"ဝ" ဒေသတွင်ရေကြီးမှုကြောင့် “ဝ”ရဲအရာရှိအပါဝင် သေဆုံးသူလေးဦးအထိရှိလာနေ

 759

သက်ပိုင်(NP News) -ဇူလိုင် ၂၃
"ဝ" အထူးဒေသ၊ မိုင်းပေါက်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးရဲအရာရှိအပါအဝင် သေဆုံးသူ (၄)ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်နေ့မှစတင်၍ မိုင်းပေါက်မြို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး ရဲအရာရှိအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံး ခဲ့ရပြီဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုင်းပေါက်ချောင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များထက်ဝက်ကျော်ခန့် ရေနစ်မြုပ်နေကြောင်းနှင့် ပြင်းထန်သောရေလှိုင်းလုံးများ ဝင်ရောက်မှုကြောင့် ယခုကဲ့သို့ သေဆုံးမှုများ ရှိလာနေခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ပါရှိသည်။
" ရေပေါ်မှာ။ အိမ်တွေအကုန် တစ်ဝက်ကျော်လောက်ထိ မြှုပ်ကုန်တာလေ။ ရေကြီးနေတော့ ကယ်ဆယ်ရေး လုပ်ဖို့က အခက်အခဲရှိတယ်။ တိုက်ပေါ်ကပဲလှမ်းအော်ကြတယ်" ဟု မိုင်းပေါက်မြို့ ဒေသခံတစ်ဦးက ဒေသတွင်းသတင်းမီဒီယာများသို့ ဖြေကြားထားသည်။
လက်ရှိတွင် ဝ ပြည်နယ် တရားစီရင်ရေး ကော်မတီဌာနက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး သတင်းထုတ်ပြန်ရေးဌာနမှလည်း အရေးပေါ်မိုးလေဝသသတင်း ထုတ်ပြန် ထားကြောင်းနှင့် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ကြေညာထားကြောင်း သိရသည်။

Zawgyi Version:
ဝ ေဒသတြင္ေရႀကီးမႈေၾကာင့္ “ဝ”ရဲအရာရွိအပါဝင္ ေသဆုံးသူေလးဦးအထိရွိလာေန
သက္ပိုင္(NP News) -ဇူလိုင္ ၂၃
ဝ အထူးေဒသ၊ မိုင္းေပါက္ၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ကယ္ဆယ္ေရးရဲအရာရွိအပါအဝင္ ေသဆုံးသူ (၄)ဦးအထိ ရွိလာေနၿပီျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂၂) ရက္ေန႔မွစတင္၍ မိုင္းေပါက္ၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ကယ္ဆယ္ေရး ရဲအရာရွိအပါအဝင္ အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီး တစ္ဦးေသဆုံး ခဲ့ရၿပီျဖစ္ေၾကာင္း သိရသည္။
မိုင္းေပါက္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး မိုင္းေပါက္ေခ်ာင္း ေရႀကီးေရလွ်ံမႈေၾကာင့္ ေနအိမ္မ်ားထက္ဝက္ေက်ာ္ခန႔္ ေရနစ္ျမဳပ္ေနေၾကာင္းႏွင့္ ျပင္းထန္ေသာေရလႈိင္းလုံးမ်ား ဝင္ေရာက္မႈေၾကာင့္ ယခုကဲ့သို႔ ေသဆုံးမႈမ်ား ရွိလာေနျခင္း ျဖစ္ေၾကာင္း ေဒသတြင္းသတင္းမ်ားတြင္ ပါရွိသည္။
" ေရေပၚမွာ။ အိမ္ေတြအကုန္ တစ္ဝက္ေက်ာ္ေလာက္ထိ ျမႇဳပ္ကုန္တာေလ။ ေရႀကီးေနေတာ့ ကယ္ဆယ္ေရး လုပ္ဖို႔က အခက္အခဲရွိတယ္။ တိုက္ေပၚကပဲလွမ္းေအာ္ၾကတယ္" ဟု မိုင္းေပါက္ၿမိဳ႕ ေဒသခံတစ္ဦးက ေဒသတြင္းသတင္းမီဒီယာမ်ားသို႔ ေျဖၾကားထားသည္။
လက္ရွိတြင္ ဝ ျပည္နယ္ တရားစီရင္ေရး ေကာ္မတီဌာနက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး သတင္းထုတ္ျပန္ေရးဌာနမွလည္း အေရးေပၚမိုးေလဝသသတင္း ထုတ္ျပန္ ထားေၾကာင္းႏွင့္ ျပည္သူမ်ားအေနျဖင့္ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ေၾကညာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.