောင့် လူနာရှင်၏ မူလရည်ရွယ်ချက်သည် မိမိတို့ကဲ့သို့ အခြားလူနာများ မဖြစ်စေရန်ဟု ဆိုသော်လည်း ဆေးကုသကုန်ကျစရိတ်နှင့် ဆက်စပ်ကုန်ကျစရိတ်များအတွက် သိန်း (၁၀၀) လျော်ကြေးပေးရန်၊ လူနာခွဲစိတ်ပြီး (၆)လ ခန့် အနားယူရမည်ဟုဆို၍ (၆) လစာ နစ်နာကြေးပေးရန်၊ ဆရာဝန်မကြီးအား ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်များအတွင်း (၆)လ ဆေးခန်းမထိုင်ရန်တို့အတွက် သုံးရက်အချိန်ပေးမည်ဖြစ်ပြီး သုံးရက်အတွင်း နစ်နာကြေးမပေးခြင်းနှင့် မလိုက်နာပါက FB post တင်မည်ဖြစ်ကြောင်းနှင့် တရားစွဲမည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
SSC ဆေးရုံအနေဖြင့် လူနာ၏ ပုဂ္ဂိုလ်ရေးအခွင့်အရေး (Privacy)၊ လူနာ၏ကျန်းမာရေး အချက်အလက် များ လျှို့ဝှက်လုံခြုံမှု (Confidentiality) နှင့် လူနာ၏ဂုဏ်သိက္ခာ (Dignity) တို့ကိုစောင့်ထိန်းရန် တာဝန်ရှိသည့် အပြင် SSC ဆေးရုံ ၏ မူလတာဝန် ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုသာ ဆက်လက် လုပ်ဆောင်သွားလိုကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် လူနာရှင်များဘက်မှ တရားစွဲဆိုလာပါကလည်း ပြန်လည်တရားစွဲဆို ခြင်းမပြုပဲ မေတ္တာရှေ့ထားကာ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွားမည်ဖြစ်ကြောင်း SSC ဆေးရုံမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္တြင္ တြင္ နာမည္ႀကီးခဲ့ေသာ ကိစၥႏွင့္ ပတ္သက္၍ SSC ေဆး႐ုံက ျပန္လည္ ေျဖရွင္း
ေစာ(NP News)- ဇူလိုင္ ၂၂
လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္တြင္ တြင္ နာမည္ႀကီးခဲ့ေသာ ကိစၥႏွင့္ ပတ္သက္၍ SSC ေဆး႐ုံက ယေန႔ (ဇူလိုင္လ ၂၂ ရက္) တြင္ ထုတ္ျပန္ခ်က္ ထုတ္ကာ ျပန္လည္ ေျဖရွင္းထားေၾကာင္း ေတြ႕ျမင္ရသည္။
အဆိုပါ ျဖစ္စဥ္တြင္ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ သုံးစြဲသူ တစ္ဦးက အဆိုပါ ေဆး႐ုံ၌ ေဆးကုသရာတြင္ ပါေမာကၡ ဆရာဝန္ႀကီး က ေဆးမွတ္တမ္း မၾကည့္ပဲ မိမိဆႏၵအေလ်ာက္ ကုသေၾကာင္း၊ ဆက္ဆံေရး ညံ့ဖ်င္းေၾကာင္း၊ စိတ္ၿငိမ္ေဆး၊ အိပ္ေဆး ေသာက္ေဆးမ်ား အသုံးျပဳၿပီး ကုသခဲ့ေၾကာင္း၊ ေဆး႐ုံကလည္း သက္သာေဆး ထိုးၿပီး အခ်ိန္ဆြဲေၾကာင္း၊ ထို႔ျပင္ေဆး႐ုံကလည္း လူနာ စိတ္ေက်နပ္ေအာင္ ေျဖရွင္းေပးႏိုင္ျခင္း မရွိေၾကာင္း ေရးသားခဲ့ရာ ျပန္လည္ မွတ္ခ်က္ေပးသူ၊ မွ်ေဝသူ မ်ားျပားခဲ့သည္။
ၿပီးခဲ့သည့္ ဇြန္ (၂၁)ရက္က SSC ေဆး႐ုံအေရးေပၚဌာန၌ လူနာ၏ဝမ္းဗိုက္ကို စမ္းသပ္ၿပီး ေရာဂါရာဇဝင္လကၡဏာမ်ားကို လူနာအားေမးျမန္းရာတြင္ လူနာ၏ ဖခင္မွသာ ျပန္လည္ေျဖၾကားေနခဲ့ကာ ဗိုက္ေအာင့္ရသည့္အေၾကာင္းအရင္းကိုသာ အေျဖေပးရန္ ေမးေနခဲ့သျဖင့္ ဆရာဝန္မႀကီးမွ လူနာကိုယ္တိုင္ေျဖေပးရန္ ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ဆရာဝန္မႀကီးမွ ယခုအေနအထားအရ ဝမ္းဗိုက္အတြင္းအမွန္တကယ္ျဖစ္ႏိုင္ေသာ ေရာဂါကို ကြဲျပားစြာသိရွိႏိုင္ရန္ CT (Abdomen and Pelvis) (ကြန္ပ်ဴတာဓါတ္မွန္) ႐ိုက္ရန္ ႏွင့္ CRP ေသြးစစ္ၿပီး ျပန္ေျပာရန္ ၫႊန္ၾကားခဲ့ရာ လူနာ၏ဖခင္မွ စကားေျပာအဆင္မေျပဟုဆို၍ ဆရာဝန္မႀကီးႏွင့္ ကုသမႈကို ရပ္ဆိုင္းရန္ ဆုံးျဖတ္ခဲ့ၿပီး ဆရာဝန္မႀကီးၫႊန္ၾကားခဲ့သည့္ မည္သည့္စစ္ေဆးမႈကိုမွ မလုပ္ေဆာင္လိုေၾကာင္း လူနာရွင္မ်ားက ျငင္းဆိုထားၿပီး အဆိုပါ ျငင္းဆိုခ်က္ကို လူနာ ေဆးကုသမႈမွတ္တမ္းတြင္လည္း မွတ္တမ္းတင္ထားရွိေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ယခင္ျပေနက် ပါေမာကၡခြဲစိတ္ဆရာဝန္ႀကီးႏွင့္ ေျပာင္းလဲကုသမႈခံယူရန္ ေတာင္းဆိုခဲ့သျဖင့္ ဆက္လက္ကုသမႈ ရရွိေစရန္ SSC ေဆး႐ုံမွ စီစဥ္ေပးခဲ့ၿပီး ခြဲစိတ္ကုသမႈေအာင္ျမင္သျဖင့္ လူနာသက္သာေကာင္းမြန္၍ ဇြန္ (၂၉)ရက္က ေဆး႐ုံမွဆင္းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဆး႐ုံမွဆင္းခ်ိန္တြင္ လူနာရွင္ဖခင္ကိုယ္တိုင္မွ ေပးခဲ့ေသာ ေဆး႐ုံအားအႀကံျပဳလႊာတြင္ “ဤေဆး႐ုံစတက္သည့္ေန႔မွစ၍ Emergency မွ ယခုေဆး႐ုံဆင္းသည့္ေန႔ Room No. 328 H1 ေနစဥ္ ကာလတေလွ်ာက္ တာဝန္က် MO, Doctor ႏွင့္ သက္ဆိုင္ရာ ဝန္ထမ္းမ်ားအားလုံး၏ ျပဳစုေဆာင္႐ြက္ခ်က္ မ်ားကို ေက်နပ္အားရပါသည္၊ အထူးေက်းဇူးတင္ပါသည္၊ မွတ္ခ်က္ေပးရန္ မရွိပါ” ဟု ေရးသားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ေဆး႐ုံဆင္းၿပီး(၁၀)ရက္အၾကာတြင္ လူနာရွင္ဖခင္ျဖစ္သူမွ ေဆး႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕ထံသို႔ ဆက္သြယ္ လာခဲ့ၿပီး ေတြ႕ဆုံရန္ ေျပာၾကားလာခဲ့သျဖင့္ ဇူလိုင္ (၁၁)ရက္၊ မြန္းလြဲ (၂)နာရီအခ်ိန္က SSC ေဆး႐ုံ အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ လာေရာက္ေတြ႕ဆုံခဲ့ရာတြင္ လူနာရွင္အေနျဖင့္ SSC ေဆး႐ုံႏွင့္ ပါေမာကၡခြဲစိတ္ဆရာဝန္ႀကီး တို႔၏ ကုသမႈမ်ားအား ေက်နပ္ေက်းဇူးတင္ပါေၾကာင္း၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းသမားေတာ္ ပါေမာကၡ ဆရာဝန္မႀကီး ေဒၚတင္မိုးေဝကိုသာ ေက်နပ္မႈမရွိ၍ တိုင္ၾကားရန္ႏွင့္ နစ္နာေၾကးေတာင္းခံရန္ ေတြ႕ဆုံလိုျခင္း ျဖစ္ေၾကာင္း ၊ ဆရာဝန္မႀကီးႏွင့္ေတြ႕ဆုံလိုျခင္းမရွိဟု ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ SSC ေဆး႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ဒုတိယအႀကိမ္ ဇူလိုင္ (၁၄)ရက္၊ ညေန (၄)နာရီဝန္းက်င္အခ်ိန္က ေတြ႕ဆုံရာတြင္လည္း မူလေတာင္းဆိုခ်က္မ်ား အတိုင္းသာ ထပ္ကာထပ္ကာ ေတာင္းဆိုခဲ့ေသာေၾကာင့္ ေျပလည္မႈ မရခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ ေတာင္းဆိုရာ၌ အစာအိမ္ႏွင့္အူလမ္းေၾကာင္းအထူးကုသမားေတာ္ ပါေမာကၡဆရာဝန္မႀကီးအား မေက်နပ္ေသာေၾကာင့္ လူနာရွင္၏ မူလရည္႐ြယ္ခ်က္သည္ မိမိတို႔ကဲ့သို႔ အျခားလူနာမ်ား မျဖစ္ေစရန္ဟု ဆိုေသာ္လည္း ေဆးကုသကုန္က်စရိတ္ႏွင့္ ဆက္စပ္ကုန္က်စရိတ္မ်ားအတြက္ သိန္း (၁၀၀) ေလ်ာ္ေၾကးေပးရန္၊ လူနာခြဲစိတ္ၿပီး (၆)လ ခန႔္ အနားယူရမည္ဟုဆို၍ (၆) လစာ နစ္နာေၾကးေပးရန္၊ ဆရာဝန္မႀကီးအား ရန္ကုန္တိုင္းအေရွ႕ပိုင္းခ႐ိုင္ႏွင့္ အေနာက္ပိုင္းခ႐ိုင္မ်ားအတြင္း (၆)လ ေဆးခန္းမထိုင္ရန္တို႔အတြက္ သုံးရက္အခ်ိန္ေပးမည္ျဖစ္ၿပီး သုံးရက္အတြင္း နစ္နာေၾကးမေပးျခင္းႏွင့္ မလိုက္နာပါက FB post တင္မည္ျဖစ္ေၾကာင္းႏွင့္ တရားစြဲမည္ဟု ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
SSC ေဆး႐ုံအေနျဖင့္ လူနာ၏ ပုဂၢိဳလ္ေရးအခြင့္အေရး (Privacy)၊ လူနာ၏က်န္းမာေရး အခ်က္အလက္ မ်ား လွ်ိဳ႕ဝွက္လုံၿခဳံမႈ (Confidentiality) ႏွင့္ လူနာ၏ဂုဏ္သိကၡာ (Dignity) တို႔ကိုေစာင့္ထိန္းရန္ တာဝန္ရွိသည့္ အျပင္ SSC ေဆး႐ုံ ၏ မူလတာဝန္ ျဖစ္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းကိုသာ ဆက္လက္ လုပ္ေဆာင္သြားလိုေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ လူနာရွင္မ်ားဘက္မွ တရားစြဲဆိုလာပါကလည္း ျပန္လည္တရားစြဲဆို ျခင္းမျပဳပဲ ေမတၱာေရွ႕ထားကာ ဥပေဒေဘာင္အတြင္းမွ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း SSC ေဆး႐ုံမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.