ဘင်္ဂလားဒေ့ရှ်မှာ ကောလိပ်ကျောင်းဝင်းကို လေ့ကျင့်ရေးတိုက်လေယာဉ်ပျက်ကျမှုနဲ့အတူ သေဆုံးသူအရေအတွက် (၃၁)ဦးအထိ မြင့်တက်လာ

 363

Pika (NP News) - ဇူလိုင် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့မှာရှိတဲ့ ကောလိပ်ကျောင်းဝင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်လေတပ်ရဲ့ လေ့ကျင့်ရေး တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့မှုနဲ့အတူ သေဆုံးသူအရေအတွက်ဟာ (၃၁)ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်တယ် လို့ သိရပါတယ်။ F-7 BGI တိုက်လေယာဉ်ဟာ ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွက် Kurmitola လေတပ် အခြေစိုက်စခန်းကနေပျံတက်ခဲ့ပြီးနောက် မကြာခင်မှာပဲ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
F-7 BGI တိုက်လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီပျက်ကျမှုအတွင်း ကျောင်းသား အများစုပါဝင်တဲ့ လူပေါင်း(၁၇၁)ဦးဟာ မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီး အရေးပေါ်ကယ်ဆယ်မှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ရတယ် လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သေဆုံးသွားခဲ့တဲ့လူ(၃၁)ဦးထဲမှာ ကျောင်းသားအများစုပါဝင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်လေယာဉ်ပျက်ကျပြီးချိန်မှာ အခြားလူတွေကို မီးလောင်နေတဲ့အဆောက်အဦးထဲကနေထွက်နိုင်ဖို့ ကူညီပေးခဲ့တဲ့ ဆရာမတစ်ဦးဟာ ကူညီပေးချိန်အတွင်း ရရှိခဲ့တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ပဲသေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေဟာ ပျက်ကျရာနေရာအနီးမှာ ဆန္ဒပြမှုတွေလုပ်ဆောင်နေပြီး တာဝန်ခံမှု၊ သေဆုံးသူတွေရဲ့မိသားစုတွေအတွက် လျော်ကြေးငွေနဲ့ လေ့ကျင့်ရေးမစ်ရှင်တွေရပ်နားဖို့ တောင်းဆိုခဲ့ ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္မွာ ေကာလိပ္ေက်ာင္းဝင္းကို ေလ့က်င့္ေရးတိုက္ေလယာဥ္ပ်က္က်မႈနဲ႔အတူ ေသဆုံးသူအေရအတြက္(၃၁)ဦးအထိ ျမင့္တက္လာ
Pika (NP News) - ဇူလိုင္ ၂၃
ဘဂၤလားေဒ့ရွ္ႏိုင္ငံ Dhaka ၿမိဳ႕မွာရွိတဲ့ ေကာလိပ္ေက်ာင္းဝင္းတစ္ခုကို ဘဂၤလားေဒ့ရွ္ေလတပ္ရဲ႕ ေလ့က်င့္ေရး တိုက္ေလယာဥ္တစ္စင္းပ်က္က်ခဲ့မႈနဲ႔အတူ ေသဆုံးသူအေရအတြက္ဟာ (၃၁)ဦးအထိ ျမင့္တက္လာခဲ့ၿပီျဖစ္တယ္ လို႔ သိရပါတယ္။ F-7 BGI တိုက္ေလယာဥ္ဟာ ပုံမွန္ေလ့က်င့္ေရးမစ္ရွင္တစ္ခုအတြက္ Kurmitola ေလတပ္ အေျခစိုက္စခန္းကေနပ်ံတက္ခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ ပ်က္က်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
F-7 BGI တိုက္ေလယာဥ္ဟာ စက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီပ်က္က်မႈအတြင္း ေက်ာင္းသား အမ်ားစုပါဝင္တဲ့ လူေပါင္း(၁၇၁)ဦးဟာ မီးေလာင္ဒဏ္ရာေတြရရွိခဲ့ၿပီး အေရးေပၚကယ္ဆယ္မႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ရတယ္ လို႔ တာဝန္ရွိသူေတြကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေသဆုံးသြားခဲ့တဲ့လူ(၃၁)ဦးထဲမွာ ေက်ာင္းသားအမ်ားစုပါဝင္ခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။ တိုက္ေလယာဥ္ပ်က္က်ၿပီးခ်ိန္မွာ အျခားလူေတြကို မီးေလာင္ေနတဲ့အေဆာက္အဦးထဲကေနထြက္ႏိုင္ဖို႔ ကူညီေပးခဲ့တဲ့ ဆရာမတစ္ဦးဟာ ကူညီေပးခ်ိန္အတြင္း ရရွိခဲ့တဲ့ မီးေလာင္ဒဏ္ရာေတြနဲ႔ပဲေသဆုံးသြားခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ ရာနဲ႔ခ်ီတဲ့ေက်ာင္းသားေတြဟာ ပ်က္က်ရာေနရာအနီးမွာ ဆႏၵျပမႈေတြလုပ္ေဆာင္ေနၿပီး တာဝန္ခံမႈ၊ ေသဆုံးသူေတြရဲ႕မိသားစုေတြအတြက္ ေလ်ာ္ေၾကးေငြနဲ႔ ေလ့က်င့္ေရးမစ္ရွင္ေတြရပ္နားဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.