ရန်ကုန်တွင် ရေကြောင်းဖြင့် ပြည်ပသို့ မူးယစ်ဆေးဝါးအကြိမ်ကြိမ်ပို့ဆောင်ခဲ့သော မူးယစ်ဂိုဏ်းကို ဖမ်းဆီးရမိ

1271

ချယ်ရီ (NP News) - ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီးတွင် ရေကြောင်းဖြင့် ပြည်ပသို့ မူးယစ်ဆေးဝါးအကြိမ်ကြိမ်ပို့ဆောင်သော မူးယစ်ဂိုဏ်းအဖွဲ့ကို ငွေကျပ်(၄၈) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်ရှိ သိန်းဝင်းထွန်းနှင့် ထွန်းထွန်းလင်း(ခ)ကိုထွန်းတို့ ငှားရမ်းထားသည့်နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်လွင်ကို ငွေကျပ် (၄၆ ဒသမ ၈၇၅) ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၁,၈၇၅) ကီလို ၊ ငွေကျပ် (၁ ဒသမ ၆ ) ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၆) သိန်းနှင့် TOYOTA DYNA မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော စိတ်ပြောင်းဆေးဝါးများအား လွှဲပြောင်းပေးအပ်ခဲ့သူ နေမျိုးကျော်ကို ယင်းနေ့ည (၇) နာရီအချိန်ခန့်က လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပါရမီလမ်းတွင်ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လ (၁၅) ရက်တွင် စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ကြည်ဖြူ(ခ)ကျော်ဝင်းဌေးနှင့် ဇော်မင်းနိုင်တို့မှာ ထားဝယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် KLUGER မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကြည်ဖြူ(ခ)ကျော်ဝင်းဌေးမှာ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါနေ့၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် စိတ်ပြောင်းဆေးဝါးများအား ပင်လယ်ရေကြောင်းဖြင့် မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်သူ စိုးလင်းပိုင်(ခ)လင်းလင်းကို ပြည်မြို့၊ နဝဒေးတံတားတွင်လည်းကောင်း၊ ဇူလိုင်လ (၁၆) ရက်၊ နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် ရန်ကုန်မြစ်ဝမှ မလေးရှားရေပိုင်နက်သို့ပို့ဆောင်သူ စက်လှေပိုင်ရှင် ရဲထွန်း(ခ) ပဲ့နင်း(ခ)ဖိုးသာဂိကို ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ရဲထွန်းမှာလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဇူလိုင်လ (၁၇) ရက်၊ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် စိတ်ပြောင်းဆေးဝါးများကို ရန်ကုန်မြစ်ဝသို့ တာဝန်ခံသယ်ဆောင်ပေးသူ အောင်ရတနာ စက်လှေပိုင်ရှင် သိန်းသန်းဌေး(ခ)ဇော်ဇော်အောင်(ခ)ငဌေးနှင့် ကျော်စွာမင်း(ခ)မင်းမင်း၊ မျိုးထွန်း(ခ)ကိုထွန်းတို့အား မင်္ဂလာဒုံမြို့နယ်၌ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်သူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကာ အဆိုပါမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့သည် ပြည်ပသို့ ပင်လယ်ရေကြောင်းအသုံးပြု၍ မူးယစ်ဆေးဝါးနှင့်စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ ေရေၾကာင္းျဖင့္ ျပည္ပသို႔ မူးယစ္ေဆးဝါးအႀကိမ္ႀကိမ္ပို႔ေဆာင္ခဲ့ေသာ မူးယစ္ဂိုဏ္းကို ဖမ္းဆီရမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၃
ရန္ကုန္တိုင္းေဒသႀကီးတြင္ ေရေၾကာင္းျဖင့္ ျပည္ပသို႔ မူးယစ္ေဆးဝါးအႀကိမ္ႀကိမ္ပို႔ေဆာင္ေသာ မူးယစ္ဂိုဏ္းအဖြဲ႕ကို ေငြက်ပ္(၄၈) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၂ ရက္၊ ညေန ၆ နာရီခြဲအခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေရွ႕ ရပ္ကြက္ရွိ သိန္းဝင္းထြန္းႏွင့္ ထြန္းထြန္းလင္း(ခ)ကိုထြန္းတို႔ ငွားရမ္းထားသည့္ေနအိမ္သို႔ သတင္းအရ ဝင္ေရာက္ရွာေဖြရာ ေဇာ္ေဇာ္လြင္ကို ေငြက်ပ္ (၄၆ ဒသမ ၈၇၅) ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) (၁,၈၇၅) ကီလို ၊ ေငြက်ပ္ (၁ ဒသမ ၆ ) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၆) သိန္းႏွင့္ TOYOTA DYNA ေမာ္ေတာ္ယာဥ္တစ္စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာ စိတ္ေျပာင္းေဆးဝါးမ်ားအား လႊဲေျပာင္းေပးအပ္ခဲ့သူ ေနမ်ိဳးေက်ာ္ကို ယင္းေန႔ည (၇) နာရီအခ်ိန္ခန႔္က လႈိင္ၿမိဳ႕နယ္၊ (၁၆)ရပ္ကြက္၊ ပါရမီလမ္းတြင္ဖမ္းဆီးရမိခဲ့ၿပီး ဇူလိုင္လ (၁၅) ရက္တြင္ စိတ္ေျပာင္းေဆးဝါးမ်ား တာဝန္ခံသယ္ေဆာင္သူ ၾကည္ျဖဴ(ခ)ေက်ာ္ဝင္းေဌးႏွင့္ ေဇာ္မင္းႏိုင္တို႔မွာ ထားဝယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ KLUGER ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၾကည္ျဖဴ(ခ)ေက်ာ္ဝင္းေဌးမွာ မူးယစ္အမႈျဖင့္ အလိုရွိတရားခံေျပးတစ္ဦးျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါေန႔၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ စိတ္ေျပာင္းေဆးဝါးမ်ားအား ပင္လယ္ေရေၾကာင္းျဖင့္ မေလးရွား ေရပိုင္နက္သို႔ ပို႔ေဆာင္သူ စိုးလင္းပိုင္(ခ)လင္းလင္းကို ျပည္ၿမိဳ႕၊ နဝေဒးတံတားတြင္လည္းေကာင္း၊ ဇူလိုင္လ (၁၆) ရက္၊ နံနက္(၁၀)နာရီခြဲအခ်ိန္ခန႔္တြင္ ရန္ကုန္ျမစ္ဝမွ မေလးရွားေရပိုင္နက္သို႔ပို႔ေဆာင္သူ စက္ေလွပိုင္ရွင္ ရဲထြန္း(ခ) ပဲ့နင္း(ခ)ဖိုးသာဂိကို ပုသိမ္ႀကီးၿမိဳ႕နယ္တြင္လည္းေကာင္း ဖမ္းဆီးရမိခဲ့ၿပီး ရဲထြန္းမွာလည္း မူးယစ္အမႈျဖင့္ အလိုရွိတရားခံေျပးတစ္ဦးျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဇူလိုင္လ (၁၇) ရက္၊ ညေန (၄) နာရီခြဲအခ်ိန္ခန႔္တြင္ စိတ္ေျပာင္းေဆးဝါးမ်ားကို ရန္ကုန္ျမစ္ဝသို႔ တာဝန္ခံသယ္ေဆာင္ေပးသူ ေအာင္ရတနာ စက္ေလွပိုင္ရွင္ သိန္းသန္းေဌး(ခ)ေဇာ္ေဇာ္ေအာင္(ခ)ငေဌးႏွင့္ ေက်ာ္စြာမင္း(ခ)မင္းမင္း၊ မ်ိဳးထြန္း(ခ)ကိုထြန္းတို႔အား မဂၤလာဒုံၿမိဳ႕နယ္၌ အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါျပစ္မႈက်ဴးလြန္သူမ်ားကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိကာ အဆိုပါမူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕သည္ ျပည္ပသို႔ ပင္လယ္ေရေၾကာင္းအသုံးျပဳ၍ မူးယစ္ေဆးဝါးႏွင့္စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္မႈကို အႀကိမ္ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္ရရွိသျဖင့္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ထပ္မံအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။