ကိုဗစ်ကပ်ရောဂါ ကာလအလွန် ကမ္ဘာ့အစိုးရများကြား ပိုမိုခေတ်စားလာသော Re-Think and Re-Org

 136

လင်းမြတ် (NP News)
(၂၀၁၈) ခုနှစ်လောက်ကစပြီး ကမ္ဘာပေါ်က စီးပွားရေးကျွမ်းကျင်ပြီး အနာဂတ်ဆိုးကျိုး ဖြစ်နိုင် ခြေများ (risk assessment for the future)ကို အမြဲသုတေသနပြုနေတတ်တဲ့ အနာဂတ် အမြော်အမြင် ကြီးတဲ့ အစိုးရတချို့ဟာ (Re-Think and Re-Org) အတွေးအခေါ်ကို စတင်လက်ခံလာကြသလို တချို့ အစိုးရတွေက စတင်ကျင့်သုံးလာပါတယ်။ Re­­­­-think လို့ဆိုရာမှာ ဆက်လက်လုပ်ဆောင်စရာတွေ အပြင် ယနေ့အထိရောက်ရှိထားတဲ့ နေရာ၊ ဝင်ငွေ၊ သုံးငွေ၊ လုပ်ဆောင်မှု၊ အမူအကျင့်၊ ဆုံးဖြတ်ချက်၊ အတွေးအခေါ်အမြင်၊ ဆုံးရှုံးမှု၊ အမှားတွေအပေါ် ပြန်လည်ဆန်းစစ် သုံးသပ်တွေးခေါ်မှုဖြစ်ပြီး၊ Re-Org လို့ ဆိုရာမှာ Re-think မှရရှိလာတဲ့ ကောင်းတဲ့အချက်အလက်တွေ အပေါ် အခြေခံပြီး အနာဂတ်ကောင်း ကျိုးရလဒ်တွေ အလို့ငှာ ပြန်လည်ဖွဲ့စည်းမှုတွေကိုဆိုလိုပါတယ်။ ကိုဗစ်ကပ် ရောဂါကာလမှာတော့ နိုင်ငံ တိုင်းရဲ့အစိုးရတွေရဲ့ ပြင်ပဆက်ဆံမှုတွေ၊ ပြည်ပစီးပွားရေးဆိုင်ရာ ရင်း နှီးမြှုပ်နှံမှုတွေ၊ ဝင်ငွေတွေ လျော့ ကျလာတဲ့နည်းတူ တစ်ဖက်မှာလည်း တိုင်းပြည်အတွက် ငွေကအစ အရင်းအနှီးစားစရိတ်များစွာ လိုအပ် ချက်နဲ့အတူ ပြည်သူတစ်ဦးချင်းစီရဲ့နေ့စဉ်ဘဝနဲ့လစ်ဟာနေမှု တွေကို ပိုမိုနားလည်သိရှိ မြင်တွေခွင့် ရ လာပါတယ်။ ထို့အတူ လက်ရှိအခြေအနေမှာပဲ နိုင်ငံတော်အဆင့်၊ အစိုးရအဆင့်၊ တပ်၊ ရဲ၊ ဌာန၊ ဝန်ထမ်း အဆင့်၊ အဖွဲ့အစည်းတွေမှ အရိုးစွဲပြီး အကျိုးမဲ့တဲ့စနစ်များစွာကြောင့် မလိုအပ်တဲ့ လူသား၊ ငွေကြေး အရင်းအမြစ်၊ ဦးစားပေးမှုဆိုင်ရာ လစ်ဟာလေလွင့်မှုများစွာကို လေ့လာမှတ်သား သိမြင်လာကြပါတော့ တယ်။ ဒီနေ့ခေတ် ကာလမှာ ကမ္ဘာ့ ချမ်းသာပြီးအင်အားကြီးတဲ့ အစိုးရတွေမှာပင် လူသားအရင်းအမြစ် (Human Resour­ces) နဲ့ အရည်အချင်း ကျွမ်းကျင်မှုဆိုင်ရာစီမံခန့်ခွဲခြင်း (Talent Management) တွေမှာ ငွေကြေးမှအစ အခက်အခဲ အကန့်အသတ်များစွာနဲ့ရင်ဆိုင်နေရပါတယ်။ တစ်ဖက်မှာလည်း အောက်ဖော်ပြပါ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုအကြောင်း ရင်းတွေကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအဖို့ လေ့လာမှတ်သား ဆင်ခြင်စရာများစွာဖြစ်လာပါတယ်။
(၁) ပြည်သူလူထု၏မျှော်လင့်ချက်အမြင်များ ပြောင်းလဲလာခြင်း(Changing Public Expectations)၊
ပွင့်လင်းမြင်သာမှုနှင့်အတူ တာဝန်ယူ တာဝန်ခံမှု (Transparency and accountability)။
ဒီနေ့ခေတ်ပြည်သူတွေဟာ မိမိတို့အစိုးရကို ပွင့်လင်းမြင်သာမှု၊ မြန်ဆန်မှန်ကန်မှုနှင့် တာဝန်ယူ တာဝန်ခံမှုများအပိုင်းတွင် တစ်နေ့ထက်တစ်နေ့ ပို သောမျှော်လင့်ချက်တွေထားကာ အမြဲ အားမရဖြစ် လာတတ်ကြပါတယ်။ ရှေးဆန်ပြီး သမားရိုးကျ မပြောင်းလဲတဲ့အစိုးရစနစ်တွေဟာ ပြည်သူထံ နေ့စဉ် ဝန် ဆောင်မှုပေးရတဲ့ အစိုးရဆိုင်ရာဆုံးဖြတ်ချက်ချတာ (decision-Making) ၊ စဉ်ဆက်မပြတ် ပြန်လည်သုံး သပ် ပြုပြင်ဆန်းသစ်တာ (Innovation) တွေကို များစွာ အဟန့်အတားဖြစ်စေရုံသာမက ပြည်သူနဲ့အ စိုးရအကြား အထင်အမြင်လွဲမှားမှုများစွာကိုလည်း တိုးပွားစေပါတယ်။
ပြည်သူဗဟိုပြုဝန်ဆောင်မှုတွေ(Citizen Centric Services)။
ဒီနေ့မှာ ခေတ်အစိုးရရဲ့ဝန်ဆောင်မှုတွေကို ပိုမိုအသေးစိတ်ကာ ပြည်သူတို့ အလွယ်တကူ သိရှိ နားလည်နိုင်အောင် (user-friendly)၊ တာဝန်ယူမှု ရှိတဲ့ဝန်ဆောင်မှုဖြစ်အောင်(responsive) (ဥပမာ- ပြည်သူ့ဘက်မှတင်ပြရမည့် ငွေကြေးကစလို့ အချက်အလက်လိုအပ်ချက်တွေကို ကဏ္ဍအလိုက် ဝန်ထမ်း ပါးစပ်မှ နှုတ်ပြောမဟုတ်စေဘဲ အသေအချာ ပြည်သူရယူလွယ်မယ့်နည်းလမ်းတွေနဲ့ ဖော်ပြထား ရှိဖို့နဲ့ ဖော်ပြပါထက်ကျော်လွန်တဲ့ တောင်းဆိုချက် တစ်စုံတစ်ရာမျှမရှိစေဖို့ သတိပြုအလေးထားတာ)၊ လူကိုယ် တိုင်လာမှ အလုပ်ပြီးနိုင်တဲ့စနစ်မဟုတ်တဲ့ ဒီဂျစ်တယ်စနစ်ဖြစ်အောင် ခေတ်ရဲ့တိုးတက်လာတဲ့ နည်း ပညာတွေနဲ့အတူ ပြည်သူကလည်း ပြောင်းလဲစေချင်လာပါတယ်။ ထိုနည်းတူ အစိုးရတွေအဖို့ ဒီဂျစ် တယ်စနစ်ကို ပြောင်းလဲတာနဲ့အတူ ကျွမ်းကျင်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့ ခေတ်ရဲ့နည်းပညာတွေနဲ့အညီ ကျွမ်းကျင်ဝန်ထမ်းတွေလိုအပ်ချက်၊ ရှိရင်း အပြောင်းအလဲ မလေ့လာချင်တဲ့ဝန်ထမ်းတွေ (Out of Date employee or public service staff) ကို တွန်းအားပေးတာ၊ သင်တန်းပေးပေမယ့် လက်တွေ့အသုံးချရာ မှာ မတွင်ကျယ်၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းတာတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာရပါတယ်။ အဆိုပါ စိန်ခေါ်မှုခေတ်နောက်ကျတဲ့အစိုးရစနစ်နဲ့ အတွေးအခေါ် (outdated models) တွေကပဲ နေ့စဉ် အစိုးရနဲ့ပြည်သူကြား နားလည်မှုအလွဲတွေ၊ အစိုးရအပေါ် ယုံကြည်မှုကျဆင်းတာတွေ တိုးပွားများပြား လာပါတယ်။
(၂) နည်းပညာတိုးတက်လာမှုများ (Advances In Technology) ၊ အလိုအလျောက်စနစ်နဲ့ ဉာဏ်ရည်တု နည်းပညာ (Automation and AI)။
အလိုအလျောက်စနစ်နဲ့ ဉာဏ်ရည်တု နည်းပညာဟာ အရပ်ဘက် ပုဂ္ဂလိကလုပ်ငန်းတွေကိုသာ မက အစိုးရတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စစ်ဘက်နဲ့ ပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍများစွာရဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြီးမားတဲ့အ ကျိုးရလဒ်နဲ့ပြောင်းလဲမှုကိုဖော်ဆောင်လာနိုင် အောင်၊ ဖန်တီးနိုင်စွမ်းရှိအောင် အသုံးချနိုင်ပါတယ်။
ဒီဂျစ်တယ်စနစ်သုံးအစိုးရ(Digital Government)။
ဒီနေ့ခတ်ပြည်သူတွေဟာ အစိုးရဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို (Online) အင်တာနက်မှုမှ တစ်ဆင့် လွယ်ကူစွာ ပြီးစီးဆောင်ရွက်နိုင်ရန် ပိုမိုမျှော်လင့်လာတာနဲ့အတူ အစိုးရတွေဟာလည်း ဘယ် လိုဝန်ဆောင်မှုကိုမဆို ဒီဂျစ်တယ်ဦးစားပေးစနစ် (Di­gital first Approach)နဲ့ဆောင်ရွက်နိုင်စေဖို့ တွေး ခေါ် တီထွင်ကြရမှာဖြစ်ပါတယ်။ ဒီအတွက် အစိုးရဌာနအဖွဲ့အစည်းတွေအဖို့ ဒီဂျစ်တယ်စနစ်တစ်ခုလုံး ဆိုင်ရာ ဒီဇိုင်းရေးဆွဲတာ၊ စီမံခန့်ခွဲတာ၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်တာတို့အတွက် လိုအပ်ချက်နဲ့ အညီ အမှန်တကယ်ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းရှာဖွေခန့်ထားနိုင်တာ၊ ရှိပြီးသားကျွမ်း ကျင်ဝန်ထမ်းတွေမဆုံးရှုံးရအောင်ထိန်းသိမ်းတာ၊ သာလွန်တဲ့သင်တန်းတွေ စေလွှတ်မွမ်းမံတာတို့ကို မျက်ခြည်မပြတ် လုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။
(၃) ပြောင်းလဲကွဲပြားလာသည့် လုပ်အားမျိုးဆက်များ (Evolving workforce Demographics)၊
မျိုးဆက်အပြောင်းအလဲ (Generational shift) ။
အစိုးရမှအစ အဖွဲ့အစည်းများအနေဖြင့် ယနေ့လုပ်ငန်းခွင်များအဖို့ လုပ်ငန်းခွင် ကျေနပ်အားရမှု (job satisfaction)၊ အလုပ်နဲ့နေ့စဉ်ဘဝ ညီမျှမှု (work-life Balance)၊ သင့်တင့်လျောက်ပတ်တဲ့ အလုပ် အချိန် စီစဉ်မှု (flexible work arrange­ments) တွေကို အလေးထား ဦးစားပေးတတ်တဲ့ (millennials and Gen Z) မျိုးဆက်တွေဟာ နိုင်ငံတိုင်းမှာ လုပ်ငန်းခွင်ဝင်ထားတာနဲ့ ဆက်လက်လုပ်ငန်းခွင် ဝင်ကြဖို့ လိုတာထက်ကျော်လွန်တဲ့လူဦးရေပမာဏဟာ အဆင်သင့်ရှိနေကြပြီဖြစ်ပါတယ်။ အဲဒီမျိုးဆက်တွေဟာ ရှိပြီးသားမျိုးဆက်ဟောင်းတွေနဲ့ အတွေးအခေါ်နည်းပညာအသုံးချမှုအမြင် အပြောင်းအလဲတို့များစွာ ကွဲ ပြားခြားနားကြပါတယ်။ အဆိုပါ မျိုးဆက်တွေကို အနာဂတ်အတွက် မဖြစ်မနေ နေရာပေးကြရမှာဖြစ် ပါတယ်။ တစ်မျိုးထက်မကတဲ့အရည်အချင်းတွေ (Diverse Talent Pool) ။ အစိုးရတွေအဖို့ အဆိုပါ မျိုး ဆက်တွေကို လုပ်ငန်းခွင်အတွက်ခန့်ထားရေး၊ သူတို့ကိုထိန်းထားရေးနဲ့အတူ သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ အတွေးအခေါ်သစ်တွေကို အသုံးချနိုင်မှုအတွက် သူတို့မျိုးဆက် အတွေးအခေါ်တွေထဲ ပျော်ဝင် နားလည် တတ်ကြဖို့လည်း အရေးကြီးလှပါတယ်။ သူတို့ကို နားလည်ဖို့မှာ သူတို့ရဲ့နောက်ကြောင်းတွေအထိ စာနာ တွေးခေါ်ထိန်းကျောင်းတတ်ဖို့မှာလည်း အရေးကြီးလှပါတယ်။ ၎င်းတို့ဟာ Globalization and Interconnectedness များအလို့ငှာ Global Te­l­ent Mobility and cross-border colla­bor­ation အတွက်အသုံးဝင်ပြီး တတ်မြောက်လွယ်တဲ့၊ အသုံးချတတ်ရင် တိုင်းပြည်အတွက်အကျိုးပြုမှုများနိုင်တဲ့ မျိုးဆက်တွေလည်းဖြစ်ပါတယ်။
(၄) နိုင်ငံရေးဆိုင်ရာဖိအားတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ (Political Pressure and Reform Movem- ents)၊ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ပြုပြင်အသွင်ပြောင်းလဲမှု (Public Sector Reform)။
ဒီနေ့ခေတ်အစိုးရတွေဟာ မြေပြင်အခြေအနေမှန်ကို အခြေပြုခြင်းဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို ဂရုပြုဖို့၊ အစိုးရအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ မှန်ကန်မြန်ဆန်စေလိုတာတွေမှာ စဉ် ဆက်မပြတ် ဖိအားတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ရာထူးအဆင့်အလိုက် ရာထူးအကြီးမှသည် အငယ် သို့ ဆင့်ကဲအမိန့်ပေးအုပ်ချုပ်ကြတဲ့၊ အောက်ခြေမျိုး ဆက်သစ်တွေရဲ့ ခေတ်အမြင်နဲ့ယှဉ်တဲ့ အမှန်/အမှား ပြန်လည်ထောက်ပြ ဆွေးနွေးခွင့်မရတာတွေဟာ အတွေးသစ်အမြင်သစ်တွေနဲ့ စဉ်ဆက်မပြတ်ဆန်းသစ် လိုမှုတွေ၊ အကြံဉာဏ်ကောင်းတွေကို ဆုံးရှုံးနိုင်တဲ့အပြင်၊ အထက်အမိန့်အတိုင်း တန်းကြားတန်းလုပ်ရာ က လမ်းစပျောက်တာတွေ၊ ဆက်လုပ်မရ ငွေ၊ အချိန်၊ အင်အားကုန်ပြီးမှ ရပ်ပစ်ရတာတွေအပြင်၊ ပြည်သူ ကို ချပြပြီးမှ အလုပ်မဖြစ် ခရီးမရောက်တာကြောင့် ပြောင်းပစ်၊ ရပ်နားပစ်ကြတာတွေဟာ ပြည်သူ့ယုံ ကြည်မှုကို ကျဆင်းလာစေနိုင်ပါတယ်။ (ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကာဗွန်လွှင့်ထုတ်မှု (carbon Emission) ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ ပြည်ပလောင်စာဆီတင်သွင်းမှုတွေ လိုအပ်ချက် ကို ထိန်းညှိရန်အလို့ငှာ EV Car ဆိုင်ရာ Policy ကို နိုင်ငံတော်အဆင့်ချမှတ်ပြီးမှ ပြည်သူတွေအကြား သံသယမေးခွန်းတွေ၊ ကောလာဟလတွေ၊ မသမာတဲ့ ကားတင်သွင်းမှုနဲ့ မတန်တဆဈေးတင်ရောင်းတဲ့ ဝိ သမလောဘသားတွေကြောင့် ပြည်သူတွေက အပြစ်တင်လာမှုတွေကို ဖြစ်ပေါ်လာအောင်မျှောထားပြီး ဆေးမြီးတိုနဲ့ကုမယ့်အစား အစိုးရကိုယ်တိုင်က တပ်မတော်၊ ရဲ၊ လုံခြုံရေးဆိုင်ရာနဲ့ ဆေးရုံကားမှအပ နိုင်ငံ တော်ပိုင် ဌာနဆိုင်ရာ ထုတ်ပေးသုံးစွဲနေတဲ့ယာဉ်တွေကို နိုင်ငံ့ပျမ်းမျှဈေးနှုန်းထားတစ်ခုနဲ့သင့်တင့်တဲ့ EV Car တွေနဲ့ ပြောင်းလဲအသုံးပြုပြတာနဲ့ အစိုးရကိုယ် တိုင်က ယုံကြည်မှုရှိရှိ နိုင်ငံပိုင်ယာဉ်တွေရဲ့ စက်သုံး ဆီလိုအပ်ချက် ပြည်ထောင်စုအဆင့် အရင်ဆီကား တွေအချိန်က ကုန်ကျစရိတ်တွေနဲ့ အခု EV Car တွေ အသုံးပြုချိန် ကုန်ကျစရိတ်တွေကိုနှိုင်းယှဉ်ကာ အချိုးအစား ရာခိုင်နှုန်းတစ်ခုကို လျှော့ချအစားထိုးနိုင် ကြောင်း သက်သေပြချပြကာ အမှတ်ယူသင့်ပါတယ်။ နိုင်ငံတော်အဆင့်သုံးတဲ့ ပြည်သူကိုအသိပေးခဲ့တဲ့ EV Car ဈေးဟာလည်း ပြည်သူတွေ ဈေးကွက်မှာ ထိန်းညှိစရာ မျဉ်းမျှဈေးတစ်ခုဖြစ်လာနိုင်ပါတယ်။)
ပြည်သူ့အမြင်နဲ့ ဖိအား(Public Opini­on and Pressure)။
ဒီနေ့ခေတ် မဲပေးထားသူပြည်သူတွေဟာ သူတို့ရွေးချယ်ထားတဲ့အစိုးရတွေကို အရည်အသွေး ကောင်းမွန်ကြစေဖို့နဲ့ ဝန်ဆောင်မှုတွေမှာ မှန်ကန်မြန်ဆန်စေဖို့တွန်းအားပေးရာမှာ သဘာဝဘေး၊ အရေး ပေါ်အခြေအနေတွေကို ကိုင်တွယ်ထိန်းသိမ်း ပြန်လည်တည်ဆောက်ကြချိန်တွေမှာ ပိုပြီး ဖိအားပေးကြ သလို အမှတ်ပေးအသိမှတ်ပြုမှုတွေလည်း လုပ် ကြလေ့ရှိပါတယ်။ အဲဒီအချက်တွေဟာ အစိုးရတွေထဲ မှာ ခေတ်မီတဲ့အတွေးအခေါ်နဲ့ မှန်ကန်မြန်ဆန်တဲ့ ရလဒ်ကောင်းတွေကို အချိန်နဲ့တစ်ပြေးညီဖော်ဆောင် နိုင်တဲ့ ငယ်ရွယ်ဖျတ်လတ်တဲ့အရည်အချင်းရှိ မျိုးဆက် သစ်လိုအပ်မှု များပြားလာကြောင်း သက်သေ ဖြစ် ပါတယ်။
(၅) ရေရှည် အံဝင်ခွင်ကျ အကျိုးပြုနိုင်ခြင်းများ (Long-term Sustainabile Stategies)၊ အနာဂတ် မျှော်သက်သေပြခြင်း(future proofing)။
အစဉ်အမြဲပြောင်းလဲနေတဲ့ ခေတ်နည်း ပညာတွေနဲ့အညီ အစိုးရရဲ့ဆုံးဖြတ်ချက်တွေဟာ အနာ ဂတ် မျိုးဆက်အဆက်ဆက်က ရှေးအစိုးရခေါင်းဆောင်တွေ အမြော်အမြင်ကြီးကြောင်းသက်သေတွေ ရှိနေကြစေဖို့မှာ မျိုးဆက်အလိုက် လူ့စွမ်းအားအရင်းအမြစ်တို့ ဌာနတိုင်းမှာရှိနေစေဖို့နဲ့ ၎င်းတို့သည် လည်း အထက်ပြောစကားတစ်ခုတည်းမဟုတ်ဘဲ စဉ်ဆက်မ ပြတ်ပြောင်းလဲနေတဲ့ ကမ္ဘာ့နည်း ပညာ အတွေးအခေါ်တွေနဲ့ ခံဝင်ခွင်ကျဖြစ်နေဖို့ အရေးကြီးလှပါတယ်။ အရေးအကြီးဆုံးကတော့ အကြီးဆုံးမှ အငယ်ဆုံးအထိ နားလည်လွယ်သူ၊ သင်ယူတတ်မြောက်လွယ်သူတွေ ဖြစ်ဖို့အရေးကြီးလှပါတယ်။ (ဥပမာ-ကိုဗစ်ရောဂါကာ လ နိုင်ငံတကာအစိုးရတို့ ဆက်သွယ်ချိတ်ဆက်ကူညီကြမှုတွေ နည်းပါး သွား တာ၊ ပြည်တွင်းပြည်ပ စီးပွားရေး ချွတ်ခြုံကြသွားတာတို့မှာ တချို့သော နိုင်ငံအစိုးရတွေက ရှေးဆယ် စုနှစ် များစွာကတည်းက တည်ဆောက်ထားတဲ့ အရန်ငွေ ထရီလျံ ဘဏ္ဍာရေးတောင့်တင်းမှုတွေ၊ အရန် စားနပ်ရိက္ခာတွေ၊ ပြည်တွင်းဖြစ် ကျန်းမာ ရေးစနစ်ကောင်းတွေ၊ ကျန်းမာရေးနဲ့ ကယ်ဆယ် စီမံခန့်ခွဲ ရေးဆိုင်ရာ ကျွမ်းကျင်အင်အားစုတွေ၊ ပြည်သူ ပါဝင်မှုတွေဟာ ရှေးယခင်အဆက်ဆက်ကတည်းက အမြော်မြင်ကြီးတဲ့ခေါင်းဆောင်တွေနဲ့ နောက်လိုက် ကောင်းမျိုးဆက်သစ်တွေရဲ့ ဖတလ တညီညွတ်မှု ကို ဖော်ပြနေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကြီးမားတဲ့ရလဒ်ကတော့ ပြည်သူအသေပျောက် အဖိတ် အစဉ်နည်းပါးတာ၊ ပြည်ပအကူအညီကိုပဲ အ လေးထား မစောင့်မျှော်ရတာတွေအပြင် လိုအပ်တဲ့ မိတ် ဖက်နိုင်ငံတွေကိုပင် ပြန်လည်ကူညီနိုင်ခဲ့တာတွေလည်း ရှိခဲ့ကြပါတယ်။)
Re-Think and Re-Org အတွေးအခေါ်က အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ဘယ်လို အကျိုးပေးနိုင် သလဲ
အထက်ကစကား ဓားသွားကဲ့သို့ဖြစ်နေပြီး တိုက်ရိုက် သွယ်ဝိုက်ကြိုးနီစနစ်တွေနဲ့အသားကျ နေတဲ့ အုပ်ချုပ်ရေး၊ လူ့နေထိုင်မှုဝန်းကျင်စိုးမိုးရာအများစု အရှေ့တောင်အာရှနိုင်ငံတွေအတွက် Re-Think and Re-Org အတွေးအခေါ်ကို လက်တွေ့အကောင် အထည်ဖော်ရန်မှာ အလွန်လိုအပ်ပြီး အကျိုးရှိလှ တယ်လို့ယုံကြည်မိပါတယ်။
(၁) ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ပြယုဂ်များ
နိုင်ငံတွေဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာနဲ့ နိုင်ငံ၊ လူမျိုးဆိုင်ရာ အမျိုးသားရေး လက္ခဏာတွေကို အမြဲထိန်းသိမ်းဖော်ထုတ်နေရမှာ ဖြစ်ပါတယ်။ ခရီးသွားကဏ္ဍတွေမှာလည်း အစားအ သောက်၊ လူမှုယဉ်ကျေးသိမ်မွေ့မှု၊ ဝတ်စားဆင်ယင်မှု မတူညီတာတွေက ဆွဲဆောင်မှုကိုဖြစ်စေပါတယ်။ (ဥပမာ-မြန်မာဟာ အနောက်ဥရောပကိုလိုက်တုပြီး အကုန်တူနေချင်ကာ လိုက်ပြောင်းနေမှတော့ အ နောက် ဥရောပခရီးသွားတွေကို ဘယ်လိုဖိတ်ခေါ်မလဲ။ မတူညီတဲ့ အစားအစာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံး တမ်း အစဉ်အလာ၊ တန်ဖိုးထားမှု သဘာဝပတ်ဝန်းကျင်၊ သမိုင်းအမွေအနှစ်တွေကပဲ မြန်မာပြည်ကို လာ လည်ဖို့၊ မြန်မာလူမျိုးနဲ့ကူးလူးဆက်ဆံဖို့ မတူညီတာတွေ (Differences) ကနေ ဆွဲဆောင်မှု (attraction) ကိုဖြစ်စေကာ နိုင်ငံနဲ့ပြည်သူအတွက် ဝင်ငွေတိုးမှု၊ ထာဝရမိတ်ဖက်တိုးမှုဆိုတဲ့အခင်းအကျင်းကို ပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။ ထိုင်းဆိုတာနဲ့ လက်အုပ်ချီပြုံးကာ နှုတ်ဆက်တတ်တယ်ဆိုတဲ့ လက္ခဏာ၊ ထိုင်း အစာ ဆို တာနဲ့ တုံယမ်းဟင်းချိုကို လူတွေသိနေတယ်ဆိုတာ မျိုးပေါ့။) အဲဒီတော့ မြန်မာဆိုတာကို ဘယ်လို အပေါင်း လက္ခဏာဆောင်တဲ့အချက်တွေနဲ့ ကမ္ဘာကသိအောင် လုပ်မလဲ။
(၂) အခွန်စနစ်၊ ကြိုးနီစနစ်နှင့် စီးပွားရေးသမားများ ကဏ္ဍ
ကိုဗစ်ကာလ နိုင်ငံရဲ့ အဘက်ဘက်က ဝင်ငွေကျဆင်းလာတဲ့ပြီး လိုအပ်ချက်များစွာမြင့်လာရတဲ့ အစိုးရတွေဟာ ပြည်ပဝင်ငွေတွေကို တိုးတက် အောင်လုပ်ဆောင်ကြံဆကြရင်း တစ်ချိန်တည်းမှာ ပြည် တွင်းက ဆယ်စုနှစ်များစွာသတိမမူခဲ့တဲ့ ကြီးမားတဲ့အလေအလွင့်တွေကို စတင် သတိထားမိလာကြ ပါတော့တယ်။ နိုင်ငံတကာမှ စနစ်ကျတဲ့စီးပွား ရေးပညာဟာ စီးပွားရေးသမားက သင့်တင့်လျောက် ပတ်တဲ့အမြတ်နဲ့ ဂုဏ်သရေရှိတဲ့စီးပွားရေးလုပ်ငန်းကို နှစ်ကာလကြာရှည် တည်တံ့ခိုင်မြဲစွာ ပဲ့ကိုင်တည် ဆောက်ကြရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ တော့ နေ့စဉ် စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်စပ်ပြီး အစိုးရတာဝန်ရှိသူအဆင့်ဆင့်နဲ့လာဘ်ထိုးတာ၊ အကျိုး အမြတ် မျှဝေခံစားတာ၊ အခွန်ရှောင်တာ၊ အဆမ တန်တဲ့ ဈေးနှုန်းတွေနဲ့ ဈေးကွက်နဲ့စားသုံးသူကို မလေးမ စားအနိုင်ကျင့်မှု များစွာရှိပါတယ်။ ဥပမာ အခွန်လို့ ဆိုရာမှာ နိုင်ငံတစ်ခုက တစ်နှစ် ပြည်တွင်းအခွန်နဲ့ ကုန်သွယ်ခွန်မှရငွေဟာ ဒေါ်လာ ဘီလျံ (၂၀) ဆိုခဲ့ရင် အဲဒီကုန်သွယ်မှုစက်ဝန်းထဲက လုပ်ငန်းရှင်၊ အစိုးရ အခွန်ဝန်ထမ်း၊ စီးပွားရေး၊ ကုန်သွယ်ရေး ဆိုင်ရာဝန်ထမ်းတွေအားလုံးရဲ့ တစ်နှစ်အတွင်း စုစုပေါင်းတိုးတက် ကြွယ်ဝမှုဟာ ဘီလျံပေါင်း(၂၀)ရဲ့ (၂)ဆကနေ (၃)ဆ အထိရှိနေတတ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ တာဝန်ရှိ သူဝန်ထမ်းတွေနဲ့ ထိန်းကျောင်း သူအစိုးရတို့ စေ့စေ့ စပ်စပ် ပြန်တွေးကြည့်နိုင်ပါက နိုင်ငံတော်နဲ့ ပြည်သူ့ အမှန်တကယ်ခံစားရသင့်တဲ့ ဝင်ငွေနဲ့ ကြွယ်ဝမှုတွေ ပြန့်ကျဲထွက်ပြီး မရောက်သင့်တဲ့နေရာတွေဆီ စီးဆင်းသွားကြောင်း တွေးလေမြင် လေ သဘောပေါက် နိုင်ပါတယ်။ အဆိုပါဘဏ္ဍာတွေဟာ နိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးတွေအတွက် လက်ရှိအခြေအနေထက် များစွာအသုံးချနိုင်ပါတယ်။ ထိုနည်းတူ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းနဲ့ တခြား သက်ဆိုင်ရာ ဒဏ်ငွေတွေ၊ ဌာနတွေရဲ့ မလိုအပ်ဘဲ ရာထူးတာဝန်သုံးကာ တောင်းခံ နေတဲ့ လိုင်းကြေးတွေက အလေအလွင့်ဖြစ်မှုတွေထဲက တခြားယိုပေါက်တွေပါပဲ။
(၃) မျိုးဆက်အလိုက် လူ့စွမ်းအားအရင်းအမြစ် စိစစ် အသုံးချခြင်း
မိမိတို့ အာရှနိုင်ငံအတော်များများ အစိုးရ ဌာနတွေမှာ အစိုးရဝန်ထမ်းဘဝမှ ပင်စင်စားသည်အ ထိ (၈၀) ရာခိုင်နှုန်းကျော်တဲ့ဝန်ထမ်းတွေဟာ သမား ရိုးကျဝန်ထမ်းဘဝကို ဖြတ်သန်း၊ လစာပုံမှန် ထုတ် ကာ ပင်စင်ယူရတဲ့အသက်အရွယ်ကို အစဉ်အလာမပျက် ပုံမှန်ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ခေတ်သစ် နိုင်ငံ့ အစိုးရတွေမှာ အစိုးရဝန်ထမ်းတွေရဲ့ ရာထူးနဲ့ တာဝန်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ တခြား အရည်အသွေးတွေနဲ့ တစ်ဦးချင်းစီရဲ့ ကုန်ထုတ်မှုစွမ်းအား (Productivity) တွေကို စိစစ် အမှတ်ပေးကြဖို့ Re-think တစ်ခုဖြစ်လာပါတယ်။ ပင်စင်ယူဖို့ အ သက်နဲ့နေ့ရက်မရောက်မချင်း ရာထူးနေရာအဆင့်ဆင့် မှာထိုင်နေတဲ့ မလုပ်၊ မရှုပ်၊ မပြုတ် ဝန်ထမ်းအတန်းအစားတွေကိုဖယ်ရှားကာ ရှိပြီးသား Perfor mance ကောင်းတဲ့ဝန်ထမ်းတွေနဲ့ မျိုးဆက်သစ်လူ ငယ်တွေကိုနေရာပေးတတ်တဲ့ အလေ့အကျင့်တွေ ခေတ်စား လာပါတယ်။ အစိုးရတွေက အဲဒီလို (Productivity) ကျကျ အကျင့်မပြင်နိုင်တဲ့ဝန်ထမ်းတွေကို လခပေး ကာ သူတို့ဝန်ကို ပြန်ထမ်းထား တာဟာ ဘွဲ့ရ လုပ်ငန်းခွင်ဝင်ကာ ကြိုးစားလိုတဲ့ ဘွဲ့ရအလုပ် လက်မဲ့ လုပ်ငန်းခွင်ဝင်ဖို့အဆင့်ဖြစ်နေတဲ့ မျိုးဆက် သစ်တွေအတွက် လမ်းပိတ်စေကာ အစိုးရရဲ့စီမံခေါင်း ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုက်ရိုက်ထိခိုက်စေပါတယ်။ နိုင်ငံရဲ့ လုပ်ငန်းခွင်ဝင်ဖို့အသင့် မျိုးဆက် သစ်တွေဟာ အစိုးရဌာနတွေက (Productivity) ကျဝန်ထမ်းတွေရဲ့နေရာကို တိုက်ရိုက် ခြိမ်းခြောက်နေ တဲ့အခင်းအကျင်းမျိုးကို အစိုးရကဖန်တီးဖို့နဲ့ (Message) ပေးဖို့ အထူးလိုအပ်လှပါတယ်။
(၄) သယံဇာတများကို စီမံခန့်ခွဲခြင်း
နိုင်ငံရဲ့ တွင်းထွက်၊ သစ်တောထွက်၊ ရေ သဘာဝသယံဇာတနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ၊ ဒေသခံ တွေ၊ သက်ဆိုင်ရာဝန်ထမ်းကဏ္ဍမှာလည်း အလေအလွင့်တွေကို ပြန်လည်စိစစ် တွေးကြည့်သင့်ပါတယ်။ နိုင်ငံတော်ရသင့်တဲ့ ဝင်ငွေများစွာ တိုးတက်လာနိုင်တဲ့အပြင် အဆိုပါသက်ဆိုင်ရာဌာနတွေကိုလည်း ပြည် သူ့ယုံကြည်မှု အခုထက်ပိုမိုများပြားလာနိုင်ပါတယ်။ (ဥပမာ- နိုင်ငံတော်ကချပေးထားတဲ့ လုပ်ကွက် ကျော်လွန် လုပ်ဆောင်မှု၊ လိုင်စင်သက်တမ်းကျော်မှု၊ ကုန်ထုတ်မှုနဲ့ ကုန်သွယ်မှုပမာဏ လျှော့ချ တင်ပြ ကာ လုပ်ငန်းစက်ဝန်းထဲက ပါဝင်ပတ်သက်သူတွေကြားမှာ ကျော်လွန်ပမာဏဆိုင်ရာ နိုင်ငံပိုင်ငွေ တွေ က တရားမဝင် ငွေကြေးအဖြစ် စီးဆင်းသွားမှု၊ နိုင်ငံတော်နဲ့ ပြည်သူ နစ်နာမှု၊ အစိုးရဌာနနဲ့ ဝန်ထမ်း ဂုဏ်သိက္ခာ ပွန်းပဲ့မှုမှသည် ပြည်သူ့ယုံကြည်မှု ကျဆင်းလာမှု)။
(၅) ခေတ်မီနည်းပညာအသုံးချမှုမှသည် နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရဝန်ဆောင်မှုတွေရဲ့ ဂုဏ်သိက္ခာသို့
အဂတိနဲ့အတူ နိုင်ငံရဲ့ ရသင့်ရထိုက်တဲ့ ငွေကြေး ကြွယ်ဝမှုတွေ အကြီးအကျယ် လေလွင့်သွားရုံမျှမက ဂုဏ်ယူဖွယ်ရာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ အစိုးရဌာနအသီးသီးရဲ့ပုံရိပ်နဲ့ တကွ ပြည်သူ့ယုံကြည်မှုတွေကိုပါ တစ်ပါတည်း ဆုံး ရှုံးခဲ့ရပါတယ်။ ခေတ်မီ Electronic စနစ်တွေနဲ့ AI နည်းပညာတွေက ဝန်ထမ်းကိုယ်တိုင်ပါဝင်ရတဲ့ ဝန် ဆောင်မှုအခန်းကဏ္ဍတွေကို များစွာအစားထိုးနိုင်ရုံ မျှမက၊ လူလုပ်တဲ့အမှားတွေကိုလည်း လျှော့ချနိုင်မှုနဲ့ အစိုးရချမှတ်ထားတဲ့ စည်းကမ်းစနစ်တွေနဲ့အညီ စိစစ်မှုတွေမှာလည်း ဘက်လိုက်မှုကင်းစေပါတယ်။ ထို့အတူ ဝန်ထမ်းဦးရေ များစွာလိုအပ်မှုကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ အဂတိလိုက်စားမှု ဖြစ် နိုင်ခြေအခြေအနေများစွာကိုလည်းလျှော့ချပေးပါ တယ်။
မှတ်ချက်။ ။ အလွယ်ဆင်ခြေတွေအနေနဲ့ မိမိတို့ ဝန် ထမ်းတွေဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံများရှိ ဝန်ထမ်း တွေလိုမျိုး နိုင်ငံတကာအဆင့်မီ လစာနဲ့ခံစားခွင့် မရှိကြောင်း ပြောလေ့ရှိကြပါတယ်။ အမှန်တကယ် အားဖြင့် အဲဒီနိုင်ငံကြီးတွေမှာ ဝန်ထမ်းတွေအတွက် ဝန်ထမ်းအိမ်ရာ၊ ရေမီးအခမဲ့၊ ဌာနယာဉ်အကြိုအပို့နဲ့ လစဉ်ရိက္ခာစီစဉ်ပေးထားတာမျိုးမရှိပါ။ မိမိရထား တဲ့လစာနဲ့ အိမ်ပိုင်မရှိက ပြင်ပပေါက်ဈေးအတိုင်း ငှားနေကာ ကိုယ့်ရေမီးခ ကိုယ်ပေးရပါတယ်။ သာမန် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကိုပဲသုံးရပါ တယ်။ အဲဒီကုန်ကျစရိတ်တွေမှာ စားစရိတ်နဲ့ မိမိအ သုံးစရိတ်မပါ လစာရဲ့ ထက်ဝက်ကျော်ကုန်ကျပါ တယ်။ အဂတိနဲ့ဆက်နွှယ်မိပါက မိမိနာမည် ဓာတ်ပုံနဲ့ တကွ တိုင်းသိပြည်သိ နိုင်ငံပိုင်သတင်းတွေကနေ ကြေညာကာ ပြင်းထန်စွာအပြစ်ပေးခံရပါတယ်။
အစိုးရတွေအနေနဲ့ စနစ်တကျ အသေးစိတ်တဲ့ လက်ရှိအခြေအနေတွေအပေါ် မထိမ်ချန်ဘဲ Re-think သုတေသနပြုကာ နည်းဗျူဟာအသစ် အုပ်ချုပ်မှုပုံစံအသစ်များအဖြစ် ပြန်လည်ဖွဲ့စည်း (Re-Org) တည်ဆောက်မည်ဆိုပါက ဘယ်လို စီးပွားရေးတိုးချဲ့မှုမှမပါသေးဘဲ လက်ရှိစီးပွားရေးနဲ့ ကုန်ထုတ်စွမ်းအားအခြေအနေမှာပဲ နိုင်ငံ့ GDP အနည်းဆုံး နှစ်ဆမကတိုးတက်လာနိုင်ပါတယ်။ ကြိုးနီစနစ်တွေ လျော့ကျပပျောက်လာရင် ကုန်ဈေးနှုန်းလည်း သင့်တင့်တဲ့အနေအထားအထိ တည်ငြိမ် လာနိုင်ပါတယ်။ အဆင့်ဆင့်ဝန်ထမ်းတွေ စဉ်ဆက်မပြတ် ကြိုးစားချင်စိတ်ရှိလာနိုင်သလို၊ Professional ကျတဲ့ပြိုင်ဆိုင်မှုတွေကတစ်ဆင့် ဝန်ထမ်းစွမ်းရည် တွေ နိုင်ငံတကာအဆင့်မီတိုးတက်လာနိုင်ပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့အသင့်မျိုးဆက်သစ်တွေလည်း အလုပ်ရရှိလာနိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အစိုးရဌာန တွေ ရဲ့ စွမ်းဆောင်ရည် တိုးတက်မြန်ဆန်လာနိုင်တဲ့ အပြင် ပြည်သူ့ယုံကြည်မှုရရှိတဲ့ အဆင့်မြင့်ခေတ်မီတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအဖြစ် တိုးတက်ပြောင်းလဲလာနိုင်ကာ နိုင်ငံတကာက လေးစားယုံကြည်ရတဲ့ အစိုးရများအဖြစ် အောင်မြင်လာနိုင်ပါကြောင်း သုတေသနပြုစုစည်းတင်ပြလိုက်ရပါတယ်။

Zawgyi Version:
ကိုဗစ္ကပ္ေရာဂါ ကာလအလြန္ ကမာၻ႔အစိုးရမ်ားၾကား ပိုမိုေခတ္စားလာေသာ Re-Think and Re-Org
လင္းျမတ္ (NP News)
(၂၀၁၈) ခုႏွစ္ေလာက္ကစၿပီး ကမာၻေပၚက စီးပြားေရးကြၽမ္းက်င္ၿပီး အနာဂတ္ဆိုးက်ိဳး ျဖစ္ႏိုင္ ေျခမ်ား (risk assessment for the future)ကို အၿမဲသုေတသနျပဳေနတတ္တဲ့ အနာဂတ္ အေျမာ္အျမင္ ႀကီးတဲ့ အစိုးရတခ်ိဳ႕ဟာ (Re-Think and Re-Org) အေတြးအေခၚကို စတင္လက္ခံလာၾကသလို တခ်ိဳ႕ အစိုးရေတြက စတင္က်င့္သုံးလာပါတယ္။ Re­­­­-think လို႔ဆိုရာမွာ ဆက္လက္လုပ္ေဆာင္စရာေတြ အျပင္ ယေန႔အထိေရာက္ရွိထားတဲ့ ေနရာ၊ ဝင္ေငြ၊ သုံးေငြ၊ လုပ္ေဆာင္မႈ၊ အမူအက်င့္၊ ဆုံးျဖတ္ခ်က္၊ အေတြးအေခၚအျမင္၊ ဆုံးရႈံးမႈ၊ အမွားေတြအေပၚ ျပန္လည္ဆန္းစစ္ သုံးသပ္ေတြးေခၚမႈျဖစ္ၿပီး၊ Re-Org လို႔ ဆိုရာမွာ Re-think မွရရွိလာတဲ့ ေကာင္းတဲ့အခ်က္အလက္ေတြ အေပၚ အေျခခံၿပီး အနာဂတ္ေကာင္း က်ိဳးရလဒ္ေတြ အလို႔ငွာ ျပန္လည္ဖြဲ႕စည္းမႈေတြကိုဆိုလိုပါတယ္။ ကိုဗစ္ကပ္ ေရာဂါကာလမွာေတာ့ ႏိုင္ငံ တိုင္းရဲ႕အစိုးရေတြရဲ႕ ျပင္ပဆက္ဆံမႈေတြ၊ ျပည္ပစီးပြားေရးဆိုင္ရာ ရင္း ႏွီးျမႇဳပ္ႏွံမႈေတြ၊ ဝင္ေငြေတြ ေလ်ာ့ က်လာတဲ့နည္းတူ တစ္ဖက္မွာလည္း တိုင္းျပည္အတြက္ ေငြကအစ အရင္းအႏွီးစားစရိတ္မ်ားစြာ လိုအပ္ ခ်က္နဲ႔အတူ ျပည္သူတစ္ဦးခ်င္းစီရဲ႕ေန႔စဥ္ဘဝနဲ႔လစ္ဟာေနမႈ ေတြကို ပိုမိုနားလည္သိရွိ ျမင္ေတြခြင့္ ရ လာပါတယ္။ ထို႔အတူ လက္ရွိအေျခအေနမွာပဲ ႏိုင္ငံေတာ္အဆင့္၊ အစိုးရအဆင့္၊ တပ္၊ ရဲ၊ ဌာန၊ ဝန္ထမ္း အဆင့္၊ အဖြဲ႕အစည္းေတြမွ အ႐ိုးစြဲၿပီး အက်ိဳးမဲ့တဲ့စနစ္မ်ားစြာေၾကာင့္ မလိုအပ္တဲ့ လူသား၊ ေငြေၾကး အရင္းအျမစ္၊ ဦးစားေပးမႈဆိုင္ရာ လစ္ဟာေလလြင့္မႈမ်ားစြာကို ေလ့လာမွတ္သား သိျမင္လာၾကပါေတာ့ တယ္။ ဒီေန႔ေခတ္ ကာလမွာ ကမာၻ႔ ခ်မ္းသာၿပီးအင္အားႀကီးတဲ့ အစိုးရေတြမွာပင္ လူသားအရင္းအျမစ္ (Human Resour­ces) နဲ႔ အရည္အခ်င္း ကြၽမ္းက်င္မႈဆိုင္ရာစီမံခန႔္ခြဲျခင္း (Talent Management) ေတြမွာ ေငြေၾကးမွအစ အခက္အခဲ အကန႔္အသတ္မ်ားစြာနဲ႔ရင္ဆိုင္ေနရပါတယ္။ တစ္ဖက္မွာလည္း ေအာက္ေဖာ္ျပပါ ကမာၻလုံးဆိုင္ရာ ေျပာင္းလဲျဖစ္ေပၚ တိုးတက္မႈအေၾကာင္း ရင္းေတြကလည္း ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံငယ္ေတြအဖို႔ ေလ့လာမွတ္သား ဆင္ျခင္စရာမ်ားစြာျဖစ္လာပါတယ္။
(၁) ျပည္သူလူထု၏ေမွ်ာ္လင့္ခ်က္အျမင္မ်ား ေျပာင္းလဲလာျခင္း(Changing Public Expectations)၊
ပြင့္လင္းျမင္သာမႈႏွင့္အတူ တာဝန္ယူ တာဝန္ခံမႈ (Transparency and accountability)။
ဒီေန႔ေခတ္ျပည္သူေတြဟာ မိမိတို႔အစိုးရကို ပြင့္လင္းျမင္သာမႈ၊ ျမန္ဆန္မွန္ကန္မႈႏွင့္ တာဝန္ယူ တာဝန္ခံမႈမ်ားအပိုင္းတြင္ တစ္ေန႔ထက္တစ္ေန႔ ပို ေသာေမွ်ာ္လင့္ခ်က္ေတြထားကာ အၿမဲ အားမရျဖစ္ လာတတ္ၾကပါတယ္။ ေရွးဆန္ၿပီး သမား႐ိုးက် မေျပာင္းလဲတဲ့အစိုးရစနစ္ေတြဟာ ျပည္သူထံ ေန႔စဥ္ ဝန္ ေဆာင္မႈေပးရတဲ့ အစိုးရဆိုင္ရာဆုံးျဖတ္ခ်က္ခ်တာ (decision-Making) ၊ စဥ္ဆက္မျပတ္ ျပန္လည္သုံး သပ္ ျပဳျပင္ဆန္းသစ္တာ (Innovation) ေတြကို မ်ားစြာ အဟန႔္အတားျဖစ္ေစ႐ုံသာမက ျပည္သူနဲ႔အ စိုးရအၾကား အထင္အျမင္လြဲမွားမႈမ်ားစြာကိုလည္း တိုးပြားေစပါတယ္။
ျပည္သူဗဟိုျပဳဝန္ေဆာင္မႈေတြ(Citizen Centric Services)။
ဒီေန႔မွာ ေခတ္အစိုးရရဲ႕ဝန္ေဆာင္မႈေတြကို ပိုမိုအေသးစိတ္ကာ ျပည္သူတို႔ အလြယ္တကူ သိရွိ နားလည္ႏိုင္ေအာင္ (user-friendly)၊ တာဝန္ယူမႈ ရွိတဲ့ဝန္ေဆာင္မႈျဖစ္ေအာင္(responsive) (ဥပမာ- ျပည္သူ႔ဘက္မွတင္ျပရမည့္ ေငြေၾကးကစလို႔ အခ်က္အလက္လိုအပ္ခ်က္ေတြကို က႑အလိုက္ ဝန္ထမ္း ပါးစပ္မွ ႏႈတ္ေျပာမဟုတ္ေစဘဲ အေသအခ်ာ ျပည္သူရယူလြယ္မယ့္နည္းလမ္းေတြနဲ႔ ေဖာ္ျပထား ရွိဖို႔နဲ႔ ေဖာ္ျပပါထက္ေက်ာ္လြန္တဲ့ ေတာင္းဆိုခ်က္ တစ္စုံတစ္ရာမွ်မရွိေစဖို႔ သတိျပဳအေလးထားတာ)၊ လူကိုယ္ တိုင္လာမွ အလုပ္ၿပီးႏိုင္တဲ့စနစ္မဟုတ္တဲ့ ဒီဂ်စ္တယ္စနစ္ျဖစ္ေအာင္ ေခတ္ရဲ႕တိုးတက္လာတဲ့ နည္း ပညာေတြနဲ႔အတူ ျပည္သူကလည္း ေျပာင္းလဲေစခ်င္လာပါတယ္။ ထိုနည္းတူ အစိုးရေတြအဖို႔ ဒီဂ်စ္ တယ္စနစ္ကို ေျပာင္းလဲတာနဲ႔အတူ ကြၽမ္းက်င္စြာ ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ေခတ္ရဲ႕နည္းပညာေတြနဲ႔အညီ ကြၽမ္းက်င္ဝန္ထမ္းေတြလိုအပ္ခ်က္၊ ရွိရင္း အေျပာင္းအလဲ မေလ့လာခ်င္တဲ့ဝန္ထမ္းေတြ (Out of Date employee or public service staff) ကို တြန္းအားေပးတာ၊ သင္တန္းေပးေပမယ့္ လက္ေတြ႕အသုံးခ်ရာ မွာ မတြင္က်ယ္၊ ပူးေပါင္းေဆာင္႐ြက္မႈအားနည္းတာေတြဟာ ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္လာရပါတယ္။ အဆိုပါ စိန္ေခၚမႈေခတ္ေနာက္က်တဲ့အစိုးရစနစ္နဲ႔ အေတြးအေခၚ (outdated models) ေတြကပဲ ေန႔စဥ္ အစိုးရနဲ႔ျပည္သူၾကား နားလည္မႈအလြဲေတြ၊ အစိုးရအေပၚ ယုံၾကည္မႈက်ဆင္းတာေတြ တိုးပြားမ်ားျပား လာပါတယ္။
(၂) နည္းပညာတိုးတက္လာမႈမ်ား (Advances In Technology) ၊ အလိုအေလ်ာက္စနစ္နဲ႔ ဉာဏ္ရည္တု နည္းပညာ (Automation and AI)။
အလိုအေလ်ာက္စနစ္နဲ႔ ဉာဏ္ရည္တု နည္းပညာဟာ အရပ္ဘက္ ပုဂၢလိကလုပ္ငန္းေတြကိုသာ မက အစိုးရေတြရဲ႕ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းေတြ၊ စစ္ဘက္နဲ႔ ျပည္သူ႔လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး က႑မ်ားစြာရဲ႕ ေန႔စဥ္လုပ္ငန္းေတြကို ႀကီးမားတဲ့အ က်ိဳးရလဒ္နဲ႔ေျပာင္းလဲမႈကိုေဖာ္ေဆာင္လာႏိုင္ ေအာင္၊ ဖန္တီးႏိုင္စြမ္းရွိေအာင္ အသုံးခ်ႏိုင္ပါတယ္။
ဒီဂ်စ္တယ္စနစ္သုံးအစိုးရ(Digital Government)။
ဒီေန႔ခတ္ျပည္သူေတြဟာ အစိုးရဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းေတြကို (Online) အင္တာနက္မႈမွ တစ္ဆင့္ လြယ္ကူစြာ ၿပီးစီးေဆာင္႐ြက္ႏိုင္ရန္ ပိုမိုေမွ်ာ္လင့္လာတာနဲ႔အတူ အစိုးရေတြဟာလည္း ဘယ္ လိုဝန္ေဆာင္မႈကိုမဆို ဒီဂ်စ္တယ္ဦးစားေပးစနစ္ (Di­gital first Approach)နဲ႔ေဆာင္႐ြက္ႏိုင္ေစဖို႔ ေတြး ေခၚ တီထြင္ၾကရမွာျဖစ္ပါတယ္။ ဒီအတြက္ အစိုးရဌာနအဖြဲ႕အစည္းေတြအဖို႔ ဒီဂ်စ္တယ္စနစ္တစ္ခုလုံး ဆိုင္ရာ ဒီဇိုင္းေရးဆြဲတာ၊ စီမံခန႔္ခြဲတာ၊ စဥ္ဆက္မျပတ္ ဆန္းသစ္တီထြင္တာတို႔အတြက္ လိုအပ္ခ်က္နဲ႔ အညီ အမွန္တကယ္ကြၽမ္းက်င္ၿပီး အရည္အခ်င္းျပည့္ဝတဲ့ ဝန္ထမ္းရွာေဖြခန႔္ထားႏိုင္တာ၊ ရွိၿပီးသားကြၽမ္း က်င္ဝန္ထမ္းေတြမဆုံးရႈံးရေအာင္ထိန္းသိမ္းတာ၊ သာလြန္တဲ့သင္တန္းေတြ ေစလႊတ္မြမ္းမံတာတို႔ကို မ်က္ျခည္မျပတ္ လုပ္ေဆာင္ႏိုင္ရမွာျဖစ္ပါတယ္။
(၃) ေျပာင္းလဲကြဲျပားလာသည့္ လုပ္အားမ်ိဳးဆက္မ်ား (Evolving workforce Demographics)၊
မ်ိဳးဆက္အေျပာင္းအလဲ (Generational shift) ။
အစိုးရမွအစ အဖြဲ႕အစည္းမ်ားအေနျဖင့္ ယေန႔လုပ္ငန္းခြင္မ်ားအဖို႔ လုပ္ငန္းခြင္ ေက်နပ္အားရမႈ (job satisfaction)၊ အလုပ္နဲ႔ေန႔စဥ္ဘဝ ညီမွ်မႈ (work-life Balance)၊ သင့္တင့္ေလ်ာက္ပတ္တဲ့ အလုပ္ အခ်ိန္ စီစဥ္မႈ (flexible work arrange­ments) ေတြကို အေလးထား ဦးစားေပးတတ္တဲ့ (millennials and Gen Z) မ်ိဳးဆက္ေတြဟာ ႏိုင္ငံတိုင္းမွာ လုပ္ငန္းခြင္ဝင္ထားတာနဲ႔ ဆက္လက္လုပ္ငန္းခြင္ ဝင္ၾကဖို႔ လိုတာထက္ေက်ာ္လြန္တဲ့လူဦးေရပမာဏဟာ အဆင္သင့္ရွိေနၾကၿပီျဖစ္ပါတယ္။ အဲဒီမ်ိဳးဆက္ေတြဟာ ရွိၿပီးသားမ်ိဳးဆက္ေဟာင္းေတြနဲ႔ အေတြးအေခၚနည္းပညာအသုံးခ်မႈအျမင္ အေျပာင္းအလဲတို႔မ်ားစြာ ကြဲ ျပားျခားနားၾကပါတယ္။ အဆိုပါ မ်ိဳးဆက္ေတြကို အနာဂတ္အတြက္ မျဖစ္မေန ေနရာေပးၾကရမွာျဖစ္ ပါတယ္။ တစ္မ်ိဳးထက္မကတဲ့အရည္အခ်င္းေတြ (Diverse Talent Pool) ။ အစိုးရေတြအဖို႔ အဆိုပါ မ်ိဳး ဆက္ေတြကို လုပ္ငန္းခြင္အတြက္ခန႔္ထားေရး၊ သူတို႔ကိုထိန္းထားေရးနဲ႔အတူ သူတို႔ရဲ႕ကြၽမ္းက်င္မႈနဲ႔ အေတြးအေခၚသစ္ေတြကို အသုံးခ်ႏိုင္မႈအတြက္ သူတို႔မ်ိဳးဆက္ အေတြးအေခၚေတြထဲ ေပ်ာ္ဝင္ နားလည္ တတ္ၾကဖို႔လည္း အေရးႀကီးလွပါတယ္။ သူတို႔ကို နားလည္ဖို႔မွာ သူတို႔ရဲ႕ေနာက္ေၾကာင္းေတြအထိ စာနာ ေတြးေခၚထိန္းေက်ာင္းတတ္ဖို႔မွာလည္း အေရးႀကီးလွပါတယ္။ ၎တို႔ဟာ Globalization and Interconnectedness မ်ားအလို႔ငွာ Global Te­l­ent Mobility and cross-border colla­bor­ation အတြက္အသုံးဝင္ၿပီး တတ္ေျမာက္လြယ္တဲ့၊ အသုံးခ်တတ္ရင္ တိုင္းျပည္အတြက္အက်ိဳးျပဳမႈမ်ားႏိုင္တဲ့ မ်ိဳးဆက္ေတြလည္းျဖစ္ပါတယ္။
(၄) ႏိုင္ငံေရးဆိုင္ရာဖိအားေတြနဲ႔ ျပဳျပင္ေျပာင္းလဲမႈေတြ (Political Pressure and Reform Movem- ents)၊ ျပည္သူ႔ဝန္ေဆာင္မႈဆိုင္ရာ ျပဳျပင္အသြင္ေျပာင္းလဲမႈ (Public Sector Reform)။
ဒီေန႔ေခတ္အစိုးရေတြဟာ ေျမျပင္အေျခအေနမွန္ကို အေျချပဳျခင္းဆိုင္ရာ အုပ္ခ်ဳပ္မႈစနစ္ကို ဂ႐ုျပဳဖို႔၊ အစိုးရအုပ္ခ်ဳပ္မႈ၊ စီမံခန႔္ခြဲမႈေတြမွာ ပြင့္လင္းျမင္သာမႈနဲ႔ မွန္ကန္ျမန္ဆန္ေစလိုတာေတြမွာ စဥ္ ဆက္မျပတ္ ဖိအားေတြနဲ႔ရင္ဆိုင္ေနၾကရပါတယ္။ ရာထူးအဆင့္အလိုက္ ရာထူးအႀကီးမွသည္ အငယ္ သို႔ ဆင့္ကဲအမိန႔္ေပးအုပ္ခ်ဳပ္ၾကတဲ့၊ ေအာက္ေျခမ်ိဳး ဆက္သစ္ေတြရဲ႕ ေခတ္အျမင္နဲ႔ယွဥ္တဲ့ အမွန္/အမွား ျပန္လည္ေထာက္ျပ ေဆြးေႏြးခြင့္မရတာေတြဟာ အေတြးသစ္အျမင္သစ္ေတြနဲ႔ စဥ္ဆက္မျပတ္ဆန္းသစ္ လိုမႈေတြ၊ အႀကံဉာဏ္ေကာင္းေတြကို ဆုံးရႈံးႏိုင္တဲ့အျပင္၊ အထက္အမိန႔္အတိုင္း တန္းၾကားတန္းလုပ္ရာ က လမ္းစေပ်ာက္တာေတြ၊ ဆက္လုပ္မရ ေငြ၊ အခ်ိန္၊ အင္အားကုန္ၿပီးမွ ရပ္ပစ္ရတာေတြအျပင္၊ ျပည္သူ ကို ခ်ျပၿပီးမွ အလုပ္မျဖစ္ ခရီးမေရာက္တာေၾကာင့္ ေျပာင္းပစ္၊ ရပ္နားပစ္ၾကတာေတြဟာ ျပည္သူ႔ယုံ ၾကည္မႈကို က်ဆင္းလာေစႏိုင္ပါတယ္။ (ဥပမာ- ျမန္မာႏိုင္ငံမွာဆိုရင္ ကာဗြန္လႊင့္ထုတ္မႈ (carbon Emission) ေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းဖို႔နဲ႔ ျပည္ပေလာင္စာဆီတင္သြင္းမႈေတြ လိုအပ္ခ်က္ ကို ထိန္းညႇိရန္အလို႔ငွာ EV Car ဆိုင္ရာ Policy ကို ႏိုင္ငံေတာ္အဆင့္ခ်မွတ္ၿပီးမွ ျပည္သူေတြအၾကား သံသယေမးခြန္းေတြ၊ ေကာလာဟလေတြ၊ မသမာတဲ့ ကားတင္သြင္းမႈနဲ႔ မတန္တဆေဈးတင္ေရာင္းတဲ့ ဝိ သမေလာဘသားေတြေၾကာင့္ ျပည္သူေတြက အျပစ္တင္လာမႈေတြကို ျဖစ္ေပၚလာေအာင္ေမွ်ာထားၿပီး ေဆးၿမီးတိုနဲ႔ကုမယ့္အစား အစိုးရကိုယ္တိုင္က တပ္မေတာ္၊ ရဲ၊ လုံၿခဳံေရးဆိုင္ရာနဲ႔ ေဆး႐ုံကားမွအပ ႏိုင္ငံ ေတာ္ပိုင္ ဌာနဆိုင္ရာ ထုတ္ေပးသုံးစြဲေနတဲ့ယာဥ္ေတြကို ႏိုင္ငံ့ပ်မ္းမွ်ေဈးႏႈန္းထားတစ္ခုနဲ႔သင့္တင့္တဲ့ EV Car ေတြနဲ႔ ေျပာင္းလဲအသုံးျပဳျပတာနဲ႔ အစိုးရကိုယ္ တိုင္က ယုံၾကည္မႈရွိရွိ ႏိုင္ငံပိုင္ယာဥ္ေတြရဲ႕ စက္သုံး ဆီလိုအပ္ခ်က္ ျပည္ေထာင္စုအဆင့္ အရင္ဆီကား ေတြအခ်ိန္က ကုန္က်စရိတ္ေတြနဲ႔ အခု EV Car ေတြ အသုံးျပဳခ်ိန္ ကုန္က်စရိတ္ေတြကိုႏႈိင္းယွဥ္ကာ အခ်ိဳးအစား ရာခိုင္ႏႈန္းတစ္ခုကို ေလွ်ာ့ခ်အစားထိုးႏိုင္ ေၾကာင္း သက္ေသျပခ်ျပကာ အမွတ္ယူသင့္ပါတယ္။ ႏိုင္ငံေတာ္အဆင့္သုံးတဲ့ ျပည္သူကိုအသိေပးခဲ့တဲ့ EV Car ေဈးဟာလည္း ျပည္သူေတြ ေဈးကြက္မွာ ထိန္းညႇိစရာ မ်ဥ္းမွ်ေဈးတစ္ခုျဖစ္လာႏိုင္ပါတယ္။)
ျပည္သူ႔အျမင္နဲ႔ ဖိအား(Public Opini­on and Pressure)။
ဒီေန႔ေခတ္ မဲေပးထားသူျပည္သူေတြဟာ သူတို႔ေ႐ြးခ်ယ္ထားတဲ့အစိုးရေတြကို အရည္အေသြး ေကာင္းမြန္ၾကေစဖို႔နဲ႔ ဝန္ေဆာင္မႈေတြမွာ မွန္ကန္ျမန္ဆန္ေစဖို႔တြန္းအားေပးရာမွာ သဘာဝေဘး၊ အေရး ေပၚအေျခအေနေတြကို ကိုင္တြယ္ထိန္းသိမ္း ျပန္လည္တည္ေဆာက္ၾကခ်ိန္ေတြမွာ ပိုၿပီး ဖိအားေပးၾက သလို အမွတ္ေပးအသိမွတ္ျပဳမႈေတြလည္း လုပ္ ၾကေလ့ရွိပါတယ္။ အဲဒီအခ်က္ေတြဟာ အစိုးရေတြထဲ မွာ ေခတ္မီတဲ့အေတြးအေခၚနဲ႔ မွန္ကန္ျမန္ဆန္တဲ့ ရလဒ္ေကာင္းေတြကို အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ေဆာင္ ႏိုင္တဲ့ ငယ္႐ြယ္ဖ်တ္လတ္တဲ့အရည္အခ်င္းရွိ မ်ိဳးဆက္ သစ္လိုအပ္မႈ မ်ားျပားလာေၾကာင္း သက္ေသ ျဖစ္ ပါတယ္။
(၅) ေရရွည္ အံဝင္ခြင္က် အက်ိဳးျပဳႏိုင္ျခင္းမ်ား (Long-term Sustainabile Stategies)၊ အနာဂတ္ ေမွ်ာ္သက္ေသျပျခင္း(future proofing)။
အစဥ္အၿမဲေျပာင္းလဲေနတဲ့ ေခတ္နည္း ပညာေတြနဲ႔အညီ အစိုးရရဲ႕ဆုံးျဖတ္ခ်က္ေတြဟာ အနာ ဂတ္ မ်ိဳးဆက္အဆက္ဆက္က ေရွးအစိုးရေခါင္းေဆာင္ေတြ အေျမာ္အျမင္ႀကီးေၾကာင္းသက္ေသေတြ ရွိေနၾကေစဖို႔မွာ မ်ိဳးဆက္အလိုက္ လူ႔စြမ္းအားအရင္းအျမစ္တို႔ ဌာနတိုင္းမွာရွိေနေစဖို႔နဲ႔ ၎တို႔သည္ လည္း အထက္ေျပာစကားတစ္ခုတည္းမဟုတ္ဘဲ စဥ္ဆက္မ ျပတ္ေျပာင္းလဲေနတဲ့ ကမာၻ႔နည္း ပညာ အေတြးအေခၚေတြနဲ႔ ခံဝင္ခြင္က်ျဖစ္ေနဖို႔ အေရးႀကီးလွပါတယ္။ အေရးအႀကီးဆုံးကေတာ့ အႀကီးဆုံးမွ အငယ္ဆုံးအထိ နားလည္လြယ္သူ၊ သင္ယူတတ္ေျမာက္လြယ္သူေတြ ျဖစ္ဖို႔အေရးႀကီးလွပါတယ္။ (ဥပမာ-ကိုဗစ္ေရာဂါကာ လ ႏိုင္ငံတကာအစိုးရတို႔ ဆက္သြယ္ခ်ိတ္ဆက္ကူညီၾကမႈေတြ နည္းပါး သြား တာ၊ ျပည္တြင္းျပည္ပ စီးပြားေရး ခြၽတ္ၿခဳံၾကသြားတာတို႔မွာ တခ်ိဳ႕ေသာ ႏိုင္ငံအစိုးရေတြက ေရွးဆယ္ စုႏွစ္ မ်ားစြာကတည္းက တည္ေဆာက္ထားတဲ့ အရန္ေငြ ထရီလ်ံ ဘ႑ာေရးေတာင့္တင္းမႈေတြ၊ အရန္ စားနပ္ရိကၡာေတြ၊ ျပည္တြင္းျဖစ္ က်န္းမာ ေရးစနစ္ေကာင္းေတြ၊ က်န္းမာေရးနဲ႔ ကယ္ဆယ္ စီမံခန႔္ခြဲ ေရးဆိုင္ရာ ကြၽမ္းက်င္အင္အားစုေတြ၊ ျပည္သူ ပါဝင္မႈေတြဟာ ေရွးယခင္အဆက္ဆက္ကတည္းက အေျမာ္ျမင္ႀကီးတဲ့ေခါင္းေဆာင္ေတြနဲ႔ ေနာက္လိုက္ ေကာင္းမ်ိဳးဆက္သစ္ေတြရဲ႕ ဖတလ တညီၫြတ္မႈ ကို ေဖာ္ျပေနၾကတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ႀကီးမားတဲ့ရလဒ္ကေတာ့ ျပည္သူအေသေပ်ာက္ အဖိတ္ အစဥ္နည္းပါးတာ၊ ျပည္ပအကူအညီကိုပဲ အ ေလးထား မေစာင့္ေမွ်ာ္ရတာေတြအျပင္ လိုအပ္တဲ့ မိတ္ ဖက္ႏိုင္ငံေတြကိုပင္ ျပန္လည္ကူညီႏိုင္ခဲ့တာေတြလည္း ရွိခဲ့ၾကပါတယ္။)
Re-Think and Re-Org အေတြးအေခၚက အေရွ႕ေတာင္အာရွႏိုင္ငံေတြအေပၚ ဘယ္လို အက်ိဳးေပးႏိုင္ သလဲ
အထက္ကစကား ဓားသြားကဲ့သို႔ျဖစ္ေနၿပီး တိုက္႐ိုက္ သြယ္ဝိုက္ႀကိဳးနီစနစ္ေတြနဲ႔အသားက် ေနတဲ့ အုပ္ခ်ဳပ္ေရး၊ လူ႔ေနထိုင္မႈဝန္းက်င္စိုးမိုးရာအမ်ားစု အေရွ႕ေတာင္အာရွႏိုင္ငံေတြအတြက္ Re-Think and Re-Org အေတြးအေခၚကို လက္ေတြ႕အေကာင္ အထည္ေဖာ္ရန္မွာ အလြန္လိုအပ္ၿပီး အက်ိဳးရွိလွ တယ္လို႔ယုံၾကည္မိပါတယ္။
(၁) ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းအစဥ္အလာႏွင့္ ျပယုဂ္မ်ား
ႏိုင္ငံေတြဟာ ယဥ္ေက်းမႈဓေလ့ထုံးတမ္း အစဥ္အလာနဲ႔ ႏိုင္ငံ၊ လူမ်ိဳးဆိုင္ရာ အမ်ိဳးသားေရး လကၡဏာေတြကို အၿမဲထိန္းသိမ္းေဖာ္ထုတ္ေနရမွာ ျဖစ္ပါတယ္။ ခရီးသြားက႑ေတြမွာလည္း အစားအ ေသာက္၊ လူမႈယဥ္ေက်းသိမ္ေမြ႕မႈ၊ ဝတ္စားဆင္ယင္မႈ မတူညီတာေတြက ဆြဲေဆာင္မႈကိုျဖစ္ေစပါတယ္။ (ဥပမာ-ျမန္မာဟာ အေနာက္ဥေရာပကိုလိုက္တုၿပီး အကုန္တူေနခ်င္ကာ လိုက္ေျပာင္းေနမွေတာ့ အ ေနာက္ ဥေရာပခရီးသြားေတြကို ဘယ္လိုဖိတ္ေခၚမလဲ။ မတူညီတဲ့ အစားအစာ၊ ယဥ္ေက်းမႈ၊ ဓေလ့၊ ထုံး တမ္း အစဥ္အလာ၊ တန္ဖိုးထားမႈ သဘာဝပတ္ဝန္းက်င္၊ သမိုင္းအေမြအႏွစ္ေတြကပဲ ျမန္မာျပည္ကို လာ လည္ဖို႔၊ ျမန္မာလူမ်ိဳးနဲ႔ကူးလူးဆက္ဆံဖို႔ မတူညီတာေတြ (Differences) ကေန ဆြဲေဆာင္မႈ (attraction) ကိုျဖစ္ေစကာ ႏိုင္ငံနဲ႔ျပည္သူအတြက္ ဝင္ေငြတိုးမႈ၊ ထာဝရမိတ္ဖက္တိုးမႈဆိုတဲ့အခင္းအက်င္းကို ပိုင္ဆိုင္ ႏိုင္မွာျဖစ္ပါတယ္။ ထိုင္းဆိုတာနဲ႔ လက္အုပ္ခ်ီၿပဳံးကာ ႏႈတ္ဆက္တတ္တယ္ဆိုတဲ့ လကၡဏာ၊ ထိုင္း အစာ ဆို တာနဲ႔ တုံယမ္းဟင္းခ်ိဳကို လူေတြသိေနတယ္ဆိုတာ မ်ိဳးေပါ့။) အဲဒီေတာ့ ျမန္မာဆိုတာကို ဘယ္လို အေပါင္း လကၡဏာေဆာင္တဲ့အခ်က္ေတြနဲ႔ ကမာၻကသိေအာင္ လုပ္မလဲ။
(၂) အခြန္စနစ္၊ ႀကိဳးနီစနစ္ႏွင့္ စီးပြားေရးသမားမ်ား က႑
ကိုဗစ္ကာလ ႏိုင္ငံရဲ႕ အဘက္ဘက္က ဝင္ေငြက်ဆင္းလာတဲ့ၿပီး လိုအပ္ခ်က္မ်ားစြာျမင့္လာရတဲ့ အစိုးရေတြဟာ ျပည္ပဝင္ေငြေတြကို တိုးတက္ ေအာင္လုပ္ေဆာင္ႀကံဆၾကရင္း တစ္ခ်ိန္တည္းမွာ ျပည္ တြင္းက ဆယ္စုႏွစ္မ်ားစြာသတိမမူခဲ့တဲ့ ႀကီးမားတဲ့အေလအလြင့္ေတြကို စတင္ သတိထားမိလာၾက ပါေတာ့တယ္။ ႏိုင္ငံတကာမွ စနစ္က်တဲ့စီးပြား ေရးပညာဟာ စီးပြားေရးသမားက သင့္တင့္ေလ်ာက္ ပတ္တဲ့အျမတ္နဲ႔ ဂုဏ္သေရရွိတဲ့စီးပြားေရးလုပ္ငန္းကို ႏွစ္ကာလၾကာရွည္ တည္တံ့ခိုင္ၿမဲစြာ ပဲ့ကိုင္တည္ ေဆာက္ၾကရပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ေတာ့ ေန႔စဥ္ စီးပြားေရးလုပ္ငန္းေတြနဲ႔ဆက္စပ္ၿပီး အစိုးရတာဝန္ရွိသူအဆင့္ဆင့္နဲ႔လာဘ္ထိုးတာ၊ အက်ိဳး အျမတ္ မွ်ေဝခံစားတာ၊ အခြန္ေရွာင္တာ၊ အဆမ တန္တဲ့ ေဈးႏႈန္းေတြနဲ႔ ေဈးကြက္နဲ႔စားသုံးသူကို မေလးမ စားအႏိုင္က်င့္မႈ မ်ားစြာရွိပါတယ္။ ဥပမာ အခြန္လို႔ ဆိုရာမွာ ႏိုင္ငံတစ္ခုက တစ္ႏွစ္ ျပည္တြင္းအခြန္နဲ႔ ကုန္သြယ္ခြန္မွရေငြဟာ ေဒၚလာ ဘီလ်ံ (၂၀) ဆိုခဲ့ရင္ အဲဒီကုန္သြယ္မႈစက္ဝန္းထဲက လုပ္ငန္းရွင္၊ အစိုးရ အခြန္ဝန္ထမ္း၊ စီးပြားေရး၊ ကုန္သြယ္ေရး ဆိုင္ရာဝန္ထမ္းေတြအားလုံးရဲ႕ တစ္ႏွစ္အတြင္း စုစုေပါင္းတိုးတက္ ႂကြယ္ဝမႈဟာ ဘီလ်ံေပါင္း(၂၀)ရဲ႕ (၂)ဆကေန (၃)ဆ အထိရွိေနတတ္ပါတယ္။ လုပ္ငန္းရွင္ေတြ၊ တာဝန္ရွိ သူဝန္ထမ္းေတြနဲ႔ ထိန္းေက်ာင္း သူအစိုးရတို႔ ေစ့ေစ့ စပ္စပ္ ျပန္ေတြးၾကည့္ႏိုင္ပါက ႏိုင္ငံေတာ္နဲ႔ ျပည္သူ႔ အမွန္တကယ္ခံစားရသင့္တဲ့ ဝင္ေငြနဲ႔ ႂကြယ္ဝမႈေတြ ျပန႔္က်ဲထြက္ၿပီး မေရာက္သင့္တဲ့ေနရာေတြဆီ စီးဆင္းသြားေၾကာင္း ေတြးေလျမင္ ေလ သေဘာေပါက္ ႏိုင္ပါတယ္။ အဆိုပါဘ႑ာေတြဟာ ႏိုင္ငံရဲ႕ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈ ေရးေတြအတြက္ လက္ရွိအေျခအေနထက္ မ်ားစြာအသုံးခ်ႏိုင္ပါတယ္။ ထိုနည္းတူ ယာဥ္စည္းကမ္း၊ လမ္း စည္းကမ္းနဲ႔ တျခား သက္ဆိုင္ရာ ဒဏ္ေငြေတြ၊ ဌာနေတြရဲ႕ မလိုအပ္ဘဲ ရာထူးတာဝန္သုံးကာ ေတာင္းခံ ေနတဲ့ လိုင္းေၾကးေတြက အေလအလြင့္ျဖစ္မႈေတြထဲက တျခားယိုေပါက္ေတြပါပဲ။
(၃) မ်ိဳးဆက္အလိုက္ လူ႔စြမ္းအားအရင္းအျမစ္ စိစစ္ အသုံးခ်ျခင္း
မိမိတို႔ အာရွႏိုင္ငံအေတာ္မ်ားမ်ား အစိုးရ ဌာနေတြမွာ အစိုးရဝန္ထမ္းဘဝမွ ပင္စင္စားသည္အ ထိ (၈၀) ရာခိုင္ႏႈန္းေက်ာ္တဲ့ဝန္ထမ္းေတြဟာ သမား ႐ိုးက်ဝန္ထမ္းဘဝကို ျဖတ္သန္း၊ လစာပုံမွန္ ထုတ္ ကာ ပင္စင္ယူရတဲ့အသက္အ႐ြယ္ကို အစဥ္အလာမပ်က္ ပုံမွန္ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ ေခတ္သစ္ ႏိုင္ငံ့ အစိုးရေတြမွာ အစိုးရဝန္ထမ္းေတြရဲ႕ ရာထူးနဲ႔ တာဝန္အလိုက္ ကြၽမ္းက်င္တတ္ေျမာက္မႈ၊ တျခား အရည္အေသြးေတြနဲ႔ တစ္ဦးခ်င္းစီရဲ႕ ကုန္ထုတ္မႈစြမ္းအား (Productivity) ေတြကို စိစစ္ အမွတ္ေပးၾကဖို႔ Re-think တစ္ခုျဖစ္လာပါတယ္။ ပင္စင္ယူဖို႔ အ သက္နဲ႔ေန႔ရက္မေရာက္မခ်င္း ရာထူးေနရာအဆင့္ဆင့္ မွာထိုင္ေနတဲ့ မလုပ္၊ မရႈပ္၊ မျပဳတ္ ဝန္ထမ္းအတန္းအစားေတြကိုဖယ္ရွားကာ ရွိၿပီးသား Perfor mance ေကာင္းတဲ့ဝန္ထမ္းေတြနဲ႔ မ်ိဳးဆက္သစ္လူ ငယ္ေတြကိုေနရာေပးတတ္တဲ့ အေလ့အက်င့္ေတြ ေခတ္စား လာပါတယ္။ အစိုးရေတြက အဲဒီလို (Productivity) က်က် အက်င့္မျပင္ႏိုင္တဲ့ဝန္ထမ္းေတြကို လခေပး ကာ သူတို႔ဝန္ကို ျပန္ထမ္းထား တာဟာ ဘြဲ႕ရ လုပ္ငန္းခြင္ဝင္ကာ ႀကိဳးစားလိုတဲ့ ဘြဲ႕ရအလုပ္ လက္မဲ့ လုပ္ငန္းခြင္ဝင္ဖို႔အဆင့္ျဖစ္ေနတဲ့ မ်ိဳးဆက္ သစ္ေတြအတြက္ လမ္းပိတ္ေစကာ အစိုးရရဲ႕စီမံေခါင္း ေဆာင္ႏိုင္မႈစြမ္းရည္ကိုလည္း တိုက္႐ိုက္ထိခိုက္ေစပါတယ္။ ႏိုင္ငံရဲ႕ လုပ္ငန္းခြင္ဝင္ဖို႔အသင့္ မ်ိဳးဆက္ သစ္ေတြဟာ အစိုးရဌာနေတြက (Productivity) က်ဝန္ထမ္းေတြရဲ႕ေနရာကို တိုက္႐ိုက္ ၿခိမ္းေျခာက္ေန တဲ့အခင္းအက်င္းမ်ိဳးကို အစိုးရကဖန္တီးဖို႔နဲ႔ (Message) ေပးဖို႔ အထူးလိုအပ္လွပါတယ္။
(၄) သယံဇာတမ်ားကို စီမံခန႔္ခြဲျခင္း
ႏိုင္ငံရဲ႕ တြင္းထြက္၊ သစ္ေတာထြက္၊ ေရ သဘာဝသယံဇာတနဲ႔ဆိုင္တဲ့ လုပ္ငန္းေတြ၊ ေဒသခံ ေတြ၊ သက္ဆိုင္ရာဝန္ထမ္းက႑မွာလည္း အေလအလြင့္ေတြကို ျပန္လည္စိစစ္ ေတြးၾကည့္သင့္ပါတယ္။ ႏိုင္ငံေတာ္ရသင့္တဲ့ ဝင္ေငြမ်ားစြာ တိုးတက္လာႏိုင္တဲ့အျပင္ အဆိုပါသက္ဆိုင္ရာဌာနေတြကိုလည္း ျပည္ သူ႔ယုံၾကည္မႈ အခုထက္ပိုမိုမ်ားျပားလာႏိုင္ပါတယ္။ (ဥပမာ- ႏိုင္ငံေတာ္ကခ်ေပးထားတဲ့ လုပ္ကြက္ ေက်ာ္လြန္ လုပ္ေဆာင္မႈ၊ လိုင္စင္သက္တမ္းေက်ာ္မႈ၊ ကုန္ထုတ္မႈနဲ႔ ကုန္သြယ္မႈပမာဏ ေလွ်ာ့ခ် တင္ျပ ကာ လုပ္ငန္းစက္ဝန္းထဲက ပါဝင္ပတ္သက္သူေတြၾကားမွာ ေက်ာ္လြန္ပမာဏဆိုင္ရာ ႏိုင္ငံပိုင္ေငြ ေတြ က တရားမဝင္ ေငြေၾကးအျဖစ္ စီးဆင္းသြားမႈ၊ ႏိုင္ငံေတာ္နဲ႔ ျပည္သူ နစ္နာမႈ၊ အစိုးရဌာနနဲ႔ ဝန္ထမ္း ဂုဏ္သိကၡာ ပြန္းပဲ့မႈမွသည္ ျပည္သူ႔ယုံၾကည္မႈ က်ဆင္းလာမႈ)။
(၅) ေခတ္မီနည္းပညာအသုံးခ်မႈမွသည္ ႏိုင္ငံ့ဝန္ထမ္းေတြနဲ႔ အစိုးရဝန္ေဆာင္မႈေတြရဲ႕ ဂုဏ္သိကၡာသို႔
အဂတိနဲ႔အတူ ႏိုင္ငံရဲ႕ ရသင့္ရထိုက္တဲ့ ေငြေၾကး ႂကြယ္ဝမႈေတြ အႀကီးအက်ယ္ ေလလြင့္သြား႐ုံမွ်မက ဂုဏ္ယူဖြယ္ရာ ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ လူ႔ဂုဏ္သိကၡာနဲ႔ အစိုးရဌာနအသီးသီးရဲ႕ပုံရိပ္နဲ႔ တကြ ျပည္သူ႔ယုံၾကည္မႈေတြကိုပါ တစ္ပါတည္း ဆုံး ရႈံးခဲ့ရပါတယ္။ ေခတ္မီ Electronic စနစ္ေတြနဲ႔ AI နည္းပညာေတြက ဝန္ထမ္းကိုယ္တိုင္ပါဝင္ရတဲ့ ဝန္ ေဆာင္မႈအခန္းက႑ေတြကို မ်ားစြာအစားထိုးႏိုင္႐ုံ မွ်မက၊ လူလုပ္တဲ့အမွားေတြကိုလည္း ေလွ်ာ့ခ်ႏိုင္မႈနဲ႔ အစိုးရခ်မွတ္ထားတဲ့ စည္းကမ္းစနစ္ေတြနဲ႔အညီ စိစစ္မႈေတြမွာလည္း ဘက္လိုက္မႈကင္းေစပါတယ္။ ထို႔အတူ ဝန္ထမ္းဦးေရ မ်ားစြာလိုအပ္မႈကိုလည္း ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ပါတယ္။ အဂတိလိုက္စားမႈ ျဖစ္ ႏိုင္ေျခအေျခအေနမ်ားစြာကိုလည္းေလွ်ာ့ခ်ေပးပါ တယ္။
မွတ္ခ်က္။ ။ အလြယ္ဆင္ေျခေတြအေနနဲ႔ မိမိတို႔ ဝန္ ထမ္းေတြဟာ တျခားဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားရွိ ဝန္ထမ္း ေတြလိုမ်ိဳး ႏိုင္ငံတကာအဆင့္မီ လစာနဲ႔ခံစားခြင့္ မရွိေၾကာင္း ေျပာေလ့ရွိၾကပါတယ္။ အမွန္တကယ္ အားျဖင့္ အဲဒီႏိုင္ငံႀကီးေတြမွာ ဝန္ထမ္းေတြအတြက္ ဝန္ထမ္းအိမ္ရာ၊ ေရမီးအခမဲ့၊ ဌာနယာဥ္အႀကိဳအပို႔နဲ႔ လစဥ္ရိကၡာစီစဥ္ေပးထားတာမ်ိဳးမရွိပါ။ မိမိရထား တဲ့လစာနဲ႔ အိမ္ပိုင္မရွိက ျပင္ပေပါက္ေဈးအတိုင္း ငွားေနကာ ကိုယ့္ေရမီးခ ကိုယ္ေပးရပါတယ္။ သာမန္ အမ်ားသုံးသယ္ယူပို႔ေဆာင္ေရးစနစ္ကိုပဲသုံးရပါ တယ္။ အဲဒီကုန္က်စရိတ္ေတြမွာ စားစရိတ္နဲ႔ မိမိအ သုံးစရိတ္မပါ လစာရဲ႕ ထက္ဝက္ေက်ာ္ကုန္က်ပါ တယ္။ အဂတိနဲ႔ဆက္ႏႊယ္မိပါက မိမိနာမည္ ဓာတ္ပုံနဲ႔ တကြ တိုင္းသိျပည္သိ ႏိုင္ငံပိုင္သတင္းေတြကေန ေၾကညာကာ ျပင္းထန္စြာအျပစ္ေပးခံရပါတယ္။
အစိုးရေတြအေနနဲ႔ စနစ္တက် အေသးစိတ္တဲ့ လက္ရွိအေျခအေနေတြအေပၚ မထိမ္ခ်န္ဘဲ Re-think သုေတသနျပဳကာ နည္းဗ်ဴဟာအသစ္ အုပ္ခ်ဳပ္မႈပုံစံအသစ္မ်ားအျဖစ္ ျပန္လည္ဖြဲ႕စည္း (Re-Org) တည္ေဆာက္မည္ဆိုပါက ဘယ္လို စီးပြားေရးတိုးခ်ဲ႕မႈမွမပါေသးဘဲ လက္ရွိစီးပြားေရးနဲ႔ ကုန္ထုတ္စြမ္းအားအေျခအေနမွာပဲ ႏိုင္ငံ့ GDP အနည္းဆုံး ႏွစ္ဆမကတိုးတက္လာႏိုင္ပါတယ္။ ႀကိဳးနီစနစ္ေတြ ေလ်ာ့က်ပေပ်ာက္လာရင္ ကုန္ေဈးႏႈန္းလည္း သင့္တင့္တဲ့အေနအထားအထိ တည္ၿငိမ္ လာႏိုင္ပါတယ္။ အဆင့္ဆင့္ဝန္ထမ္းေတြ စဥ္ဆက္မျပတ္ ႀကိဳးစားခ်င္စိတ္ရွိလာႏိုင္သလို၊ Professional က်တဲ့ၿပိဳင္ဆိုင္မႈေတြကတစ္ဆင့္ ဝန္ထမ္းစြမ္းရည္ ေတြ ႏိုင္ငံတကာအဆင့္မီတိုးတက္လာႏိုင္ပါတယ္။ လုပ္ငန္းခြင္ဝင္ဖို႔အသင့္မ်ိဳးဆက္သစ္ေတြလည္း အလုပ္ရရွိလာႏိုင္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ အစိုးရဌာန ေတြ ရဲ႕ စြမ္းေဆာင္ရည္ တိုးတက္ျမန္ဆန္လာႏိုင္တဲ့ အျပင္ ျပည္သူ႔ယုံၾကည္မႈရရွိတဲ့ အဆင့္ျမင့္ေခတ္မီတဲ့ ျပည္သူ႔ဝန္ေဆာင္မႈေတြအျဖစ္ တိုးတက္ေျပာင္းလဲလာႏိုင္ကာ ႏိုင္ငံတကာက ေလးစားယုံၾကည္ရတဲ့ အစိုးရမ်ားအျဖစ္ ေအာင္ျမင္လာႏိုင္ပါေၾကာင္း သုေတသနျပဳစုစည္းတင္ျပလိုက္ရပါတယ္။

Related news

© 2021. All rights reserved.