တောင်ကိုရီးယားမှာ ဖခင်က သားကို သတ်ဖြတ်မှုဖြစ်ပွား

567

ရောင်နီ (NP News) - ဇူလိုင် ၂၃
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အနောက်ဘက် ခေတ်မီကမ်းနားခရိုင် Songdo International City ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖခင်က သားကို ပြန်သတ်တဲ့ အိမ်တွင်းပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သားဖြစ်သူ အမျိုးသားတစ်ဦး သေဆုံးကာ ဖခင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
ဒါအပြင် အိမ်မှာ ဖောက်ခွဲရေးပစ္စည်းတစ်ခုလည်း ကျန်ရှိနေတယ်လို့ သတင်းရတာကြောင့် တိုက်ခန်းက လူဒါဇင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၀ ရက် (တနင်္ဂနွေနေ့) နှောင်းပိုင်းက အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အင်ချွန်းရုံးဆု ရဲစခန်းရဲ့အဆိုအရ သေဆုံးသူ အသက် ၃ဝ အရွယ် အမျိုးသားဟာ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သံသယရှိသူဟာ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသူရဲ့ဖခင်ဖြစ်ကာ လက်လုပ်သေနတ်တစ်လက်နဲ့အတူ အခင်းဖြစ်ပွား ရာမှ ထွက်ပြေးသွားခဲ့ပါတယ်။ ၃ နာရီကြာ ရှာဖွေပြီးနောက် ဇူလိုင်လ ၂၁ ရက် အစောပိုင်းမှာ ဆိုးလ်မြို့ နဲ့ ကီလိုမီတာ ၃ဝ ခန့်အကွာ ဂန်းနမ်း ခရိုင်မှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ သေနတ်ကိုင်ဆောင်ခွင့် ခွင့်ပြုထားခြင်းမရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ် တစ်ခုပဲဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ဖခင္က သားကို သတ္ျဖတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇူလိုင္ ၂၃
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ အေနာက္ဘက္ ေခတ္မီကမ္းနားခ႐ိုင္ Songdo International City ရွိ အထပ္ျမင့္ လူေနအေဆာက္အအုံတစ္ခုမွာ ၿပီးခဲ့တဲ့သီတင္းပတ္က ဖခင္က သားကို ျပန္သတ္တဲ့ အိမ္တြင္းပစ္ခတ္မႈတစ္ခု ျဖစ္ပြားခဲ့ၿပီး သားျဖစ္သူ အမ်ိဳးသားတစ္ဦး ေသဆုံးကာ ဖခင္ကို ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ သိရပါတယ္။
ဒါအျပင္ အိမ္မွာ ေဖာက္ခြဲေရးပစၥည္းတစ္ခုလည္း က်န္ရွိေနတယ္လို႔ သတင္းရတာေၾကာင့္ တိုက္ခန္းက လူဒါဇင္ေပါင္းမ်ားစြာကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔ သိရပါတယ္။ ဇူလိုင္ ၂၀ ရက္ (တနဂၤေႏြေန႔) ေႏွာင္းပိုင္းက အခင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး အင္ခြၽန္း႐ုံးဆု ရဲစခန္းရဲ႕အဆိုအရ ေသဆုံးသူ အသက္ ၃ဝ အ႐ြယ္ အမ်ိဳးသားဟာ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး ေနာက္ပိုင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ သံသယရွိသူဟာ အသက္ ၆၀ ဝန္းက်င္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေသဆုံးသူရဲ႕ဖခင္ျဖစ္ကာ လက္လုပ္ေသနတ္တစ္လက္နဲ႔အတူ အခင္းျဖစ္ပြား ရာမွ ထြက္ေျပးသြားခဲ့ပါတယ္။ ၃ နာရီၾကာ ရွာေဖြၿပီးေနာက္ ဇူလိုင္လ ၂၁ ရက္ အေစာပိုင္းမွာ ဆိုးလ္ၿမိဳ႕ နဲ႔ ကီလိုမီတာ ၃ဝ ခန႔္အကြာ ဂန္းနမ္း ခ႐ိုင္မွာ သံသယရွိသူကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
ဒီျဖစ္ရပ္ဟာ ေသနတ္ကိုင္ေဆာင္ခြင့္ ခြင့္ျပဳထားျခင္းမရွိတဲ့ ေတာင္ကိုရီးယားႏိုင္ငံမွာ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ရပ္ တစ္ခုပဲျဖစ္ပါတယ္။