စစ်မှုထမ်းဝင်ရောက်ရတော့မယ့် တောင်ကိုရီးယား သရုပ်ဆောင် - အဆိုတော် ချာအွန်ဝူး

217
ရောင်နီ(NP News) - ဇူလိုင် ၂၃
တောင်ကိုရီးယား သရုပ်ဆောင် - အဆိုတော် ချာအွန်ဝူးဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ မကြာခင်စစ်မှုထမ်းရတော့မယ့်အကြောင်းကို စစ်တပ်ဆံပင်ကေပြောင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ပရိသတ်ကို အသိပေးလာပါတယ်။
ချာအွန်ဝူးဟာ လာမယ့် ဇူလိုင် ၂၈ ရက်မှာ စစ်မှုထမ်း ဝင်ရောက်ရတော့မှာပဲ ဖြစ်ပါတယ်။ အင်စတာဂရမ်မှာ တင်ထားတဲ့ ပုံရိပ်တွေမှာ သူက စစ်တပ်ဆံပင်ကေ ပြောင်းလဲထားပြီး "We will miss you" ဆိုတဲ့ စာသားပါ ကိတ်ကို ကိုင်ဆောင်ထားပါတယ်။ K-pop ယောက်ျားလေးတေးဂီတအဖွဲ့ Astro ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ချာအွန်ဝူးဟာ My ID Is Gangnam Beauty၊ Wonderful World၊ True Beauty စတဲ့ K-dramas တွေနဲ့ နာမည်ကျော်ပါတယ်။ သူရဲ့အေဂျင်စီ Fantagio ရဲ့ပြောကြားချက်အရ ချားဟာ အခြေခံစစ်ရေးလေ့ကျင့်မှု ပြီးဆုံးရင် စစ်တပ်ရဲ့စစ်တီးဝိုင်းဌာနမှာ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။
ချာအွန်ဝူးဟာ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ Netflix ရဲ့ စူပါဟီးရိုးဟာသစီးရီး The Wonderfools မှာ ပါဝင်ထားပြီး အဲဒီဇာတ်ကားဟာ ၂၀၂၆ မှာ ရုံတင်မယ်လို့ သိရပါတယ်။
zawgyi version
စစ္မႈထမ္းဝင္ေရာက္ရေတာ့မယ့္ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ - အဆိုေတာ္ ခ်ာအြန္ဝူး
ေရာင္နီ(NP News) - ဇူလိုင္ ၂၃
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ - အဆိုေတာ္ ခ်ာအြန္ဝူးဟာ စစ္မႈမထမ္းမေနရ ဥပေဒအရ မၾကာခင္စစ္မႈထမ္းရေတာ့မယ့္အေၾကာင္းကို စစ္တပ္ဆံပင္ေကေျပာင္းထားတဲ့ ဓာတ္ပုံနဲ႔အတူ ပရိသတ္ကို အသိေပးလာပါတယ္။
ခ်ာအြန္ဝူးဟာ လာမယ့္ ဇူလိုင္ ၂၈ ရက္မွာ စစ္မႈထမ္း ဝင္ေရာက္ရေတာ့မွာပဲ ျဖစ္ပါတယ္။ အင္စတာဂရမ္မွာ တင္ထားတဲ့ ပုံရိပ္ေတြမွာ သူက စစ္တပ္ဆံပင္ေက ေျပာင္းလဲထားၿပီး "We will miss you" ဆိုတဲ့ စာသားပါ ကိတ္ကို ကိုင္ေဆာင္ထားပါတယ္။ K-pop ေယာက္်ားေလးေတးဂီတအဖြဲ႕ Astro ရဲ႕ အဖြဲ႕ဝင္လည္းျဖစ္တဲ့ ခ်ာအြန္ဝူးဟာ My ID Is Gangnam Beauty၊ Wonderful World၊ True Beauty စတဲ့ K-dramas ေတြနဲ႔ နာမည္ေက်ာ္ပါတယ္။ သူရဲ႕ေအဂ်င္စီ Fantagio ရဲ႕ေျပာၾကားခ်က္အရ ခ်ားဟာ အေျခခံစစ္ေရးေလ့က်င့္မႈ ၿပီးဆုံးရင္ စစ္တပ္ရဲ႕စစ္တီးဝိုင္းဌာနမွာ တာဝန္ထမ္းေဆာင္မယ္လို႔ သိရပါတယ္။
ခ်ာအြန္ဝူးဟာ လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ Netflix ရဲ႕ စူပါဟီး႐ိုးဟာသစီးရီး The Wonderfools မွာ ပါဝင္ထားၿပီး အဲဒီဇာတ္ကားဟာ ၂၀၂၆ မွာ ႐ုံတင္မယ္လို႔ သိရပါတယ္။