အင်းဝစွယ်တော်စင်ကို ပြန်လည်တည်‌ဆောက်မည်

 361

ပုံစာ။ ။ အင်းဝမြို့ဟောင်းတစ်နေရာ

စော (NSS)-ဇူလိုင် ၂၃
စော (NP News)-ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ရှိ စွယ်တော်စင်ကို ပြန်လည်တည်ဆောက်ရန်အတွက် ‌ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ခွင့်ပြုမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသု တေသီ၊ စာရေးဆရာ ကိုဗိုလ်ရှိတ်(အမရပူရ)က NP News ကို ပြောသည်။
အဆိုပါ အင်းဝစွယ်တော်စင်ကို အင်းဝမြို့ ကို လေးကြိမ်မြောက်တည်ခဲ့သော ဘကြီးတော်စစ် ကိုင်းမင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ သက္ကရာဇ် (၁၁၈၃)ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။
ယင်းအင်းဝစွယ်တော်စင်ကို နန်းဦးစေတီ ဟုသာ လူသိများခဲ့ပြီး အင်းဝ၊ အမရပူရနှင့် မန္တလေး မြို့တို့တွင် စွယ်တော်စင်(၁)ဆူစီသာရှိကြောင်း သိရ သည်။ “အင်းဝမှာရှိတဲ့စွယ်တော်စင်လေ။ အဲဒါကို အလှူရှင်ပေါ်တော့ ‌ဌာနကိုတင်လိုက်တော့ အခုအဲဒါ ကို ပြန်လည်တည်ဆောက်ခွင့်ကျလာပြီ”ဟု ၎င်း ကပြောသည်။
ထိုသို့ ခွင့်ပြုမိန့်ကျလာသည့်အတွက် လာမည့်ဇူလိုင်လကုန်မှစတင်ကာ လုပ်ငန်းအကောင် အထည်ဖော်သွားမည်ဖြစ်ပြီး ထုထည်ကြီးမားသည့်အတွက် တစ်နှစ်ခန့် အနည်းဆုံးကြာမြင့်နိုင်ကြောင်း သိရသည်။
“ဒီလိုမျိုးလှူတာ ဝမ်းသာလို့မဆုံးဘူး။ သိန်းပေါင်းကို နှစ်ထောင်ကျော်လောက် ကုန်မယ့်ဟာ လေ။ နောက်ပြီးကျ စွယ်တော်စင်ဆိုတာမျိုးကလည်း ‌မင်း‌နေပြည်တော်မှာ စွယ်တော်စင်တစ်ဆူသာ ရှိ တာ။ တခြားရှေးဟောင်းစေတီပုထိုးတွေလို များများ မရှိဘူး။ တစ်ဆူတည်းရှိတာ။ ရှားပါးလှတဲ့ စေတီ တစ်မျိုးပါ။ နေရာကလည်း နန်းတော်ဦးမှာရှိတာ။ ရှင်ဘုရင်အဆက်ဆက် ကိုးကွယ်ခဲ့တဲ့စွယ်တော်စင်ကို တည်ဆောက်တာ။ ဒီစွယ်တော်စင် တည်ဆောက် ခြင်းဖြင့် ပြည်တွင်းဧည့်သည်တွေလည်ပတ်စရာ နေရာတစ်ခု အင်းဝမှာတိုးလာနိုင်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စွယ်တော်စင်ကို မူလပုရပိုက် ပန်းချီလက်ရာအတိုင်း ရှေးမူမပျက် ပြန်လည်တည် ဆောက်သွားမည်ဖြစ်ပြီး မြန်မာမှုဗိသုကာပညာရှင် ဆရာကြီး တမ္ပဝတီဦးဝင်းမောင်က ဒီဇိုင်းဆွဲကာ ကြီးကြပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အင်းဝဒေသတွင် ရှေးဟောင်းအဆောက် အအုံ (၉၆၁)ခုရှိသည့်အနက် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက် အအုံ (၆၁၄)ခု စာရင်းကောက်ယူစစ်ဆေး တွေ့ရှိရကြောင်း ‌ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာ န၏အချက်အလက်များအရ သိရသည်။

Zawgyi Version:
အင္းဝစြယ္ေတာ္စင္ကို ျပန္လည္တည္‌ေဆာက္မည္
ေစာ (NP News)-ဇူလိုင္ ၂၃
မႏၲေလးတိုင္းေဒသႀကီး အင္းဝၿမိဳ႕ရွိ စြယ္ေတာ္စင္ကို ျပန္လည္တည္ေဆာက္ရန္အတြက္ ‌ေရွး ေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ခြင့္ျပဳမိန႔္ေပးလိုက္ၿပီျဖစ္ေၾကာင္း ေရွးေဟာင္းသု ေတသီ၊ စာေရးဆရာ ကိုဗိုလ္ရွိတ္(အမရပူရ)က NP News ကို ေျပာသည္။
အဆိုပါ အင္းဝစြယ္ေတာ္စင္ကို အင္းဝၿမိဳ႕ ကို ေလးႀကိမ္ေျမာက္တည္ခဲ့ေသာ ဘႀကီးေတာ္စစ္ ကိုင္းမင္းက တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာ သကၠရာဇ္ (၁၁၈၃)ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္ဟု ပညာရွင္မ်ားက ခန႔္မွန္းထားေၾကာင္း သိရသည္။
ယင္းအင္းဝစြယ္ေတာ္စင္ကို နန္းဦးေစတီ ဟုသာ လူသိမ်ားခဲ့ၿပီး အင္းဝ၊ အမရပူရႏွင့္ မႏၲေလး ၿမိဳ႕တို႔တြင္ စြယ္ေတာ္စင္(၁)ဆူစီသာရွိေၾကာင္း သိရ သည္။ “အင္းဝမွာရွိတဲ့စြယ္ေတာ္စင္ေလ။ အဲဒါကို အလႉရွင္ေပၚေတာ့ ‌ဌာနကိုတင္လိုက္ေတာ့ အခုအဲဒါ ကို ျပန္လည္တည္ေဆာက္ခြင့္က်လာၿပီ”ဟု ၎ ကေျပာသည္။
ထိုသို႔ ခြင့္ျပဳမိန႔္က်လာသည့္အတြက္ လာမည့္ဇူလိုင္လကုန္မွစတင္ကာ လုပ္ငန္းအေကာင္ အထည္ေဖာ္သြားမည္ျဖစ္ၿပီး ထုထည္ႀကီးမားသည့္အတြက္ တစ္ႏွစ္ခန႔္ အနည္းဆုံးၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။
“ဒီလိုမ်ိဳးလႉတာ ဝမ္းသာလို႔မဆုံးဘူး။ သိန္းေပါင္းကို ႏွစ္ေထာင္ေက်ာ္ေလာက္ ကုန္မယ့္ဟာ ေလ။ ေနာက္ၿပီးက် စြယ္ေတာ္စင္ဆိုတာမ်ိဳးကလည္း ‌မင္း‌ေနျပည္ေတာ္မွာ စြယ္ေတာ္စင္တစ္ဆူသာ ရွိ တာ။ တျခားေရွးေဟာင္းေစတီပုထိုးေတြလို မ်ားမ်ား မရွိဘူး။ တစ္ဆူတည္းရွိတာ။ ရွားပါးလွတဲ့ ေစတီ တစ္မ်ိဳးပါ။ ေနရာကလည္း နန္းေတာ္ဦးမွာရွိတာ။ ရွင္ဘုရင္အဆက္ဆက္ ကိုးကြယ္ခဲ့တဲ့စြယ္ေတာ္စင္ကို တည္ေဆာက္တာ။ ဒီစြယ္ေတာ္စင္ တည္ေဆာက္ ျခင္းျဖင့္ ျပည္တြင္းဧည့္သည္ေတြလည္ပတ္စရာ ေနရာတစ္ခု အင္းဝမွာတိုးလာႏိုင္တာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ စြယ္ေတာ္စင္ကို မူလပုရပိုက္ ပန္းခ်ီလက္ရာအတိုင္း ေရွးမူမပ်က္ ျပန္လည္တည္ ေဆာက္သြားမည္ျဖစ္ၿပီး ျမန္မာမႈဗိသုကာပညာရွင္ ဆရာႀကီး တမၸဝတီဦးဝင္းေမာင္က ဒီဇိုင္းဆြဲကာ ႀကီးၾကပ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အင္းဝေဒသတြင္ ေရွးေဟာင္းအေဆာက္ အအုံ (၉၆၁)ခုရွိသည့္အနက္ ငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ ေရွးေဟာင္းအေဆာက္ အအုံ (၆၁၄)ခု စာရင္းေကာက္ယူစစ္ေဆး ေတြ႕ရွိရေၾကာင္း ‌ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာ န၏အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.