MNDAAထိန်းချုပ်ထားရာ သိန္နီမြို့တွင် စက်သုံးဆီဆိုင် မီးလောင်မှု ဖြစ်ပွားကာ ၂ ဦး မီးလောင် ဒဏ်ရာရ

 327

သန့်ဇင်(NP News)-ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAAထိန်းချုပ်ထားရာ သိန္နီမြို့တွင် စက်သုံးဆီဆိုင် မီးလောင်မှု ဖြစ်ပွားကာ ၂ ဦး မီးလောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ယနေ့(ဇူလိုင်လ ၂၃ ရက်) မွန်းလွဲပိုင်း သိန္နီမြို့၊ မြို့ဦး ပန့်ဆီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် လူ(၂) ဦး မီးလောင် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် စက်သုံးဆီဆိုင်မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မီးလောင်မှုအား (၃)နာရီကျော်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများအား သိန္နီမြို့နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version:




Related news

© 2021. All rights reserved.