အင်ဒိုနီးရှား၊ ဆူမားတြားမှာ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေ၊ အပူချိန် အလွန်မြင့်တက်လာခြင်းကြောင့် သတိပေးချက်များ ထုတ်ပြန်ထား

221

ရောင်နီ(NP News) - ဇူလိုင် ၂၃
အင်ဒိုနီးရှားနိုင်ငံ အနောက်တောင်ပိုင်း၊ ဆူမားတြားမှာ မြေဆွေးမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
"ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေနဲ့အတူ အထူးသဖြင့် ဆူမားတြားကျွန်းအများစုမှာ မိုးရွာသွန်းမှု သိသိသာသာ ကျဆင်းလာတာကြောင့် မီးဘေးအန္တရာယ် တိုးလာစေတယ်” လို့ အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ (BNPB) မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အက်ဒူလ်မူဟာရီက ဇူလိုင် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အနောက်ဆူမားတြားပြည်နယ်ရှိ ခရိုင်နှစ်ခုဖြစ်တဲ့ ဆိုလော့ခ်နဲ့ လီမာပူလက်ဟ်ကိုတာ ဒေသတွေဟာ အပူချိန်ပိုမို မြင့်တက်လာနေတာကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ အနောက်ဆူမားတြားပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီမှ ပြောကြားချက်အရ ပြည်နယ်ရဲ့ ခရိုင်(၁၄)ခုစလုံးနီးပါး တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနောက်ဆူမားတြား လီမာပူလက်ဟ်ကိုတာမှာ အပူချိန် (၇၀)ဒီဂရီမှ (၉၀)ဒီဂရီထိရှိနေကာ အဆိုပါနေရာတွေကို မီးသတ်သမားတွေ ရောက်ရှိနိုင်ဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ လတ်တလော မီးငြှိမ်းသတ်မှုအများစုကို ရီအူနဲ့ တောင်ဆူမားတြား ပြည်နယ်တွေဆီကို ဦးတည်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ရိုကန်ဟီလာ နဲ့ ရိုကန်ဟူလူ ခရိုင်(၂) ခုဟာ မီးလောင်ကျွမ်းမှု အဆိုးရွားဆုံးဖြစ်နေပြီး ဟက်တာ(၄၆)ခုခန့် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု ဖြစ်ပေါ်စေဖို့အတွက် တိမ်တွေပေါ် ရေလောင်းခြင်း နည်းကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ကြိုးပမ်းနေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွား၊ ဆူမားၾတားမွာ ေတာမီးေလာင္ကြၽမ္းမႈမ်ား ျဖစ္ပြားေန၊ အပူခ်ိန္ အလြန္ျမင့္တက္လာျခင္းေၾကာင့္ သတိေပးခ်က္မ်ား ထုတ္ျပန္ထား
ေရာင္နီ(NP News) - ဇူလိုင္ ၂၃
အင္ဒိုနီးရွားႏိုင္ငံ အေနာက္ေတာင္ပိုင္း၊ ဆူမားၾတားမွာ ေျမေဆြးမွတစ္ဆင့္ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အေရးေပၚ သတိေပးခ်က္ေတြ ထုတ္ျပန္ထားရပါတယ္။
"ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတု အေျခအေနနဲ႔အတူ အထူးသျဖင့္ ဆူမားၾတားကြၽန္းအမ်ားစုမွာ မိုး႐ြာသြန္းမႈ သိသိသာသာ က်ဆင္းလာတာေၾကာင့္ မီးေဘးအႏၲရာယ္ တိုးလာေစတယ္” လို႔ အင္ဒိုနီးရွား အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး ေအဂ်င္စီ (BNPB) မွ ေျပာေရးဆိုခြင့္ရွိသူ မစၥတာ အက္ဒူလ္မူဟာရီက ဇူလိုင္ ၂၂ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
အေနာက္ဆူမားၾတားျပည္နယ္ရွိ ခ႐ိုင္ႏွစ္ခုျဖစ္တဲ့ ဆိုေလာ့ခ္နဲ႔ လီမာပူလက္ဟ္ကိုတာ ေဒသေတြဟာ အပူခ်ိန္ပိုမို ျမင့္တက္လာေနတာေၾကာင့္ အေရးေပၚအေျခအေန ေၾကညာထားရပါတယ္။ အေနာက္ဆူမားၾတားျပည္နယ္ သဘာဝေဘးစီမံခန႔္ခြဲမႈေအဂ်င္စီမွ ေျပာၾကားခ်က္အရ ျပည္နယ္ရဲ႕ ခ႐ိုင္(၁၄)ခုစလုံးနီးပါး ေတာမီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အေနာက္ဆူမားၾတား လီမာပူလက္ဟ္ကိုတာမွာ အပူခ်ိန္ (၇၀)ဒီဂရီမွ (၉၀)ဒီဂရီထိရွိေနကာ အဆိုပါေနရာေတြကို မီးသတ္သမားေတြ ေရာက္ရွိႏိုင္ဖို႔လည္း ခက္ခဲေနတယ္လို႔ သိရပါတယ္။ လတ္တေလာ မီးျငႇိမ္းသတ္မႈအမ်ားစုကို ရီအူနဲ႔ ေတာင္ဆူမားၾတား ျပည္နယ္ေတြဆီကို ဦးတည္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ႐ိုကန္ဟီလာ နဲ႔ ႐ိုကန္ဟူလူ ခ႐ိုင္(၂) ခုဟာ မီးေလာင္ကြၽမ္းမႈ အဆိုး႐ြားဆုံးျဖစ္ေနၿပီး ဟက္တာ(၄၆)ခုခန႔္ ေလာင္ကြၽမ္းခဲ့တယ္လို႔ သိရပါတယ္။
မိုး႐ြာသြန္းမႈ ျဖစ္ေပၚေစဖို႔အတြက္ တိမ္ေတြေပၚ ေရေလာင္းျခင္း နည္းကိုလည္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး တာဝန္ရွိသူေတြက ႀကိဳးပမ္းေနလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။